iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္ရႊင္စရာေကာင္းတဲ့ Relationshipကုိ ပုိင္ဆုိင္ဖုိ႕ လူတုိင္း အိပ္မက္ မက္ၾကပါတယ္။ ကုိယ္ခ်စ္ရ
သူနဲ႕ တစ္ဘ၀လုံးလက္တြဲၿပီး အသက္ရွည္ရွည္ က်န္းက်န္းမာမာ ေနထုိင္လုိၾကပါတယ္။ ဒါေပမယ့္
တကယ္ တမ္းေရြးခ်ယ္မိၾကခ်ိန္မွာေတာ့ ဆန္႕က်င္ဘက္ေတြ ျဖစ္ေနတဲ့အခါမ်ိဳးမွာ အေတာ္ေလး
စိတ္ဆင္းရဲရၿပီးတစ္ခ်ိ႕ဆုိ အခ်ိန္လြန္ၿပီးကာမွ ရိပ္မိသိရွိတာေတြလည္း ရွိၾကပါတယ္။ ဒီေတာ့ ကုိယ္ေရြး
ခ်ယ္ထားတဲ့လက္တြဲေဖာ္ဟာ ကုိယ့္အတြက္ မွန္ကန္တဲ့ေရြးခ်ယ္မႈလားဆုိတာ ဆန္းစစ္ႏုိင္ေစဖုိ႕ ေအာက္
ပါအခ်က္ကေလးေတြနဲ႔ စစ္ၾကည့္နုုိင္ပါတယ္။

1. ကိုယ္က်ိးမၾကည့္ပဲ ေပးဆပ္ျခင္း vs တစ္ခုခုရဖုိ႕အတြက္ ေပးဆပ္ျခင္း

တကယ္မွန္ကန္တဲ့ လက္တြဲသူကို ရထားသူမ်ားအဖုိ႕မွာေတာ့ စိတ္ခ်မ္းသာစရာပါ။ သူဟာ ကုိယ့္ကုိ
နွစ္ႏွစ္ကာကာခ်စ္ၿပီဆုိရင္ ဘာေပးဆပ္ရမလဲ၊ ဘာလုပ္ေပးရမလဲ၊ ဘာလုိခ်င္သလဲ၊ ဘာျဖည့္ဆည္း
ေပးရမလဲ-ဆုိတာကုိပဲ ရွာေနပါလိ့မ္မယ္။ သူနဲ႕သင္ လက္တြဲထားရလုိ႕ ႐ုပ္ပုိင္းဆုိင္ရာအရ မျပည့္စုံ
ရင္ေတာင္ သင့္တုိ႕ စိတ္ခ်မ္းသာပါလိ့မ္မယ္။

အဲဒီဆန္႕က်င္ဘက္အေနနဲ႕ေတာ့ ေရြးခ်ယ္မႈမမွန္ကန္ဘူးဆုိရင္ သူဟာ သင့္ကို အလုိမက်တာေတြ
မ်ားမယ္၊ သင့္ကို အျပစ္ရွာမယ္၊ သင့္ဆီကေန တစ္ခုခု ခဏခဏ ပူဆာမယ္၊ သင့္ကုိတစ္ခုခု ေပးအပ္
ခဲ့ရင္လည္း သင့္ဆီက တစ္ခုထက္ပုိတာကို လုိခ်င္ေနတဲ့ အဓိပၸါယ္ေတြရွိေနလိ့မ္မယ္။ ဒါမ်ိဳးဆုိရင္
ေတာ့ သင္ဟာ စိတ္မခ်မ္းသာရတဲ့လူေတြထဲမွာ ပါ၀င္သြားပါၿပီ။

