iMyanmarHouse.com - Best Property Website for Myanmar
×

လွတဲ့လူေတြကိုျမင္တိုင္း အားက်ၿပီး လိုက္လွခ်င္တာ အျပစ္လားေနာ္။ မိန္းကေလးပဲဥစၥာ လွခ်င္တာေပါ့။ သူမ်ားေတြလိမ္းတဲ့ မိတ္ကပ္ေတြ၊ အလွကုန္ေတြကိုလည္း လိုက္ၿပီး သံုးခ်င္တယ္။ ကိုယ္ကေက်ာင္းသူဆုိေတာ့ ကိုယ္ပိုင္ဝင္ေငြလည္းမ႐ွိ၊ မုန္႔ဖုိးေလးစုၿပီး ဝယ္ေနရတဲ့ ညီမေလးတို႔ကို ေျပာခ်င္တာေလ "မိတ္ကပ္မလိမ္းလည္းလွပါတယ္"လို႔။ မိတ္ကပ္မလိမ္းဘဲနဲ႔ လွ၊ မလွဆိုတာလည္း ေျပာျပခ်င္ေသးတယ္။

တကယ္တမ္း မိတ္ကပ္ေတြေန႔တုိင္းလိမ္းတဲ့လူေတြကို ၾကည့္လိုက္ရင္ အသက္ ၂၅ ႏွစ္ေလာက္မွ လိမ္းျဖစ္ၾကတာပါ။ လုပ္ငန္းခြင္မွာ အျမင္တင့္တယ္ေအာင္လည္း ပါတာေပါ့။ ညီမေလးတုိ႔ရဲ႕မ်က္ႏွာေလးေတြက အသားအေရႏုႏုေလးပဲ႐ွိပါေသးတယ္။ မိတ္ကပ္လိမ္းစရာမလိုေလာက္ေအာင္ သဘာဝအတိုင္းေလးပဲ လွေနတာပါေနာ္။ အသက္ ၂၀ မတုိင္မီမွာ မိတ္ကပ္ေတြအမ်ားႀကီး မလိမ္းေစခ်င္ပါဘူး။ မိတ္ကပ္လိမ္းမယ္ဆုိလည္း သဘာဝက်က်ေလးနဲ႔ ပါးပါးပဲလိမ္းသင့္ပါတယ္။

မနက္မိုးလင္းတာနဲ႔ မ်က္ႏွာသစ္တဲ့အခါ မ်က္ႏွာကို ေသေသခ်ာခ်ာေလးသစ္ပါ။ မ်က္ႏွာသစ္ဆပ္ျပာကိုပဲသံုးပါ။ ၿပီးရင္ေတာ့ toner ေလး လူးေပးလိုက္ရင္ မ်က္ႏွာမွာ ဘာအညစ္အေၾကးမွ မက်န္ေတာ့ဘူး။ ေနာက္ေတာ့မွ အသားအေရေလးစိုေျပေစမယ့္ moisturizer ေလးကို လိမ္းေပးပါ။ အေပၚကေန two way ေလး လိမ္းေပးလိုက္႐ံုနဲ႔ လွပါၿပီ။ မ်က္ႏွာကို ေပၚလြင္ေစဖုိ႔အတြက္က မ်က္ခံုးေမႊးေလးကို ဂ႐ုစိုက္ေပး။ မ်က္ခံုးေမႊးေလးက သပ္သပ္ရပ္ရပ္ေလး ဆြဲေပးထားမယ္ဆုိရင္ မ်က္ႏွာေလးက သဘာဝက်က်ေလး လွေနေတာ့မွာ။ ႏႈတ္ခမ္းနီဆိုးခ်င္လည္းဆုိးေပါ့။

