iMyanmarHouse.com - Best Property Website for Myanmar
×

တိုက္ဆိုင္မႈရွိလွ်င္ ဇာတ္ကားႀကီးနဲ႔ ပရိသတ္ အားေပးမႈအျပည့္အဝ ရရွိ ခဲ့တဲ့ ျမန္မာႏုိင္ငံသား ေဘာလိဝုဒ္ မင္းသမီး လိုင္လာခန္းကို ေတြ႕ဆံုေမးျမန္း ျဖစ္ခဲ့ပါ တယ္။

ရာဇဝင္႐ုိင္းသူမ်ား ဇာတ္ကားႀကီး ႐ုံတင္ေတာ႔ မယ္ဆိုေတာ႔ ပရိသတ္အတြက္ ဘာေတြစီစဥ္ ထားျဖစ္ေသးလဲ။
အစီအစဥ္ကေတာ့ ဘာမွမလုပ္ရ ေသးဘူး။ ဒီဇာတ္ကား ႐ုံတင္မယ္ဆိုတာ ႐ုတ္ တရက္ႀကီး ျဖစ္သြားတယ္။ အစတုန္းက စက္ တင္ဘာေလာက္ တင္မယ္ဆိုၿပီး သိထားတာ ပါ။ နည္းနည္းေစာသြားတယ္။ ၾသဂုတ္ ၄ ရက္ ေတာ႔ ႐ုံစတင္မယ္။ ဒီဇာတ္ကားကိုလည္း တိုက္ ဆိုင္မႈရွိလွ်င္ ဇာတ္ကားတုန္းကလိုပဲ ေအာင္ ျမင္ေစခ်င္တယ္။ ဒီတစ္ေခါက္ ရာဇဝင္႐ုိင္းသူ မ်ား လက္မွတ္ထိုးပြဲေတြက ရန္ကုန္မွာ ႏွစ္ခါ လုပ္ျဖစ္မယ္။ မႏၲေလးမွာလည္း တစ္ခါ ထပ္ လုပ္သြားဖို႔ရွိပါတယ္။
Image may contain: 1 person, outdoor
ဇာတ္ကားၾကည္႔ၿပီးေတာ့ ဘယ္လိုခံစားမႈေတြ ျဖစ္သြားခဲ့လဲ။
ဇာတ္ကား အစအဆံုးကိုေတာ့ ျပန္ ၾကည့္ၿပီးသြားပါၿပီ။ ဒါ႐ုိက္တာက ေမာင္မ်ဳိးမင္း ဆိုေတာ့ေလ သူ႔ကို ကိုယ္ကယံုၾကည္တယ္။ မ်က္စိစံုမွိတ္ၿပီးေတာ့ကို အားကိုးတယ္။ လံုးဝ စိတ္ပူျခင္းမရွိဘူး။ ေသခ်ာေပါက္ေကာင္းမယ္ ဆိုတဲ့ ယံုၾကည္မႈတစ္ခု ရွိတယ္။ ျပန္ၾကည္႔တဲ့ အခါ အရမ္းေကာင္းသလို ကိုယ့္႐ုပ္ရွင္ကိုယ္ ျပန္ၾကည့္ၿပီး မ်က္ရည္က်မိတယ္။ ပထမဇာတ္ ကားတုန္းက အိမ္ေထာင္တစ္ခုကို အတင္းၿဖိဳ ခြဲတဲ့ အမ်ဳိးသမီးတစ္ဦး ဒီဒုတိယ ဇာတ္ကား ႀကီးျဖစ္တဲ့ ရာဇဝင္႐ုိင္းသူမ်ား ဇာတ္ကားမွာက ကိုယ့္အိမ္ေထာင္မၿပိဳကြဲဖို႔ ကိုယ့္အသက္ပါရင္း ၿပီး လိုက္ေစာင္႔ေရွာက္ေနတဲ့သူ ေနရာက သ႐ုပ္ ေဆာင္ထားတယ္ဆိုေတာ႔ ဇာတ္လမ္းႏွစ္ခု စလံုးက မတူညီတဲ့ဇာတ္႐ုပ္ေတြ ျဖစ္ေနပါတယ္။ ပထမ ဇာတ္ကားမွာတုန္းက လိုင္လာကို မုန္း ၿပီး ခ်စ္ၾကတယ္။ ဒီဇာတ္ကားမွာလည္း သနား ၿပီး ခ်စ္ပါေစလို႔ ေမွ်ာ္လင့္တယ္။
Image may contain: 1 person, standing, shoes and sunglasses

