iMyanmarHouse.com - Best Property Website for Myanmar
×

ညိဳ႕ငင္အားေကာင္းတယ္ဆိုတာက လွပေခ်ာေမာတာထက္ အမ်ားႀကီးပိုပါတယ္။ ၿပီးေတာ့ ပုဂၢလဆန္တယ္လို႔လည္း ေျပာႏိုင္ပါတယ္။ လူတစ္ေယာက္အတြက္ ညိွဳ႕ငင္အားေကာင္းတယ္လို႔ ခံစားရတဲ့အရာက အျခားတစ္ေယာက္အတြက္ေတာ့ သာမန္ေလာက္ပဲ ျဖစ္ရင္ျဖစ္မွာပါ။ မိန္းကေလးေတြမွာ အေဖာ္အခၽြတ္နဲ႔ လိင္ပိုင္းဆိုင္ရာ လႈံ႕ေဆာ္မႈေတြ မဟုတ္ပဲ ေတြ႕ျမင္ရတဲ့ ေယာကၤ်ားေလးေတြကို ညွိဳ႕ငင္ဖမ္းစားႏိုင္တဲ့ အရည္အေသြးေတြ အမ်ားႀကီးရွိပါတယ္။

၁။ သူမလမ္းေလွ်ာက္တဲ့ဟန္ပန္
မိန္းကေလးတစ္ေယာက္လမ္းေလွ်ာက္သြားတာကို ေနာက္ပိုင္းကၾကည့္လို႔ ျမင္ေတြ႕ရမယ့္ တင္သားအလွကို ဆိုလိုတာမဟုတ္ပါဘူး။ သူမ၀င္လာတာနဲ႔ ရွိသမွ်လူအားလံုးရဲ႕ အာ႐ုံစိုက္မႈကို ဖမ္းစားႏိုင္ေလာက္တဲ့ အရည္အေသြးမ်ိဳးကို ဆိုလိုပါတယ္။ သူမဆီက ထုတ္လႊင့္လိုက္တဲ့ လႈံ႕ေဆာ္မႈျဖစ္ပါတယ္။ ဒီလႈံ႕ေဆာ္မႈေၾကာင့္ သူမကို မျမင္ရေသးရင္ေတာင္မွပဲ သူမေရာက္ေနၿပီဆိုတာမ်ိဳးကို ခံစားရႏိုင္ပါတယ္။

၂။ သူမရဲ႕ အၾကည့္
သာမန္အေပၚယံၾကည့္တာမ်ိဳးမဟုတ္ပဲ စိတ္ႏွလံုးကိုပါ ထြင္းေဖာက္သြားမတတ္ၾကည့္တဲ့ အၾကည့္မ်ိဳးျဖစ္ပါတယ္။ လူေတြဟာ အခ်ိန္တိုင္းအၾကည့္နဲ႔ ဆံုးျဖတ္တတ္ၾကပါတယ္။ အေပၚယံ႐ုပ္ရည္သြင္ျပင္ကို ၾကည့္ၿပီးတစ္စံုတစ္ေယာက္ကို အကဲခတ္ရတာက လြယ္ပါတယ္။ ဒါေပမယ့္ စိတ္သေဘာထားကိုပါ ျမင္ေအာင္ၾကည့္တတ္ဖို႔ကေတာ့ ခက္ပါတယ္။

၃။ သူမ လုပ္သမွ်အရာတိုင္းအတြက္ ယုံၾကည္စိတ္
ဘယ္သူမဆို ကိုယ္လုပ္ေနတဲ့ အရာတစ္ခုခုနဲ႔ ပတ္သက္ၿပီး ယုံၾကည္မႈရွိႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလိုယုံၾကည္မႈမ်ိဳးက မိန္းကေလးတစ္ေယာက္ကို ညွိဳးအားျပင္းသြားေစတာ မဟုတ္ပါဘူး။ တကယ္ကို ထိုက္တန္တ့ဲ ယုံၾကည္မႈမ်ိဳးကပဲ ညွိဳ႕ငင္အားျပင္းသြားေစတာ ျဖစ္ပါတယ္။ သူမကို ၾကည့္လိုက္႐ုံနဲ႔ ယုံၾကည္မႈရွိေနတာကို သိသာျမင္သာတဲ့ မိန္းကေလးတစ္ေယာက္ေလာက္ ဆြဲငင္အားေကာင္းတာ မရွိပါဘူး။

