iMyanmarHouse.com - Best Property Website for Myanmar
×

ပံုမွန္အားျဖင့္ အမဲစက္ ၊ အမဲကြက္ေတြဟာ ေနေလာင္ဓါဏ္ ၊ ေဟာ္မုန္းမညီမွ်မႈ ၊ကိုယ္ဝန္ေဆာင္ခ်ိန္ ၊ေဆးဘက္ဆိုင္ရာဆိုးက်ိဳးမ်ား ၊ ဗီတာမင္လိုအပ္မႈ ၊ အိပ္ခ်ိန္နည္းပါးမႈ နွင့္ စိတ္ဖိစီးမႈမ်ားျခင္း စတဲ့ အေၾကာင္းေတြေၾကာင့္ ျဖစ္တတ္ပါတယ္ ။ ဒါ့ေၾကာင့္ အမ်ိဳးသမီးအမ်ားစုဟာ cosmetics ေတြ ေရြးခ်ယ္တဲ့အခါမွာ အမဲစက္ေပ်ာက္ကင္းေစတဲ့ အစြမ္းသတၱိပါဝင္တာေတြကို ေရြးခ်ယ္ေလ့ ရွိၾကပါတယ္ ။ သို႔ေသာ္ အလွကုန္ေတြဟာ ေငြကုန္ေၾကးက်မ်ားနိုင္သလို တစ္ခါတစ္ရံ ဓါတ္မတည့္တာမ်ိဳးေတြလည္း ျဖစ္လာနို္င္ပါတယ္ ။ ဒါ့ေၾကာင့္ ေငြကုန္ေၾကးက်နည္းျပီး ေဘးဥပါဒ္ကင္းကာ မိမိကိုယ္တိုင္ျပဳလုပ္နိုင္တဲ့ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ ။
၁။အာလူး

အမဲစက္ ၊အမဲကြက္ေတြအတြက္ အာလူးက အေကာင္းဆံုး ကုသနည္းတစ္ခုျဖစ္ပါတယ္ ။အာလူးမွာပါဝင္တဲ့ အစြမ္းသတၱိေတြက အမဲစက္ေတြအတြက္သာမက အမာရြတ္မ်ား ၊ ဝက္ၿခံေၾကာင့္က်န္ခဲ့တဲ့ အမဲကြက္မ်ားကိုပါ ကင္းေပ်ာက္ေစနိုင္ျပီး အသားအေရကိုလည္း ျဖဴဝင္းေစပါတယ္ ။အာလူးကို သံုးလို႔ရတဲ့ နည္းလမ္း ၃မ်ိဳးရွိပါတယ္ ။ၾကိဳက္နွစ္သက္တဲ့ နည္းလမ္းကို ေရြးျပီး အသံုးျပဳလုိ႔ရပါတယ္။
ပထမနည္းကေတာ့ အာလူးကို ေဆးေၾကာျပီး အကြင္းလိုက္ အနည္းငယ္ ပါးပါး လွီးပါ ။ အဲ့ဒိေနာက္ အမဲစက္ရွိတဲ့ေနရာေပၚသို႔ မိနစ္အနည္းငယ္ၾကာေအာင္ တင္ထားလိုက္ပါ ။ ေနာက္ဆံုးမွာေတာ့ ခပ္ေႏြးေႏြးေရျဖင့္ ေဆးေၾကာလိုက္ပါ။
ဒုတိယနည္းကေတာ့ အာလူးကို အခြံခြာကာ ေဆးေၾကာျပီး ျခစ္လိုက္ပါ ။ ျခစ္ထားေသာအာလူးေတြကို ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္းေရာေမႊျပီး မ်က္နွာေပၚမွာ mask ကဲ့သို႔ အနွံ႔တင္လိုက္လိုက္ပါ ။ ၁၅မိနစ္ခန္႔ၾကာေအာင္ ေျခာက္ေသြ႕သည္အထိထားျပီးလွ်င္ေတာ့ ခပ္ေႏြးေႏြးေရျဖင့္ ေဆးေၾကာလိုက္ပါ။
ေနာက္ဆံုးနည္းလမ္းကေတာ့ အာလူးကို အရည္သီးသန္႔ ညွစ္ရမွာပါ ။ ညွစ္ထားေသာ အာလူးရည္ကို သံပုယိုရည္ အနညး္ငယ္နွင့္ နႏြင္းမႈန္႔ အနည္းငယ္ေရာျပီး အမဲစက္ရွိတဲ့ မ်က္နွာေပၚမွာ သုတ္လိမ္းလိုက္ပါ။ ေျခာက္ေသြ႕သြားသည္အထိ
ထားျပီးေနာက္ ေရေဆးေၾကာလိုက္ပါ ။
၂။နႏြင္းမႈန္႕
နႏြင္းမႈန္႔မွာလည္း အေရျပားအတြက္ ေကာင္းမြန္တဲ့ အစြမ္းသတၱိေတြ မ်ားစြာပါဝင္ျပီး အမဲစက္ေတြကို အေကာင္းဆံုး ေလ်ာ့ပါးေစနိုင္ပါတယ္ ။ဒါ့အျပင္ အေရျပားပ်က္စီးမႈ ၊ ညိဳမည္းမႈတို႕ကိုပါ သက္သာေစနိုင္ျပီး ေနေလာင္ဒဏ္ေၾကာင့္ ျဖစ္ေသာ အစက္အေျပာက္မ်ား ၊ အသက္အရြယ္ေၾကာင့္ ျဖစ္ေသာ အစက္အေျပာက္မ်ားကို အေကာင္းဆံုး ကုသေပးနိုင္ပါတယ္။ ျပဳလုပ္ပံုကေတာ့ နႏြင္းမႈန္႕ လက္ဖက္ရည္ဇြန္း ၂ဇြန္းကို ႏြားနို႔အနည္းငယ္ နွင့္ သံပုယိုရည္ အနည္းငယ္ခန္႔ေရာျပီး ခပ္ပ်စ္ပ်စ္အေနအထားျဖစ္ေအာင္ ေမႊေပးပါ ။ ရလာေသာ အေရာအေႏွာကို အမဲစက္ရွိတဲ့ေနရာေတြမွာ အဓိကထားျပီး လိမ္းလိုက္ပါ ။ မိနစ္အနည္းငယ္ၾကာေအာင္ထားျပီးလွ်င္ ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာလိုက္ပါ။
၃။သံပုယိုရည္

