iMyanmarHouse.com - Best Property Website for Myanmar
×

ရံုးတြင္းအခ်စ္ဇာတ္လမ္းေလးေတြက မျဖစ္သင္႔ဘူးလို႔ ခင္ဗ်ားေကာထင္ပါသလား။ တကယ္တမ္းက်ေတာ႔ လက္ေတြ႔ျဖစ္ရပ္ေတြက ကြ်န္ေတာ္တို႔ေမွ်ာ္လင္႔ထားတာနဲ႔ ကိုက္ညီမေနတတ္ပါဘူး။ အလုပ္ထဲက တစ္ေယာက္ေယာက္ကို crush မိသြားတာက ျဖစ္ရိုးျဖစ္စဥ္ပဲျဖစ္ျပီး တစ္ခါတေလ ေရွာင္လႊဲလို႔လည္းမရပါဘူး။ ဘာလို႔လဲဆိုေတာ႔ အဲဒီလိုရံုးတြင္းအခ်စ္ဇာတ္လမ္းေလးေတြက ခင္ဗ်ားတို႔ရဲ႕ ပ်င္းစရာေန႕စဥ္ရံုးလုပ္ငန္းေတြထဲမွာ စိတ္ဝင္စားစရာေလးေတြျဖစ္လာေအာင္ လုပ္ေပးႏိုင္စြမ္းရွိလို႔ပါပဲ။ ခင္ဗ်ားတို႔၊ ကြ်န္ေတာ္တို႔ေယာက်္ားေလးအမ်ားစု အလုပ္ထဲမွာ ၾကံဳေတြ႕ရတတ္တဲ႔ လုပ္ေဖာ္ကိုင္ဖက္ crush ပံုစံ အမ်ိဳးမ်ိဳးရွိပါတယ္။ ဘယ္လိုေတြေတာင္လား ဆိုတာကို ဆက္ဖတ္ၾကည္႔လိုက္ၾကရေအာင္။

၁။ ဝန္ထမ္းအသစ္ေကာင္မေလး

ခ်စ္စရာဝန္ထမ္းအသစ္ေလးဟာ ခင္ဗ်ားရဲ႕ပ်င္းစရာ ရံုးခန္းၾကီးကို ဝင္ေရာက္တိုက္ခတ္လာတဲ႔ ေလျပည္ေလညွင္းေလးနဲ႔ တူပါတယ္။ ခင္ဗ်ား အဲဒီဝန္ထမ္းေကာင္မေလးကို ထပ္ဖန္တလဲလဲ ျမင္ခ်င္ေတြ႕ခ်င္လာမယ္။ သူနဲ႕စကားေျပာခ်င္လာမယ္။ ေတြးမိသမွ်အေၾကာင္းအရာေတြကလည္း အဲဒီေကာင္မေလးအေၾကာင္းေတြပဲ ျဖစ္လာမယ္။ သူမက အဲဒီအခ်ိန္မွာေတာ႔ ခင္ဗ်ားေမွ်ာ္လင္႔ထား တာေတြအကုန္လံုးပိုင္ဆိုင္ေနပါလိမ္႔မယ္။ ဒါေပမယ္႔ သူမအေၾကာင္းေတြကို ခင္ဗ်ားပိုသိလာေလေလ၊ သူမအေပၚ crush ေနတဲ႔ခင္ဗ်ားရဲ႕စိတ္အာရံုေတြ ေလ်ာ႔ပါးလာေလေလ ျဖစ္ျပီး ေနာက္ပိုင္းမွာ သူမကို ခင္ဗ်ားရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြထဲက တစ္ေယာက္အျဖစ္သာ ရႈျမင္လာပါလိမ္႔မယ္။

၂။ လက္ဖက္ရည္ေဖ်ာ္ေသာက္ရင္း ေတြ႕ရတဲ႔ ေကာင္မေလး

ခင္ဗ်ားတို႔ႏွစ္ေယာက္ဟာ တစ္ဌာနထဲကမဟုတ္သလို တစ္ေယာက္ကိုယ္တစ္ေယာက္ ျမင္ေတြ႕ခြင္႔ရတဲ႔အခ်ိန္ဟာ ေနာက္ေဖးမီးဖိုေဆာင္ထဲမွာ (ဒါမွမဟုတ္) ေကာ္ဖီေဖ်ာ္စက္၊ လက္ဖက္ရည္ေဖ်ာ္စက္ နားမွာ ေကာ္ဖီ (ဒါမွမဟုတ္) လက္ဖက္ရည္လာေဖ်ာ္တဲ႔အခ်ိန္ေလးပဲ ျဖစ္ပါတယ္။ ျမင္ဖန္မ်ားလာေတာ႔ ခင္ဗ်ားဟာ သူမ ပံုမွန္ေကာ္ဖီ၊ လက္ဖက္ရည္လာေဖ်ာ္ေသာက္တတ္တဲ႔အခ်ိန္ကို သိေအာင္လုပ္ျပီး အဲဒီအခ်ိန္မွာ သူမကိုေတြ႕ခြင္႔ရဖို႔ ၾကံလာပါေတာ႔မယ္။ တစ္ေနရာထဲမွာ သူမနဲ႕အတူရွိခြင္႔ရျပီဆိုတာနဲ႕ ခင္ဗ်ားဟာ ရာသီဥတုအေၾကာင္းေတြ၊ ေထြရာေလးပါးေတြ ေလွ်ာက္ေျပာမိပါလိမ္႔မယ္။ အဲဒီလို Crush ပံုစံမ်ိဳးဟာလည္း ဝန္ထမ္းအသစ္ေကာင္မေလးကို crush မိတာနဲ႔ သိပ္ေတာ႔မကြာပါဘူး။ သူမအေပၚ စြဲလမ္းမိသလိုျဖစ္ေနတဲ႔ ခံစားခ်က္ဟာ အခ်ိန္တစ္ခုၾကာလာရင္ ေပ်ာက္ပ်ယ္သြားပါလိမ္႔မယ္။

