iMyanmarHouse.com - Best Property Website for Myanmar
×
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: loveshop
#Unicode Version#
ဒီအမှားလေး သုံးခုကြောင့် သင့်အချစ်ရေးက အဆိုးဘက် ရောက်သွားနိုင်လို့ သတိပြုစေချင်ပါတယ်။
နှစ်ဦးသား တစ်ယောက်အကြောင်း တစ်ယောက်နားလည်လာပြီး ၊ တည်မြဲတဲ့ အခြေအနေလည်း ရောက်လာပြီဆိုပါတော့ ...
ဒီအချိန်ကျမှ ကိုယ်လုပ်လိုက်တဲ့ အမှားလေးတွေကြောင့် ဆိုးဝါးတဲ့အခြေအနေကို ဦးတည်သွားတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။
ဒီအချက်လေး  (၃)ခုဟာ သင့်အချစ်ရေးကို ပျက်စီးစေနိုင်တာမို့ ရှောင်ရှားဖို့ လိုအပ်ပါတယ်။
၁။ ထင်မြင်ချက်လေးနဲ့ မဆုံးဖြတ်ပါနဲ့။
ဒီအချက်က အရေးအကြီးဆုံးပါ။ ငါသူ့ကို ချစ်တာ သူသိတာပဲ ဆိုပြီး ချစ်တဲ့အကြောင်း မပြောပဲနေတာမျိုး၊ ငါဒီနေ့ ရုံးမှာနောက်ကျမှာ သူသိတာပဲလေ၊ ဖုန်းမဆက်တော့ပါဘူးဆိုတာမျိုးတွေ မလုပ်ပါနဲ့။
ဘယ်လောက်ကြာနေပြီဖြစ်တဲ့ အချစ်ရေးမဆို အမြဲတမ်း ထိတွေ့ပြောဆို ဆက်ဆံပေးဖို့ လိုပါတယ်။ ဂရုစိုက်ပေးဖို့၊ ကြင်နာပေးဖို့လည်း လိုအပ်ပါတယ်။
၂။ ဒါ သူ့တာဝန်ပဲ ဆိုတာမျိုး မလုပ်မိပါစေနဲ့။
ကိုယ့်ချစ်သူဖြစ်နေလို့ ကိုယ်ပျော်အောင်၊ ကျေနပ်အောင် လုပ်ပေးဖို့က သူ့တာဝန်ဆိုပြီး သတ်မှတ်မထားပါနဲ့။ သူလည်း ခံစားချက်နဲ့ လူတစ်ယောက်ပါပဲ။ ဒါကို အမြဲထည့်တွေးပါ။
ဒါ့အပြင် သင့်ချစ်သူကို သူပြုလုပ်ပေးတဲ့ အရာတွေအတွက် ကျေးဇူးတင်တယ်ဆိုတာ ပြောဖို့၊ ချီးမွမ်းပေးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။
၃။ မလေးမစား ပြောဆို ဆက်ဆံတာမျိုးရှောင်ပါ။
နှစ်ဦးတည်းပဲဖြစ်ဖြစ်၊ တခြားသူတွေရှေ့မှာ၊ ဒါမှမဟုတ် ကလေးတွေရှေ့မှာ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်ကို မလေးမစား ပြောဆိုဆက်ဆံတာမျိုး ရှောင်ပါ။
ခိုင်မြဲပြီး ပျော်ရွှင်နေကြတဲ့ စုံတွဲတွေဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ထိ ရင်းနှီးရင်းနှီး လေးစားမှုဆိုတာလေးတော့ ရှိတတ်ကြပါတယ်။
Credit: loveshop
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top