ရာဇဝင္႐ုိင္းသူမ်ား ႐ုံတင္တာက အေရွ႔ကဇာတ္ ကားနဲ႔ နည္းနည္းျခားေနေတာ့ စိတ္ပူပင္မႈ ရွိေသးလား။
ပရိသတ္ေတြက တိုက္ဆိုင္မႈရွိလွ်င္ ဇာတ္ကားကို ဘယ္ေလာက္အထိ ျမတ္ႏုိးလဲ ဆိုရင္ ဇာတ္ကားတစ္ခုနဲ႔တစ္ခုၾကား ႏွစ္ႏွစ္ခြဲ၊ သံုးႏွစ္နီးပါးေလာက္ ၾကာေပမယ့္ အရမ္းကို ေမတၱာေတြ ေပးၾကပါတယ္။ ၾကားထဲမွာ လိုင္ လာရဲ႕ Fan ေတြနဲ႔လည္း အဆက္အသြယ္ ျပတ္မသြားဘူး။ ပရိသတ္ခ်စ္တဲ့ ေမတၱာေတြ က ေလ်ာ့မသြားေတာ့ ကံေကာင္းတယ္လို႔ ေျပာ လို႔ရပါတယ္။

ျမန္မာျပည္မွာ ဇာတ္ကား႐ုိက္ကူးမႈက အခုနဲ႔ မွ ႏွစ္ကားျဖစ္သလို ဒါ႐ုိက္တာေမာင္မ်ဳိးမင္း နဲ႔ပဲ ႐ုိက္ျဖစ္တာ ေတြ႕ရတယ္ေနာ္။
အႏုပညာနဲ႔ ပတ္သက္ၿပီးေတာ႔ ျပည္ ပမွာ ဘာမွမလုပ္ျဖစ္ေတာ့ဘူး။ ျမန္မာျပည္ မွာက ဦးမ်ဳိးနဲ႔ ႐ုိက္ျဖစ္တယ္။ အခု ဇာတ္ကား မ႐ုိက္ေသးတာက မလုပ္ျဖစ္တဲ့ အေၾကာင္းက ေတာ႔ နည္းနည္း အေျခအေနေတြ မတည္ၿငိမ္ တာေလးေရာ ကိုယ့္ဇာတ္ကားေလး တစ္ကား ကို ေသခ်ာၾကည့္ၿပီးမွ ေရွ႕ဆက္ ဘာေတြလုပ္ သင္႔တယ္ မလုပ္သင္႔ဘူး ဆိုတာေတြကို ဆံုး ျဖတ္မယ္ဆိုၿပီး ေစာင္႔ေနတာလည္းပါတယ္။ ေက်ာင္းတစ္ဖက္နဲ႔ နည္းနည္း အလုပ္မ်ားေန တယ္။ ေက်ာင္းကိုလည္း ကိုယ္မပါဘဲ လည္ ပတ္ႏုိင္ေအာင္လည္း လုပ္ေနလို႔ပါ။

အိမ္ေထာင္တစ္ခုလည္း ထူေထာင္ၿပီးၿပီဆိုေတာ႔ ေရွ႕ဆက္မယ့္ အနာဂတ္ဆိုရင္....
အိမ္ေထာင္က်တာကေတာ႔ တစ္ ႏွစ္ေက်ာ္ေလာက္ပဲ ရွိေသးတယ္။ အမ်ဳိးသား ကလည္း သူ႔ဘာသာသူ ႏုိင္ငံျခားမွာ အလုပ္ လုပ္ေနတယ္။ လိုင္လာကေတာ့ Rhytum & Style သင္တန္းေက်ာင္းဖြင့္တယ္။ Bolly wood Dance, Make Up Styling အျပင္ အခု Yoga ကို ထပ္ခ်ဲ႕ထားတယ္။ အဆီက် အကသင္တန္းလည္း ရွိတယ္။ လိုင္လာဆီကို အႏုပညာနယ္ပယ္ထဲက မိန္းကေလးေတြလည္း လာတက္ၾကတာ မ်ားတယ္။ အႏုပညာနဲ႔ အၿမဲ ဆက္ႏႊယ္ေနတဲ့အတြက္ ဆက္လုပ္ျဖစ္သြား မွာပါ။

