iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ သင့္ေရွ႔ကမွန္ကိုၾကည့္ျပီး စိတ္ထဲမွာ ေက်နပ္သြားတာမ်ိဳး ခံစားဖူးပါသလား။ တစ္ခါတစ္ေလမွာ က်ြန္မတုိ႕ဟာ ေမ်ွာ္လင့္ခ်က္၊ အိပ္မက္ေတြ အခ်စ္ေတြ၊ အေၾကာက္တရားေတြကို အရႈံးေပးျပီး နာက်င္ခံစားၾကရတဲ့အခ်ိန္ ေတြရွိပါတယ္။

တျခားလူေတြ ကိုယ့္ကိုတကယ္မေပးပါပဲ ရသလိုလို ခံစားေနၾကတာမ်ိဳးေတြလညး္ ရွိပါတယ္။ ဒါကိုတနည္းအားျဖင့္  ကိုယ့္ဒုကၡကိုယ္ရွာေနၾကတယ္လို႕ ဆုိရပါလိမ့္မယ္။

ဘယ္သူကမ်ား သင့္ကို သင့္ကိုယ္သင္ခ်စ္တာထက္ ပိုခ်စ္ႏိုင္မွာလဲ။ ဒါ့အျပင္ သင္လည္းတျခားသူကို သင့္ကိုယ္သင္ခ်စ္တာထက္ ပိုမခ်စ္ႏိုင္ပါဘူး။ ပိုခ်စ္တယ္လုိ႕ ဆုိရင္လည္း ဒါမွားတာပါပဲ။ တစ္ခါတစ္ေလ ကိုယ့္ကိုကိုယ္ေတာင္ မခ်စ္တတ္ပဲ အျခားသူကို ခ်စ္ျပေနတာမ်ိဳးက ပိုဆုိးတာေပါ့။

ဒီေတာ့ တျခားသူကို မခ်စ္ခင္ ကိုယ့္ကိုကုိယ္ ခ်စ္တယ္ဆုိတာ ဘယ္လိုမ်ိဳးလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။

၁။ကိုယ့္ကိုကုိယ္ ပထမဦးစားေပးေနရာမွာထားပါ။

အထူးသျဖင့္ အမ်ိဳးသမီးေတြဟာ ကိုယ့္အတြက္ မစဥ္းစားပဲ အျခားသူအတြက္ စဥ္းစားေပးတဲ့ေနရာမွာ သိပ္ထူးခ်ြန္ၾကပါတယ္။ ခံစားနာက်င္ရမယ့္ေနရာေတြဆုိရင္ေတာ့ ကိုယ့္ဘာသာကုိယ္ ၀င္ခံစားတတ္ၾကတာမ်ိဳးေပါ့၊ ဒါမျဖစ္သင့္ပါဘူး။

ကိုယ့္ကိုကိုယ္ ဦးစားေပးတယ္ဆုိလိုက္ရင္ ဒါတကိုယ္ေကာင္းဆန္တာလုိ႕ ထင္ခ်င္ထင္ၾကပါလိမ့္မယ္။ ထင္ၾကပါေစ။ တကယ္ေတာ့ ကိုယ့္ကိုကိုယ္ အေရးေပးမွ၊ အေလးထားမွသာ တျခားသူေတြကလည္း သင့္ကိုအေလးထားၾကပါလိမ့္မယ္။

တစ္ဖက္က ျပန္စဥ္းစားၾကည့္ရင္လည္း သင္တစ္ပါးသူကို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးခ်င္တယ္ဆုိပါစို႕၊ သင္ကိုယ္တုိင္ မေပ်ာ္ပဲ သူမ်ားကိုဘယ္လိုေပ်ာ္ေအာင္ လုပ္ေပးမွာလဲ။

