iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမေတြ ပိုက္ဆံမက္တယ္လို႔ ေျပာၾကတယ္။ အင္းေလ.. ဒါအမွန္ပဲ။ တစ္သက္တာလံုးအတြက္ ကုိယ့္ဘဝတစ္ခုလံုးကိုေပးျပီး မိသားစုတစ္ခုတည္ေဆာက္တဲ့အခါ ကိုယ့္ဘက္က ေသခ်ာတဲ့ ေရြးခ်ယ္ခြင့္တစ္ခုေတာ့ရွိရမယ္။
.
ရည္းစားဘဝမွာ ကုိယ္က အလုပ္တစ္ဖက္၊ ေက်ာင္းတစ္ဖက္နဲ႔ တစ္ေနကုန္ ပင္ပင္ပန္းပန္း ရုန္းကန္ေနရတဲ့ၾကားထဲ၊ ညဘက္က်ေတာ့ သူနဲ႔ အီစီကလီအေပ်ာ္တမ္း ဖုန္းေျပာေနရမယ့္ ခ်စ္သူမ်ိဳးမလုိခ်င္ဘူး။ ကုိယ့္ဘဝကို အေထာက္အပံ့ေပးနုိင္မယ့္သူမ်ိဳးပဲ လုိခ်င္တယ္။
.
အေထာက္အပံ့? ေငြေရးေၾကးေရးဆန္တဲ့ Sponsor အေထာက္အပံ့မ်ိဳးကုိ ေျပာတာမဟုတ္ပါဘူး။ မိန္းမတစ္ေယာက္ရဲ႕ဘဝကို ေရွ႕ေဆာင္လမ္းျပနုိင္မယ့္သူ။ ဦးေဆာင္နုိင္မယ့္သူ။ တစ္နည္းေျပာရင္ ကုိယ့္ဘဝကို Guidelline ခ်ျပီး ေဘးကေန လမ္းညႊန္ေပးနုိင္မယ့္သူ။
.
မိန္းမတစ္ေယာက္အေနနဲ႔ ကုိယ့္ဘာသာ ရုန္းကန္ေနရတာ ကိစၥမရွိပါဘူး။ ကုိယ့္ကုိ ဦးေဆာင္နုိင္မယ့္ ေယာက္်ားမဟုတ္ဘဲ ကိုယ္ကေတာင္ ျပန္ျပီး လက္တြဲေခၚေနရတဲ့သူမ်ိဳးဆုိရင္ေတာ့ ဘယ္လုိမွ အဆင္ေျပနုိင္မွာမဟုတ္ပါဘူး။
.
ေပြရႈပ္တတ္တဲ့ေယာက္်ားလား? သစၥာမရွိတဲ့ ေယာက္်ားလား? ရည္းစားပူနဲ႔လဲ ဘဝတစ္ခုလံုးကို အေမွာင္ခ်မထားနုိင္ပါဘူး။ မ်က္ရည္ေတြနဲ႔ မျဖတ္သန္းခ်င္ပါဘူး။
.
တကယ္ဆုိရင္ အခ်စ္ပဲလိုတာတဲ့လား? မွားတယ္။ မိန္းမတစ္ေယာက္အတြက္ ဘဝတစ္ခုကို တစ္စံုတစ္ေယာက္နဲ႔ လက္တြဲတဲ့အခါ လုိအပ္ခ်က္ေပါင္းမ်ားစြာရွိတယ္။ ထက္ျမက္တဲ့ မိန္းမတစ္ေယာက္ကို အလုိရွိတယ္ဆုိရင္ ဒီေယာက္်ားအေနနဲ႔ ဒီအရာကို နားလည္လက္ခံနုိင္ရမယ္။
.
ခ်စ္တယ္မလား? ကုိယ္နဲ႔အတူ အပင္ပန္းခံနုိင္ေအာင္ ၾကိဳးစား။ ကုိယ့္လုိ စိတ္ဓါတ္ခ်င္းတူေအာင္ၾကိဳးစား။ ေနာက္.. ကိုယ့္ကို ဦးေဆာင္နုိင္ေအာင္ ၾကိဳးစား။ ေယာက္်ားတစ္ေယာက္ဟာ အျပင္အဆင္းသ႑န္ထက္ အရည္အခ်င္းရွိရွိ ၾကိဳးစားေနတာပဲ လိုခ်င္တယ္။ ေျပာရရင္ေတာ့ ေယာက္်ားပီသတဲ့ စိတ္ဓါတ္ရွိတာပဲလုိခ်င္တယ္။