ေဘာလီးဝုဒ္က မင္းသမီးဆိုၿပီး ပရိသတ္အား ေပးမႈေတြ ရွိလာတယ္လို႔ေရာ ေျပာလို႔ရမလား။
လိုင္လာက ႏုိင္ငံျခားမင္းသမီးတစ္ ေယာက္ မဟုတ္တဲ့အတြက္ ႏုိင္ငံျခား မင္းသမီး ဆိုတဲ့စကားကို ခဏခဏၾကားေနရတာ ေတာ္ ေတာ္စိတ္ညစ္စရာလို႔ သတ္မွတ္တယ္။ သူ မ်ားေတြဆိုရင္ ေပ်ာ္ရင္ေပ်ာ္မွာေပါ့။ ဂုဏ္ယူ ခ်င္ယူလိမ့္မယ္။ လိုင္လာကေတာ႔ ႏုိင္ငံျခား မင္းသမီးမဟုတ္တဲ့အတြက္ ဂုဏ္လည္းမယူခ်င္ဘူး မုသာဝါဒလည္း မသံုးခ်င္ပါဘူး။ ဥပမာ- သေဘာၤသားဆိုလည္း ႏုိင္ငံျခားကို သြားၿပီး အလုပ္လုပ္တယ္။ ႏုိင္ငံျခားသား ျဖစ္မသြားပါဘူး။ ပညာေပါင္းစံုနဲ႔ ႏုိင္ငံျခားမွာ သြားအလုပ္လုပ္တာ ႏုိင္ငံျခားကလူ ျဖစ္မသြားပါဘူး။ လိုင္လာဆိုလည္း ႏုိင္ငံျခားက ႐ုပ္ရွင္ကုမၸဏီမွာ သြားအလုပ္လုပ္ေပမယ္႔ ႏုိင္ငံျခား မင္းသမီး ျဖစ္မသြားပါဘူး။ ဒီမွာက လိုင္လာ ကုိ ႏုိင္ငံျခားမင္းသမီးဆိုၿပီး အျမင္ေစာင္းၾက တာ စိတ္မေကာင္းဘူး။ လိုင္လာဇာတ္ကားကို လာၾကည္႔ရင္လည္း ျမန္မာျပည္က မင္းသမီး ႏုိင္ငံျခား ကုမၸဏီတစ္ခုမွာ သြားအလုပ္လုပ္ခဲ့ ဖူးတဲ့ မင္းသမီးလို႔ ၾကည့္ေစခ်င္ပါတယ္။

အကယ္ဒမီနဲ႔ ပတ္သက္ၿပီး ထြက္ခဲ့တဲ့ေဝဖန္မႈ ေတြအေပၚ ပရိသတ္အတြက္ ဘယ္လိုရွင္းျပ ခ်င္တာရွိမလဲ။
လိုင္လာက တျခားႏုိင္ငံသား ခံယူ ထားတာလည္း မဟုတ္ဘူး။ ျမန္မာႏုိင္ငံသား ပါပဲ။ ႏုိင္ငံျခားမွာ တျခားႏုိင္ငံသားခံယူဖို႔ အ ခြင္႔အေရးေတြ ရခဲ့ေပမယ့္ မ်ဳိးခ်စ္စိတ္တစ္ခု တည္းနဲ႔ မလုပ္ခဲ့ဘူး။ အခု ဒီႏုိင္ငံမွာ အကယ္ ဒမီေပးေတာ့ တျခားႏုိင္ငံသားမို႔ မေပးဘူးဆို တဲ့စကားေတြ ထြက္လာတာ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္မိတယ္။ လိုင္လာက ဒီေန႔ ထိလည္း ျမန္မာႏုိင္ငံသားပဲ ေသတဲ့အထိလည္း ျမန္မာႏုိင္ငံပတ္စ္ပို႔နဲ႔ ေသမွာ။ ႏုိင္ငံျခားက ျပန္လာရင္ေတာင္ immigration ျဖတ္ရင္ ျမန္မာႏုိင္ငံသားမ်ားသာဆိုတဲ့ ေနရာမွာပဲ ေတြ႕ရမွာပါ။ ကြၽန္မကို အကယ္ဒမီ မေပးခ်င္လည္း ကိစၥမရွိပါဘူး။ ပရိသတ္ေမတၱာက အဓိကပါ။ ဦးဝင္းၿငိမ္း တို႔ဆိုလည္း အကယ္ ဒမီမေပးခင္က လိုင္လာအိမ္အထိလာၿပီး ဒီ ႏုိင္ငံသားလားဆိုတာ ေသခ်ာအတိအက် ၾကည့္ သြားပါတယ္။ တျခားႏုိင္ငံသားလားဆိုတာ ေၾကာင္႔ေတာ႔ မျဖစ္ေစခ်င္ဘူး။