2. လက္ခံျခင္း vs လက္တြဲေဖာ္ရဲ႕ဘ၀ကုိ အေရာင္ေျပာင္းလဲျခင္း
တစ္ကယ္ခ်စ္ၿပီဆုိရင္ သူတုိ႕က တစ္ေယာက္နဲ႕တစ္ေယာက္ အျပစ္အနာအဆာရွိခဲ့ရင္ ခြင့္လြတ္ၾက
တယ္၊ နားလည္မႈယူၾကတယ္၊ လက္ခံစရာရွိတာကုိ လက္ခံၾကတယ္။ဒီဆန္႕က်င္ဘက္အေနနဲ႕ကေတာ့ သင့္ရဲ႕ စ႐ုိက္သဘာ၀ကုိ သူက လက္မခံႏုိင္တာမ်ိဳးေတြ၊ သူနဲ႕ နီးစပ္တဲ့အသုိင္း၀ုိင္းရဲ႕ ပုံစံကုိ အတင္း သြတ္သြင္းတာေတြ၊ သင္ရဲ႕ မူလသဘာ၀ကို စြန္႕လႊတ္ခုိင္းတာမ်ိဳးေတြ ရွိလာမွာပါ။

3.  ပြင့္လင္းျမင္သာမႈ vs လွိ်႕ဝွက္ကာကြယ္ျခင္း
သင္နဲ႕သူဟာ တစ္ကယ္လုိက္ဖက္ညီတဲ့သူေတြဆုိရင္ တစ္ေယာက္နဲ႕တစ္ေယာက္ တုိင္ပင္သင့္တာ
ကို တုိင္ပင္တယ္၊ တစ္ေယာက္ရဲ႕အျဖစ္အပ်က္ကုိ တစ္ေယာက္မသိေအာင္ သုိ၀ွက္မထားပဲ ပြင့္ပြင့္
လင္းလင္း ေျပာျပတယ္၊ တစ္ေယာက္နဲ႕တစ္ေယာက္ ေပါ့ပါးတဲ့ ဆက္ဆံေရးနဲ႕ တစ္ေယာက္ကုိ
တစ္ေယာက္ ကူညီေဖးမၾကတယ္။

ဒီလုိမဟုတ္ပဲ သင္သိလုိတဲ့ သူ႕အေၾကာင္း(သို႕မဟုတ္) သူ႕မိသားစုနဲ႕ တစ္ျခား ျပႆနာေတြအေၾကာင္း
ကုိ စူးစမ္းရင္ သင့္ကို ပိတ္ပင္တာမ်ိဳးေတြ တားျမစ္တာမ်ိဳးေတြ၊ သူ သိလုိတဲ့အေၾကာင္းအရာရွိရင္
ေခ်ာင္ပိတ္ၿပီး ဘြင္းဘြင္းႀကီးေမးခ်တာမ်ိဳးေတြ ရွိေနရင္ သင္တုိ႕ႏွစ္ေယာက္ရဲ႕ လက္တြဲမႈဟာ မမွန္
ကန္ဘူး။
4. ခြင့္လႊတ္စိတ္ vs လက္စားေခ်မႈ
ခ်စ္သူၾကင္သူေတြၾကားမွာ အၿမဲတမ္း စိတ္သေဘာထားခ်င္း တုိက္ဆုိင္ေနဖုိ႕ဆုိတာကေတာ့ မလြယ္
ပါဘူး။ ဒါေၾကာင့္လည္း လင္နဲ႕မယား လွ်ာနဲ႕သြား-ဆုိတဲ့ စကားပုံလည္း ရွိလာတာမဟုတ္လား။ ဒီေတာ့
ခဏခဏ စကားမ်ားရန္ျဖစ္ရတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။ ဒါကုိ တကယ္ခ်စ္တဲ့သူေတြက
စကားမ်ားရန္ျဖစ္ခ်ိန္ရဲ႕ေနာက္ပုိင္းမွာ အစစ ျပန္လည္ ဆင္ျခင္ၿပီး ခြင့္လႊတ္ဖုိ႕ ေတာင္းပန္ၾကသလုိ၊
ကုိယ့္ဘက္က ခြင့္လႊတ္စရာရွိရင္လည္း စိတ္ထဲမွာမထားဘဲ ခြင့္လႊတ္လုိက္ပါတယ္။

