iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ၾကိဳက္ၿပီး ခ်စ္သူေတြၿဖစ္ၿပီးကာမွ လက္တဲြၿဖဳတ္ၾကရသူမ်ားလည္းရွိပါတယ္။

ကိုယ္နဲ႔လက္တဲြၿဖဳတ္လိုက္ရေသာသူရဲ႕ေသြးအမ်ိဳးအစားက အတူတူၿဖစ္ေနတတ္ပါတယ္။ ေသြးအမ်ိဳးအစားစံုတဲြကို တြက္ၾကည့္လိုက္ရင္ ၁၆တဲြရွိပါတယ္။

ဒီအတဲြထဲမွာ ေရရွည္လက္တဲြရသူမ်ားရွိသလို၊ သေဘာထားခ်င္းမတိုက္ဆုိင္ေသာေၾကာင့္ လမ္းခဲြရသူမ်ားလည္းရွိပါတယ္။

ဒီတစ္ေခါက္ေတာ့ အဆင္မေခ်ာေသာ ေသြးအမ်ိဳးအစား စံုတဲြေတြအေၾကာင္းကို ေၿပာပါမယ္။ဘာေၾကာင့္လဲဆိုတာကို ရွင္းၿပမွာၿဖစ္သလို၊ ဘယ္လိုအဆင္ေၿပေအာင္ၾကိဳးစားသင့္သလဲဆိုတာကိုပါ ရွင္းၿပပါရေစ။

နံပါတ္ ၁ း AB ေသြးအမ်ိဳးအစား မိန္းကေလး x O ေသြးအမ်ိဳးအစား ေယာက်ၤားေလး

ဥာဏ္ေကာင္းၿပီး ဘာမဆို ၿမန္ၿမန္ဆန္ဆန္ လုပ္တတ္တဲ့ AB ေသြးအမ်ိဳးအစား မိန္းကေလး။ လူမႈေရးမွာလည္း အေပါင္းအသင္းမ်ားနဲ႔ ခပ္ရွင္းရွင္းသာေနေလ့ရွိပါတယ္။
ခ်စ္သူကိုေတာင္ သူ႔ရဲ႕အတြင္းေရးကို မသိေစခ်င္ေသာ စိတ္ေနစိတ္ထားပိုင္ရွင္ပါ။ တစ္ဖက္မွာ O ေသြးအမ်ိဳးအစား ေယာက်ၤာေလးၿဖစ္သူကေတာ့ ဘာမဆို ပြင့္ပြင့္လင္းလင္းတုိင္ပင္ေစခ်င္ေသာသူမ်ိဳးပါ။
သူ႕ရဲ႕အက်င့္ေလးေၾကာင့္ B ေသြးအမ်ိဳးအစား မိန္းကေလးမွာေတာ့ သူ႔ရဲ႕ဘဝထဲကို အတင္းအၾကပ္ဝင္ေရာက္ စြက္ဖက္တာကို သေဘာမၾကပါ။ သူသေဘာေပါက္ေအာင္ မိန္းကေလးအေနနဲ႔ ရွင္းၿပဖို႔လိုပါတယ္။
ရွင္းၿပတဲ့အခါမွာလည္း သူနားဝင္ေအာင္ ေၿဖးေၿဖးနဲ႕ေအးေအးေဆးေဆးရွင္းၿပလုိက္ေနာ္။

