iMyanmarHouse.com - Best Property Website for Myanmar
×

Image result for ကာေမသုမိစၦာစာရကံ
“ကာေမသုမိစၦာစာရကံႏွင့္ပတ္သတ္၍”

ဒီကာေမသုမိစၦာစာရကံႏွင့္ပတ္သတ္ၿပီး ဦးဇင္းကုိ လူေတာ္ေတာ္မ်ား ေမးၾကပါတယ္။ ခဏခဏလည္း ေျဖေပးပါတယ္။ ဒါေပမဲ့ ဒီကံႏွင့္ ပတ္သတ္ၿပီး ေယာင္၀ါး၀ါးနားမလည္ ျဖစ္ေနၾကတယ္ ထင္ပါဘိ။ အဲဒါေၾကာင့္ ဒီတစ္ခါေတာ့ ဦးဇင္း တတ္သိေလ့လာထားသမွ်ကုိ ပြင့္ပြင့္လင္းလင္း စံုစံုလင္လင္ျဖစ္ေအာင္ ေျဖေပးလုိက္ပါတယ္။ ပြင့္လင္းအားႀကီးလုိ႔ လူႀကီးလူေကာင္းမ်ားအေနျဖင့္ မသံုးသင့္တဲ့ မေျပာသင့္တဲ့စကားလံုးမ်ား ပါေနလွ်င္လည္း နားႏွင့္မနာ ဖ၀ါးႏွင့္နာပါလုိ႔ပဲ ေတာင္းပန္လုိက္ပါတယ္။ လူငယ္မ်ား ဒီကံႏွင့္ပတ္သတ္ၿပီး နားရွင္းကာ ေရွာင္ၾကဥ္လုိက္နာႏုိင္ေအာင္ ယခုေအာက္က ေမးထားတဲ့ ေမးခြန္းကုိပါ တစ္ဆက္တည္း ေျဖေပးလုိက္ပါတယ္။ အေမးႏွင့္ အေျဖေလးကေတာ့ဒီလုိပါ။

အရွင္ဘုရားတပည့္ေတာ္ ရိုေသစြာေလွ်ာက္ထားအပ္ပါသည္ဘုရား။ ကာေမသု မိစၦာစာရကံႏွင့္ ပတ္သက္၍ ေသခ်ာစြာသိရွိလိုပါသျဖင့္ ေမးျမန္းျခင္းျဖစ္ပါသည္ဘုရား။

(၁) ကာမပိုင္ မိဘမွအစ ေဆြမ်ဳိး၊ ရပ္ေဆြရပ္မ်ုဳိးမ်ား မရွိေတာ့ေသာ အမ်ဳိးသား အမ်ဳိးသမီးတစ္ေယာက္ကို က်ဴးလြန္လွ်င္ အျပစ္မျဖစ္ဘူး ဆိုသည္မွာ ဟုတ္ပါသလားဘုရား။
(၂) အရူးမမ်ားအား က်ဴးလြန္လွ်င္လည္း အျပစ္မျဖစ္ဘူးဆိုသည္မွာ ဟုတ္ပါသလားဘုရား။
(၃) မိမိ ကာမပိုင္ေသာအမ်ဳိးသမီးရွိေသာ္လည္း အေပ်ာ္မယ္မ်ားႏွင့္ ေပ်ာ္ပါးျခင္းစသည္မ်ားသည္လည္း အျပစ္က်ဴးလြန္ရာ ေရာက္ပါသလားဘုရား။
(၄) ၄င္းအျပင္ အမ်ဳိးသမီးတစ္ေယာက္မွ ေနာက္တစ္ေယာက္ျပီးတစ္ေယာက္ ထပ္ယူျခင္းသည္ အျပစ္ သင့္ပါသလားဘုရား။
(၅) တပည့္ေတာ္တို႔ ျမန္မာသမို္င္းတြင္ ဘုရင္အဆက္ဆက္သည္ အမ်ဳိးသမီးမ်ားစြာထားရွိပါသည္ဘုရား။ ထုိမင္းမ်ားသည္ မင္းက်င့္တရားနဲ႔ ညီညြတ္ပါသလားဘုရား။
(၆) ထို႔ျပင္ သိၾကားမင္းသည္လဲ နတ္ျပည္တြင္ နတ္သမီး (၂၅၀၀၀၀၀၀)ႏွင့္ေနျခင္းသည္ ဘယ္လိုဘုန္းကံမ်ဳိးပါလဲဘုရား။
(၇) မိဘအုပ္ထိန္းသူေအာက္တြင္ရွိေသာ အမ်ုဳိးသမီးႏွင့္ ရယ္ငန္၍ က်ဴးလြန္ေနၾကေသာ္လည္း (အမ်ဳိးသမီးသည္ ခြင့္ျပဳၾကည္ျဖဴ၏) ေနာင္တြင္ လက္ထပ္ယူၾကလ်င္လည္း အျပစ္ျဖစ္ပါသလားဘုရား။ မည္ကဲ့သို႔အျပစ္ရွိပါသလဲဘုရား။ ကံကိုက်ဴးလြန္တို္င္း အျပစ္ ျဖစ္ပါသလားဘုရား။
အထက္ပါေမးခြန္းမ်ားကို တပည့္ေတာ္အား အစဥ္သနားျခင္းကို အေၾကာင္းျပဳ၍ ေျဖၾကားေပးေတာ္မူပါဘုရား။