၃။ ခင္ဗ်ားလက္လွမ္းမမီႏိုင္တဲ႔ ေကာင္မေလး

အထက္တန္းေက်ာင္းနဲ႔ ရံုးမွာ တူတာတစ္ခုေတာ႔ရွိပါတယ္။ အထက္တန္းေက်ာင္းမွာတံုးက ခင္ဗ်ား အေသ crush ခဲ႔တဲ႔ ေကာင္မေလးအေၾကာင္း ျပန္ေတြးၾကည္႔ပါ။ သူမအေၾကာင္းခင္ဗ်ားအိမ္မက္ေတြ မက္ခဲ႔ပါလိမ္႔မယ္။ သူမနဲ႕ေတြ႕တဲ႔အၾကိမ္တိုင္းလည္း ေျပာဖုိ႕စကားလံုးေတြ ေပ်ာက္ရွေနပါလိမ္႕မယ္။ ဒါေပမယ္႔ သူမကေတာ႔ ခင္ဗ်ားနဲ႔တူတူရွိေနခ်င္မွာမဟုတ္သလို ခင္ဗ်ားရွိေနမွန္းကိုေတာင္ သတိျပဳမိမွာမဟုတ္ပါဘူး။ ကဲ အခုရံုးက ခင္ဗ်ားရဲ႕လုပ္ေဖာ္ကုိင္ဖက္ crush အေၾကာင္းကို ေတြးၾကည္႔လိုက္ပါ။ သူမကေကာ သူမနဲ႔ခင္ဗ်ား အတူတူရွိေနတဲ႔အခ်ိန္တိုင္း ခင္ဗ်ားရဲ႕ ဒူးေတြ ေပ်ာ႔ေခြသြားေအာင္လုပ္ႏိုင္ပါသလား။ သူမနဲ႔တူတူ ညစာ စားခြင္႔ရဖို႔ ခင္ဗ်ားရဲ႕ခ်ိန္းဆိုမႈတိုင္းကို သူမကျငင္းပယ္ေနပါသလား။ အဲဒါဆိုရင္ေတာ႔ ဒီကစားပြဲမွာလည္း ခင္ဗ်ားရႈံးဖို႔မ်ားေနပါျပီ။ ေနာက္ဆံုးမွာေတာ႔ ခင္ဗ်ားရဲ႕ၾကိဳးစားအားထုတ္မႈေတြကုိ ခင္ဗ်ားစြန္႕လႊတ္လိုက္ရပါလိမ္႔မယ္။

၄။ သန္႔ရွင္းေရးေကာင္မေလး

သူမကေတာ႔ သန္႔ရွင္းေရးလုပ္တဲ႔ေကာင္မေလး ဒါမွမဟုတ္ ခင္ဗ်ားတို႔ရံုးနားက ကန္တင္းက ေကာင္မေလးျဖစ္ေနႏိုင္ပါတယ္။ သူမကေတာ႔ အျမဲတမ္းလိုလို အလုပ္ရႈပ္ေနတတ္ျပီး ခင္ဗ်ားရဲ႕ ပ်င္းစရာရံုးလုပ္ငန္းေတြအေၾကာင္းလည္း ဘာမွနားလည္မွာမဟုတ္ပါဘူး။ သူမနဲ႕ခဏေတြ႕ခြင္႔ရတာ စကားေျပာခြင္႔ရတဲ႔ ခင္ဗ်ားအတြက္ကံေကာင္းျခင္းတစ္ခုျဖစ္ျပီး သူမနဲ႕အျပင္ေလာက က သတင္းေတြအေၾကာင္းပဲ အမ်ားဆံုးေျပာျဖစ္ပါလိမ္႔မယ္။ အဲဒီလို crush မ်ိဳးကေတာ႔ ခင္ဗ်ားအတြက္ လြတ္လပ္မႈ နဲ စိတ္ေပါ႔ပါးမႈကို ေဆာင္က်ဥ္းလာပါတယ္။ ဒါေပမယ္႔ အဲဒီလိုရာထူးမ်ိဳး၊ ေနရာမ်ိဳးမွာ အလုပ္လုပ္ရတဲ႔ မိန္းကေလးေတြက ခဏခဏ အေျပာင္းအလဲရွိတတ္ပါတယ္။ ဒါေၾကာင္႔ ခင္ဗ်ား သူမအေပၚ crush ရခ်ိန္ဟာ သိပ္ၾကာလိုက္မွာမဟုတ္ပါဘူး။ (ခင္ဗ်ားကိုယ္တိုင္ အရမ္းၾကီး serious ျဖစ္မိမသြားဘူး ဆိုရင္ေပါ႔။)

