iMyanmarHouse.com - Best Property Website for Myanmar
×

အရင္ေခတ္ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ လက္ထပ္ဖို႔ကို ၃ႏွစ္၃မိုး ေစာင့္ၾကည့္ၾကပါတယ္။ ဒီကာလက တစ္ျဖည္းျဖည္းနဲ႔ တိုးေတာင္းလာျပီး ဒီေန႔ေခတ္မွာေတာ့အခုေတြ႕ အခုၾကိဳက္ အခုလြန္လြန္က်ဴးက်ဴး ေတြျဖစ္၊ အခုယူဆိုတာမ်ိဳးေတြ မ်ားျပားလာပါတယ္။

စံုတြဲလို႕မေခၚပဲ ဆံုတုံုးတြဲတဲ့ ‘ဆံုတြဲ’ ေတြမ်ားလာပါတယ္။ အိမ္ေထာင္မႈအကြဲအျပဲေတြကလည္း အရင္ေခတ္ကထက္စာရင္ အဆမတန္ကို မ်ားျပားလာပါတယ္။

သာယာလွပတဲ့အိမ္ေထာင္ေလး တစ္ခုပိုင္ခ်င္ရင္ေတာ့ အိမ္ေထာင္မျပဳခင္ ေသေသခ်ာခ်ာ စဥ္းစားဖို႕လိုပါတယ္။

ေအာက္ပါ အခ်က္(၅)ခ်က္နဲ႔ ကိုက္ညီတဲ့ သူမ်ိဳးကို သင္ခ်စ္သူအျဖစ္ပိုင္ဆိုင္
 ထားတဲ့ဆိုရင္ေတာ့ သူဟာသင့္ရဲ့ ခင္ပြန္းေလာင္း ျဖစ္ထုိက္တဲ့သူပါ။

၁။ ပုိင္းျခားသိျမင္ႏုိင္သူ။

ပိုင္းျခားသိျမင္ႏုိင္သူဆုိတာ ပညာၪာဏ္ႀကီးမားမႈနဲ႕ စဥ္းစားခ်င့္ခ်ိန္ႏုိင္စြမ္းေကာင္းတဲ့ အမ်ိဳးသားေတြမွာ ရွိႏုိင္တဲ့အရည္အခ်င္းပါ။ ဒီလုိအရည္အခ်င္းမ်ိဳး ပိုင္ဆုိင္ထားတဲ့ အမ်ိဳးသားေတြဟာ ဘယ္လုိ အေျခအေနမွာပဲျဖစ္ျဖစ္ အမ်ိဳးသမီးေတြရဲ႕ စိတ္ကုိ တခဏခ်င္းမွာပဲ လႊမ္းမုိးႏုိင္သလုိ အနာဂတ္ရဲ႕ ခင္ပြန္းေလာင္းစာရင္းမွာ အဲဒိ အမ်ိဳးသားနာမည္ကုိ ေတးထားလုိက္တဲ့အထိ စန္းပြင့္ပါတယ္။

၂။ ေယာက္်ားပီသသူ။

လူကအရမ္းၾကီး မေတာင့္တင္းရင္ေနပါေစ။ က်ား်က်ားယားယားေတာ့ ရွိသင့္ပါတယ္။ မိန္းကေလးေတြနဲ႔အျပိဳင္ အလွျပင္မယ့္ ေယာက္်ားမ်ိဳး သင္ယူထားလို႕ကေတာ့ မွန္တင္ခံုလုေနရပါလိမ့္မယ္။ တစ္ခ်ိဳ႕ကက်ေတာ့ သန္မာပုံေတာ့ရွိပါရဲ႕ စကားေျပာရင္ ႏြဲ႕ခ်င္ခ်င္ပုံစံေလးေတြ။

အိမ္ေထာင္ဘက္ကုိ ေရြးခ်ယ္တဲ့အခါမွာ သာမာန္ ကိုယ့္မ်က္လုံးထဲမွာ ၾကည့္ေပ်ာ္႐ႈေပ်ာ္ျဖစ္႐ုံေလာက္ကေလးနဲ႕ သင္ ေရြးခ်ယ္ခဲ့ရင္ သင္ဟာ အိမ္ေထာင္ဘက္ကုိ လိင္မႈကိစၥ အတြက္သာ ေရြးခ်ယ္တယ္လုိ႕ ဆုိလုိရာေရာက္ပါတယ္။