Credit:မိုးျမင့္မာန္
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မိန်းမတွေ ပိုက်ဆံမက်တယ်လို့ ပြောကြတယ်။ အင်းလေ.. ဒါအမှန်ပဲ။ တစ်သက်တာလုံးအတွက် ကိုယ့်ဘဝတစ်ခုလုံးကိုပေးပြီး မိသားစုတစ်ခုတည်ဆောက်တဲ့အခါ ကိုယ့်ဘက်က သေချာတဲ့ ရွေးချယ်ခွင့်တစ်ခုတော့ရှိရမယ်။
.
ရည်းစားဘဝမှာ ကိုယ်က အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ တစ်နေကုန် ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့ကြားထဲ၊ ညဘက်ကျတော့ သူနဲ့ အီစီကလီအပျော်တမ်း ဖုန်းပြောနေရမယ့် ချစ်သူမျိုးမလိုချင်ဘူး။ ကိုယ့်ဘဝကို အထောက်အပံ့ပေးနိုင်မယ့်သူမျိုးပဲ လိုချင်တယ်။
.
အထောက်အပံ့? ငွေရေးကြေးရေးဆန်တဲ့ Sponsor အထောက်အပံ့မျိုးကို ပြောတာမဟုတ်ပါဘူး။ မိန်းမတစ်ယောက်ရဲ့ဘဝကို ရှေ့ဆောင်လမ်းပြနိုင်မယ့်သူ။ ဦးဆောင်နိုင်မယ့်သူ။ တစ်နည်းပြောရင် ကိုယ့်ဘဝကို Guidelline ချပြီး ဘေးကနေ လမ်းညွှန်ပေးနိုင်မယ့်သူ။
.
မိန်းမတစ်ယောက်အနေနဲ့ ကိုယ့်ဘာသာ ရုန်းကန်နေရတာ ကိစ္စမရှိပါဘူး။ ကိုယ့်ကို ဦးဆောင်နိုင်မယ့် ယောက်ျားမဟုတ်ဘဲ ကိုယ်ကတောင် ပြန်ပြီး လက်တွဲခေါ်နေရတဲ့သူမျိုးဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။
.
ပွေရှုပ်တတ်တဲ့ယောက်ျားလား? သစ္စာမရှိတဲ့ ယောက်ျားလား? ရည်းစားပူနဲ့လဲ ဘဝတစ်ခုလုံးကို အမှောင်ချမထားနိုင်ပါဘူး။ မျက်ရည်တွေနဲ့ မဖြတ်သန်းချင်ပါဘူး။
.
တကယ်ဆိုရင် အချစ်ပဲလိုတာတဲ့လား? မှားတယ်။ မိန်းမတစ်ယောက်အတွက် ဘဝတစ်ခုကို တစ်စုံတစ်ယောက်နဲ့ လက်တွဲတဲ့အခါ လိုအပ်ချက်ပေါင်းများစွာရှိတယ်။ ထက်မြက်တဲ့ မိန်းမတစ်ယောက်ကို အလိုရှိတယ်ဆိုရင် ဒီယောက်ျားအနေနဲ့ ဒီအရာကို နားလည်လက်ခံနိုင်ရမယ်။
.
ချစ်တယ်မလား? ကိုယ်နဲ့အတူ အပင်ပန်းခံနိုင်အောင် ကြိုးစား။ ကိုယ့်လို စိတ်ဓါတ်ချင်းတူအောင်ကြိုးစား။ နောက်.. ကိုယ့်ကို ဦးဆောင်နိုင်အောင် ကြိုးစား။ ယောက်ျားတစ်ယောက်ဟာ အပြင်အဆင်းသဏ္ဍန်ထက် အရည်အချင်းရှိရှိ ကြိုးစားနေတာပဲ လိုချင်တယ်။ ပြောရရင်တော့ ယောက်ျားပီသတဲ့ စိတ်ဓါတ်ရှိတာပဲလိုချင်တယ်။

Credit:မိုးမြင့်မာန်

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top