၂။ကိုယ့္အတြက္နဲ႕ အျခားသူေတြကို ျငင္းလိုက္ဖုိ႕ တြန္႕မေနပါနဲ႕။

အရာရာတုိင္း ကိုယ္လုပ္ခ်င္တာကို ဆန္႕က်င္ျပီး သူတစ္ပါးဆႏၵျဖည့္ဆည္းဖုိ႕ ေခါင္းမျငိမ္လိုက္ပါနဲ႕။ သူတစ္ပါး ကမ္းလွမ္းခ်က္ကို ျငင္းပယ္ဖုိ႕ ၀န္မေလးပါနဲ႕။

သင္လုပ္ခ်င္တဲ့အရာကို ရဲရဲ၀ံ့၀ံ့လုပ္ေဆာင္တတ္ပါေစ။ သင္မလုပ္ခ်င္တဲ့ အရာကိုလည္း ရဲရဲတင္းတင္းသာ ျငင္းလိုက္ပါ။ လူမႈေရးအရေရာ၊ အလုပ္ခြင္မွာပါ ဒီနည္းကိုသာ က်င့္သံုးပါ။

၃။မွန္ထဲက ကိုယ့္မ်က္ႏွာကို ကိုယ္ၾကည့္ျပီး ေန႕တုိင္းျပံဳးပါ။

သင္လူေတြကိုအျမဲ ျပံဳးျပျဖစ္ပါသလား။ အျပံဳးတစ္ခုဟာ လူတစ္ေယာက္ စိတ္ၾကည္လင္ေနေအာင္ ဘယ္ေလာက္ထိ စြမ္းေဆာင္ေပးႏိုင္တယ္ဆုိတာ သင္သိပါသလား။

ၾကားဖူးတဲ့ စကားေလး တစ္ခြန္းအရ ေန႕တုိင္းမွန္ၾကည့္ျပီး ျပံဳးျခင္းဟာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိလာဖုိ႕အတြက္ လ်ွိဳ႕၀ွက္ခ်က္လုိ႕ေတာင္ ဆုိပါတယ္။ ဒီလိုလုပ္ေဆာင္ဖုိ႕ မပင္ပန္းသလို ေငြေၾကးအကုန္အက်လည္း မရွိပါဘူး။ ဒါ့ေၾကာင့္ သင္အျပင္မသြားခင္ မွန္ၾကည့္ျပီး ျပံဳးဖုိ႕ မေမ့ပါနဲ႕။

၄။အ၀တ္အစားကို ျဖစ္သလို မ၀တ္ပါနဲ႕။

အျပင္သြားတဲ့အခါတုိင္း ဆယ္ခါမွာ ကိုးခါေလာက္ဟာ သင့္ကိုယ္သင္ယံုၾကည္မႈရွိေစတဲ့ အ၀တ္အစားေတြ ၀တ္ဆင္ျပီး သြားတာမ်ိဳးျဖစ္သင့္ပါတယ္။ ဒီလုိလုပ္ေဆာင္ျခင္းကလည္း သင့္ကိုယံုၾကည္မႈနဲ႕ ေပ်ာ္ရႊင္မႈကို ေပးစြမ္းႏိုင္ပါတယ္။

၅။ကိုယ့္ဘာသာကိုယ္တစ္ေယာက္တည္း ဒိတ္လုပ္သလို အျပင္သြားပါ။

ဒီလိုေျပာလိုက္လို႕ အူေၾကာင္ေၾကာင္ႏိုင္တယ္လုိ႕ ထင္ခ်င္ထင္ပါလိမ့္မယ္။ ဒါေပမယ့္ ဒါအမွန္တရားတစ္ခုပါ။ သင့္ဘာသာသင္တစ္ေယာက္တညး္ အျပင္သြားျပီး မုန္႕စားတာ၊ ေရွာ့ပင္ထြက္တာ၊ စာအုပ္၀ယ္တာ၊ ေကာ္ဖီဆုိင္ ထုိင္တာမ်ိဳးေတြ လုပ္ေပးပါ။ ဒီလို ခဏခဏလုပ္ေဆာင္ေပးတဲ့အခါ သင္ယံုၾကည္မႈပိုတိုးလာမွာ ျဖစ္သလို တစ္ေယာက္တညး္ ေပ်ာ္ရႊင္တတ္လာပါလိမ့္မယ္။