Credit:Flower News Journal

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားကြီးနဲ့ ပရိသတ် အားပေးမှုအပြည့်အဝ ရရှိ ခဲ့တဲ့ မြန်မာနိုင်ငံသား ဘောလိဝုဒ် မင်းသမီး လိုင်လာခန်းကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါ တယ်။

ရာဇဝင်ရိုင်းသူများ ဇာတ်ကားကြီး ရုံတင်တော့ မယ်ဆိုတော့ ပရိသတ်အတွက် ဘာတွေစီစဉ် ထားဖြစ်သေးလဲ။
အစီအစဉ်ကတော့ ဘာမှမလုပ်ရ သေးဘူး။ ဒီဇာတ်ကား ရုံတင်မယ်ဆိုတာ ရုတ် တရက်ကြီး ဖြစ်သွားတယ်။ အစတုန်းက စက် တင်ဘာလောက် တင်မယ်ဆိုပြီး သိထားတာ ပါ။ နည်းနည်းစောသွားတယ်။ သြဂုတ် ၄ ရက် တော့ ရုံစတင်မယ်။ ဒီဇာတ်ကားကိုလည်း တိုက် ဆိုင်မှုရှိလျှင် ဇာတ်ကားတုန်းကလိုပဲ အောင် မြင်စေချင်တယ်။ ဒီတစ်ခေါက် ရာဇဝင်ရိုင်းသူ များ လက်မှတ်ထိုးပွဲတွေက ရန်ကုန်မှာ နှစ်ခါ လုပ်ဖြစ်မယ်။ မန္တလေးမှာလည်း တစ်ခါ ထပ် လုပ်သွားဖို့ရှိပါတယ်။

ဇာတ်ကားကြည့်ပြီးတော့ ဘယ်လိုခံစားမှုတွေ ဖြစ်သွားခဲ့လဲ။
ဇာတ်ကား အစအဆုံးကိုတော့ ပြန် ကြည့်ပြီးသွားပါပြီ။ ဒါရိုက်တာက မောင်မျိုးမင်း ဆိုတော့လေ သူ့ကို ကိုယ်ကယုံကြည်တယ်။ မျက်စိစုံမှိတ်ပြီးတော့ကို အားကိုးတယ်။ လုံးဝ စိတ်ပူခြင်းမရှိဘူး။ သေချာပေါက်ကောင်းမယ် ဆိုတဲ့ ယုံကြည်မှုတစ်ခု ရှိတယ်။ ပြန်ကြည့်တဲ့ အခါ အရမ်းကောင်းသလို ကိုယ့်ရုပ်ရှင်ကိုယ် ပြန်ကြည့်ပြီး မျက်ရည်ကျမိတယ်။ ပထမဇာတ် ကားတုန်းက အိမ်ထောင်တစ်ခုကို အတင်းဖြို ခွဲတဲ့ အမျိုးသမီးတစ်ဦး ဒီဒုတိယ ဇာတ်ကား ကြီးဖြစ်တဲ့ ရာဇဝင်ရိုင်းသူများ ဇာတ်ကားမှာက ကိုယ့်အိမ်ထောင်မပြိုကွဲဖို့ ကိုယ့်အသက်ပါရင်း ပြီး လိုက်စောင့်ရှောက်နေတဲ့သူ နေရာက သရုပ် ဆောင်ထားတယ်ဆိုတော့ ဇာတ်လမ်းနှစ်ခု စလုံးက မတူညီတဲ့ဇာတ်ရုပ်တွေ ဖြစ်နေပါတယ်။ ပထမ ဇာတ်ကားမှာတုန်းက လိုင်လာကို မုန်း ပြီး ချစ်ကြတယ်။ ဒီဇာတ်ကားမှာလည်း သနား ပြီး ချစ်ပါစေလို့ မျှော်လင့်တယ်။


