iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာမိန္းကေလးအမ်ားအားျဖင့္ ေျခေထာက္မသြယ္ၾကပါဘူး။ ေပါင္းသားကအဆီေတြကိုဖယ္ရွားၿပီး ၾကြက္သားေလးေတြနဲ႔ ျဖစ္လာမယ္ဆိုရင္ေတာ့ ေပါင္သားေလးေတြ က်စ္လ်စ္လွပလာမွာပါ။ ေပါင္သားလွဖို႔အတြက္ ေသးေသးသြယ္သြယ္ျဖစ္စရာမလိုပါဘူး။ ေပါင္းသားေလးေတြ က်စ္လ်စ္လွပေနေစဖို႔လိုပါတယ္။

ဘယ္လိုလုပ္မလဲ

၁။ ၅ မိနစ္ေလာက္ ခႏၶာကိုယ္တစ္ခုလံုးေႏြးသြားေအာင္လုပ္မယ္။

ေလ့က်င့္ခန္းမလုပ္ခင္မွာ ၅ မိနစ္ေလာက္ ကိုယ္လက္ေလ့က်င့္ခန္းအရင္လုပ္ေပးပါ။ ခုန္ေပးတာ။ ေလွကားအတက္အဆင္းလုပ္တာ။ အေၾကာေလွ်ာ့တာမ်ိဳးလုပ္ေပးသင့္ပါတယ္။

၂။ ေလ့က်င့္ခန္း ၁

လက္ႏွစ္ဖက္ကိုအေရွ႕ဖက္တန္းတန္းဆန္႔ၿပီး ခါးကိုမတ္မတ္ထားကာ ခႏၶကိုယ္ေအာက္ပိုင္းကို ထိုင္ထလုပ္ေပးပါ။ ခါးကိုတတ္ႏိုင္သမွ်မတ္မတ္ထားၿပီး ဒူးေက်ာ္ေက်ာ္ေလာ္ကထိထိုင္က်ေပးပါ။

၃။ ေလ့က်င့္ခန္း ၂

အရင္ဆံုး ေက်ာလွဲေနလိုက္ပါ။ ၿပီးရင္ ဒူးေကြးထားလိုက္ၿပီး လက္ႏွစ္ဖက္ကို ေဘးမွာခ်ထားပါ။ ၿပီးရင္ လက္ႏွစ္ဖက္နဲ႔ ေထာက္ၿပီး ခႏၶာကိုယ္အေပၚပိုင္းကို မႏိုင္သေလာက္မေပးပါ။

၄။ ေလ့က်င့္ခန္း ၃

အရင္ဆံုး ခႏၶာကိုယ္ကို ေမွာက္ၿပီး ေလးဖက္ေထာက္လိုက္ပါ။ ၿပီးရင္ ေျခေထာက္တစ္ဖက္ကို အေနာက္ဖက္ကို မေပးပါ။ ၁၅ ခါေလာက္လုပ္ၿပီးရင္ ေနာက္တစ္ဖက္ေျပာင္းပါ။

၅။ ေလ့က်င့္ခန္း ၄

ေဘးမွာ ခံုတစ္ခုခု ဒါမွမဟုတ္ တိုင္တစ္ခုခုကို ကိုင္ထားပါ။ ၿပီးရင္ ေျခဖ၀ါးေထာက္ၿပီး မတ္တပ္ရပ္ေနပါ။ ဒူးတစ္ဖက္ကို ေျမာက္ႏိုင္သေလာက္ေျမာက္ေပးပါ။ တစ္ဖက္ကို ၂၅ ႀကိမ္ျပည့္ရင္ေနာက္တစ္ဖက္ေျပာင္းေပးပါ။

၆။ ေလ့က်င့္ခန္း ၅

ကိုယ္ကို မတ္မတ္ရပ္လိုက္ၿပီး ေျခေထာက္ႏွစ္ဖက္ကို နည္းနည္းခြဲလိုက္ပါ။ ၿပီးရင္ တစ္ဖက္ကို ေဘးဖက္ေစာင္းလုိက္ၿပီး ေနာက္တစ္ဖက္ေပၚမွာ ဖိအားေပးကာ ၿပီးရင္ေနာက္ဖက္ကို ၾကက္ေျခခတ္ပံုစံမ်ိဳးလုပ္ေပးလိုက္ပါ။

၇။ ေလ့က်င့္ခန္း ၆

ေျခေထာက္ႏွစ္ဖက္ကို မတ္မတ္ရပ္ၿပီး ေျခေခ်ာင္းကို ေဘးဖက္ထုတ္ထားလိုက္ပါ။ ၿပီးရင္ ေပါင္ကားၿပီး ထိုင္ခ်ေပးပါ။ ၿပီးရင္ ျပန္မတ္လိုက္ပါ။

၈။ ေလ့က်င့္ခန္း ၇

အရင္ဆံုး ေက်ာလွဲေနလိုက္ပါ။ ၿပီးရင္ ေျခေထာက္ႏွစ္ဖက္ကို ေျမာက္ၿပီးစုထားပါ။ ၿပီးရင္ ေပါင္ကိုကားလိုက္စုလိုက္လုပ္ေပးပါ။ ၁၅ ႀကိမ္ေလာက္လုပ္ေပးပါ။

