iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီတုပ္ေကြးေရာဂါ (H1N1) ထိန္းခ်ဳပ္ဖုိ႔ ကာကြယ္ေဆး ထုိးသင့္၊ မသင့္ကို လာမယ့္ ဇူလုိင္လ ၃၀ ရက္မွာ ကမၻာ႔က်န္းမာေရးအဖြဲ႕ (WHO) အပါအ၀င္ ေဆးပညာရွင္ေတြနဲ႔ ေဆြးေႏြးသြားမယ္လုိ႔  ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာ သန္းထြန္းေအာင္က ေျပာပါတယ္။

လတ္တေလာျဖစ္ပြားေနတဲ့ ရာသီတုပ္ေကြးေရာဂါက ဆုိးက်ိဳးေတြရွိေနလို႔  ေဆးပညာရွင္အသုိင္းအဝုိင္းမွာ ထိုးးသင့္၊ မသင့္ အျငင္းပြားေနၾကလို႔ ဆုံးျဖတ္ခ်က္ခ်ဖို႔နဲ႔ ေရာဂါလူထုထဲကို မျပန္႔ပြားေစဖုိ႔ က်န္းမာေရး ဝန္ထမ္းေတြကုိ ကာကြယ္ရန္ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

“ကာကြယ္ေဆးကေတာ့လွဴတာေတြ ရွိပါတယ္။ တ႐ုတ္ျပည္ကလည္း လွဴမယ္လုိ႔ကမ္းလွမ္းတာ ရွိပါတယ္။ ဒါေတြကုိေလ့လာေနဆဲပါ”လုိ႔ ေဒါက္တာသန္းထြန္းေအာင္က ေျပာပါတယ္။ ဇူလုိင္လ ၂၆ ရက္ မြန္းလြဲပုိင္းအထိ စာရင္းအရ  ျပည္သူ ၂၀ ေက်ာ္ရာသီတုပ္ေကြးေရာဂါ ကူးစက္ခံေနရၿပီး ေလးဦး ေသဆံုးထားပါတယ္။

ဇူလုိင္လ ၃၀ ရက္မွာ ရန္ကုန္ၿမိဳ႕၊ သူနာျပဳတကၠသိုလ္မွ ျပင္ပ ေဆးပညာရွင္ေတြ၊ သမားေတာ္ေတြနဲ႔ ဆးတကၠသိုလ္ပါေမာကၡေတြက ဝန္ႀကီးဌာန တာဝန္ရွိသူေတြနဲ႔   H1N1 ကာကြယ္ကုသေရးဆုိင္ရာ အမ်ိဳးသားအဆင့္အစည္းအေဝးကုိ ျပဳလုပ္မယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဖ်ားနာမႈေၾကာင့္ အေျခခံပညာေက်ာင္းေတြမွာ သံုးရက္ဆက္တိုက္ ေက်ာင္းပ်က္ကြက္သူရွိရင္ ပ်က္ကြက္သူရဲ႕နာမည္နဲ႔ ေနရပ္လိပ္စာအျပည့္အစံုကို ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနထံ ခ်က္ခ်င္းေပးပို႔ဖုိ႔ ၿမိဳ႕နယ္က်န္းမာေရး ဦးစီးဌာနေတြက  အေျခခံပညာေက်ာင္းေတြကို ၫႊန္ၾကားထားၿပီး ေက်ာင္းပိတ္ဖုိ႔ လိုအပ္ပါက လိုအပ္သလို ေဆာင္ရြက္ဖို႔ အေျခခံပညာဦးစီးဌာနက ခြင့္ျပဳထားပါတယ္။

Source : The Voice

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 ရာသီတုပ်ကွေးရောဂါ (H1N1) ထိန်းချုပ်ဖို့ ကာကွယ်ဆေး ထိုးသင့်၊ မသင့်ကို လာမယ့် ဇူလိုင်လ ၃၀ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ဆေးပညာရှင်တွေနဲ့ ဆွေးနွေးသွားမယ်လို့  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါက ဆိုးကျိုးတွေရှိနေလို့  ဆေးပညာရှင်အသိုင်းအဝိုင်းမှာ ထိုးးသင့်၊ မသင့် အငြင်းပွားနေကြလို့ ဆုံးဖြတ်ချက်ချဖို့နဲ့ ရောဂါလူထုထဲကို မပြန့်ပွားစေဖို့ ကျန်းမာရေး ဝန်ထမ်းတွေကို ကာကွယ်ရန်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

“ကာကွယ်ဆေးကတော့လှူတာတွေ ရှိပါတယ်။ တရုတ်ပြည်ကလည်း လှူမယ်လို့ကမ်းလှမ်းတာ ရှိပါတယ်။ ဒါတွေကိုလေ့လာနေဆဲပါ”လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။ ဇူလိုင်လ ၂၆ ရက် မွန်းလွဲပိုင်းအထိ စာရင်းအရ  ပြည်သူ ၂၀ ကျော်ရာသီတုပ်ကွေးရောဂါ ကူးစက်ခံနေရပြီး လေးဦး သေဆုံးထားပါတယ်။

ဇူလိုင်လ ၃၀ ရက်မှာ ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်မှ ပြင်ပ ဆေးပညာရှင်တွေ၊ သမားတော်တွေနဲ့ ဆးတက္ကသိုလ်ပါမောက္ခတွေက ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့   H1N1 ကာကွယ်ကုသရေးဆိုင်ရာ အမျိုးသားအဆင့်အစည်းအဝေးကို ပြုလုပ်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖျားနာမှုကြောင့် အခြေခံပညာကျောင်းတွေမှာ သုံးရက်ဆက်တိုက် ကျောင်းပျက်ကွက်သူရှိရင် ပျက်ကွက်သူရဲ့နာမည်နဲ့ နေရပ်လိပ်စာအပြည့်အစုံကို မြို့နယ်ကျန်းမာရေးဦးစီးဌာနထံ ချက်ချင်းပေးပို့ဖို့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွေက  အခြေခံပညာကျောင်းတွေကို ညွှန်ကြားထားပြီး ကျောင်းပိတ်ဖို့ လိုအပ်ပါက လိုအပ်သလို ဆောင်ရွက်ဖို့ အခြေခံပညာဦးစီးဌာနက ခွင့်ပြုထားပါတယ်။

Source : The Voice

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top