၅။ အေကာင္းျမင္တတ္တဲ႔ ေကာင္မေလး

သူမကေတာ႔ ေလာကၾကီးကိုအေကာင္းျမင္တတ္တယ္။ အျမဲတမ္းေပါ႔ပါးေပ်ာ္ရႊင္ေနတယ္။ အျမဲတမ္း ျပံဳးရႊင္ရယ္ေမာေနတတ္တယ္။ သူမအေၾကာင္း ေကာင္းေကာင္းမသိေသးတဲ႔လူေတြေတာင္ သူမ အျမဲျပံဳးေနတာကို ျမင္ေတြ႕ရတာကိုႏွစ္ျခိဳက္ၾကပါလိမ္႔မယ္။ သူမလိုလူမ်ိဳးနဲ႔ အခ်ိန္ကုန္ဆံုးရတာ အခ်ိန္ကုန္လို႔ ကုန္သြားမွန္းေတာင္သိလိုက္မွာမဟုတ္ပါဘူး။ အထူးသျဖင္႔ သူမက ခ်စ္စရာေကာင္းျပီး ခင္ဗ်ားတို႔ႏွစ္ေယာက္ၾကားမွာ အၾကိဳက္ခ်င္းတူေနတာေတြအမ်ားၾကီး ရွိေနခ်ိန္မွာေပါ႔။ ဒါမွမဟုတ္ အနည္းဆံုးေတာ႔ ခင္ဗ်ားတို႔ၾကားမွာ ေျပာစရာအေၾကာင္းအရာေတြ သံုးေလးငါးခုေလာက္ေတာ႔ ရွိေနခ်ိန္မွာေပါ႔။ တစ္ေန႕ေန႕မွာ ခင္ဗ်ားရဲ႕ရံုးတြင္းဇာတ္လမ္းေလးဟာ ဒီထက္ပိုတဲ႔ ေနာက္တစ္ဆင္႔ကို တက္လွမ္းသြားႏိုင္ပါတယ္။ ဒါေၾကာင္႔ ခင္ဗ်ားသာ single တစ္ေယာက္ျဖစ္မယ္ဆိုရင္ ဒီထက္ ေနာက္တစ္ဆင္႔တက္ႏိုင္ဖို႔ ၾကိဳးစားၾကည္႔သင္႔ပါတယ္။

၆။ Nigh Out အတူထြက္ဖူးတဲ႔ ေကာင္မေလး

ျပီးခဲ႔တဲ႔အပတ္တံုးက ခင္ဗ်ားရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕အတူ night out ထြက္ခဲ႔ျပီး သူတို႔ထဲကတစ္ေယာက္ေယာက္ကို ခင္ဗ်ား ခ်စ္မိေနျပီလို႔ ခံစားရပါလိမ္႔မယ္။ ကြ်န္ေတာ္တို႔ခန္႕မွန္းၾကည္႔ပါရေစ။ ေနာက္တစ္ေန႕ မနက္မွာ သူမနဲ႕ပတ္သတ္ျပီး ခင္ဗ်ားရဲ႕အျမင္ေတြေျပာင္းလဲသြားပါလိမ္႔မယ္။ ေနာက္ျပီး သူမကို ခင္ဗ်ားအျမင္သစ္ ရႈေထာင္႔သစ္ကေန ၾကည္႔မိလာပါလိမ္႔မယ္။ ဟုတ္တယ္ဟုတ္။ အဲဒီညတံုးကေတာ႔ သူမဟာအရမ္းမိုက္ေနမယ္။ အရမ္းလန္းေနမယ္။ ပစ္ေၾကြခ်င္စရာေကာင္းေန ပါလိမ္႔မယ္။ ကြ်န္ေတာ္တို႔ခန္႕မွန္းခ်က္ေတြအရေတာ႔ အရက္ေသာက္ထားျခင္းက ခင္ဗ်ားရဲ႕သူမ အေပၚထားရွိခဲ႔တဲ႔ အျမင္ေတြကို ၉၀% ေလာက္ ဝင္ေရာက္စြက္ဖက္ေနပါလိမ္႔မယ္။ သူမအေပၚ ခင္ဗ်ား crush ေနမိတာေတြဟာလည္း သိပ္မၾကာခင္မွာပဲ ပ်ယ္ေပ်ာက္သြားပါလိမ္႔မယ္။