အျမန္ဆံုးနဲ႕ အလြယ္ဆံုးနည္းလမ္းလို႔ ေျပာရမွာပါ ။ သံပုယိုရည္မွာပါဝင္တဲ့ ဗီတာမင္စီက အမဲစက္ေတြကို ေလ်ာ့ပါးျပီး အသားအေရကုိ ျဖဴစင္ေတာက္ပေစပါတယ္ ။ သံပုယိုရည္ကို ဂြမ္းျဖင့္တို႔ျပီး အမဲစက္ရွိတဲ့ေနရာေပၚသို႔ ပြတ္ေပးပါ ။ ထို႔ေနာက္ ေျခာက္ေသြ႕ေအာင္ မိနစ္အနည္းငယ္ခန္႔ ထားလိုက္္ပါ ။ ျပီးသြားလွ်င္ေတာ့ ေရသီးသန္႔ျဖင့္ ေဆးေၾကာေပးပါ။ ေန႔စဥ္ပံုမွန္ျပဳလုပ္ေပးျခင္းျဖင့္ ၂ပါတ္ခန္႔အၾကာမွာ သိသိသာသာ ေျပာင္းလဲသြားတာကို ျမင္ေတြ႕ရမွာပါ ။ ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္ေတြကေတာ့ သံပုယိုရည္ကို ေရအနည္းငယ္ေရာျပီး ျပဳလုပ္ေပးနုိင္ပါတယ္ ။
မွတ္ခ်က္ ။ သံပုယိုရည္ လိမ္းျပီးရင္ေတာ့ ေနေရာင္ျခည္နဲ႕ ထိေတြ႕ျခင္းကို ေရွာင္ၾကည္ပါ ။ အနာျဖစ္ေနလွ်င္ မလိမ္းပါနွင့္ ။ အေရျပားေပၚတင္လို႔ စပ္ဖ်င္းဖ်င္း ခံစားရတယ္ဆိုလွ်င္လည္း မလိမး္ပါနွင့္။
Credit:CHAN (ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 ပုံမှန်အားဖြင့် အမဲစက် ၊ အမဲကွက်တွေဟာ နေလောင်ဓါဏ် ၊ ဟော်မုန်းမညီမျှမှု ၊ကိုယ်ဝန်ဆောင်ချိန် ၊ဆေးဘက်ဆိုင်ရာဆိုးကျိုးများ ၊ ဗီတာမင်လိုအပ်မှု ၊ အိပ်ချိန်နည်းပါးမှု နှင့် စိတ်ဖိစီးမှုများခြင်း စတဲ့ အကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ် ။ ဒါ့ကြောင့် အမျိုးသမီးအများစုဟာ cosmetics တွေ ရွေးချယ်တဲ့အခါမှာ အမဲစက်ပျောက်ကင်းစေတဲ့ အစွမ်းသတ္တိပါဝင်တာတွေကို ရွေးချယ်လေ့ ရှိကြပါတယ် ။ သို့သော် အလှကုန်တွေဟာ ငွေကုန်ကြေးကျများနိုင်သလို တစ်ခါတစ်ရံ ဓါတ်မတည့်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ် ။ ဒါ့ကြောင့် ငွေကုန်ကြေးကျနည်းပြီး ဘေးဥပါဒ်ကင်းကာ မိမိကိုယ်တိုင်ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ် ။

၁။အာလူး

အမဲစက် ၊အမဲကွက်တွေအတွက် အာလူးက အကောင်းဆုံး ကုသနည်းတစ်ခုဖြစ်ပါတယ် ။အာလူးမှာပါဝင်တဲ့ အစွမ်းသတ္တိတွေက အမဲစက်တွေအတွက်သာမက အမာရွတ်များ ၊ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲကွက်များကိုပါ ကင်းပျောက်စေနိုင်ပြီး အသားအရေကိုလည်း ဖြူဝင်းစေပါတယ် ။အာလူးကို သုံးလို့ရတဲ့ နည်းလမ်း ၃မျိုးရှိပါတယ် ။ကြိုက်နှစ်သက်တဲ့ နည်းလမ်းကို ရွေးပြီး အသုံးပြုလို့ရပါတယ်။