၄။ အနီးဆံုးလူေတြကို အခ်ိန္ေပးကူညီေပးတတ္မႈ
ညွိဳ႕ငင္အားေကာင္းတဲ့ မိန္းကေလးတစ္ေယာက္ကို ေတြ႕ခ်င္ပါသလား။ အားနည္းသူေတြကို ဂ႐ုစိုက္တတ္တဲ့ မိန္းကေလးကိုရွာပါ။ လိုအပ္ေနသူေတြကို လက္တစ္ဖက္ကမ္းၿပီး ကူညီေပးတတ္တဲ့ အမ်ိဳးသမီးမ်ိဳးျဖစ္ပါတယ္။ သူမရဲ႕ မိတ္ေဆြနဲ႔ မိသားစုေတြ လိုအပ္ခ်ိန္မွာ ဘယ္ေတာ့မွအလုပ္မ်ားမေနတတ္သလို၊ သူတို႔အတြက္ အျမဲရွိေနတတ္ပါတယ္။ မ်က္ႏွာရခ်င္လို႔မဟုတ္ပဲ ပင္ကိုယ္စိတ္နဲ႔ ကူညီတတ္သူမ်ိဳးကို ဆိုလိုပါတယ္။

၅။ သူမရဲ႕ ဘ၀ကို ရွင္သန္မႈ
စိတ္အားထက္သန္မႈက ညွိဳ႕ငင္အားရွိေစပါတယ္။ စိတ္အားထက္သန္မႈမရွိရင္ အခ်စ္ေရာ၊ ဘ၀ပါ ေမွးမွိန္ေပ်ာက္ကြယ္သြားမွာ ျဖစ္ပါတယ္။ သူမ လုပ္ေဆာင္ေနတဲ့ အရာတိုင္းအတြက္ စိတ္အားထက္သန္မႈအျပည့္ရွိတဲ့ မိန္းကေလးတစ္ေယာက္သာ သင့္ဘ၀ထဲမွာ ရွိေနမယ္ဆိုရင္ သင့္အတြက္လည္း အျပဳသေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိလာမွာပါ။ သူမရဲ႕ စိတ္အားထက္သန္မႈေတြက သင့္ဆီကို တဆင့္ကူးစက္လာႏိုင္လို႔ ျဖစ္ပါတယ္။

၆။ သင့္ကို ပိုေကာင္းတဲ့လူတစ္ေယာက္ျဖစ္လာခ်င္ေအာင္ လုပ္ႏိုင္စြမ္း
ညွိဳ႕ငင္အားမွာ စြမ္းအားရွိပါတယ္။ ကၽြန္ေတာ္တို႔ကို လႈပ္ရွားေစႏိုင္သလို လႊမ္းမိုးေစႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ကို စိတ္လႈပ္ရွားမႈေတြနဲ႔ ဆြဲေဆာင္ႏိုင္တဲ့ စြမ္းအားျဖစ္ပါတယ္။ စိတ္အားတက္ၾကြေအာင္ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ သူမကို ဆံုး႐ႈံးရမွာေၾကာက္တဲ့စိတ္ေတြနဲ႔ ႀကိဳးစားရင္းက ပိုေကာင္းတဲ့လူတစ္ေယာက္ ျဖစ္လာေစႏိုင္ပါတယ္။ သူမရဲ႕ ၾကင္နာအားေပးတဲ့စကားလံုးေတြက သင့္အတြက္ ခြန္အားျဖစ္ေစႏိုင္ပါတယ္။