၇။ ရံုးမွာခင္ဗ်ားနဲ႔ အရမ္းအတြဲညီတဲ႔ ေကာင္မေလး

ခင္ဗ်ားတို႔ဟာ တစ္ေယာက္ကိုယ္တစ္ေယာက္ကူညီတယ္။ ခင္ဗ်ားဘာပဲလုပ္လုပ္ သူမဆီက အၾကံဉာဏ္ သို႔မဟုတ္ ခြင္႔ျပဳခ်က္ေတာင္းမိတတ္တယ္။ ေန႕လည္စာတူတူစားတယ္။ ေကာ္ဖီ တူတူေသာက္တယ္။ ရယ္စရာေမာစရာေတြေျပာတယ္။ ရံုးခ်ိန္ေတာ္ေတာ္မ်ားမ်ားကို သူမနဲ႕အတူ ျဖတ္သန္းကုန္ဆံုးတယ္။ အဲဒီလိုေကာင္မေလးမ်ိဳးဟာ ခင္ဗ်ားနဲ႔တဌာနတည္းမွာ တူတူအလုပ္လုပ္ရတဲ႔ ေကာင္မေလးမ်ိဳးေပါ႔။ တစ္ရံုးလံုးက ခင္ဗ်ားတုိ႕ႏွစ္ေယာက္ကို အတင္းတုပ္ၾကပါလိမ္႔မယ္။ ျပီးေတာ႔ အဲဒီလို အတင္းတုပ္ခံရတာလည္း စိတ္ပ်က္စရာေကာင္းပါလိမ္႔မယ္။ တစ္ခါတေလမွာ အဲဒီလိုမ်ိဳး အတင္းတုပ္မခံရေအာင္၊ သူတို႔ေတြရဲ႕ ခင္ဗ်ားတို႕ႏွစ္ေယာက္ကို အတြဲလိုမ်ိဳး ျမင္ေနတာမ်ိဳးေတြ ရပ္သြားေအာင္ တစ္ေယာက္ကိုယ္တစ္ေယာက္ မေတြ႕မျမင္မိသလို ဟန္ေဆာင္တာမ်ိဳးေတြေတာင္ လုပ္မိပါလိမ္႔မယ္။ တကယ္လို႔ခင္ဗ်ားသာ အိမ္ေထာင္ရွိျပီးသားအမ်ိဳးသားတစ္ေယာက္ဆိုရင္ ခင္ဗ်ားရဲ႕ အိမ္ေထာင္ဖက္က ခင္ဗ်ားရဲ႕အဲဒီလုပ္ေဖာင္ကိုင္ဖက္ေကာင္မေလး နာမည္ကိုၾကားတာနဲ႕မနာလိုဝန္တိုျဖစ္လာပါလိမ္႔မယ္။ တကယ္လုိ႕ခင္ဗ်ားသာ လူပ်ိဳလူလြတ္တစ္ေယာက္ ျဖစ္ေနမယ္ဆိုရင္ေတာ႔ အဲဒီလို crush မ်ိဳးဟာ တစ္ေန႕ေန႕မွာခင္ဗ်ားရဲ႕ အိမ္ေထာင္ဖက္ ျဖစ္လာႏိုင္ပါတယ္။

၈။ ကိုယ္႔ကိုယ္ကိုယံုၾကည္မႈအျပည္႔ရွိတဲ႔ အမ်ိဳးသမီး

သူမက အျမဲလိုလိုစတိုင္က်လွပေနျပီး business suit နဲ႔ အလြန္လိုက္ဖက္ပါတယ္။ ခင္ဗ်ားဟာသူမကို ခင္ဗ်ားဘဝမွာ တစ္ခါမွမရွိဖူးခဲ႔တဲ႔ ခပ္ဆိုးဆိုးဆရာမတစ္ေယာက္လိုမ်ိဳး စိတ္ကူးယဥ္ေနမိပါလိမ္႔မယ္။ သူမက အမွီအခိုကင္းျပီး အရာရာကိုထိန္းခ်ဳပ္ႏိုင္စြမ္းရွိပါလိမ္႔မယ္။ အဲဒီလိုအမ်ိဳးသမီးမ်ိဳးဟာ ခင္ဗ်ားကိုယ္ခင္ဗ်ား ေပ်ာ႔ညံ႕တယ္လို႔ခံစားမိေစပါလိမ္႔မယ္။ မၾကာခင္မွာပဲ ခင္ဗ်ား သူမအေပၚ crush ေနတာေတြ ကြယ္ေပ်ာက္သြားပါလိမ္႔မယ္။ ဒါမွမဟုတ္ သူမအေပၚေၾကြေနတဲ႔စိတ္ေတြက သူမကို သူမရဲ႕ sweatpants (အသားကပ္ေဘာင္းဘီ) ေတြနဲ႕ေတြ႕လိုက္ရခ်ိန္မွာ ကြယ္ေပ်ာက္သြားပါလိမ္႔မယ္။