နံပါတ္ ၂ း A ေသြးအမ်ိဳးအစား မိန္းကေလး x B ေသြးအမ်ိဳးအစား ေယာက်ၤားေလး

A ေသြးအမ်ိဳးအစား မိန္းကေလးဆိုတာ ဘာကိစၥမဆို ေစ့ေစ့စပ္စပ္လုပ္တတ္တယ္။ ဘယ္လုိလုပ္ရင္ တဖက္သားက သေဘာက်မလဲဆိုတာကို နားလည္တယ္။ အၿမဲတမ္း တဖက္သားဘက္ကေန စဥ္းစားႏုိင္တယ္။
B ေသြးအမ်ိဳးအစား ေယာက်ၤားေလးကေတာ့ တစ္မ်ိဳးပါ။ သူကေတာ့ စိတ္ခံစားခ်က္အတိုင္း လုပ္ေလ့ရွိပါတယ္။ ၾကိဳက္မၾကိဳက္အေပၚမွာ စဥ္းစားၿပီးလုပ္ကိုင္တတ္တာေၾကာင့္ ပတ္ဝန္းက်င္နဲ႕ၿပသာနာေလးေတြရွိတတ္ပါတယ္။
ကိုယ့္မွာေတာ့ သူ႕အတြက္ ၾကိဳးစားၿပီး လုပ္ေပးလိုက္ရတာေတြက သဲထဲေရသြန္သလို ၿဖစ္ေနတတ္ပါတယ္။ B ေသြးအမ်ိဳးအစား ေယာက်ၤားေလးနဲ႕ ခ်စ္ၾကိဳက္ေနမယ္ဆိုရင္ေတာ့ သူ႕ရဲ႕အၾကိဳက္ကို အရမ္းလိုက္မလုပ္မိေစရန္ သတိထားပါ။ကိုယ္ကထင္ထားတာက တစ္မ်ိဳး သူလိုခ်င္တာက တစ္မ်ိဳး ၿဖစ္ေနတတ္ပါတယ္။ သိခ်င္တာေတြကို ရင္ထဲမွာသိမ္းမထားပဲ ေသေသခ်ာခ်ာ ေမးၾကည့္လိုက္ပါ။

နံပါတ္ ၃ း O ေသြးအမ်ိဳးအစား မိန္းကေလး x AB ေသြးအမ်ိဳးအစား ေယာက်ၤားေလး

ကိုယ့္က ၾကိဳက္ၿပီဆိုရင္ေတာ့ သူအတြက္ အားလံုးကို ေပးဆပ္မယ္ဆိုတဲ့ O ေသြးအမ်ိဳးအစား မိန္းကေလး။ ႏွစ္ေယာက္ေပါင္းမွ တစ္ေယာက္လို႕ခံယူထားပါတယ္။
ဖံုးကြယ္ထားတဲ့ ကိစၥေတြလည္း မရွိေစရ။ တစ္ေယာက္နဲ႕တစ္ေယာက္ ပြင့္ပြင့္လင္းလင္းနဲ႔ သံေယာဇဥ္ေတြရွိေနတယ္လို႔ ထင္ေနပါလိမ့္မယ္။ သူ႔လို ခံစားခ်က္ေတြမ်ားတဲ့အခါ AB ေသြးအမ်ိဳးအစား ေယာက်ၤားေလးကေတာ့ ဒါမ်ိဳးေတြကို မလိုခ်င္ပါ။O ေသြးအမ်ိဳးအစား မိန္းကေလးက သူ႕ကိုခ်စ္တာတင္မဟုတ္ပါ၊ အေမတစ္ေယာက္လို လိုအပ္သမွ်ကို ၿဖည့္စီးေပးခ်င္တဲ့ ဆႏၵေတြ ရွိေနတတ္ပါတယ္။ ဒါေၾကာင့္ မိန္းကေလးအေနနဲ႔ အခ်စ္အတြက္ ေပးဆပ္ေနတာထက္အၿခားေသာ ကိစၥေတြကိုလည္း မေမ့ေလွ်ာ့ေစခ်င္ပါ။

နံပါတ္ ၄ း AB ေသြးအမ်ိဳးအစား မိန္းကေလး x B ေသြးအမ်ိဳးအစား ေယာက်ၤားေလး

AB ေသြးအမ်ိဳးအစား မိန္းကေလးမွာ ကိစၥတစ္ခုကို ေအးေအးေဆးေဆး သံုးသပ္ႏိုင္ပင္မဲ့ စိတ္ဆိုးရင္ေတာ့ ေၾကာက္စရာပါ။ B ေသြးအမ်ိဳးအစား ေယာက်ၤားေလးရဲ႕ ဆိုးေပမႈကိုလည္း ခ်စ္လို႔ဆိုၿပီး ခြင့္လႊက္တတ္ပါတယ္။
သူ႕အေရွ႕မွာ ရည္းစားေဟာင္းအေၾကာင္းကို ေၿပာဆိုမိရင္ေတာ့ ဘာၿဖစ္လို႔သူ႕ကို မခ်စ္ပဲ အတိတ္က မိန္းမအေၾကာင္းကို လာေၿပာေနရလဲဆိုၿပီး ေသာင္းက်န္းပါလိမ့္မယ္။ ဒီၿပသာနာကို ေၿဖရွင္းဖို႔ကေတာ့ တစ္ေယာက္ကို တစ္ေယာက္ခ်စ္တယ္ဆိုတဲ့အေၾကာင္းကို ပါးစပ္ကေန ေၿပာဖို႔လိုပါလိမ့္မယ္။