၇။ သူမရဲ႕ နားေထာင္ေပးတဲ့အက်င့္
ဂ႐ုတစိုက္နားေထာင္ေပးတတ္သူတစ္ေယာက္က ဘာေၾကာင့္ ညွိဳ႕ငင္အားေကာင္းလဲဆိုတာကို ႐ုတ္တရက္ နားလည္ဖို႔ ခက္ပါလိမ့္မယ္။ လူအမ်ားစုက နားမေထာင္တတ္ၾကပါဘူး။ ျပန္ေျပာဖို႔တစ္ခုခုသိရ႐ုံေလာက္ပဲ နားေထာင္တတ္ၾကပါတယ္။ လူအမ်ားစုက ေျပာပဲေျပာခ်င္တတ္ၾကၿပီး ေနာက္ထပ္ဘာထပ္ေျပာရမလဲဆိုတာကိုပဲ စိတ္၀င္စားၾကပါတယ္။ ဒါ့ေၾကာင့္ အမွန္တကယ္ ဂ႐ုတစိုက္နားေထာင္ေပးတတ္သူတစ္ေယာက္နဲ႔ေတြ႕ရင္ သူမဟာ ဘယ္ေလာက္ထိညွိဳ႕ငင္အားေကာင္းလဲ နားလည္သြားပါလိမ့္မယ္။

၈။ သူမရဲ႕ မွ်ေ၀ခံစားမႈ
မွ်ေ၀ခံစားျခင္းဟာ ဂ႐ုစိုက္ျခင္းပဲျဖစ္ပါတယ္။ ဒီအခ်က္ကလည္း ညွိဳ႕ငင္အားျပင္းေစတဲ့ အခ်က္တစ္ခု ျဖစ္ပါတယ္။ အသားညွပ္ေပါင္မုန္႔တစ္ခု၊ ေရခဲမုန္႔တစ္ခြက္၊ ေစာင္တစ္ထည္ ဘာပဲျဖစ္ျဖစ္ သင့္ကို မွ်ေ၀ေပးတယ္ဆိုတာ ဒီအရာေတြကိုပဲ ေ၀မွ်ခံစားတာမဟုတ္ပါဘူး။ သူမရဲ႕အေတြ႕အၾကံဳ၊ သူမရဲ႕ဘ၀တစ္စိတ္တစ္ပိုင္းကိုပါ ေ၀မွ်ေပးတဲ့သေဘာျဖစ္ပါတယ္။

၉။ သူမရဲ႕ ခ်စ္ျခင္းေမတၱာ
သူမအတြက္ သင္ျဖည့္ဆည္းေပးတဲ့အရာေတြေၾကာင့္ သင့္ကိုခ်စ္တာမဟုတ္ပါဘူး။ သင္နဲ႔အတူေ၀မွ်ခံစားရတဲ့ အေတြ႕အၾကံဳေတြေၾကာင့္ခ်ည္းပဲလည္း ခ်စ္တာမဟုတ္ပါဘူး။ သူမကို ရင္ခုန္လႈိက္ေမာေပ်ာ္ရႊင္ေအာင္ လုပ္ေပးႏိုင္တဲ့အတြက္ေၾကာင့္လည္း ခ်စ္တာမဟုတ္ပါဘူး။ သင့္ရဲ႕ အတြင္းစိတ္သ႑ာန္ကို ၾကည့္ၿပီး သူမရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ ထိုက္တန္သူျဖစ္လို႔ ခ်စ္တာျဖစ္ပါတယ္။ သင့္ကို အရွိအတိုင္းပဲ ခ်စ္တာျဖစ္ပါတယ္။ ဒီအခ်စ္မ်ိဳးက ညွိဳ႕ငင္အားပါပဲ။

Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ညို့ငင်အားကောင်းတယ်ဆိုတာက လှပချောမောတာထက် အများကြီးပိုပါတယ်။ ပြီးတော့ ပုဂ္ဂလဆန်တယ်လို့လည်း ပြောနိုင်ပါတယ်။ လူတစ်ယောက်အတွက် ညှို့ငင်အားကောင်းတယ်လို့ ခံစားရတဲ့အရာက အခြားတစ်ယောက်အတွက်တော့ သာမန်လောက်ပဲ ဖြစ်ရင်ဖြစ်မှာပါ။ မိန်းကလေးတွေမှာ အဖော်အချွတ်နဲ့ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ မဟုတ်ပဲ တွေ့မြင်ရတဲ့ ယောင်္ကျားလေးတွေကို ညှို့ငင်ဖမ်းစားနိုင်တဲ့ အရည်အသွေးတွေ အများကြီးရှိပါတယ်။