၉။ အျမဲလိုလို လံုးလားေထြးလား ေနမိတတ္တဲ႔ ေကာင္မေလး

ခင္ဗ်ားတို႔ႏွစ္ေယာက္က တရားဝင္တြဲေနတာမ်ိဳးမဟုတ္ရင္ေတာင္မွ ခင္ဗ်ားနဲ႔ခင္ဗ်ားရဲ႕ၾကားက ေျပာဆိုဆက္ဆံပံုေတြက ခင္ဗ်ားတို႔ရဲ႕ဆက္ဆံေရးအတိုင္းအတာကို သိသားထင္ရွားေနေစပါတယ္။ ခင္ဗ်ားတို႔ဟာ တစ္ခ်ိန္လံုး ပူးကပ္လံုးေထြး စေနာက္ေနတတ္ျပီး ခင္ဗ်ားတို႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္အားလံုးက ခင္ဗ်ားတို႔ႏွစ္ေယာက္ကို ျငိေနျပီလို႔ပဲ ယူဆေနၾကမွာပါ။ အဲဒီလိုဆက္ဆံေရးက ေသြးပူေစတတ္ျပီး အႏၱရာယ္လည္းၾကီးပါတယ္။ မ်ားေသာအားျဖင္႔ေတာ႔ ဒီလိုလုပ္ေဖာ္ကိုင္ဖက္ crush ပံုစံမ်ိဳးက အဆံုးသတ္ မလွတတ္ပါဘူး။ ဒါေၾကာင္႔ တရားလြန္မျဖစ္ေအာင္ ဂရုစိုက္ထိန္းသိမ္းသင္႔ပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#unicode version
ရုံးတွင်းအချစ်ဇာတ်လမ်းလေးတွေက မဖြစ်သင့်ဘူးလို့ ခင်ဗျားကောထင်ပါသလား။ တကယ်တမ်းကျတော့ လက်တွေ့ဖြစ်ရပ်တွေက ကျွန်တော်တို့မျှော်လင့်ထားတာနဲ့ ကိုက်ညီမနေတတ်ပါဘူး။ အလုပ်ထဲက တစ်ယောက်ယောက်ကို crush မိသွားတာက ဖြစ်ရိုးဖြစ်စဉ်ပဲဖြစ်ပြီး တစ်ခါတလေ ရှောင်လွှဲလို့လည်းမရပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုရုံးတွင်းအချစ်ဇာတ်လမ်းလေးတွေက ခင်ဗျားတို့ရဲ့ ပျင်းစရာနေ့စဉ်ရုံးလုပ်ငန်းတွေထဲမှာ စိတ်ဝင်စားစရာလေးတွေဖြစ်လာအောင် လုပ်ပေးနိုင်စွမ်းရှိလို့ပါပဲ။ ခင်ဗျားတို့၊ ကျွန်တော်တို့ယောကျ်ားလေးအများစု အလုပ်ထဲမှာ ကြုံတွေ့ရတတ်တဲ့ လုပ်ဖော်ကိုင်ဖက် crush ပုံစံ အမျိုးမျိုးရှိပါတယ်။ ဘယ်လိုတွေတောင်လား ဆိုတာကို ဆက်ဖတ်ကြည့်လိုက်ကြရအောင်။

၁။ ဝန်ထမ်းအသစ်ကောင်မလေး

ချစ်စရာဝန်ထမ်းအသစ်လေးဟာ ခင်ဗျားရဲ့ပျင်းစရာ ရုံးခန်းကြီးကို ဝင်ရောက်တိုက်ခတ်လာတဲ့ လေပြည်လေညှင်းလေးနဲ့ တူပါတယ်။ ခင်ဗျား အဲဒီဝန်ထမ်းကောင်မလေးကို ထပ်ဖန်တလဲလဲ မြင်ချင်တွေ့ချင်လာမယ်။ သူနဲ့စကားပြောချင်လာမယ်။ တွေးမိသမျှအကြောင်းအရာတွေကလည်း အဲဒီကောင်မလေးအကြောင်းတွေပဲ ဖြစ်လာမယ်။ သူမက အဲဒီအချိန်မှာတော့ ခင်ဗျားမျှော်လင့်ထား တာတွေအကုန်လုံးပိုင်ဆိုင်နေပါလိမ့်မယ်။ ဒါပေမယ့် သူမအကြောင်းတွေကို ခင်ဗျားပိုသိလာလေလေ၊ သူမအပေါ် crush နေတဲ့ခင်ဗျားရဲ့စိတ်အာရုံတွေ လျော့ပါးလာလေလေ ဖြစ်ပြီး နောက်ပိုင်းမှာ သူမကို ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်အဖြစ်သာ ရှုမြင်လာပါလိမ့်မယ်။