သင့္ ေရြးခ်ယ္မႈ မမွန္ကန္ရင္ေတာ့ သင့္ရဲ႕ သေဘာထားနဲ႕ သူ႕သေဘာထား ဆန္႕က်င္ဘက္ပါ။ သူ မွား
ခ်ိန္ လြန္ခ်ိန္မွာ သင့္ကုိ ခြင့္လႊတ္ဖုိ႕ ေတာင္းပန္ခ်င္မွ ေတာင္းပန္မွာဆုိေပမယ့္ သင္မွားရင္ေတာ့ သူ႕စိတ္
ထဲမွာ ေတးမွတ္ထားတတ္ၿပီး အေၾကာင္းအရာ ေပါင္းစုံရင္ သင္ကုိ ေခါင္းေဖာ္ခြင့္ေတာင္မေပးဘဲ ဦး
ခ်ိဳးႏွိမ္ႏွင္းခံရတတ္ပါတယ္။ ဒီလုိ ခ်စ္သူမ်ိဳးက ေၾကာက္စရာ ေကာင္းပါတယ္။

5. မွ်ေ၀ျခင္း vs ခံစားျခင္း

ေအးအတူ ပူအမွ် ဒုကၡသုခေတြဟာ ႏွစ္ေယာက္သားအတြက္ေတာ့ အခ်စ္ခရီးလမ္းမွာ အခ်ိဳအခ်ဥ္နဲ႕
တစ္လွည့္စီစားသုံးရမဲ့ သစ္သီးေတြေပါ့။ အခ်ိဳစားခ်ိန္ အတူတူ တစ္ေပ်ာ္တစ္ပါး စားလုိက္ၾကၿပီး အခ်ဥ္
စားခ်ိန္မွာေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ ေျဖေျဖသာသာ မွ်ေ၀ရယူျခင္းဟာ ခ်စ္ျခင္းရဲ႕ အဓိက
အေရးပါဆုံးအခ်က္ပါ။

ဒီလုိမဟုတ္ဘူးဆုိရင္လည္း အခ်စ္ဆုိတဲ့အဓိပၸါယ္ကုိ ဖြင့္ဆုိဖုိ႕ အေတာ္ေလးကုိ မျဖစ္ႏုိင္ပါဘူး။ ဒီေတာ့
ကုိယ္ခ်စ္သူဟာ သူကုိယ္တုိင္က ကုိယ့္ကုိ မ်က္ရည္က်ေစသူလား စိတ္ဆင္းရဲေစသူလားဆုိတာ အနီး
ကပ္ဆုံးျဖစ္တဲ့ သင္သာ ခြဲခြဲျခားျခားသိႏုိင္ပါလိ့မ္မယ္။

Credit:Auntymay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ပျော်ရွှင်စရာကောင်းတဲ့ Relationshipကို ပိုင်ဆိုင်ဖို့ လူတိုင်း အိပ်မက် မက်ကြပါတယ်။ ကိုယ်ချစ်ရ
သူနဲ့ တစ်ဘဝလုံးလက်တွဲပြီး အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေထိုင်လိုကြပါတယ်။ ဒါပေမယ့်
တကယ် တမ်းရွေးချယ်မိကြချိန်မှာတော့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတဲ့အခါမျိုးမှာ အတော်လေး
စိတ်ဆင်းရဲရပြီးတစ်ချိ့ဆို အချိန်လွန်ပြီးကာမှ ရိပ်မိသိရှိတာတွေလည်း ရှိကြပါတယ်။ ဒီတော့ ကိုယ်ရွေး
ချယ်ထားတဲ့လက်တွဲဖော်ဟာ ကိုယ့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုလားဆိုတာ ဆန်းစစ်နိုင်စေဖို့ အောက်
ပါအချက်ကလေးတွေနဲ့ စစ်ကြည့်နိုုင်ပါတယ်။