ရာဇဝင်ရိုင်းသူများ ရုံတင်တာက အရှေ့ကဇာတ် ကားနဲ့ နည်းနည်းခြားနေတော့ စိတ်ပူပင်မှု ရှိသေးလား။
ပရိသတ်တွေက တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားကို ဘယ်လောက်အထိ မြတ်နိုးလဲ ဆိုရင် ဇာတ်ကားတစ်ခုနဲ့တစ်ခုကြား နှစ်နှစ်ခွဲ၊ သုံးနှစ်နီးပါးလောက် ကြာပေမယ့် အရမ်းကို မေတ္တာတွေ ပေးကြပါတယ်။ ကြားထဲမှာ လိုင် လာရဲ့ Fan တွေနဲ့လည်း အဆက်အသွယ် ပြတ်မသွားဘူး။ ပရိသတ်ချစ်တဲ့ မေတ္တာတွေ က လျော့မသွားတော့ ကံကောင်းတယ်လို့ ပြော လို့ရပါတယ်။

မြန်မာပြည်မှာ ဇာတ်ကားရိုက်ကူးမှုက အခုနဲ့ မှ နှစ်ကားဖြစ်သလို ဒါရိုက်တာမောင်မျိုးမင်း နဲ့ပဲ ရိုက်ဖြစ်တာ တွေ့ရတယ်နော်။
အနုပညာနဲ့ ပတ်သက်ပြီးတော့ ပြည် ပမှာ ဘာမှမလုပ်ဖြစ်တော့ဘူး။ မြန်မာပြည် မှာက ဦးမျိုးနဲ့ ရိုက်ဖြစ်တယ်။ အခု ဇာတ်ကား မရိုက်သေးတာက မလုပ်ဖြစ်တဲ့ အကြောင်းက တော့ နည်းနည်း အခြေအနေတွေ မတည်ငြိမ် တာလေးရော ကိုယ့်ဇာတ်ကားလေး တစ်ကား ကို သေချာကြည့်ပြီးမှ ရှေ့ဆက် ဘာတွေလုပ် သင့်တယ် မလုပ်သင့်ဘူး ဆိုတာတွေကို ဆုံး ဖြတ်မယ်ဆိုပြီး စောင့်နေတာလည်းပါတယ်။ ကျောင်းတစ်ဖက်နဲ့ နည်းနည်း အလုပ်များနေ တယ်။ ကျောင်းကိုလည်း ကိုယ်မပါဘဲ လည် ပတ်နိုင်အောင်လည်း လုပ်နေလို့ပါ။

အိမ်ထောင်တစ်ခုလည်း ထူထောင်ပြီးပြီဆိုတော့ ရှေ့ဆက်မယ့် အနာဂတ်ဆိုရင်....
အိမ်ထောင်ကျတာကတော့ တစ် နှစ်ကျော်လောက်ပဲ ရှိသေးတယ်။ အမျိုးသား ကလည်း သူ့ဘာသာသူ နိုင်ငံခြားမှာ အလုပ် လုပ်နေတယ်။ လိုင်လာကတော့ Rhytum & Style သင်တန်းကျောင်းဖွင့်တယ်။ Bolly wood Dance, Make Up Styling အပြင် အခု Yoga ကို ထပ်ချဲ့ထားတယ်။ အဆီကျ အကသင်တန်းလည်း ရှိတယ်။ လိုင်လာဆီကို အနုပညာနယ်ပယ်ထဲက မိန်းကလေးတွေလည်း လာတက်ကြတာ များတယ်။ အနုပညာနဲ့ အမြဲ ဆက်နွှယ်နေတဲ့အတွက် ဆက်လုပ်ဖြစ်သွား မှာပါ။

