iMyanmarHouse.com - Best Property Website for Myanmar
×










#Unicode Version#
လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ရေ ချိုးတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံ သာမက ကိုယ်အလေးချိန် ကိုပါ ကျစေ ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျတဲ့ အ ပြင် ကိုယ်ခံအား ကောင်းစေတာကြောင့် အားကစား လုပ်သူတွေ အတွက် ရေချိုး တာရဲ့ အကျိုးကို ဖော်ပြလိုက် ရပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ကောင်းခြင်း

ကိုယ်လက်လေ့ကျင့် လုပ်ပြီးတဲ့ အ ခါ ချွေးတွေထွက်တာမျိုး၊ အားကစား လုပ်တဲ့အခါ တခြားသူတွေနဲ့ ထိတွေ့ရ တာမျိုးတို့မှာ ရေချိုးပေး
တာဟာလည်း တွေမှာလည်း ရေကူးပြီးတိုင်း ရေ ပြန်ချိုး ဖို့ မမေ့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရေကူးကန်တွေဟာ ရေသန့်စင်ဖို့အတွက် ကလိုရင်းဒြပ်စင်တွေ ထည့်ထားတာ ကြောင့် အသားအရေနဲ့ ဆံပင်တွေကို ပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးကန်က ထွက်လာတိုင်း
တဘက်နဲ့ ရေသုတ်ရုံ ပြီးစလွယ် အကျင့်ကိုတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ရှောင် သင့်ပါတယ်။

(၂) နာကျင်မှုကို သက်သာစေခြင်း

အားကစား အပြင်းအထန်လုပ်ပြီး တဲ့အခါ ကြွင်းသားတွေ နာကျင် ကိုက်ခဲ ပြီးကျန်ခဲ့တတ်ပါတယ်။ ဒါတွေကို သက် သာဖို့ ရေခဲရေနဲ့ နာနေတဲ့နေရာ
တွေကို လောင်းချိုးပေးလို့ ရပါတယ်။ မနက်ပိုင်း အိပ်ရာထလို့ ကိုယ်လက်တွေ တင်းတင်း ကြီးဖြစ်နေတယ်လို့ ခံစားနေရရင်လည်း
ရေနွေးနွေး လေးနဲ့ ချိုးပေးတာဟာ သွေး လည်ပတ်မှုကောင်းစေတဲ့ အပြင် ကြွက်သားနာကျင် တာလည်း လျော့နည်းစေ မှာပါ။

(၃) ကိုယ်အလေးချိန် ကျစေခြင်း

လေ့ကျင့်ခန်းတွေ လုပ်ပြီးလို့ ရေ အေးအေးနဲ့ ရေချိုးလိုက်တာဟာ ကယ် လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့ အခါ ခန္ဓာကိုယ်ကအအေးဓာတ် ခံနိုင် မယ့်အပူတွေကို ထုတ်ပေးနေရတဲ့အ တွက် ဇီဝရုပ် ဖြစ်ပျက်မှု ( Metabolism) က ၅၅၀ ရာခိုင်နှုန်းအထိ အသုံး ပြုရပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ အများအပြားလောင်ကျွမ်းသွားတာကြောင့် ကိုယ်အလေးချိန် ကျနိုင်ပါတယ်။

(၄) ကျန်းမာပြီး စိတ်ကြည်လင်နေခြင်း

လေ့ကျင့်ခန်း လုပ်တဲ့ နေရာတချို့ မှာဆို ရေချိုးတာကို လေ့ကျင့်ခန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အားပေးထားပါ တယ်။ ဘာကြောင့်လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့အခါ ကိုယ်ခံစွမ်းအားကို မြှင့်တင် ပေးနိုင်တဲ့ ဂလူတာသိုင်အုန်း (Glutathione) ဟော်မုန်းထွက် လာပြီး ခန္ဓာ ကိုယ်ကို ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ တွေ ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

Credit:  နှင်းဆီဖူးလေးများ-Love BUDS

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top