၁။ သူမလမ်းလျှောက်တဲ့ဟန်ပန်
မိန်းကလေးတစ်ယောက်လမ်းလျှောက်သွားတာကို နောက်ပိုင်းကကြည့်လို့ မြင်တွေ့ရမယ့် တင်သားအလှကို ဆိုလိုတာမဟုတ်ပါဘူး။ သူမဝင်လာတာနဲ့ ရှိသမျှလူအားလုံးရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်လောက်တဲ့ အရည်အသွေးမျိုးကို ဆိုလိုပါတယ်။ သူမဆီက ထုတ်လွှင့်လိုက်တဲ့ လှုံ့ဆော်မှုဖြစ်ပါတယ်။ ဒီလှုံ့ဆော်မှုကြောင့် သူမကို မမြင်ရသေးရင်တောင်မှပဲ သူမရောက်နေပြီဆိုတာမျိုးကို ခံစားရနိုင်ပါတယ်။

၂။ သူမရဲ့ အကြည့်
သာမန်အပေါ်ယံကြည့်တာမျိုးမဟုတ်ပဲ စိတ်နှလုံးကိုပါ ထွင်းဖောက်သွားမတတ်ကြည့်တဲ့ အကြည့်မျိုးဖြစ်ပါတယ်။ လူတွေဟာ အချိန်တိုင်းအကြည့်နဲ့ ဆုံးဖြတ်တတ်ကြပါတယ်။ အပေါ်ယံရုပ်ရည်သွင်ပြင်ကို ကြည့်ပြီးတစ်စုံတစ်ယောက်ကို အကဲခတ်ရတာက လွယ်ပါတယ်။ ဒါပေမယ့် စိတ်သဘောထားကိုပါ မြင်အောင်ကြည့်တတ်ဖို့ကတော့ ခက်ပါတယ်။

၃။ သူမ လုပ်သမျှအရာတိုင်းအတွက် ယုံကြည်စိတ်
ဘယ်သူမဆို ကိုယ်လုပ်နေတဲ့ အရာတစ်ခုခုနဲ့ ပတ်သက်ပြီး ယုံကြည်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုယုံကြည်မှုမျိုးက မိန်းကလေးတစ်ယောက်ကို ညှိုးအားပြင်းသွားစေတာ မဟုတ်ပါဘူး။ တကယ်ကို ထိုက်တန်တဲ့ ယုံကြည်မှုမျိုးကပဲ ညှို့ငင်အားပြင်းသွားစေတာ ဖြစ်ပါတယ်။ သူမကို ကြည့်လိုက်ရုံနဲ့ ယုံကြည်မှုရှိနေတာကို သိသာမြင်သာတဲ့ မိန်းကလေးတစ်ယောက်လောက် ဆွဲငင်အားကောင်းတာ မရှိပါဘူး။

၄။ အနီးဆုံးလူတွေကို အချိန်ပေးကူညီပေးတတ်မှု
ညှို့ငင်အားကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ချင်ပါသလား။ အားနည်းသူတွေကို ဂရုစိုက်တတ်တဲ့ မိန်းကလေးကိုရှာပါ။ လိုအပ်နေသူတွေကို လက်တစ်ဖက်ကမ်းပြီး ကူညီပေးတတ်တဲ့ အမျိုးသမီးမျိုးဖြစ်ပါတယ်။ သူမရဲ့ မိတ်ဆွေနဲ့ မိသားစုတွေ လိုအပ်ချိန်မှာ ဘယ်တော့မှအလုပ်များမနေတတ်သလို၊ သူတို့အတွက် အမြဲရှိနေတတ်ပါတယ်။ မျက်နှာရချင်လို့မဟုတ်ပဲ ပင်ကိုယ်စိတ်နဲ့ ကူညီတတ်သူမျိုးကို ဆိုလိုပါတယ်။