ဘောလီးဝုဒ်က မင်းသမီးဆိုပြီး ပရိသတ်အား ပေးမှုတွေ ရှိလာတယ်လို့ရော ပြောလို့ရမလား။
လိုင်လာက နိုင်ငံခြားမင်းသမီးတစ် ယောက် မဟုတ်တဲ့အတွက် နိုင်ငံခြား မင်းသမီး ဆိုတဲ့စကားကို ခဏခဏကြားနေရတာ တော် တော်စိတ်ညစ်စရာလို့ သတ်မှတ်တယ်။ သူ များတွေဆိုရင် ပျော်ရင်ပျော်မှာပေါ့။ ဂုဏ်ယူ ချင်ယူလိမ့်မယ်။ လိုင်လာကတော့ နိုင်ငံခြား မင်းသမီးမဟုတ်တဲ့အတွက် ဂုဏ်လည်းမယူချင်ဘူး မုသာဝါဒလည်း မသုံးချင်ပါဘူး။ ဥပမာ- သဘောၤသားဆိုလည်း နိုင်ငံခြားကို သွားပြီး အလုပ်လုပ်တယ်။ နိုင်ငံခြားသား ဖြစ်မသွားပါဘူး။ ပညာပေါင်းစုံနဲ့ နိုင်ငံခြားမှာ သွားအလုပ်လုပ်တာ နိုင်ငံခြားကလူ ဖြစ်မသွားပါဘူး။ လိုင်လာဆိုလည်း နိုင်ငံခြားက ရုပ်ရှင်ကုမ္ပဏီမှာ သွားအလုပ်လုပ်ပေမယ့် နိုင်ငံခြား မင်းသမီး ဖြစ်မသွားပါဘူး။ ဒီမှာက လိုင်လာ ကို နိုင်ငံခြားမင်းသမီးဆိုပြီး အမြင်စောင်းကြ တာ စိတ်မကောင်းဘူး။ လိုင်လာဇာတ်ကားကို လာကြည့်ရင်လည်း မြန်မာပြည်က မင်းသမီး နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာ သွားအလုပ်လုပ်ခဲ့ ဖူးတဲ့ မင်းသမီးလို့ ကြည့်စေချင်ပါတယ်။

အကယ်ဒမီနဲ့ ပတ်သက်ပြီး ထွက်ခဲ့တဲ့ဝေဖန်မှု တွေအပေါ် ပရိသတ်အတွက် ဘယ်လိုရှင်းပြ ချင်တာရှိမလဲ။
လိုင်လာက တခြားနိုင်ငံသား ခံယူ ထားတာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံသား ပါပဲ။ နိုင်ငံခြားမှာ တခြားနိုင်ငံသားခံယူဖို့ အ ခွင့်အရေးတွေ ရခဲ့ပေမယ့် မျိုးချစ်စိတ်တစ်ခု တည်းနဲ့ မလုပ်ခဲ့ဘူး။ အခု ဒီနိုင်ငံမှာ အကယ် ဒမီပေးတော့ တခြားနိုင်ငံသားမို့ မပေးဘူးဆို တဲ့စကားတွေ ထွက်လာတာ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ လိုင်လာက ဒီနေ့ ထိလည်း မြန်မာနိုင်ငံသားပဲ သေတဲ့အထိလည်း မြန်မာနိုင်ငံပတ်စ်ပို့နဲ့ သေမှာ။ နိုင်ငံခြားက ပြန်လာရင်တောင် immigration ဖြတ်ရင် မြန်မာနိုင်ငံသားများသာဆိုတဲ့ နေရာမှာပဲ တွေ့ရမှာပါ။ ကျွန်မကို အကယ်ဒမီ မပေးချင်လည်း ကိစ္စမရှိပါဘူး။ ပရိသတ်မေတ္တာက အဓိကပါ။ ဦးဝင်းငြိမ်း တို့ဆိုလည်း အကယ် ဒမီမပေးခင်က လိုင်လာအိမ်အထိလာပြီး ဒီ နိုင်ငံသားလားဆိုတာ သေချာအတိအကျ ကြည့် သွားပါတယ်။ တခြားနိုင်ငံသားလားဆိုတာ ကြောင့်တော့ မဖြစ်စေချင်ဘူး။

Credit:Flower News Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top