အင္း ပထမဦးဆံုး ကာေမသုမိစၦာစာရကံနဲ႔ ပတ္သတ္ၿပီး သိထားရမည္က ေလာကတြင္ ေလာက၀စၥ၊ ပဏၰတၱိ၀စၥဟု ႏွစ္မ်ိဳးရွိရာ ဒီကံတရားသည္ ေလာက၀စၥထဲတြင္ ပါ၀င္ေပသည္။ ေလာက၀စၥဆုိသည္မွာ မိမိႏွင့္ကုိယ္ခ်င္းစာၿပီး နားလည္သိရွိ သေဘာေပါက္ရမည္ ျဖစ္ပါသည္။ သူတစ္ပါးသားမယားကို မိမိက က်ဳးလြန္မယ္လုိ႔ စိတ္ေပၚလာတဲ့အခါမွာ မိမိစိတ္ထဲမွာ ဒီလုိေလး ေတြးေတာၾကည့္ သင့္ပါတယ္။ ငါက်ဳးလြန္မဲ့ မိန္းကေလးဟာ ငါ့ရဲ႕ မိခင္၊ အမ၊ ႏွမဆုိလွ်င္ေရာ ငါဘယ္လုိခံစားရမလဲ။ အဲဒီလုိေတြးေတာတဲ့အခါမွာ မိမိရဲ႕ေမာင္ႏွမ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ႏိႈင္းယွဥ္ၾကည့္လွ်င္ မိမိစိတ္ရဲ႕ ခံစားခ်က္အတုိင္း တစ္ဘက္လူမွာလည္း သူနဲ႔ဆက္စပ္သူမ်ား ဘယ္လုိခံစားရမယ္ ဆုိတာ ေတြးဆႀကံဆႏုိင္ပါလိမ့္မယ္။ အဲဒါေၾကာင့္ ကာေမသုမိစၦာစာရကံကုိ မက်ဳးလြန္မိေအာင္ ေရွာင္ၾကဥ္ သင့္ပါတယ္။

ကာေမသုမိစၦာစာရကံထုိက္သည့္ အဂၤါရပ္မ်ားကုိ ပထမဦးဆံုး ေျပာျပပါမယ္။
၁။ အဂမနိယဌာနတာ - မသြားလာအပ္ေသာ အရာဌာနျဖစ္ျခင္း။
၂။ ေသ၀နာစတၱံ - မွီ၀ဲလိုေသာ စိတ္ရွိျခင္း။
၃။ မေဂၢနမဂၢပဋိပတၱိ - မဂ္ေခၚလိင္ျဖင့္ လိင္ထဲသို႔ သြင္းျခင္း။
၄။ သာဒိယနံ - သာယာျခင္း။
ဒီအဂၤါ (၄)ရပ္လံုးျပည့္စံုမွ ကာေမသုမိစၦာစာရကံထုိက္ပါတယ္။ ဒီေလးပါးထဲက အဂၤါတစ္ပါးပါး ခ်ိဳ႔ယြင္းလွ်င္ ကံမထုိက္ေပ။ သို႔ေသာ္ တစ္ပါးပါးက်ဳးလြန္မိလွ်င္ ကာေမသုမိစၦာစာရကံေလာက္ အၿပစ္မၾကီးေသာ အကုသိုလ္၊ ဝ႗္ေၾကြးေတာ့ ျဖစ္သည္။

သူတပါး၏ ခင္ပြန္း၊ ဇနီး၊ မယားတို႔ကို သေဘာတူ၍ျဖစ္ေစ၊ မတူပဲျဖစ္ေစ ျပစ္မွားက်ဴးလြန္ျခင္းကို ပါရဒါရကံ ဟုေခၚသည္။ ပရဒါရကံက ကာေမသုမိစၦာစာရကံထက္ ပို၍ အျပစ္ႀကီးပါသည္။ ကာေမသုမိစၦာစာရကံထက္ပို၍ ဆိုးရႊားေသာ အၿပစ္ထိုက္သည္။ ကာေမသုမိစၦာစာရကံ ဆိုသည္မွာ မိမိတရား၀င္ယူထားေသာ ယူထားသူမွအပ အုပ္ထိန္းျခင္းမကင္းေသာ မိန္းမ(၂၀)ကို သေဘာတူ၍ျဖစ္ေစ၊ မတူ၍ျဖစ္ေစ ကာမဆက္ဆံလွ်င္ ကာေမသုမိစၦာစာရကံထုိက္ေပသည္။
အဆိုပါ မိန္းမ(၂၀)တို႔မွာ
၁။ အမိအုပ္ထိန္းေသာသူ။
၂။ အဘအုပ္ထိန္းေသာသူ။
၃။ အမိအဘစံု အုပ္ထိန္းေသာသူ။
၄။ ေမာင္ႀကီး ေမာင္ငယ္ အုပ္ထိန္းေသာသူ။
၅။ အမႀကီး အမငယ္ အုပ္ထိန္းေသာသူ။
၆။ ေဆြမ်ိဳးတို႔ အုပ္ထိန္းေသာသူ။
၇။ အမ်ိဳးအႏြယ္တို႔ အုပ္ထိန္းေသာသူ။
၈။ အေပါင္းအသင္း မိတ္ေဆြသီတင္းသံုးေဖာ္တို႔ အုပ္ထိန္းေသာသူ။