၆။ ကိုယ့္ကိုကိုယ္ ဘယ္ေတာ့မွ သူတစ္ပါးနဲ႕ မႏႈိင္းယွဥ္ပါနဲ႕။

သင္ဟာ တျခားလူေတြနဲ႕မတူ တမူထူးျခားတဲ့သူတစ္ေယာက္ဆုိတာ အျမဲသတိရပါ။ ေနာက္တစ္ခ်က္က ဘယ္သူကေတာ့ျဖင့္ ဘယ္လို ငါကေတာ့ျဖင့္ ဘယ္လိုဆုိျပီး မႏႈိင္းပါနဲ႕။ သင့္မွာလည္း သင့္ရဲ႕ထူးျခားခ်က္၊ အားသာခ်က္ေတြ ရွိတယ္ဆုိတာ သိပါေစ။
Credit:loveshop

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

သင်ဟာ သင့်ရှေ့ကမှန်ကိုကြည့်ပြီး စိတ်ထဲမှာ ကျေနပ်သွားတာမျိုး ခံစားဖူးပါသလား။ တစ်ခါတစ်လေမှာ ကျွန်မတို့ဟာ မျှော်လင့်ချက်၊ အိပ်မက်တွေ အချစ်တွေ၊ အကြောက်တရားတွေကို အရှုံးပေးပြီး နာကျင်ခံစားကြရတဲ့အချိန် တွေရှိပါတယ်။

တခြားလူတွေ ကိုယ့်ကိုတကယ်မပေးပါပဲ ရသလိုလို ခံစားနေကြတာမျိုးတွေလည်း ရှိပါတယ်။ ဒါကိုတနည်းအားဖြင့်  ကိုယ့်ဒုက္ခကိုယ်ရှာနေကြတယ်လို့ ဆိုရပါလိမ့်မယ်။

ဘယ်သူကများ သင့်ကို သင့်ကိုယ်သင်ချစ်တာထက် ပိုချစ်နိုင်မှာလဲ။ ဒါ့အပြင် သင်လည်းတခြားသူကို သင့်ကိုယ်သင်ချစ်တာထက် ပိုမချစ်နိုင်ပါဘူး။ ပိုချစ်တယ်လို့ ဆိုရင်လည်း ဒါမှားတာပါပဲ။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် မချစ်တတ်ပဲ အခြားသူကို ချစ်ပြနေတာမျိုးက ပိုဆိုးတာပေါ့။

ဒီတော့ တခြားသူကို မချစ်ခင် ကိုယ့်ကိုကိုယ် ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ကိုယ့်ကိုကိုယ် ပထမဦးစားပေးနေရာမှာထားပါ။

အထူးသဖြင့် အမျိုးသမီးတွေဟာ ကိုယ့်အတွက် မစဉ်းစားပဲ အခြားသူအတွက် စဉ်းစားပေးတဲ့နေရာမှာ သိပ်ထူးချွန်ကြပါတယ်။ ခံစားနာကျင်ရမယ့်နေရာတွေဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ဝင်ခံစားတတ်ကြတာမျိုးပေါ့၊ ဒါမဖြစ်သင့်ပါဘူး။

ကိုယ့်ကိုကိုယ် ဦးစားပေးတယ်ဆိုလိုက်ရင် ဒါတကိုယ်ကောင်းဆန်တာလို့ ထင်ချင်ထင်ကြပါလိမ့်မယ်။ ထင်ကြပါစေ။ တကယ်တော့ ကိုယ့်ကိုကိုယ် အရေးပေးမှ၊ အလေးထားမှသာ တခြားသူတွေကလည်း သင့်ကိုအလေးထားကြပါလိမ့်မယ်။

တစ်ဖက်က ပြန်စဉ်းစားကြည့်ရင်လည်း သင်တစ်ပါးသူကို ပျော်ရွှင်အောင် လုပ်ပေးချင်တယ်ဆိုပါစို့၊ သင်ကိုယ်တိုင် မပျော်ပဲ သူများကိုဘယ်လိုပျော်အောင် လုပ်ပေးမှာလဲ။