အထူးသျဖင့္ အမ်ိဳးသားေတြမွာ စိတ္ဓာတ္သန္မာျခင္း၊ ခြန္အားသန္မာျခင္း၊ စတဲ့ ဗလႏွစ္တန္နဲ႕ ျပည့္စုံရပါတယ္။ အဲဒီလုိ ဗလႏွစ္တန္နဲ႕ ျပည့္စုံပါမွ အမ်ိဳးေကာင္းသမီးေတြ သေဘာက်တာကုိ လက္ခံရရွိမွာပါ။

၃။ အေရးနဲ႕အေၾကာင္းဆုိ မွန္ကန္တဲ့အေတြးအေခၚနဲ႕ ရပ္တည္ႏုိင္သူ။

စိတ္လႈပ္ရွားခ်ိန္မွာ ေတြးတဲ့အေတြးနဲ႕ စိတ္တည္ၿငိမ္ခ်ိန္မွာ ေတြးတဲ့အေတြ မတူညီပါဘူး။ ဒါေပမယ့္ ပညာအေျမာ္ အျမင္ႀကီးတဲ့ အမ်ိဳးသားေတြမွာေတာ့ မည္သည့္အခ်ိန္ပဲျဖစ္ျဖစ္ ေတြးေခၚယူစပုံက တိက်ပါတယ္၊ ျပတ္သားပါတယ္၊ မွားယြင္းခဲပါတယ္။

အဲဒီလုိ ေယာက္်ားမ်ိဳးဟာ အမ်ိဳးေကာင္းသမီးတုိ႕ရဲ႕ ခင္ပြန္းျဖစ္ခြင့္ ႀကဳံရမွာပါ။ ထစ္ကနဲဆို ထိုးမယ္ၾကိတ္မယ္ဆိုတဲ့ ေယာက္်ားမ်ိဳးယူမိရင္ေတာ့ စိတ္ျငိမ္းခ်မ္းရမွာ မဟုတ္ပါဘူး။

၄။ ယုံၾကည္ရသူ။

ယုံၾကည္မႈဆုိတာ သစၥာတရား၊ ေစာင့္ထိန္းျခင္း၊ ေရာင့္ရဲမႈ၊ သတၱိရွိမႈ၊ တာ၀န္ခံမႈ-စတဲ့ စိတ္အရည္အခ်င္းေတြ မရွိပါဘဲ မျဖစ္ေပၚႏုိင္ပါဘူး။ လူတစ္ေယာက္ကုိ အသားလြတ္ယုံၾကည္တဲ့သူေတြ ရွိေကာင္းရွိႏုိင္ပါတယ္။ ေသခ်ာတာကေတာ့ အဲဒီလူ ဦးေႏွာက္လြတ္ေနၿပီ-ဆုိပါေတာ့။

ဒီေတာ့ လူတစ္ေယာက္ကုိ ယုံၾကည္မႈမျဖစ္ခင္မွာအဲဒီလူဟာ သူ႕ကုိ ယုံၾကည္ထုိက္ပါတယ္ဆုိၿပီး စကားနဲ႕ မေျပာပဲ အျပဳအမူ၊ အေနအထုိင္၊ အလုပ္အကိုင္ေတြနဲ႕ သက္ေသျပရပါတယ္။ အဲသလုိ ေယာက္်ားမ်ိဳးမွာလည္း အမ်ိဳးသမီးေတြ ၀ုိင္း၀ုိင္းလည္ေနတတ္ပါတယ္။

၅။ ၾကင္နာမႈရွိသူ။

အမ်ိဳးသမီးေတြ ၀ုိင္း၀ုိင္းလည္တုိင္းလည္း ေယာက္်ားေကာင္းတစ္ေယာက္မဟုတ္ဖူးဆုိတာ ပ်ိဳေမတုိ႕ကုိ သတိေပးပါရေစ။ တစ္ခ်ိဳ႕က ေငြေၾကးအရ ေအာင္ျမင္လုိ႕ ၀ုိင္း၀ုိင္းလည္ေနတာ ရွိပါတယ္။ အဲဒီလူေတြထဲမွာ သင္မပါဖုိ႕ အေရးႀကီးပါတယ္။

သင္ကုိယ္တုိင္ကလည္း ေယာက္်ားတစ္ေယာက္ကုိ ေငြေၾကးအရ ခ်ဥ္းကပ္ၿပီဆုိရင္ သင့္ စာရိတၱနဲ႕ပက္သက္ရင္ ေမးခြန္းထုတ္စရာေတြ အမ်ားႀကီးရွိလာမယ္။ ဆုိေတာ့ ေယာက္်ားတစ္ေယာက္မွာ ၾကင္နာသနားတတ္တဲ့ ႏွလုံးသား ရွိဖုိ႕လုိအပ္ပါတယ္။