၄င္းမိန္းမ(၈)ဦးတို႔ကို က်ဴးလြန္လွ်င္ ေယာက်္ားေတြမွာသာ ကံထိုက္၍ မိန္းကေလးမ်ားမွာ ကံမထုိက္ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ ထုိမိန္းကေလးမ်ားသည္ သူတုိ႔ကာမကုိ သူတုိ႔ပုိင္ေသးေသာေၾကာင့္ ျဖစ္သည္။ မိဘစေသာ အုပ္ထိန္းေစာင့္ေရွာက္သူမ်ားကုိ တစ္ပါးသူက တရား၀င္ မေတာင္းယူရေသးေသာေၾကာင့္ ျဖစ္ေပသည္။ ခုေခတ္ ၿမန္မာ လူေဘာင္ေလာကမွာ ကိုယ္အခ်င္းခ်င္း သေဘာတူရင္ မၿပစ္မၿဖစ္ပါဘူးဆုိတဲ႔ အေနာက္တုိင္း အယူအဆေတြ ၀င္ေရာက္လာပါတယ္၊ အမွန္က အဲဒီလုိ မဟုတ္ပါဘူး ကိုယ္အခ်င္းခ်င္း ဘယ္လုိပဲ သေဘာတူေနပါေစ သူ႔ကုိထိန္းသိမ္း ေစာင္႔ေ႐ွာက္တဲ႔ သူေတြ႐ွိပါတယ္။

၉။ ထိန္းျမား (တစ္နည္း) လက္ထပ္ၿပီးေသာသူ။
၁၀။ ဘုရင္ေကာက္ယူရန္ သတ္မွတ္ထားေသာသူ။
၁၁။ ဥစၥာျဖင့္ ၀ယ္ယူထားေသာသူ (ၿပည္တန္ဆာမ)။
၁၂။ အလိုတူ ေပါင္းသင္းေနေသာသူ။
၁၃။ ပုဆိုးတန္းတင္ ေပါင္းသင္းေနေသာသူ။
၁၄။ စည္းစိမ္ကိုေပး၍ ေပါင္းသင္းေနေသာသူ။
၁၅။ ေရခြက္၌ လက္ဆံုခ်၍ မိဘက ေပးစားထားေသာသူ။
၁၆။ ေခါင္းခုခ်၍ လင္မယားအျဖစ္ ေနေသာသူ။
၁၇။ ကၽြန္ကို မယားျပဳထားေသာသူ။
၁၈။ အမႈလုပ္ကို မယားျပဳထားေသာသူ။
၁၉။ စစ္ေျမျပင္မွ သံုးပန္းရခဲ့ေသာသူ။
၂၀။ ေခတၱမွ်ေပါင္းရန္ ငွားယူထားေသာမိန္းမ တုိ႔ပင္ ျဖစ္ေပသည္။

ထုိတြင္ အမွတ္(၉)မွ(၂၀)ထိ မိန္းမ(၁၂)ေယာက္အနက္ တစ္ေယာက္ေယာက္ကို လြန္က်ဴးလွ်င္ ေယာက်္ားေရာ မိန္းမပါ ကာေမသုမိစၦာစာရကံ ထုိက္ေပသည္။ ထို႔ျပင္ မိမိမယားပင္ ျဖစ္ေစကာမူ ေအာက္ပါအေႀကာင္း (၄)ပါေၾကာင့္လည္း ကံထိုက္ပါသည္။
၁။ ကိုယ္၀န္ အလြန္ရင့္ေသာအခါ။
၂။ မိဘ၊ဆရာ၊ သူတကာျမင္၍မသင့္ေသာေနရာ။
၃။ က်င့္ရိုး က်င့္စဥ္ မဟုတ္ေသာ နည္းစနစ္မ်ားျဖင့္ က်င့္ျခင္း။
၄။ ေဆး၀ါးမွီး၀ဲ ရွိၿမဲအဂၤါထက္ လြန္ေနျခင္းတုိ႔ပင္ ျဖစ္ေပသည္။

ဒကာေမးထားတဲ့ ေမးခြန္းမ်ားကုိ ဦးဇင္းတစ္ခုခ်င္းစီ ထပ္ရွင္းျပေပးပါမယ္။ နံပါတ္(၁-၂)သည္ အထက္ပါအုပ္ထိန္းသူ (၂၀)ထဲ မပါရွိလွ်င္ေတာ့ အျပစ္မရွိပါ။ အုပ္ထိန္းသူရွိေနလွ်င္ေတာ့ အျပစ္ရွိေပသည္။

နံပါတ္(၃)သည္ မိမိမွာ ကာမပုိင္ရွိေသာေၾကာင့္ မည္သည့္မိန္းမမ်ိဳးႏွင့္မဆုိ က်ဴးလြန္လွ်င္ အျပစ္ရွိေပသည္။

နံပါတ္(၄) အုပ္ထိန္းသူခြင့္ျပဳခ်က္ရ၍ ေနာက္ထပ္မိန္းမယူလွ်င္ မိမိသည္ တရား၀င္ ေတာင္းယူထားေသာေၾကာင့္ အျပစ္မရွိပါေပ။