1. ကိုယ်ကျိးမကြည့်ပဲ ပေးဆပ်ခြင်း vs တစ်ခုခုရဖို့အတွက် ပေးဆပ်ခြင်း

တကယ်မှန်ကန်တဲ့ လက်တွဲသူကို ရထားသူများအဖို့မှာတော့ စိတ်ချမ်းသာစရာပါ။ သူဟာ ကိုယ့်ကို
နှစ်နှစ်ကာကာချစ်ပြီဆိုရင် ဘာပေးဆပ်ရမလဲ၊ ဘာလုပ်ပေးရမလဲ၊ ဘာလိုချင်သလဲ၊ ဘာဖြည့်ဆည်း
ပေးရမလဲ-ဆိုတာကိုပဲ ရှာနေပါလိ့မ်မယ်။ သူနဲ့သင် လက်တွဲထားရလို့ ရုပ်ပိုင်းဆိုင်ရာအရ မပြည့်စုံ
ရင်တောင် သင့်တို့ စိတ်ချမ်းသာပါလိ့မ်မယ်။

အဲဒီဆန့်ကျင်ဘက်အနေနဲ့တော့ ရွေးချယ်မှုမမှန်ကန်ဘူးဆိုရင် သူဟာ သင့်ကို အလိုမကျတာတွေ
များမယ်၊ သင့်ကို အပြစ်ရှာမယ်၊ သင့်ဆီကနေ တစ်ခုခု ခဏခဏ ပူဆာမယ်၊ သင့်ကိုတစ်ခုခု ပေးအပ်
ခဲ့ရင်လည်း သင့်ဆီက တစ်ခုထက်ပိုတာကို လိုချင်နေတဲ့ အဓိပ္ပါယ်တွေရှိနေလိ့မ်မယ်။ ဒါမျိုးဆိုရင်
တော့ သင်ဟာ စိတ်မချမ်းသာရတဲ့လူတွေထဲမှာ ပါဝင်သွားပါပြီ။

2. လက်ခံခြင်း vs လက်တွဲဖော်ရဲ့ဘဝကို အရောင်ပြောင်းလဲခြင်း
တစ်ကယ်ချစ်ပြီဆိုရင် သူတို့က တစ်ယောက်နဲ့တစ်ယောက် အပြစ်အနာအဆာရှိခဲ့ရင် ခွင့်လွတ်ကြ
တယ်၊ နားလည်မှုယူကြတယ်၊ လက်ခံစရာရှိတာကို လက်ခံကြတယ်။ဒီဆန့်ကျင်ဘက်အနေနဲ့ကတော့ သင့်ရဲ့ စရိုက်သဘာဝကို သူက လက်မခံနိုင်တာမျိုးတွေ၊ သူနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းရဲ့ ပုံစံကို အတင်း သွတ်သွင်းတာတွေ၊ သင်ရဲ့ မူလသဘာဝကို စွန့်လွှတ်ခိုင်းတာမျိုးတွေ ရှိလာမှာပါ။

3.  ပွင့်လင်းမြင်သာမှု vs လျှိ့ဝှက်ကာကွယ်ခြင်း
သင်နဲ့သူဟာ တစ်ကယ်လိုက်ဖက်ညီတဲ့သူတွေဆိုရင် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်သင့်တာ
ကို တိုင်ပင်တယ်၊ တစ်ယောက်ရဲ့အဖြစ်အပျက်ကို တစ်ယောက်မသိအောင် သိုဝှက်မထားပဲ ပွင့်ပွင့်
လင်းလင်း ပြောပြတယ်၊ တစ်ယောက်နဲ့တစ်ယောက် ပေါ့ပါးတဲ့ ဆက်ဆံရေးနဲ့ တစ်ယောက်ကို
တစ်ယောက် ကူညီဖေးမကြတယ်။