ၾကင္နာသနားျခင္းဆုိတာကလည္း ကုိယ္ခ်င္းစာမႈ၊ နားလည္မႈ၊ ေမတၱာက႐ုဏာႀကီးမႈ၊ မာန္မာနကင္းစင္မႈ-စတဲ့ စိတ္ေစတနာေတြက ထပ္ဆင့္အက်ိဳးေပးလာတဲ့ သေဘာတရားတစ္ခုပါ။ ဒါကလည္း မိန္းမေတြ မက္ေမာေလာက္စရာ အမ်ိဳးသားေတြမွာ ေတြ႕ရတတ္ပါတယ္။

Credit:Loveshop

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အရင်ခေတ်ကတော့ တစ်ယောက်နဲ့တစ်ယောက် လက်ထပ်ဖို့ကို ၃နှစ်၃မိုး စောင့်ကြည့်ကြပါတယ်။ ဒီကာလက တစ်ဖြည်းဖြည်းနဲ့ တိုးတောင်းလာပြီး ဒီနေ့ခေတ်မှာတော့အခုတွေ့ အခုကြိုက် အခုလွန်လွန်ကျူးကျူး တွေဖြစ်၊ အခုယူဆိုတာမျိုးတွေ များပြားလာပါတယ်။

စုံတွဲလို့မခေါ်ပဲ ဆုံတုံးတွဲတဲ့ ‘ဆုံတွဲ’ တွေများလာပါတယ်။ အိမ်ထောင်မှုအကွဲအပြဲတွေကလည်း အရင်ခေတ်ကထက်စာရင် အဆမတန်ကို များပြားလာပါတယ်။

သာယာလှပတဲ့အိမ်ထောင်လေး တစ်ခုပိုင်ချင်ရင်တော့ အိမ်ထောင်မပြုခင် သေသေချာချာ စဉ်းစားဖို့လိုပါတယ်။

အောက်ပါ အချက်(၅)ချက်နဲ့ ကိုက်ညီတဲ့ သူမျိုးကို သင်ချစ်သူအဖြစ်ပိုင်ဆိုင်
 ထားတဲ့ဆိုရင်တော့ သူဟာသင့်ရဲ့ ခင်ပွန်းလောင်း ဖြစ်ထိုက်တဲ့သူပါ။

၁။ ပိုင်းခြားသိမြင်နိုင်သူ။

ပိုင်းခြားသိမြင်နိုင်သူဆိုတာ ပညာဉာဏ်ကြီးမားမှုနဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းကောင်းတဲ့ အမျိုးသားတွေမှာ ရှိနိုင်တဲ့အရည်အချင်းပါ။ ဒီလိုအရည်အချင်းမျိုး ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေဟာ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ စိတ်ကို တခဏချင်းမှာပဲ လွှမ်းမိုးနိုင်သလို အနာဂတ်ရဲ့ ခင်ပွန်းလောင်းစာရင်းမှာ အဲဒိ အမျိုးသားနာမည်ကို တေးထားလိုက်တဲ့အထိ စန်းပွင့်ပါတယ်။

၂။ ယောက်ျားပီသသူ။

လူကအရမ်းကြီး မတောင့်တင်းရင်နေပါစေ။ ကျားျကျားယားယားတော့ ရှိသင့်ပါတယ်။ မိန်းကလေးတွေနဲ့အပြိုင် အလှပြင်မယ့် ယောက်ျားမျိုး သင်ယူထားလို့ကတော့ မှန်တင်ခုံလုနေရပါလိမ့်မယ်။ တစ်ချို့ကကျတော့ သန်မာပုံတော့ရှိပါရဲ့ စကားပြောရင် နွဲ့ချင်ချင်ပုံစံလေးတွေ။

အိမ်ထောင်ဘက်ကို ရွေးချယ်တဲ့အခါမှာ သာမာန် ကိုယ့်မျက်လုံးထဲမှာ ကြည့်ပျော်ရှုပျော်ဖြစ်ရုံလောက်ကလေးနဲ့ သင် ရွေးချယ်ခဲ့ရင် သင်ဟာ အိမ်ထောင်ဘက်ကို လိင်မှုကိစ္စ အတွက်သာ ရွေးချယ်တယ်လို့ ဆိုလိုရာရောက်ပါတယ်။