နံပါတ္(၅) ဘုရင္မ်ားသည္ မိဖုရားေကာက္ယူရာ၌ တရား၀င္လက္ထက္ယူထားလွ်င္ အျပစ္မရွိေပ။ တိတ္တိတ္ပုန္းယူလွ်င္ေတာ့ မင့္က်င့္တရား၌လည္း ငါးပါးသီလ လံုၿခံဳရမည့္ျဖစ္၍ အျပစ္ရွိၿပီး မင့္က်င့္တရားႏွင့္မညီေပ။

နံပါတ္(၆) သိၾကားမင္းသည္ အရင္လူ႕ဘ၀က မာဃအမည္ႏွင့္ လမ္းျပင္ျခင္း၊ တံတားေဆာက္ျခင္း၊ ဇရပ္ေဆာက္ျခင္းစတဲ့ ေကာင္းမႈမ်ား လုပ္ခဲ့၍ သိၾကားမင္းျဖစ္ၿပီးလွ်င္ ယခုပြင့္ခဲ့တဲ့ ေဂါတမဘုရားရွင္လက္ထက္တြင္ ဘုရားရွင္ထံခဏခဏသြားၿပီး တရားနာခဲ့ျခင္းေၾကာင့္ ေသာတာပန္ျဖစ္သြားပါတယ္။ အဲဒီေသာတာပန္ျဖစ္ၿပီးေနာက္ အရင္သိၾကားမင္း ဘ၀ကေန ယခုတစ္ဖန္ဆက္လက္ၿပီး သိၾကားမင္း ျဖစ္ရပါတယ္။ နတ္မိဖုရားမ်ားရျခင္းကေတာ့ နတ္သမီး ျဖစ္လာမည့္သူမ်ားသည္ နတ္သားမ်ား၏ ဗိမာန္တြင္း၊ ဗိမာန္ေရွ႕တည့္တည့္တြင္ မျဖစ္ဘဲ ေလးဘက္ေလးလံ နတ္သားမ်ား၏ဗိမာန္ၾကားတြင္ လာျဖစ္ပါက သိၾကားမင္းသည္ နတ္သားမ်ား အျငင္းပြားစရာ လုစရာ ျဖစ္ေနလွ်င္ သူကပဲ ေကာက္ယူျခင္းေၾကာင့္ နတ္မိဖုရားမ်ားရျခင္း ျဖစ္ေပသည္။

နံပါတ္(၇) မိန္းကေလးဘက္က ၾကည္ျဖဴေသာ္လည္း မိဘစေသာအုပ္ထိန္းသူမ်ားထံ တရား၀င္ခြင့္မေတာင္းရေသးဘဲ က်ဳးလြန္လွ်င္ အျပစ္ရွိေပသည္။ ေစ့စပ္ျခင္းစသည့္ တရား၀င္အုပ္ထိန္းသူမ်ားထံ ခြင့္ေတာင္းၿပီးသားျဖစ္လွ်င္ေတာ့ တကယ္လည္း တရား၀င္လက္ထက္ယူျဖစ္ပါက အျပစ္မရွိပါေပ။
ေလာကမွာ က်င္လည္က်က္စားေနၾကတဲ့ သတၱ၀ါမွန္သမွ်ဟာ သတိလက္လြတ္မႈေၾကာင့္ မမွားသင့္တဲ့ အမွားေလးေတြ မွားေနၾကပါတယ္။ တခ်ိဳ႕အမွားေလးေတြက်ေတာ့ မိမိဘက္က မွန္တယ္ထင္ရေပမဲ့ သူေတာ္ေကာင္းေတြ အျမင္မွာေတာ့ မွားတဲ့အရာျဖစ္ေနပါတယ္။ ယေန႔ေခတ္တြင္ လူငယ္မ်ားဟာ ကာမကိစၥမ်ားနဲ႔ပတ္သတ္ၿပီး မွားသင့္တဲ့အရာလား၊ မမွားသင့္တဲ့ အရာလားဆုိတာ ခြဲျခားေ၀ဖန္ျခင္း ေလ့လာျခင္းမရွိဘဲ စိတ္ကုိအလုိလုိက္ကာ အလြယ္တကူ မွားယြင္းေနၾကပါတယ္။ တကယ္ဆုိ ကာမအမႈဟာ မိမိအတြက္ အျပစ္နဲ႔အက်ိဳး ဘယ္ဟာက ပုိမ်ားသလဲဆုိတာ စဥ္းစားဖုိ႔လုိပါတယ္။