နံပါတ္ ၅ း B ေသြးအမ်ိဳးအစား မိန္းကေလး x B ေသြးအမ်ိဳးအစား ေယာက်ၤားေလး

ဘယ္ခ်စ္သူေတြပဲၿဖစ္ၿဖစ္ တစ္ေယာက္နဲ႕တစ္ေယာက္ ခ်ဳပ္ခ်ယ္မႈေလးေတြရွိမွသာလွ်င္ ခ်စ္သူဘဝ အဆင္ေၿပမွာပါ။ ဒါပင္မဲ့ ႏွစ္ေယာက္စလံုးဟာ လြတ္လြတ္လပ္လပ္ေနခ်င္သူမ်ားပါ။
ကိုယ္စိတ္ဝင္စားတဲ့ကိစၥေတြရွိေနၿပီဆိုရင္ သူ႕အေၾကာင္းလဲ ေခါင္းထဲမွာ မရွိေတာ့ပါ။ ဒီၿပသာနာေတြေၾကာင့္ ရန္ၿဖစ္ၿပန္ေတာ့လည္း တစ္ေယာက္ကိုတစ္ေယာက္ အေလွ်ာ့မေပးတာေၾကာင့္ လမ္းခဲြရႏိုင္ပါတယ္။
ႏွစ္ေယာက္စလံုးဟာ တူညီမႈေတြေၾကာင့္ အလိုလိုကို ခ်စ္သူဘဝကေန သူငယ္ခ်င္းေတြဘဝကို ၿပန္ေရာက္သြားႏုိင္တာေၾကာင့္ အၿပန္အလန္ နားလည္မႈေတြရွိဖို႔လိုအပ္ပါလိမ့္မယ္။

ကဲ အလိုက္ဖက္ဆံုးေသာ အတဲြ၂တဲြကေတာ့ ....

နံပါတ္ ၁ း B ေသြးအမ်ိဳးအစား မိန္းကေလး x O ေသြးအမ်ိဳးအစား ေယာက်ၤားေလး
နံပါတ္ ၂ း O ေသြးအမ်ိဳးအစား မိန္းကေလး x A ေသြးအမ်ိဳးအစား ေယာက်ၤားေလး

အခ်စ္ေရးမွာ တစ္ေယာက္နဲ႕တစ္ေယာက္နားလည္မႈေတြရွိမွာသာလွ်င္ ေရရွည္မွာ အဆင္ေၿပမွာပါ။ အားလံုးအဆင္ေၿပပါေစလို႕ ဆုေတာင္းလ်က္

Credit:Chelmo Team

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်ပြီး ချစ်သူတွေဖြစ်ပြီးကာမှ လက်တွဲဖြုတ်ကြရသူများလည်းရှိပါတယ်။

ကိုယ်နဲ့လက်တွဲဖြုတ်လိုက်ရသောသူရဲ့သွေးအမျိုးအစားက အတူတူဖြစ်နေတတ်ပါတယ်။ သွေးအမျိုးအစားစုံတွဲကို တွက်ကြည့်လိုက်ရင် ၁၆တွဲရှိပါတယ်။

ဒီအတွဲထဲမှာ ရေရှည်လက်တွဲရသူများရှိသလို၊ သဘောထားချင်းမတိုက်ဆိုင်သောကြောင့် လမ်းခွဲရသူများလည်းရှိပါတယ်။

ဒီတစ်ခေါက်တော့ အဆင်မချောသော သွေးအမျိုးအစား စုံတွဲတွေအကြောင်းကို ပြောပါမယ်။ဘာကြောင့်လဲဆိုတာကို ရှင်းပြမှာဖြစ်သလို၊ ဘယ်လိုအဆင်ပြေအောင်ကြိုးစားသင့်သလဲဆိုတာကိုပါ ရှင်းပြပါရစေ။