ဒီလိုမဟုတ်ပဲ သင်သိလိုတဲ့ သူ့အကြောင်း(သို့မဟုတ်) သူ့မိသားစုနဲ့ တစ်ခြား ပြဿနာတွေအကြောင်း
ကို စူးစမ်းရင် သင့်ကို ပိတ်ပင်တာမျိုးတွေ တားမြစ်တာမျိုးတွေ၊ သူ သိလိုတဲ့အကြောင်းအရာရှိရင်
ချောင်ပိတ်ပြီး ဘွင်းဘွင်းကြီးမေးချတာမျိုးတွေ ရှိနေရင် သင်တို့နှစ်ယောက်ရဲ့ လက်တွဲမှုဟာ မမှန်
ကန်ဘူး။
4. ခွင့်လွှတ်စိတ် vs လက်စားချေမှု
ချစ်သူကြင်သူတွေကြားမှာ အမြဲတမ်း စိတ်သဘောထားချင်း တိုက်ဆိုင်နေဖို့ဆိုတာကတော့ မလွယ်
ပါဘူး။ ဒါကြောင့်လည်း လင်နဲ့မယား လျှာနဲ့သွား-ဆိုတဲ့ စကားပုံလည်း ရှိလာတာမဟုတ်လား။ ဒီတော့
ခဏခဏ စကားများရန်ဖြစ်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကို တကယ်ချစ်တဲ့သူတွေက
စကားများရန်ဖြစ်ချိန်ရဲ့နောက်ပိုင်းမှာ အစစ ပြန်လည် ဆင်ခြင်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ကြသလို၊
ကိုယ့်ဘက်က ခွင့်လွှတ်စရာရှိရင်လည်း စိတ်ထဲမှာမထားဘဲ ခွင့်လွှတ်လိုက်ပါတယ်။

သင့် ရွေးချယ်မှု မမှန်ကန်ရင်တော့ သင့်ရဲ့ သဘောထားနဲ့ သူ့သဘောထား ဆန့်ကျင်ဘက်ပါ။ သူ မှား
ချိန် လွန်ချိန်မှာ သင့်ကို ခွင့်လွှတ်ဖို့ တောင်းပန်ချင်မှ တောင်းပန်မှာဆိုပေမယ့် သင်မှားရင်တော့ သူ့စိတ်
ထဲမှာ တေးမှတ်ထားတတ်ပြီး အကြောင်းအရာ ပေါင်းစုံရင် သင်ကို ခေါင်းဖော်ခွင့်တောင်မပေးဘဲ ဦး
ချိုးနှိမ်နှင်းခံရတတ်ပါတယ်။ ဒီလို ချစ်သူမျိုးက ကြောက်စရာ ကောင်းပါတယ်။

5. မျှဝေခြင်း vs ခံစားခြင်း

အေးအတူ ပူအမျှ ဒုက္ခသုခတွေဟာ နှစ်ယောက်သားအတွက်တော့ အချစ်ခရီးလမ်းမှာ အချိုအချဉ်နဲ့
တစ်လှည့်စီစားသုံးရမဲ့ သစ်သီးတွေပေါ့။ အချိုစားချိန် အတူတူ တစ်ပျော်တစ်ပါး စားလိုက်ကြပြီး အချဉ်
စားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ဖြေဖြေသာသာ မျှဝေရယူခြင်းဟာ ချစ်ခြင်းရဲ့ အဓိက
အရေးပါဆုံးအချက်ပါ။

ဒီလိုမဟုတ်ဘူးဆိုရင်လည်း အချစ်ဆိုတဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုဖို့ အတော်လေးကို မဖြစ်နိုင်ပါဘူး။ ဒီတော့
ကိုယ်ချစ်သူဟာ သူကိုယ်တိုင်က ကိုယ့်ကို မျက်ရည်ကျစေသူလား စိတ်ဆင်းရဲစေသူလားဆိုတာ အနီး
ကပ်ဆုံးဖြစ်တဲ့ သင်သာ ခွဲခွဲခြားခြားသိနိုင်ပါလိ့မ်မယ်။

Credit:Auntymay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top