ဒါျပင္ ယခုေခတ္လူငယ္မ်ား က်ဳးလြန္ေနၾကတဲ့ ကာမမႈမ်ားဟာ မ်ားေသာအားျဖင့္ ကာေမသုမိစၦာစာရကံနဲ႔ မကင္းဘူ းျဖစ္ေနပါတယ္။ မိမိတုိ႔ဟာ ဘယ္လုိမိန္းမေယာက်္ားနဲ႔ က်ဳးလြန္ရင္ ကာေမသုမိစၦာစာရကံ ထုိက္မလဲဆုိတာ ေသခ်ာမသိၾကပါ။ တခ်ိဳ႕က်ေတာ့လည္း သိသိႀကီးနဲ႔ မုိက္ေနၾကတာလည္း ျဖစ္ပါမယ္။ အဲဒီလုိမုိက္ေနတာဟာ ကာေမသုမိစၦာစာရကံရဲ႕ ဆုိးက်ိဳးမ်ားကုိ မိမိတုိ႔က ေသခ်ာမစဥ္းစား မေလ့လာထားလုိ႔ပါ။ တကယ္တမ္း ေလ့လာဆင္ျခင္ စဥ္းစားမယ္ဆုိရင္ ဒီကာေမသုမိစၦာစာရကံရဲ႕အက်ိဳးဟာ မ်က္ေမွာက္တမလြန္ ႏွစ္ဘ၀လံုးအတြက္ ဘယ္ေလာက္ အႏၱရာယ္မ်ားတယ္ဆုိတာ သိပါလိမ့္မယ္။

****ခုေတာ့ အဲဒီလုိမသိတဲ့အတြက္ ယေန႔ေခတ္လူငယ္မ်ားဟာ ကာမကိစၥကုိ အလြယ္တကူ ဘာမွမျဖစ္ဟုထင္ေနၿပီး က်ဳးလြန္ေနၾကပါတယ္။ ဒါဟာလည္း တျခားႏုိင္ငံက ကံတရား “ကံ” ကံ၏အက်ိဳးေပးကုိ မယံုၾကည္ၾကတဲ့လူေတြရဲ႕ လုပ္ရပ္မ်ားကုိ အတုယူလုိ႔လည္း မမွားသင့္တာ မွားေနၾကတာပါ။ မိန္းကေလးမ်ားကလည္း မိမိတုိ႔ဣေျႏၵသိကၡာကုိ မထိန္းဘဲ ဒီလုိျပဳက်င့္ခံရတာဟာ ထည့္တြက္စရာ မလုိပါလုိ႔ ထင္ထားေသာ္လည္း ေနာက္ပုိင္း မဖံုးႏုိင္မဖိႏုိင္ျဖစ္လာတဲ့အခါ ကိုယ္႔ရင္ေသြးရဲ့ အသက္ကုိေတာင္ အလြယ္တကူ သတ္ျဖတ္ၾကပါတယ္။ အဲဒီေတာ့ တစ္မႈကေနႏွစ္မႈထိ အဆင့္တုိးကာ မေကာင္းမႈမ်ား ျဖစ္လာပါတယ္။ အဲဒီလုိ လူသားတုိင္းမွာ မေကာင္းမႈေတြ မ်ားလာမယ္ဆုိရင္ သဘာ၀ကပ္ဆုိးေတြကလည္း ျဖစ္လာမွာပါ။ အဲဒီေတာ့ သဘာ၀ကပ္ဆုိးေတြက လြတ္ကင္းၿပီး ေနာက္ေနာင္ဘ၀ေတြမွာလည္း ဆင္းရဲဒုကၡမေရာက္ရေအာင္ ကာမအမႈအမွားမ်ားမွ ေရွာင္ၾကဥ္ရပါမယ္။*****

ယခုေခတ္တြင္ ႏုိင္ငံတုိင္း၌ ေမထုန္မႈျပဳလုပ္ျခင္းကုိ ေခတ္စားေနေလာက္ေအာင္ လူသားတုိ႔စိတ္တြင္ အာရံုျပဳ က်ဳးလြန္းေနၾကသည္ကုိ စာဖတ္သူတုိ႔ ျမင္ဖူးၾကားဖူးေပလိမ့္မည္။ ေခတ္ကာလသည္ ကိေလသာမ်ား မ်ားျပားလာေသာ ေခတ္လာလျဖစ္လာသည့္နဲ႔အမွ် လူသားစိတ္တုိ႔တြင္ ကာမစိတ္မ်ား မြန္ထူလ်က္ရွိေနၾကေပသည္။

ထုိ႔တြင္ မိန္းကေလးမ်ားႏွင့္ ေကာင္ေလးမ်ား မသိသလုိလုိ သိသလုိလုိနဲ႔ က်ဴးလြန္ေနေသာ အျပစ္မ်ားသည္ ၾကာေလဆုိးရြားစြာ ျဖစ္လာေလဟု ထင္ျမင္မိပါသည္။ ထုိသုိ႔ျပဳမႈျခင္းမ်ားသည္ သိရဲ႕သားနဲ႔ လုပ္တာလား မသိလို႔မ်ား လုပ္ေနၾကတာလားဟု စဥ္းစားမရ၍ ေမထုန္မႈကိစၥမ်ားနဲ႔ ပတ္သတ္ေသာ သိသင့္ေသာ အေၾကာင္းအရာမ်ားကုိ အနည္းငယ္တင္ျပေပးလုိက္ပါသည္။
အိမ္ေထာင္ရွိၿပီးသားသူမ်ားက က်န္တစ္ပါးသူနဲ႔ က်ဳးလြန္လွ်င္ ကာေမသုမိစၧာစာရကံထုိက္၍ အျပစ္ရွိတယ္ဆုိတာ သိေပၾကလိမ့္မည္။ သိရက္နဲ႔ မုိက္တာသာ ျဖစ္ေပမည္။ အိမ္ေထာင္မျပဳေသးသူမ်ား ေမထုန္အက်င့္ကုိ ျပဳက်င့္တာသည္ အျပစ္မရွိဟု မွတ္ထင္ေနေသာ သူမ်ား ရွိေပလိမ့္မည္။ ထုိ႔ေၾကာင့္ ထုိသုိ႔ေသာသူမ်ားအတြက္ တင္ျပေပးပါမည္။