အထူးသဖြင့် အမျိုးသားတွေမှာ စိတ်ဓာတ်သန်မာခြင်း၊ ခွန်အားသန်မာခြင်း၊ စတဲ့ ဗလနှစ်တန်နဲ့ ပြည့်စုံရပါတယ်။ အဲဒီလို ဗလနှစ်တန်နဲ့ ပြည့်စုံပါမှ အမျိုးကောင်းသမီးတွေ သဘောကျတာကို လက်ခံရရှိမှာပါ။

၃။ အရေးနဲ့အကြောင်းဆို မှန်ကန်တဲ့အတွေးအခေါ်နဲ့ ရပ်တည်နိုင်သူ။

စိတ်လှုပ်ရှားချိန်မှာ တွေးတဲ့အတွေးနဲ့ စိတ်တည်ငြိမ်ချိန်မှာ တွေးတဲ့အတွေ မတူညီပါဘူး။ ဒါပေမယ့် ပညာအမြော် အမြင်ကြီးတဲ့ အမျိုးသားတွေမှာတော့ မည်သည့်အချိန်ပဲဖြစ်ဖြစ် တွေးခေါ်ယူစပုံက တိကျပါတယ်၊ ပြတ်သားပါတယ်၊ မှားယွင်းခဲပါတယ်။

အဲဒီလို ယောက်ျားမျိုးဟာ အမျိုးကောင်းသမီးတို့ရဲ့ ခင်ပွန်းဖြစ်ခွင့် ကြုံရမှာပါ။ ထစ်ကနဲဆို ထိုးမယ်ကြိတ်မယ်ဆိုတဲ့ ယောက်ျားမျိုးယူမိရင်တော့ စိတ်ငြိမ်းချမ်းရမှာ မဟုတ်ပါဘူး။

၄။ ယုံကြည်ရသူ။

ယုံကြည်မှုဆိုတာ သစ္စာတရား၊ စောင့်ထိန်းခြင်း၊ ရောင့်ရဲမှု၊ သတ္တိရှိမှု၊ တာဝန်ခံမှု-စတဲ့ စိတ်အရည်အချင်းတွေ မရှိပါဘဲ မဖြစ်ပေါ်နိုင်ပါဘူး။ လူတစ်ယောက်ကို အသားလွတ်ယုံကြည်တဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ သေချာတာကတော့ အဲဒီလူ ဦးနှောက်လွတ်နေပြီ-ဆိုပါတော့။

ဒီတော့ လူတစ်ယောက်ကို ယုံကြည်မှုမဖြစ်ခင်မှာအဲဒီလူဟာ သူ့ကို ယုံကြည်ထိုက်ပါတယ်ဆိုပြီး စကားနဲ့ မပြောပဲ အပြုအမူ၊ အနေအထိုင်၊ အလုပ်အကိုင်တွေနဲ့ သက်သေပြရပါတယ်။ အဲသလို ယောက်ျားမျိုးမှာလည်း အမျိုးသမီးတွေ ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။

၅။ ကြင်နာမှုရှိသူ။

အမျိုးသမီးတွေ ဝိုင်းဝိုင်းလည်တိုင်းလည်း ယောက်ျားကောင်းတစ်ယောက်မဟုတ်ဖူးဆိုတာ ပျိုမေတို့ကို သတိပေးပါရစေ။ တစ်ချို့က ငွေကြေးအရ အောင်မြင်လို့ ဝိုင်းဝိုင်းလည်နေတာ ရှိပါတယ်။ အဲဒီလူတွေထဲမှာ သင်မပါဖို့ အရေးကြီးပါတယ်။

သင်ကိုယ်တိုင်ကလည်း ယောက်ျားတစ်ယောက်ကို ငွေကြေးအရ ချဉ်းကပ်ပြီဆိုရင် သင့် စာရိတ္တနဲ့ပက်သက်ရင် မေးခွန်းထုတ်စရာတွေ အများကြီးရှိလာမယ်။ ဆိုတော့ ယောက်ျားတစ်ယောက်မှာ ကြင်နာသနားတတ်တဲ့ နှလုံးသား ရှိဖို့လိုအပ်ပါတယ်။

ကြင်နာသနားခြင်းဆိုတာကလည်း ကိုယ်ချင်းစာမှု၊ နားလည်မှု၊ မေတ္တာကရုဏာကြီးမှု၊ မာန်မာနကင်းစင်မှု-စတဲ့ စိတ်စေတနာတွေက ထပ်ဆင့်အကျိုးပေးလာတဲ့ သဘောတရားတစ်ခုပါ။ ဒါကလည်း မိန်းမတွေ မက်မောလောက်စရာ အမျိုးသားတွေမှာ တွေ့ရတတ်ပါတယ်။


Credit:Loveshop


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top