အလုပ္မွာ အဆင္မေျပျဖစ္တာေတြက မျဖစ္မေနၾကံဳေတြ႕ရမယ့္ကိစၥျဖစ္ပါတယ္။ ဒါေပမယ့္ အဆင္မေျပမႈေတြ မ်ားလာၿပီဆိုရင္ေတာ့ ဒီအလုပ္က ႏႈတ္ထြက္လိုက္သင့္ပါၿပီ။ လူအမ်ားစုက ဘယ္အခ်ိန္မွာ လက္ရွိအလုပ္ကေန ႏႈတ္ထြက္ရမလဲဆိုတာကုိ မစဥ္းစားတတ္ၾကပါဘူး။ တကယ္ေယာကၤ်ားက ဘယ္ေတာ့မွ လက္မေလွ်ာ့ဘူးလို႔ ေျပာေလ့ရွိပါတယ္။ ဒါေပမယ့္ သင့္အတြက္မေပ်ာ္ရႊင္ရေတာ့ဘူးဆိုရင္ ႏႈတ္ထြက္ဖို႔ စဥ္းစားသင့္ပါတယ္။ ဒီေတာ့ လက္ရွိအလုပ္က ထြက္သင့္ၿပီးလားဆိုတာကို သိႏိုင္မယ့္ လကၡဏာေတြကို သိထားဖို႔ လိုပါတယ္။
၁။ စိတ္ဖိစီးမႈ မ်ားလြန္းျခင္း
လအနည္းငယ္အတြင္းမွာ စိတ္ဖိစီးစရာမ်ားတဲ့ ေန႔ရက္အနည္းငယ္ေလာက္ ၾကံဳေတြ႕ရတာက ျပႆနာမရွိပါဘူး။ ဒီထက္ပိုလာၿပီး သင့္အလုပ္က သင့္ရဲ႕ဘ၀ကိုပါ ထိခိုက္လာၿပီဆိုရင္ေတာ့ ႏႈတ္ထြက္လိုက္တာ အေကာင္းဆံုးပါပဲ။
၂။ အလုပ္က စိန္ေခၚမႈ မရွိျခင္း
တစ္ေန႔ၿပီးတစ္ေန႔၊ တစ္လၿပီးတစ္လ၊ တစ္ႏွစ္ၿပီးတစ္ႏွစ္ တစ္ေနရာထဲမွာပဲ လုပ္႐ိုးလုပ္စဥ္အလုပ္ေတြကို လုပ္ေဆာင္ရင္း စိန္ေခၚမႈမရွိဘူးဆိုရင္ ဘ၀က ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။ သင့္အလုပ္မွာ တိုးတက္ေျပာင္းလဲဖို႔ အခြင့္အလမ္းေတြကိုလည္း ေမွ်ာ္လင့္လို႔ မရဘူးဆိုရင္ ထြက္လိုက္ပါ။
၃။ လုပ္ငန္းက ဦးတည္ခ်က္မဲ့ေနျခင္း
သင္အလုပ္လုပ္ေနတဲ့ လုပ္ငန္းကိုယ္တိုင္က အနာဂတ္အစီအစဥ္မရွိဘူးဆိုရင္ သင့္ကို လစာကလြဲၿပီး ဘာမွေပးႏိုင္မွာမဟုတ္ပါဘူး။ သင့္ရဲ႕အလုပ္ကို ေငြရဖို႔အေပါက္အလမ္းတစ္ခုလို႔ပဲ ဘယ္ေတာ့မွ မျမင္ပါနဲ႔။ လုပ္ငန္းခြင္တစ္ခုဆိုတာ စိတ္ကူးအိပ္မက္ေတြကို အေကာင္အထည္ေဖာ္တဲ့ေနရာျဖစ္ပါတယ္။ သင့္အလုပ္လုပ္ေနတဲ့ လုပ္ငန္းက သင့္ရဲ႕ရည္မွန္းခ်က္ေတြ၊ အိပ္မက္ေတြျဖစ္လာေအာင္ အေထာက္အကူျဖစ္ႏိုင္ေခ်မရွိဘူးဆိုရင္ အလုပ္ထြက္ဖို႔ ဆံုးျဖတ္သင့္ပါတယ္။
၄။ တိုးတက္မႈအလားအလာ မရွိျခင္း
တိုးတက္ႀကီးပြားဖို႔ ရည္မွန္းခ်က္က လူတိုင္းအတြက္ အေရးႀကီးပါတယ္။ တိုးတက္ႀကီးပြားလိုစိတ္နဲ႔ ေမွးမွိန္ေပ်ာက္ကြယ္သြားလို႔ မျဖစ္ပါဘူး။ အခုလက္ရွိ သင္လုပ္ေနတဲ့အလုပ္မွာ သင့္အတြက္ ပညာရႏိုင္စရာ၊ တိုးတက္လာႏိုင္စရာ အလားအလာေတြမရွိေတာ့ဘူးဆိုရင္ အလုပ္ထြက္ဖို႔ စဥ္းစားတာက မွန္ကန္တဲ့ ေတြးေခၚမႈျဖစ္ပါတယ္။
၅။ အလုပ္မွာ စိတ္မပါျခင္း
အလုပ္က စိတ္၀င္စားစရာမေကာင္းတဲ့အခါမွာ ပ်င္းရိမႈေတြ ျဖစ္လာတတ္ပါတယ္။ ပိုၿပီးဆန္းသစ္တဲ့၊ စိတ္၀င္စားစရာေကာင္းတဲ့ အရာေတြကို မလုပ္ေဆာင္ရဘူးဆိုရင္ ဘ၀က သာမန္ထက္ထူးျခားလာမွာ မဟုတ္ပါဘူး။ စိတ္မပါပဲ လုပ္ေနတာက သင္ကိုယ္တိုင္အတြက္ေရာ လုပ္ငန္းအတြက္ပါ အနာဂတ္အလားအလာေကာင္းေစမွာ မဟုတ္ပါဘူး။
မိန္းကေလးတိုင္းေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Credit:Gentleman magazine