ကာေမသုမိစၧာစာရကံတြင္ မသြားေကာင္းေသာ မိန္းမ(၂၀)ဆုိတာ ရွိပါတယ္။ ထုိအထဲတြင္ အမိ၊ အဖ၊ မိဘႏွစ္ပါး၊ အကုိေမာင္၊ အမညီမ၊ ေဆြမ်ိဳး၊ အမ်ိဳးအႏြယ္၊ သူငယ္ခ်င္းမ်ား အုပ္ထိန္းေသာ မိန္းမ(၈)ေယာက္တြင္ က်ဴးလြန္ေသာ ေယာက်္ား၌ ကာေမသုမိစၧာစာရ အျပစ္ထိုက္၍ က်ဳးလြန္ခံရေသာ မိန္းကေလးမွာ အျပစ္မထုိက္ပါ။ သုိ႔ေသာ္ တစ္ခ်ိဳ႕ေသာ ေယာက်္ားေလးမ်ားက ေျပာေပလိမ့္မည္။ မိန္းကေလးက သေဘာတူ၍ ျပဳက်င့္တာ အျပစ္မရွိဟု။ တရား၀င္ ေစာင့္ေရွာက္သူမ်ား၏ ခြင့္ျပဳခ်က္မရဘဲ ကာမကုိ ယူျခင္းေၾကာင့္ အျပစ္ရွိေပသည္။ ႏွစ္ဦးသေဘာျဖစ္၍သာ အျပစ္နည္းနည္း ေလ်ာ႔ရံုသာၿဖစ္သည္။ ႏွစ္ဦးသေဘာမတူပါက ပို၍အၿပစ္ၾကီးသည္။ ကာေမသုမိစၧာစာရကံ က်ဳးလြန္တဲ့အခါ အလုိတူမဟုတ္ဘဲ အႏိုင္အထက္ျပဳက်င့္ရင္ အျပစ္ပိုႀကီးၿပီး ႏွစ္ဦးသေဘာတူလုိ႔ က်ဴးလြန္ရင္ေတာ့ အျပစ္နညး္နည္းသာ ေလ်ာ႔ပါတယ္။ ႏွစ္ဦးသေဘာတူ က်ဳးလြန္တဲ့အခါမွာလည္း ကိေလသာအားႀကီး,မႀကီး၊ လံု႔လအနည္းအမ်ားလုိက္ၿပီး အျပစ္အႀကီးအေသး ကြာျခားပါတယ္။

ထုိသုိ႔မဟုတ္ဘဲ မိန္းကေလးဘက္ကလည္း သေဘာမတူဘဲ က်ဴးလြန္လွ်င္ ထုိသူသည္ အျပစ္မ်ားစြာ ထုိက္ေပသည္။ သီလရွိေသာ မိန္းကေလးကုိ က်ဴးလြန္မိလွ်င္ ပုိ၍ပုိ၍အျပစ္မ်ားပါသည္။ ထုိ႔ေၾကာင့္ ေရွးဆရာႀကီးမ်ားက ´မိန္းမႏွစ္က်ိပ္၊ ေပ်ာ္ေၾကာင္းသိပ္လည္း၊ မအိပ္ေလရာ´ဟုေၿပာဆိုခဲ႔သည္။ မိန္းမမ်ားက ေခၚအိပ္သည့္တုိင္ မိမိကုိယ္ပုိင္မိန္းမမွတစ္ပါး မိန္းမ(၂၀)နဲ႔ မအိပ္ၾကဖုိ႔ ဆံုးမခဲ့ျခင္း ျဖစ္ေပသည္။

မိန္းကေလးမ်ားက သူတို႔၏ ကာမကုိ မည္သူကမွ် တရား၀င္ေစာင့္ေရွာက္သူမ်ားထံမွ လာမေတာင္းထားေသးပါက သူတုိ႔ကုိယ္ပုိင္ ျဖစ္ေနေသး၍ အျပစ္မရွိျခင္း ျဖစ္ေပသည္။ ေစာင့္ေရွာက္သူမ်ားထံမွ တရား၀င္ေတာင္းၿပီးေသာ ေစ့စပ္ၿပီးေသာ မိန္းကေလးမ်ား တစ္ပါးသူနဲ႔ ေဖာက္ျပန္ပါက အျပစ္ရွိေပသည္။ ကာမကုိ ကုိယ္မပုိင္ေတာ႔ေသာေၾကာင့္တည္း။
အမ်ိဳးသားဘက္ကလည္း လြတ္လပ္သူမွန္ကန္မယ္ အမ်ိဳးသမီးဘက္ကလည္း ေစ့စပ္ထားသူစတဲ့ ပုိင္ဆုိင္သူမ႐ွိေသးဘူး။ ဒါေပမဲ့ မိဘသေဘာမတူလုိ႔ ခုိးထြက္ေျပးၿပီး ႏွစ္ဦးသေဘာတူ ရံုးတက္လက္မွတ္ထုိးကာ လြတ္လပ္စြာ မယားအမွတ္နဲ႔ ေပါင္းသင္းဆက္ဆံရင္ ဆႏၵ၀ါသီနီ-အလုိတူေနလုိ႔ မယားအရာေျမာက္တဲ့အတြက္ ကံမထိုက္ပါ။