နံပါတ် ၁ း AB သွေးအမျိုးအစား မိန်းကလေး x O သွေးအမျိုးအစား ယောင်္ကျားလေး

ဉာဏ်ကောင်းပြီး ဘာမဆို မြန်မြန်ဆန်ဆန် လုပ်တတ်တဲ့ AB သွေးအမျိုးအစား မိန်းကလေး။ လူမှုရေးမှာလည်း အပေါင်းအသင်းများနဲ့ ခပ်ရှင်းရှင်းသာနေလေ့ရှိပါတယ်။
ချစ်သူကိုတောင် သူ့ရဲ့အတွင်းရေးကို မသိစေချင်သော စိတ်နေစိတ်ထားပိုင်ရှင်ပါ။ တစ်ဖက်မှာ O သွေးအမျိုးအစား ယောင်္ကျာလေးဖြစ်သူကတော့ ဘာမဆို ပွင့်ပွင့်လင်းလင်းတိုင်ပင်စေချင်သောသူမျိုးပါ။
သူ့ရဲ့အကျင့်လေးကြောင့် B သွေးအမျိုးအစား မိန်းကလေးမှာတော့ သူ့ရဲ့ဘဝထဲကို အတင်းအကြပ်ဝင်ရောက် စွက်ဖက်တာကို သဘောမကြပါ။ သူသဘောပေါက်အောင် မိန်းကလေးအနေနဲ့ ရှင်းပြဖို့လိုပါတယ်။
ရှင်းပြတဲ့အခါမှာလည်း သူနားဝင်အောင် ဖြေးဖြေးနဲ့အေးအေးဆေးဆေးရှင်းပြလိုက်နော်။

နံပါတ် ၂ း A သွေးအမျိုးအစား မိန်းကလေး x B သွေးအမျိုးအစား ယောင်္ကျားလေး

A သွေးအမျိုးအစား မိန်းကလေးဆိုတာ ဘာကိစ္စမဆို စေ့စေ့စပ်စပ်လုပ်တတ်တယ်။ ဘယ်လိုလုပ်ရင် တဖက်သားက သဘောကျမလဲဆိုတာကို နားလည်တယ်။ အမြဲတမ်း တဖက်သားဘက်ကနေ စဉ်းစားနိုင်တယ်။
B သွေးအမျိုးအစား ယောင်္ကျားလေးကတော့ တစ်မျိုးပါ။ သူကတော့ စိတ်ခံစားချက်အတိုင်း လုပ်လေ့ရှိပါတယ်။ ကြိုက်မကြိုက်အပေါ်မှာ စဉ်းစားပြီးလုပ်ကိုင်တတ်တာကြောင့် ပတ်ဝန်းကျင်နဲ့ပြသာနာလေးတွေရှိတတ်ပါတယ်။
ကိုယ့်မှာတော့ သူ့အတွက် ကြိုးစားပြီး လုပ်ပေးလိုက်ရတာတွေက သဲထဲရေသွန်သလို ဖြစ်နေတတ်ပါတယ်။ B သွေးအမျိုးအစား ယောင်္ကျားလေးနဲ့ ချစ်ကြိုက်နေမယ်ဆိုရင်တော့ သူ့ရဲ့အကြိုက်ကို အရမ်းလိုက်မလုပ်မိစေရန် သတိထားပါ။ကိုယ်ကထင်ထားတာက တစ်မျိုး သူလိုချင်တာက တစ်မျိုး ဖြစ်နေတတ်ပါတယ်။ သိချင်တာတွေကို ရင်ထဲမှာသိမ်းမထားပဲ သေသေချာချာ မေးကြည့်လိုက်ပါ။