ပထမနည်းကတော့ အာလူးကို ဆေးကြောပြီး အကွင်းလိုက် အနည်းငယ် ပါးပါး လှီးပါ ။ အဲ့ဒိနောက် အမဲစက်ရှိတဲ့နေရာပေါ်သို့ မိနစ်အနည်းငယ်ကြာအောင် တင်ထားလိုက်ပါ ။ နောက်ဆုံးမှာတော့ ခပ်နွေးနွေးရေဖြင့် ဆေးကြောလိုက်ပါ။

ဒုတိယနည်းကတော့ အာလူးကို အခွံခွာကာ ဆေးကြောပြီး ခြစ်လိုက်ပါ ။ ခြစ်ထားသောအာလူးတွေကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းရောမွှေပြီး မျက်နှာပေါ်မှာ mask ကဲ့သို့ အနှံ့တင်လိုက်လိုက်ပါ ။ ၁၅မိနစ်ခန့်ကြာအောင် ခြောက်သွေ့သည်အထိထားပြီးလျှင်တော့ ခပ်နွေးနွေးရေဖြင့် ဆေးကြောလိုက်ပါ။

နောက်ဆုံးနည်းလမ်းကတော့ အာလူးကို အရည်သီးသန့် ညှစ်ရမှာပါ ။ ညှစ်ထားသော အာလူးရည်ကို သံပုယိုရည် အနည်းငယ်နှင့် နနွင်းမှုန့် အနည်းငယ်ရောပြီး အမဲစက်ရှိတဲ့ မျက်နှာပေါ်မှာ သုတ်လိမ်းလိုက်ပါ။ ခြောက်သွေ့သွားသည်အထိ
ထားပြီးနောက် ရေဆေးကြောလိုက်ပါ ။

၂။နနွင်းမှုန့်
နနွင်းမှုန့်မှာလည်း အရေပြားအတွက် ကောင်းမွန်တဲ့ အစွမ်းသတ္တိတွေ များစွာပါဝင်ပြီး အမဲစက်တွေကို အကောင်းဆုံး လျော့ပါးစေနိုင်ပါတယ် ။ဒါ့အပြင် အရေပြားပျက်စီးမှု ၊ ညိုမည်းမှုတို့ကိုပါ သက်သာစေနိုင်ပြီး နေလောင်ဒဏ်ကြောင့် ဖြစ်သော အစက်အပြောက်များ ၊ အသက်အရွယ်ကြောင့် ဖြစ်သော အစက်အပြောက်များကို အကောင်းဆုံး ကုသပေးနိုင်ပါတယ်။ ပြုလုပ်ပုံကတော့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်းကို နွားနို့အနည်းငယ် နှင့် သံပုယိုရည် အနည်းငယ်ခန့်ရောပြီး ခပ်ပျစ်ပျစ်အနေအထားဖြစ်အောင် မွှေပေးပါ ။ ရလာသော အရောအနှောကို အမဲစက်ရှိတဲ့နေရာတွေမှာ အဓိကထားပြီး လိမ်းလိုက်ပါ ။ မိနစ်အနည်းငယ်ကြာအောင်ထားပြီးလျှင် ရေနွေးနွေးလေးဖြင့် ဆေးကြောလိုက်ပါ။

၃။သံပုယိုရည်

အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းလို့ ပြောရမှာပါ ။ သံပုယိုရည်မှာပါဝင်တဲ့ ဗီတာမင်စီက အမဲစက်တွေကို လျော့ပါးပြီး အသားအရေကို ဖြူစင်တောက်ပစေပါတယ် ။ သံပုယိုရည်ကို ဂွမ်းဖြင့်တို့ပြီး အမဲစက်ရှိတဲ့နေရာပေါ်သို့ ပွတ်ပေးပါ ။ ထို့နောက် ခြောက်သွေ့အောင် မိနစ်အနည်းငယ်ခန့် ထားလိုက်ပါ ။ ပြီးသွားလျှင်တော့ ရေသီးသန့်ဖြင့် ဆေးကြောပေးပါ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ၂ပါတ်ခန့်အကြာမှာ သိသိသာသာ ပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေကတော့ သံပုယိုရည်ကို ရေအနည်းငယ်ရောပြီး ပြုလုပ်ပေးနိုင်ပါတယ် ။
မှတ်ချက် ။ သံပုယိုရည် လိမ်းပြီးရင်တော့ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကို ရှောင်ကြည်ပါ ။ အနာဖြစ်နေလျှင် မလိမ်းပါနှင့် ။ အရေပြားပေါ်တင်လို့ စပ်ဖျင်းဖျင်း ခံစားရတယ်ဆိုလျှင်လည်း မလိမ်းပါနှင့်။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top