ဒီေနရာမွာ လက္မွတ္ထုိးတဲ့ရံုးဌာနဟာ ႏုိင္ငံေတာ္က လုပ္ပုိင္ခြင့္ေပးထားတဲ့ ေနရာျဖစ္ဖုိ႔လုိပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ႏုိင္ငံေတာ္အုပ္ခ်ဳပ္သူမ်ားဆုိတာ ျပည္သူမ်ားရဲ႕အုပ္ထိန္းသူမ်ား ျဖစ္ပါတယ္။ ဒါေၾကာင့္ ရံုးတက္လက္မွတ္ထုိးတာဟာ တရား၀င္ျဖစ္သြားလုိ႔ ကံမထုိက္တာပါ။ တကယ္လုိ႔ မိမိတုိ႔က တရား၀င္ လက္ထက္ယူမယ္ဆုိတဲ့ ဆံုးျဖတ္ခ်က္ရွိၿပီး ႏွစ္ဦးသေဘာတူ လြတ္လပ္တဲ့ခ်စ္သူမ်ား က်ဳးလြန္မိၾကရင္ လက္ထက္မယ္ဆုိတဲ့ ဆံုးျဖတ္ခ်က္ေၾကာင့္ အျပစ္အနည္းငယ္ ေသးပါေသးတယ္။ သုိ႔ေသာ္ လက္မထက္ျဖစ္ခဲ့ဘူးဆုိရင္ေတာ့ ကံထုိက္တဲ့အတြက္ အျပစ္ပိုႀကီးပါလိမ့္မယ္။

ကာမပုိင္႐ွိတဲ့သူဟာ လူဇာတ္မဟုတ္တဲ့ တိရိစၧာန္တို႔နဲ႔ က်ဴးလြန္ရာရင္လည္း ကာေမသုမိစၧာစာရျဖစ္ပါတယ္။ ဘူရိဒတ္နဂါးမင္းႀကီးဟာ သီလ ေဆာက္တည္ေၾကာင္း၊ ယုန္, ဖ်ံ, ေျမေခြး, ေမ်ာက္တို႔သည္လည္း သီလေဆာက္တည္ေၾကာင္းကို က်မ္းဂန္တို႔၌ လာ႐ွိတဲ့အတြက္ တိရစၦာန္မ်ားမွာလည္း ငါးပါး႐ွစ္ပါးစတဲ့ သီလမ်ား႐ွိၾကပါတယ္။ ဒါေၾကာင့္ တိရိစၧာန္နဲ႔က်ဳးလြန္ရင္လည္း ကံထုိက္ပါတယ္။ ေကာသလဘုရင္ရဲ႕ မိဖုရားႀကီးျဖစ္တဲ့ မလႅိကာဟာ ေခြထီးနဲ႔ေဖာက္ျပန္မႈကုိ သာယာမိခဲ့လုိ႔ ကာေမသုမိစၦာစာရကံ အျပစ္ျဖစ္ခဲ့ရတာပါ။

အ႐ူးမကုိ မိဘစသည္တုိ႔က၄င္း၊ တစ္ေယာက္ေယာက္က၄င္း၊ အုပ္ထိန္းသူရွိရင္ က်ဳးလြန္သူမွာ ကာေမသုမိစၦာစာရကံ ထုိက္ပါတယ္။ ေယာက်္ားခ်င္းခ်င္းေသာ္လည္း ၀စၥမဂ္၊ မုခမဂ္တုိ႔ကုိက်ဴးလြန္ရင္ ကာေမသုမိစၧာစာရ ကံထုိက္တယ္လုိ႔ ဆရာႀကီးေတာ္မ်ား မိန္႔ဆုိခဲ့ပါတယ္။