၂။ လက်ဖက်ရည်ဖျော်သောက်ရင်း တွေ့ရတဲ့ ကောင်မလေး

ခင်ဗျားတို့နှစ်ယောက်ဟာ တစ်ဌာနထဲကမဟုတ်သလို တစ်ယောက်ကိုယ်တစ်ယောက် မြင်တွေ့ခွင့်ရတဲ့အချိန်ဟာ နောက်ဖေးမီးဖိုဆောင်ထဲမှာ (ဒါမှမဟုတ်) ကော်ဖီဖျော်စက်၊ လက်ဖက်ရည်ဖျော်စက် နားမှာ ကော်ဖီ (ဒါမှမဟုတ်) လက်ဖက်ရည်လာဖျော်တဲ့အချိန်လေးပဲ ဖြစ်ပါတယ်။ မြင်ဖန်များလာတော့ ခင်ဗျားဟာ သူမ ပုံမှန်ကော်ဖီ၊ လက်ဖက်ရည်လာဖျော်သောက်တတ်တဲ့အချိန်ကို သိအောင်လုပ်ပြီး အဲဒီအချိန်မှာ သူမကိုတွေ့ခွင့်ရဖို့ ကြံလာပါတော့မယ်။ တစ်နေရာထဲမှာ သူမနဲ့အတူရှိခွင့်ရပြီဆိုတာနဲ့ ခင်ဗျားဟာ ရာသီဥတုအကြောင်းတွေ၊ ထွေရာလေးပါးတွေ လျှောက်ပြောမိပါလိမ့်မယ်။ အဲဒီလို Crush ပုံစံမျိုးဟာလည်း ဝန်ထမ်းအသစ်ကောင်မလေးကို crush မိတာနဲ့ သိပ်တော့မကွာပါဘူး။ သူမအပေါ် စွဲလမ်းမိသလိုဖြစ်နေတဲ့ ခံစားချက်ဟာ အချိန်တစ်ခုကြာလာရင် ပျောက်ပျယ်သွားပါလိမ့်မယ်။

၃။ ခင်ဗျားလက်လှမ်းမမီနိုင်တဲ့ ကောင်မလေး

အထက်တန်းကျောင်းနဲ့ ရုံးမှာ တူတာတစ်ခုတော့ရှိပါတယ်။ အထက်တန်းကျောင်းမှာတုံးက ခင်ဗျား အသေ crush ခဲ့တဲ့ ကောင်မလေးအကြောင်း ပြန်တွေးကြည့်ပါ။ သူမအကြောင်းခင်ဗျားအိမ်မက်တွေ မက်ခဲ့ပါလိမ့်မယ်။ သူမနဲ့တွေ့တဲ့အကြိမ်တိုင်းလည်း ပြောဖို့စကားလုံးတွေ ပျောက်ရှနေပါလိမ့်မယ်။ ဒါပေမယ့် သူမကတော့ ခင်ဗျားနဲ့တူတူရှိနေချင်မှာမဟုတ်သလို ခင်ဗျားရှိနေမှန်းကိုတောင် သတိပြုမိမှာမဟုတ်ပါဘူး။ ကဲ အခုရုံးက ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက် crush အကြောင်းကို တွေးကြည့်လိုက်ပါ။ သူမကကော သူမနဲ့ခင်ဗျား အတူတူရှိနေတဲ့အချိန်တိုင်း ခင်ဗျားရဲ့ ဒူးတွေ ပျော့ခွေသွားအောင်လုပ်နိုင်ပါသလား။ သူမနဲ့တူတူ ညစာ စားခွင့်ရဖို့ ခင်ဗျားရဲ့ချိန်းဆိုမှုတိုင်းကို သူမကငြင်းပယ်နေပါသလား။ အဲဒါဆိုရင်တော့ ဒီကစားပွဲမှာလည်း ခင်ဗျားရှုံးဖို့များနေပါပြီ။ နောက်ဆုံးမှာတော့ ခင်ဗျားရဲ့ကြိုးစားအားထုတ်မှုတွေကို ခင်ဗျားစွန့်လွှတ်လိုက်ရပါလိမ့်မယ်။

၄။ သန့်ရှင်းရေးကောင်မလေး

သူမကတော့ သန့်ရှင်းရေးလုပ်တဲ့ကောင်မလေး ဒါမှမဟုတ် ခင်ဗျားတို့ရုံးနားက ကန်တင်းက ကောင်မလေးဖြစ်နေနိုင်ပါတယ်။ သူမကတော့ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတတ်ပြီး ခင်ဗျားရဲ့ ပျင်းစရာရုံးလုပ်ငန်းတွေအကြောင်းလည်း ဘာမှနားလည်မှာမဟုတ်ပါဘူး။ သူမနဲ့ခဏတွေ့ခွင့်ရတာ စကားပြောခွင့်ရတဲ့ ခင်ဗျားအတွက်ကံကောင်းခြင်းတစ်ခုဖြစ်ပြီး သူမနဲ့အပြင်လောက က သတင်းတွေအကြောင်းပဲ အများဆုံးပြောဖြစ်ပါလိမ့်မယ်။ အဲဒီလို crush မျိုးကတော့ ခင်ဗျားအတွက် လွတ်လပ်မှု နဲ စိတ်ပေါ့ပါးမှုကို ဆောင်ကျဉ်းလာပါတယ်။ ဒါပေမယ့် အဲဒီလိုရာထူးမျိုး၊ နေရာမျိုးမှာ အလုပ်လုပ်ရတဲ့ မိန်းကလေးတွေက ခဏခဏ အပြောင်းအလဲရှိတတ်ပါတယ်။ ဒါကြောင့် ခင်ဗျား သူမအပေါ် crush ရချိန်ဟာ သိပ်ကြာလိုက်မှာမဟုတ်ပါဘူး။ (ခင်ဗျားကိုယ်တိုင် အရမ်းကြီး serious ဖြစ်မိမသွားဘူး ဆိုရင်ပေါ့။)