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အလုပ်မှာ အဆင်မပြေဖြစ်တာတွေက မဖြစ်မနေကြုံတွေ့ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ များလာပြီဆိုရင်တော့ ဒီအလုပ်က နှုတ်ထွက်လိုက်သင့်ပါပြီ။ လူအများစုက ဘယ်အချိန်မှာ လက်ရှိအလုပ်ကနေ နှုတ်ထွက်ရမလဲဆိုတာကို မစဉ်းစားတတ်ကြပါဘူး။ တကယ်ယောင်္ကျားက ဘယ်တော့မှ လက်မလျှော့ဘူးလို့ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် သင့်အတွက်မပျော်ရွှင်ရတော့ဘူးဆိုရင် နှုတ်ထွက်ဖို့ စဉ်းစားသင့်ပါတယ်။ ဒီတော့ လက်ရှိအလုပ်က ထွက်သင့်ပြီးလားဆိုတာကို သိနိုင်မယ့် လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။
၁။ စိတ်ဖိစီးမှု များလွန်းခြင်း
လအနည်းငယ်အတွင်းမှာ စိတ်ဖိစီးစရာများတဲ့ နေ့ရက်အနည်းငယ်လောက် ကြုံတွေ့ရတာက ပြဿနာမရှိပါဘူး။ ဒီထက်ပိုလာပြီး သင့်အလုပ်က သင့်ရဲ့ဘဝကိုပါ ထိခိုက်လာပြီဆိုရင်တော့ နှုတ်ထွက်လိုက်တာ အကောင်းဆုံးပါပဲ။
၂။ အလုပ်က စိန်ခေါ်မှု မရှိခြင်း
တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် တစ်နေရာထဲမှာပဲ လုပ်ရိုးလုပ်စဉ်အလုပ်တွေကို လုပ်ဆောင်ရင်း စိန်ခေါ်မှုမရှိဘူးဆိုရင် ဘဝက ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ သင့်အလုပ်မှာ တိုးတက်ပြောင်းလဲဖို့ အခွင့်အလမ်းတွေကိုလည်း မျှော်လင့်လို့ မရဘူးဆိုရင် ထွက်လိုက်ပါ။
၃။ လုပ်ငန်းက ဦးတည်ချက်မဲ့နေခြင်း
သင်အလုပ်လုပ်နေတဲ့ လုပ်ငန်းကိုယ်တိုင်က အနာဂတ်အစီအစဉ်မရှိဘူးဆိုရင် သင့်ကို လစာကလွဲပြီး ဘာမှပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့အလုပ်ကို ငွေရဖို့အပေါက်အလမ်းတစ်ခုလို့ပဲ ဘယ်တော့မှ မမြင်ပါနဲ့။ လုပ်ငန်းခွင်တစ်ခုဆိုတာ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာဖြစ်ပါတယ်။ သင့်အလုပ်လုပ်နေတဲ့ လုပ်ငန်းက သင့်ရဲ့ရည်မှန်းချက်တွေ၊ အိပ်မက်တွေဖြစ်လာအောင် အထောက်အကူဖြစ်နိုင်ချေမရှိဘူးဆိုရင် အလုပ်ထွက်ဖို့ ဆုံးဖြတ်သင့်ပါတယ်။
၄။ တိုးတက်မှုအလားအလာ မရှိခြင်း
တိုးတက်ကြီးပွားဖို့ ရည်မှန်းချက်က လူတိုင်းအတွက် အရေးကြီးပါတယ်။ တိုးတက်ကြီးပွားလိုစိတ်နဲ့ မှေးမှိန်ပျောက်ကွယ်သွားလို့ မဖြစ်ပါဘူး။ အခုလက်ရှိ သင်လုပ်နေတဲ့အလုပ်မှာ သင့်အတွက် ပညာရနိုင်စရာ၊ တိုးတက်လာနိုင်စရာ အလားအလာတွေမရှိတော့ဘူးဆိုရင် အလုပ်ထွက်ဖို့ စဉ်းစားတာက မှန်ကန်တဲ့ တွေးခေါ်မှုဖြစ်ပါတယ်။
၅။ အလုပ်မှာ စိတ်မပါခြင်း
အလုပ်က စိတ်ဝင်စားစရာမကောင်းတဲ့အခါမှာ ပျင်းရိမှုတွေ ဖြစ်လာတတ်ပါတယ်။ ပိုပြီးဆန်းသစ်တဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေကို မလုပ်ဆောင်ရဘူးဆိုရင် ဘဝက သာမန်ထက်ထူးခြားလာမှာ မဟုတ်ပါဘူး။ စိတ်မပါပဲ လုပ်နေတာက သင်ကိုယ်တိုင်အတွက်ရော လုပ်ငန်းအတွက်ပါ အနာဂတ်အလားအလာကောင်းစေမှာ မဟုတ်ပါဘူး။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Credit:Gentleman magazine
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
လက္ရွိ အလုပ္က ထြက္သင့္တဲ့ လကၡဏာ (၅)ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။