၅။ သူမရဲ့ ဘဝကို ရှင်သန်မှု
စိတ်အားထက်သန်မှုက ညှို့ငင်အားရှိစေပါတယ်။ စိတ်အားထက်သန်မှုမရှိရင် အချစ်ရော၊ ဘဝပါ မှေးမှိန်ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ သူမ လုပ်ဆောင်နေတဲ့ အရာတိုင်းအတွက် စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်သာ သင့်ဘဝထဲမှာ ရှိနေမယ်ဆိုရင် သင့်အတွက်လည်း အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ။ သူမရဲ့ စိတ်အားထက်သန်မှုတွေက သင့်ဆီကို တဆင့်ကူးစက်လာနိုင်လို့ ဖြစ်ပါတယ်။

၆။ သင့်ကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာချင်အောင် လုပ်နိုင်စွမ်း
ညှို့ငင်အားမှာ စွမ်းအားရှိပါတယ်။ ကျွန်တော်တို့ကို လှုပ်ရှားစေနိုင်သလို လွှမ်းမိုးစေနိုင်ပါတယ်။ ကျွန်တော်တို့ကို စိတ်လှုပ်ရှားမှုတွေနဲ့ ဆွဲဆောင်နိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။ စိတ်အားတက်ကြွအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ သူမကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေနဲ့ ကြိုးစားရင်းက ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ သူမရဲ့ ကြင်နာအားပေးတဲ့စကားလုံးတွေက သင့်အတွက် ခွန်အားဖြစ်စေနိုင်ပါတယ်။

၇။ သူမရဲ့ နားထောင်ပေးတဲ့အကျင့်
ဂရုတစိုက်နားထောင်ပေးတတ်သူတစ်ယောက်က ဘာကြောင့် ညှို့ငင်အားကောင်းလဲဆိုတာကို ရုတ်တရက် နားလည်ဖို့ ခက်ပါလိမ့်မယ်။ လူအများစုက နားမထောင်တတ်ကြပါဘူး။ ပြန်ပြောဖို့တစ်ခုခုသိရရုံလောက်ပဲ နားထောင်တတ်ကြပါတယ်။ လူအများစုက ပြောပဲပြောချင်တတ်ကြပြီး နောက်ထပ်ဘာထပ်ပြောရမလဲဆိုတာကိုပဲ စိတ်ဝင်စားကြပါတယ်။ ဒါ့ကြောင့် အမှန်တကယ် ဂရုတစိုက်နားထောင်ပေးတတ်သူတစ်ယောက်နဲ့တွေ့ရင် သူမဟာ ဘယ်လောက်ထိညှို့ငင်အားကောင်းလဲ နားလည်သွားပါလိမ့်မယ်။

၈။ သူမရဲ့ မျှဝေခံစားမှု
မျှဝေခံစားခြင်းဟာ ဂရုစိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီအချက်ကလည်း ညှို့ငင်အားပြင်းစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အသားညှပ်ပေါင်မုန့်တစ်ခု၊ ရေခဲမုန့်တစ်ခွက်၊ စောင်တစ်ထည် ဘာပဲဖြစ်ဖြစ် သင့်ကို မျှဝေပေးတယ်ဆိုတာ ဒီအရာတွေကိုပဲ ဝေမျှခံစားတာမဟုတ်ပါဘူး။ သူမရဲ့အတွေ့အကြုံ၊ သူမရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုပါ ဝေမျှပေးတဲ့သဘောဖြစ်ပါတယ်။

၉။ သူမရဲ့ ချစ်ခြင်းမေတ္တာ
သူမအတွက် သင်ဖြည့်ဆည်းပေးတဲ့အရာတွေကြောင့် သင့်ကိုချစ်တာမဟုတ်ပါဘူး။ သင်နဲ့အတူဝေမျှခံစားရတဲ့ အတွေ့အကြုံတွေကြောင့်ချည်းပဲလည်း ချစ်တာမဟုတ်ပါဘူး။ သူမကို ရင်ခုန်လှိုက်မောပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့အတွက်ကြောင့်လည်း ချစ်တာမဟုတ်ပါဘူး။ သင့်ရဲ့ အတွင်းစိတ်သဏ္ဍာန်ကို ကြည့်ပြီး သူမရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်သူဖြစ်လို့ ချစ်တာဖြစ်ပါတယ်။ သင့်ကို အရှိအတိုင်းပဲ ချစ်တာဖြစ်ပါတယ်။ ဒီအချစ်မျိုးက ညှို့ငင်အားပါပဲ။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top