၅။ အကောင်းမြင်တတ်တဲ့ ကောင်မလေး

သူမကတော့ လောကကြီးကိုအကောင်းမြင်တတ်တယ်။ အမြဲတမ်းပေါ့ပါးပျော်ရွှင်နေတယ်။ အမြဲတမ်း ပြုံးရွှင်ရယ်မောနေတတ်တယ်။ သူမအကြောင်း ကောင်းကောင်းမသိသေးတဲ့လူတွေတောင် သူမ အမြဲပြုံးနေတာကို မြင်တွေ့ရတာကိုနှစ်ခြိုက်ကြပါလိမ့်မယ်။ သူမလိုလူမျိုးနဲ့ အချိန်ကုန်ဆုံးရတာ အချိန်ကုန်လို့ ကုန်သွားမှန်းတောင်သိလိုက်မှာမဟုတ်ပါဘူး။ အထူးသဖြင့် သူမက ချစ်စရာကောင်းပြီး ခင်ဗျားတို့နှစ်ယောက်ကြားမှာ အကြိုက်ချင်းတူနေတာတွေအများကြီး ရှိနေချိန်မှာပေါ့။ ဒါမှမဟုတ် အနည်းဆုံးတော့ ခင်ဗျားတို့ကြားမှာ ပြောစရာအကြောင်းအရာတွေ သုံးလေးငါးခုလောက်တော့ ရှိနေချိန်မှာပေါ့။ တစ်နေ့နေ့မှာ ခင်ဗျားရဲ့ရုံးတွင်းဇာတ်လမ်းလေးဟာ ဒီထက်ပိုတဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ပါတယ်။ ဒါကြောင့် ခင်ဗျားသာ single တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီထက် နောက်တစ်ဆင့်တက်နိုင်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

၆။ Nigh Out အတူထွက်ဖူးတဲ့ ကောင်မလေး

ပြီးခဲ့တဲ့အပတ်တုံးက ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ night out ထွက်ခဲ့ပြီး သူတို့ထဲကတစ်ယောက်ယောက်ကို ခင်ဗျား ချစ်မိနေပြီလို့ ခံစားရပါလိမ့်မယ်။ ကျွန်တော်တို့ခန့်မှန်းကြည့်ပါရစေ။ နောက်တစ်နေ့ မနက်မှာ သူမနဲ့ပတ်သတ်ပြီး ခင်ဗျားရဲ့အမြင်တွေပြောင်းလဲသွားပါလိမ့်မယ်။ နောက်ပြီး သူမကို ခင်ဗျားအမြင်သစ် ရှုထောင့်သစ်ကနေ ကြည့်မိလာပါလိမ့်မယ်။ ဟုတ်တယ်ဟုတ်။ အဲဒီညတုံးကတော့ သူမဟာအရမ်းမိုက်နေမယ်။ အရမ်းလန်းနေမယ်။ ပစ်ကြွေချင်စရာကောင်းနေ ပါလိမ့်မယ်။ ကျွန်တော်တို့ခန့်မှန်းချက်တွေအရတော့ အရက်သောက်ထားခြင်းက ခင်ဗျားရဲ့သူမ အပေါ်ထားရှိခဲ့တဲ့ အမြင်တွေကို ၉၀% လောက် ဝင်ရောက်စွက်ဖက်နေပါလိမ့်မယ်။ သူမအပေါ် ခင်ဗျား crush နေမိတာတွေဟာလည်း သိပ်မကြာခင်မှာပဲ ပျယ်ပျောက်သွားပါလိမ့်မယ်။