၉။ ေလ့က်င့္ခန္းအားလံုးလုပ္ၿပီးသြားရင္လည္း အေၾကာျပန္ေလွ်ာ့ဖို႔မေမ့ပါနဲ႔ေနာ္။

Credit:Mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
မြန်မာမိန်းကလေးအများအားဖြင့် ခြေထောက်မသွယ်ကြပါဘူး။ ပေါင်းသားကအဆီတွေကိုဖယ်ရှားပြီး ကြွက်သားလေးတွေနဲ့ ဖြစ်လာမယ်ဆိုရင်တော့ ပေါင်သားလေးတွေ ကျစ်လျစ်လှပလာမှာပါ။ ပေါင်သားလှဖို့အတွက် သေးသေးသွယ်သွယ်ဖြစ်စရာမလိုပါဘူး။ ပေါင်းသားလေးတွေ ကျစ်လျစ်လှပနေစေဖို့လိုပါတယ်။

ဘယ်လိုလုပ်မလဲ

၁။ ၅ မိနစ်လောက် ခန္ဓာကိုယ်တစ်ခုလုံးနွေးသွားအောင်လုပ်မယ်။

လေ့ကျင့်ခန်းမလုပ်ခင်မှာ ၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်းအရင်လုပ်ပေးပါ။ ခုန်ပေးတာ။ လှေကားအတက်အဆင်းလုပ်တာ။ အကြောလျှော့တာမျိုးလုပ်ပေးသင့်ပါတယ်။

၂။ လေ့ကျင့်ခန်း ၁

လက်နှစ်ဖက်ကိုအရှေ့ဖက်တန်းတန်းဆန့်ပြီး ခါးကိုမတ်မတ်ထားကာ ခန္ဓကိုယ်အောက်ပိုင်းကို ထိုင်ထလုပ်ပေးပါ။ ခါးကိုတတ်နိုင်သမျှမတ်မတ်ထားပြီး ဒူးကျော်ကျော်လော်ကထိထိုင်ကျပေးပါ။

၃။ လေ့ကျင့်ခန်း ၂

အရင်ဆုံး ကျောလှဲနေလိုက်ပါ။ ပြီးရင် ဒူးကွေးထားလိုက်ပြီး လက်နှစ်ဖက်ကို ဘေးမှာချထားပါ။ ပြီးရင် လက်နှစ်ဖက်နဲ့ ထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မနိုင်သလောက်မပေးပါ။

၄။ လေ့ကျင့်ခန်း ၃

အရင်ဆုံး ခန္ဓာကိုယ်ကို မှောက်ပြီး လေးဖက်ထောက်လိုက်ပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို အနောက်ဖက်ကို မပေးပါ။ ၁၅ ခါလောက်လုပ်ပြီးရင် နောက်တစ်ဖက်ပြောင်းပါ။

၅။ လေ့ကျင့်ခန်း ၄

ဘေးမှာ ခုံတစ်ခုခု ဒါမှမဟုတ် တိုင်တစ်ခုခုကို ကိုင်ထားပါ။ ပြီးရင် ခြေဖဝါးထောက်ပြီး မတ်တပ်ရပ်နေပါ။ ဒူးတစ်ဖက်ကို မြောက်နိုင်သလောက်မြောက်ပေးပါ။ တစ်ဖက်ကို ၂၅ ကြိမ်ပြည့်ရင်နောက်တစ်ဖက်ပြောင်းပေးပါ။

၆။ လေ့ကျင့်ခန်း ၅

ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို နည်းနည်းခွဲလိုက်ပါ။ ပြီးရင် တစ်ဖက်ကို ဘေးဖက်စောင်းလိုက်ပြီး နောက်တစ်ဖက်ပေါ်မှာ ဖိအားပေးကာ ပြီးရင်နောက်ဖက်ကို ကြက်ခြေခတ်ပုံစံမျိုးလုပ်ပေးလိုက်ပါ။

၇။ လေ့ကျင့်ခန်း ၆

ခြေထောက်နှစ်ဖက်ကို မတ်မတ်ရပ်ပြီး ခြေချောင်းကို ဘေးဖက်ထုတ်ထားလိုက်ပါ။ ပြီးရင် ပေါင်ကားပြီး ထိုင်ချပေးပါ။ ပြီးရင် ပြန်မတ်လိုက်ပါ။

၈။ လေ့ကျင့်ခန်း ၇

အရင်ဆုံး ကျောလှဲနေလိုက်ပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို မြောက်ပြီးစုထားပါ။ ပြီးရင် ပေါင်ကိုကားလိုက်စုလိုက်လုပ်ပေးပါ။ ၁၅ ကြိမ်လောက်လုပ်ပေးပါ။

၉။ လေ့ကျင့်ခန်းအားလုံးလုပ်ပြီးသွားရင်လည်း အကြောပြန်လျှော့ဖို့မမေ့ပါနဲ့နော်။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top