နံပါတ် ၃ း O သွေးအမျိုးအစား မိန်းကလေး x AB သွေးအမျိုးအစား ယောင်္ကျားလေး

ကိုယ့်က ကြိုက်ပြီဆိုရင်တော့ သူအတွက် အားလုံးကို ပေးဆပ်မယ်ဆိုတဲ့ O သွေးအမျိုးအစား မိန်းကလေး။ နှစ်ယောက်ပေါင်းမှ တစ်ယောက်လို့ခံယူထားပါတယ်။
ဖုံးကွယ်ထားတဲ့ ကိစ္စတွေလည်း မရှိစေရ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ သံယောဇဉ်တွေရှိနေတယ်လို့ ထင်နေပါလိမ့်မယ်။ သူ့လို ခံစားချက်တွေများတဲ့အခါ AB သွေးအမျိုးအစား ယောင်္ကျားလေးကတော့ ဒါမျိုးတွေကို မလိုချင်ပါ။O သွေးအမျိုးအစား မိန်းကလေးက သူ့ကိုချစ်တာတင်မဟုတ်ပါ၊ အမေတစ်ယောက်လို လိုအပ်သမျှကို ဖြည့်စီးပေးချင်တဲ့ ဆန္ဒတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် မိန်းကလေးအနေနဲ့ အချစ်အတွက် ပေးဆပ်နေတာထက်အခြားသော ကိစ္စတွေကိုလည်း မမေ့လျှော့စေချင်ပါ။

နံပါတ် ၄ း AB သွေးအမျိုးအစား မိန်းကလေး x B သွေးအမျိုးအစား ယောင်္ကျားလေး

AB သွေးအမျိုးအစား မိန်းကလေးမှာ ကိစ္စတစ်ခုကို အေးအေးဆေးဆေး သုံးသပ်နိုင်ပင်မဲ့ စိတ်ဆိုးရင်တော့ ကြောက်စရာပါ။ B သွေးအမျိုးအစား ယောင်္ကျားလေးရဲ့ ဆိုးပေမှုကိုလည်း ချစ်လို့ဆိုပြီး ခွင့်လွှက်တတ်ပါတယ်။
သူ့အရှေ့မှာ ရည်းစားဟောင်းအကြောင်းကို ပြောဆိုမိရင်တော့ ဘာဖြစ်လို့သူ့ကို မချစ်ပဲ အတိတ်က မိန်းမအကြောင်းကို လာပြောနေရလဲဆိုပြီး သောင်းကျန်းပါလိမ့်မယ်။ ဒီပြသာနာကို ဖြေရှင်းဖို့ကတော့ တစ်ယောက်ကို တစ်ယောက်ချစ်တယ်ဆိုတဲ့အကြောင်းကို ပါးစပ်ကနေ ပြောဖို့လိုပါလိမ့်မယ်။

နံပါတ် ၅ း B သွေးအမျိုးအစား မိန်းကလေး x B သွေးအမျိုးအစား ယောင်္ကျားလေး

ဘယ်ချစ်သူတွေပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ချုပ်ချယ်မှုလေးတွေရှိမှသာလျှင် ချစ်သူဘဝ အဆင်ပြေမှာပါ။ ဒါပင်မဲ့ နှစ်ယောက်စလုံးဟာ လွတ်လွတ်လပ်လပ်နေချင်သူများပါ။
ကိုယ်စိတ်ဝင်စားတဲ့ကိစ္စတွေရှိနေပြီဆိုရင် သူ့အကြောင်းလဲ ခေါင်းထဲမှာ မရှိတော့ပါ။ ဒီပြသာနာတွေကြောင့် ရန်ဖြစ်ပြန်တော့လည်း တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးတာကြောင့် လမ်းခွဲရနိုင်ပါတယ်။
နှစ်ယောက်စလုံးဟာ တူညီမှုတွေကြောင့် အလိုလိုကို ချစ်သူဘဝကနေ သူငယ်ချင်းတွေဘဝကို ပြန်ရောက်သွားနိုင်တာကြောင့် အပြန်အလန် နားလည်မှုတွေရှိဖို့လိုအပ်ပါလိမ့်မယ်။

ကဲ အလိုက်ဖက်ဆုံးသော အတွဲ၂တွဲကတော့ ....

နံပါတ် ၁ း B သွေးအမျိုးအစား မိန်းကလေး x O သွေးအမျိုးအစား ယောင်္ကျားလေး
နံပါတ် ၂ း O သွေးအမျိုးအစား မိန်းကလေး x A သွေးအမျိုးအစား ယောင်္ကျားလေး

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေရှိမှာသာလျှင် ရေရှည်မှာ အဆင်ပြေမှာပါ။ အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းလျက်

Credit:Chelmo Team


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top