ညေရာက္ရင္လည္း မ်က္ႏွာသစ္ရမယ္။ ဒါကေတာ့ အရမ္းအေရးႀကီးတာ။ တစ္ေနကုန္လိမ္းထားတဲ့ သနပ္ခါး၊ မိတ္ကပ္ေတြအျပင္ မ်က္ႏွာမွာကပ္ေနတဲ့ ဖုန္၊ အဆီ၊ အညစ္အေၾကးေတြကို မဖ်က္ဘဲနဲ႔ အိပ္လိုက္ရင္ sis ေလးတို႔ မ်က္ႏွာက ျမန္ျမန္ဆန္ဆန္ရင့္ေရာ္လာမွာေနာ္။ တစ္႐ႈးအစိုေလးနဲ႔ လိမ္းထားတာေတြ အရင္ဖ်က္လုိက္ပါ။ ၿပီးရင္ မ်က္ႏွာသစ္ေဆးနဲ႔ မ်က္ႏွာကို ေသေသခ်ာခ်ာေလးသစ္ေပး။ Toner ထပ္လူးေပးၿပီး night cream/ moisturizer တစ္ခုခုကို လိမ္းၿပီးမွ အိပ္ရာဝင္မယ္ဆိုရင္ မ်က္ႏွာအသားအေရေလးက ၾကည္လင္ေနမွာမို႔လို႔ မိတ္ကပ္မလိမ္းဘဲနဲ႔ လွႏိုင္ပါတယ္ကြယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လှတဲ့လူတွေကိုမြင်တိုင်း အားကျပြီး လိုက်လှချင်တာ အပြစ်လားနော်။ မိန်းကလေးပဲဥစ္စာ လှချင်တာပေါ့။ သူများတွေလိမ်းတဲ့ မိတ်ကပ်တွေ၊ အလှကုန်တွေကိုလည်း လိုက်ပြီး သုံးချင်တယ်။ ကိုယ်ကကျောင်းသူဆိုတော့ ကိုယ်ပိုင်ဝင်ငွေလည်းမရှိ၊ မုန့်ဖိုးလေးစုပြီး ဝယ်နေရတဲ့ ညီမလေးတို့ကို ပြောချင်တာလေ "မိတ်ကပ်မလိမ်းလည်းလှပါတယ်"လို့။ မိတ်ကပ်မလိမ်းဘဲနဲ့ လှ၊ မလှဆိုတာလည်း ပြောပြချင်သေးတယ်။

တကယ်တမ်း မိတ်ကပ်တွေနေ့တိုင်းလိမ်းတဲ့လူတွေကို ကြည့်လိုက်ရင် အသက် ၂၅ နှစ်လောက်မှ လိမ်းဖြစ်ကြတာပါ။ လုပ်ငန်းခွင်မှာ အမြင်တင့်တယ်အောင်လည်း ပါတာပေါ့။ ညီမလေးတို့ရဲ့မျက်နှာလေးတွေက အသားအရေနုနုလေးပဲရှိပါသေးတယ်။ မိတ်ကပ်လိမ်းစရာမလိုလောက်အောင် သဘာဝအတိုင်းလေးပဲ လှနေတာပါနော်။ အသက် ၂၀ မတိုင်မီမှာ မိတ်ကပ်တွေအများကြီး မလိမ်းစေချင်ပါဘူး။ မိတ်ကပ်လိမ်းမယ်ဆိုလည်း သဘာဝကျကျလေးနဲ့ ပါးပါးပဲလိမ်းသင့်ပါတယ်။

မနက်မိုးလင်းတာနဲ့ မျက်နှာသစ်တဲ့အခါ မျက်နှာကို သေသေချာချာလေးသစ်ပါ။ မျက်နှာသစ်ဆပ်ပြာကိုပဲသုံးပါ။ ပြီးရင်တော့ toner လေး လူးပေးလိုက်ရင် မျက်နှာမှာ ဘာအညစ်အကြေးမှ မကျန်တော့ဘူး။ နောက်တော့မှ အသားအရေလေးစိုပြေစေမယ့် moisturizer လေးကို လိမ်းပေးပါ။ အပေါ်ကနေ two way လေး လိမ်းပေးလိုက်ရုံနဲ့ လှပါပြီ။ မျက်နှာကို ပေါ်လွင်စေဖို့အတွက်က မျက်ခုံးမွှေးလေးကို ဂရုစိုက်ပေး။ မျက်ခုံးမွှေးလေးက သပ်သပ်ရပ်ရပ်လေး ဆွဲပေးထားမယ်ဆိုရင် မျက်နှာလေးက သဘာဝကျကျလေး လှနေတော့မှာ။ နှုတ်ခမ်းနီဆိုးချင်လည်းဆိုးပေါ့။


ညရောက်ရင်လည်း မျက်နှာသစ်ရမယ်။ ဒါကတော့ အရမ်းအရေးကြီးတာ။ တစ်နေကုန်လိမ်းထားတဲ့ သနပ်ခါး၊ မိတ်ကပ်တွေအပြင် မျက်နှာမှာကပ်နေတဲ့ ဖုန်၊ အဆီ၊ အညစ်အကြေးတွေကို မဖျက်ဘဲနဲ့ အိပ်လိုက်ရင် sis လေးတို့ မျက်နှာက မြန်မြန်ဆန်ဆန်ရင့်ရော်လာမှာနော်။ တစ်ရှုးအစိုလေးနဲ့ လိမ်းထားတာတွေ အရင်ဖျက်လိုက်ပါ။ ပြီးရင် မျက်နှာသစ်ဆေးနဲ့ မျက်နှာကို သေသေချာချာလေးသစ်ပေး။ Toner ထပ်လူးပေးပြီး night cream/ moisturizer တစ်ခုခုကို လိမ်းပြီးမှ အိပ်ရာဝင်မယ်ဆိုရင် မျက်နှာအသားအရေလေးက ကြည်လင်နေမှာမို့လို့ မိတ်ကပ်မလိမ်းဘဲနဲ့ လှနိုင်ပါတယ်ကွယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top