၂။ကိုယ့်အတွက်နဲ့ အခြားသူတွေကို ငြင်းလိုက်ဖို့ တွန့်မနေပါနဲ့။

အရာရာတိုင်း ကိုယ်လုပ်ချင်တာကို ဆန့်ကျင်ပြီး သူတစ်ပါးဆန္ဒဖြည့်ဆည်းဖို့ ခေါင်းမငြိမ်လိုက်ပါနဲ့။ သူတစ်ပါး ကမ်းလှမ်းချက်ကို ငြင်းပယ်ဖို့ ဝန်မလေးပါနဲ့။

သင်လုပ်ချင်တဲ့အရာကို ရဲရဲဝံ့ဝံ့လုပ်ဆောင်တတ်ပါစေ။ သင်မလုပ်ချင်တဲ့ အရာကိုလည်း ရဲရဲတင်းတင်းသာ ငြင်းလိုက်ပါ။ လူမှုရေးအရရော၊ အလုပ်ခွင်မှာပါ ဒီနည်းကိုသာ ကျင့်သုံးပါ။

၃။မှန်ထဲက ကိုယ့်မျက်နှာကို ကိုယ်ကြည့်ပြီး နေ့တိုင်းပြုံးပါ။

သင်လူတွေကိုအမြဲ ပြုံးပြဖြစ်ပါသလား။ အပြုံးတစ်ခုဟာ လူတစ်ယောက် စိတ်ကြည်လင်နေအောင် ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။

ကြားဖူးတဲ့ စကားလေး တစ်ခွန်းအရ နေ့တိုင်းမှန်ကြည့်ပြီး ပြုံးခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာဖို့အတွက် လျှို့ဝှက်ချက်လို့တောင် ဆိုပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ မပင်ပန်းသလို ငွေကြေးအကုန်အကျလည်း မရှိပါဘူး။ ဒါ့ကြောင့် သင်အပြင်မသွားခင် မှန်ကြည့်ပြီး ပြုံးဖို့ မမေ့ပါနဲ့။

၄။အဝတ်အစားကို ဖြစ်သလို မဝတ်ပါနဲ့။

အပြင်သွားတဲ့အခါတိုင်း ဆယ်ခါမှာ ကိုးခါလောက်ဟာ သင့်ကိုယ်သင်ယုံကြည်မှုရှိစေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပြီး သွားတာမျိုးဖြစ်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကလည်း သင့်ကိုယုံကြည်မှုနဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါတယ်။

၅။ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း ဒိတ်လုပ်သလို အပြင်သွားပါ။

ဒီလိုပြောလိုက်လို့ အူကြောင်ကြောင်နိုင်တယ်လို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါအမှန်တရားတစ်ခုပါ။ သင့်ဘာသာသင်တစ်ယောက်တည်း အပြင်သွားပြီး မုန့်စားတာ၊ ရှော့ပင်ထွက်တာ၊ စာအုပ်ဝယ်တာ၊ ကော်ဖီဆိုင် ထိုင်တာမျိုးတွေ လုပ်ပေးပါ။ ဒီလို ခဏခဏလုပ်ဆောင်ပေးတဲ့အခါ သင်ယုံကြည်မှုပိုတိုးလာမှာ ဖြစ်သလို တစ်ယောက်တည်း ပျော်ရွှင်တတ်လာပါလိမ့်မယ်။

၆။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။

သင်ဟာ တခြားလူတွေနဲ့မတူ တမူထူးခြားတဲ့သူတစ်ယောက်ဆိုတာ အမြဲသတိရပါ။ နောက်တစ်ချက်က ဘယ်သူကတော့ဖြင့် ဘယ်လို ငါကတော့ဖြင့် ဘယ်လိုဆိုပြီး မနှိုင်းပါနဲ့။ သင့်မှာလည်း သင့်ရဲ့ထူးခြားချက်၊ အားသာချက်တွေ ရှိတယ်ဆိုတာ သိပါစေ။

Credit:loveshop

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top