၇။ ရုံးမှာခင်ဗျားနဲ့ အရမ်းအတွဲညီတဲ့ ကောင်မလေး

ခင်ဗျားတို့ဟာ တစ်ယောက်ကိုယ်တစ်ယောက်ကူညီတယ်။ ခင်ဗျားဘာပဲလုပ်လုပ် သူမဆီက အကြံဉာဏ် သို့မဟုတ် ခွင့်ပြုချက်တောင်းမိတတ်တယ်။ နေ့လည်စာတူတူစားတယ်။ ကော်ဖီ တူတူသောက်တယ်။ ရယ်စရာမောစရာတွေပြောတယ်။ ရုံးချိန်တော်တော်များများကို သူမနဲ့အတူ ဖြတ်သန်းကုန်ဆုံးတယ်။ အဲဒီလိုကောင်မလေးမျိုးဟာ ခင်ဗျားနဲ့တဌာနတည်းမှာ တူတူအလုပ်လုပ်ရတဲ့ ကောင်မလေးမျိုးပေါ့။ တစ်ရုံးလုံးက ခင်ဗျားတို့နှစ်ယောက်ကို အတင်းတုပ်ကြပါလိမ့်မယ်။ ပြီးတော့ အဲဒီလို အတင်းတုပ်ခံရတာလည်း စိတ်ပျက်စရာကောင်းပါလိမ့်မယ်။ တစ်ခါတလေမှာ အဲဒီလိုမျိုး အတင်းတုပ်မခံရအောင်၊ သူတို့တွေရဲ့ ခင်ဗျားတို့နှစ်ယောက်ကို အတွဲလိုမျိုး မြင်နေတာမျိုးတွေ ရပ်သွားအောင် တစ်ယောက်ကိုယ်တစ်ယောက် မတွေ့မမြင်မိသလို ဟန်ဆောင်တာမျိုးတွေတောင် လုပ်မိပါလိမ့်မယ်။ တကယ်လို့ခင်ဗျားသာ အိမ်ထောင်ရှိပြီးသားအမျိုးသားတစ်ယောက်ဆိုရင် ခင်ဗျားရဲ့ အိမ်ထောင်ဖက်က ခင်ဗျားရဲ့အဲဒီလုပ်ဖောင်ကိုင်ဖက်ကောင်မလေး နာမည်ကိုကြားတာနဲ့မနာလိုဝန်တိုဖြစ်လာပါလိမ့်မယ်။ တကယ်လို့ခင်ဗျားသာ လူပျိုလူလွတ်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ အဲဒီလို crush မျိုးဟာ တစ်နေ့နေ့မှာခင်ဗျားရဲ့ အိမ်ထောင်ဖက် ဖြစ်လာနိုင်ပါတယ်။

၈။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသမီး

သူမက အမြဲလိုလိုစတိုင်ကျလှပနေပြီး business suit နဲ့ အလွန်လိုက်ဖက်ပါတယ်။ ခင်ဗျားဟာသူမကို ခင်ဗျားဘဝမှာ တစ်ခါမှမရှိဖူးခဲ့တဲ့ ခပ်ဆိုးဆိုးဆရာမတစ်ယောက်လိုမျိုး စိတ်ကူးယဉ်နေမိပါလိမ့်မယ်။ သူမက အမှီအခိုကင်းပြီး အရာရာကိုထိန်းချုပ်နိုင်စွမ်းရှိပါလိမ့်မယ်။ အဲဒီလိုအမျိုးသမီးမျိုးဟာ ခင်ဗျားကိုယ်ခင်ဗျား ပျော့ညံ့တယ်လို့ခံစားမိစေပါလိမ့်မယ်။ မကြာခင်မှာပဲ ခင်ဗျား သူမအပေါ် crush နေတာတွေ ကွယ်ပျောက်သွားပါလိမ့်မယ်။ ဒါမှမဟုတ် သူမအပေါ်ကြွေနေတဲ့စိတ်တွေက သူမကို သူမရဲ့ sweatpants (အသားကပ်ဘောင်းဘီ) တွေနဲ့တွေ့လိုက်ရချိန်မှာ ကွယ်ပျောက်သွားပါလိမ့်မယ်။

၉။ အမြဲလိုလို လုံးလားထွေးလား နေမိတတ်တဲ့ ကောင်မလေး

ခင်ဗျားတို့နှစ်ယောက်က တရားဝင်တွဲနေတာမျိုးမဟုတ်ရင်တောင်မှ ခင်ဗျားနဲ့ခင်ဗျားရဲ့ကြားက ပြောဆိုဆက်ဆံပုံတွေက ခင်ဗျားတို့ရဲ့ဆက်ဆံရေးအတိုင်းအတာကို သိသားထင်ရှားနေစေပါတယ်။ ခင်ဗျားတို့ဟာ တစ်ချိန်လုံး ပူးကပ်လုံးထွေး စနောက်နေတတ်ပြီး ခင်ဗျားတို့ရဲ့လုပ်ဖော်ကိုင်ဖက်အားလုံးက ခင်ဗျားတို့နှစ်ယောက်ကို ငြိနေပြီလို့ပဲ ယူဆနေကြမှာပါ။ အဲဒီလိုဆက်ဆံရေးက သွေးပူစေတတ်ပြီး အန္တရာယ်လည်းကြီးပါတယ်။ များသောအားဖြင့်တော့ ဒီလိုလုပ်ဖော်ကိုင်ဖက် crush ပုံစံမျိုးက အဆုံးသတ် မလှတတ်ပါဘူး။ ဒါကြောင့် တရားလွန်မဖြစ်အောင် ဂရုစိုက်ထိန်းသိမ်းသင့်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top