ထံုးစံဓမၼတာမုိ႔သာ မိန္းမကို ကာေမသုမိစၧာ စာရအရ ယူၾကတာပါ။ ေယာက်္ားကိုလည္း ကာေမသုမိစၧာစာရအရ ယူရပါမယ္။ ဒါေၾကာင့္ ေယာက်္ားခ်င္းခ်င္း က်ဳးလြန္ရာတြင္လည္း မိန္းကေလးမ်ားနည္းတူ အုပ္ထိန္းသူရွိသူမယ္ ကာမပုိင္ရွိမယ္ဆုိရင္ ကံထုိက္ပါတယ္။
ဒါေၾကာင့္ မိမိတို႔ဟာ သူတစ္ပါးသား၊သမီး၊ဇနီး၊လင္မ်ားကို က်ဳးလြန္ခ်င္တဲ့စိတ္ေပၚလာရင္ ငါက်ဳးလြန္မယ္႔ မိန္းကေလး၊ ေယာက္်ားေလးေနရာမွာ ငါ့ရဲ႕မယား၊ခ်စ္သူ၊မိခင္၊အမ၊ႏွမကုိ သူမ်ားကက်ဳးလြန္မယ္ဆုိရင္ ငါဘယ္လုိခံစားရမလဲ? ၿပီးေတာ႔ ငါ႔လင္၊ငါ႔မယား၊ငါ႔ခ်စ္သူဟာ သင္ေဖာက္ၿပန္သလိုမ်ိဳး သူမ်ားနဲ႔ေဖာက္ၿပန္ရင္ သင္ဘယ္လိုခံစားရမလဲ? ဝဋ္ဆိုတာ လည္ေနတယ္ဆိုတာ သတိရေစခ်င္ပါတယ္။ အခုဘဝမွာ ဒီလိုလူမ်ိဳးနဲ႔ေတြ႔ၾကံဳဆံုရတာဟာ မိမိကိုတဖန္ ၿပန္ဝ႗္ေၾကြးဆပ္ေစတာပဲ ၿဖစ္ပါတယ္။ ဘယ္သူမၿပဳ မိမိမွဳပါပဲ။ “သင့္ၿပဳေသာကံ ပဲ့တင္သံ သင့္ထံၿပန္လာမည္” ဒီေဆာင္းပုဒ္ေလးကို ေဆာင္ထားရင္ အကုသိုလ္ကို ေရွာင္ၾကဥ္စိတ္တိုးပြားလာမွာပါပဲ။

အဲဒီလူေနရာမွာ ငါဆုိရင္ေရာ ဘယ္လုိခံစားရမလဲ စတာေတြ ေတြးေတာၾကည့္ရပါမယ္။ အဲဒီလုိေတြးေတာတဲ့အခါမွာ မိမိရဲ႕ မယား၊ခ်စ္သူ၊ ေမာင္ႏွမ၊ ေဆြမ်ိဳးသားခ်င္းမ်ားနဲ႔ ႏိႈင္းယွဥ္ၾကည့္ရင္ မိမိစိတ္ရဲ႕ခံစားခ်က္အတုိင္း တစ္ဘက္လူမွာလည္း သူနဲ႔ဆက္စပ္သူမ်ား ဘယ္လုိခံစားရမယ္ဆုိတာ ေတြးဆႀကံဆ ႏုိင္ပါလိမ့္မယ္။ အဲဒီလုိသာ ေရွးေနာက္ စဥ္းစားေတြးေခၚမယ္၊ မိမိစိတ္ကုိ သတိျဖင့္ ထိန္းခ်ဳပ္မယ္ဆုိရင္ ကာေမသုမိစၦာစာရ အမႈမ်ားမွ ေရွာင္ၾကဥ္ႏုိင္မွာပါ။

ေရွးဆရာေတာ္ႀကီးမ်ားက “ကာမေရာဂါ ကုိယ္တြင္းနာ ကို ဟီရိဩတၱပ္ ပညာညႇပ္၍ ႏိွပ္ကြပ္ႏိုင္ပါတယ္”လုိ႔ မိန္႔ဆုိထားတာ ရွိပါတယ္။ အဲဒီလုိ မိမိတို႔က ကာမကိစၥဟာ ဟီရိၾသတၱပၸကင္းမဲ့တဲ့ အလုပ္ျဖစ္တဲ့အတြက္ မိမိတရား၀င္ယူထားသူမွလြဲ၍ တျခားသူမ်ားကုိ မျပစ္မွားမိေအာင္ ပညာဉာဏ္ကုိ သတိျဖင့္ ထိန္းခ်ဳပ္ထားရပါမယ္။ လူသားမ်ားမွာ မိမိတရား၀င္ယူထားတဲ့ ဇနီး၊မယား၊လင္သားတုိ႔နဲ႔ က်ဳးလြန္လုိ႔ရပါတယ္။ ရဟန္းသံဃာမ်ားမွာ ဘယ္သူနဲ႔မွ က်ဳးလြန္လုိ႔မရပါဘူး။ ကိေလသာ မကင္းေသးတဲ့ လူအတူတူ ရဟန္းသံဃာမ်ားေတာင္ ကာမကိစၥကုိ ထိန္းႏုိင္ေသးရင္ လူသားမ်ားလည္း မိမိတရား၀င္ က်ဳးလြန္လုိ႔ရတဲ့ဟာမွတစ္ပါး တျခားဟာကုိ မက်ဳးလြန္မိေအာင္ ေစာင့္ထိန္းႏုိင္ရမွာပါ။

“ငါတုိ႔လူေတြက ဒါေတြမေစာင့္ထိန္းႏုိင္လုိ႔ ဒီလုိေနတာကြ” ဆုိရင္လည္း တရား၀င္ယူၿပီး က်ဳးလြန္လုိ႔ရတာနဲ႔ မလံုေလာက္ေသးဘဲ စိတ္တုိင္းက် ကာေမသုမိစၦာစာရကံ က်ဳးလြန္ေနမယ္ဆုိရင္ေတာ့ ေနာက္ေနာင္ဘ၀ေတြမွာ ကုိယ့္အလွည့္ က်ေရာက္လာမွာမုိ႔ ခံႏုိင္ရည္ရွိေအာင္ ျပင္ဆင္ထားရပါလိမ့္မယ္။ မိမိက ကံေကာင္းလုိ႔ ျမင့္ျမတ္တဲ့ေယာက်္ားဘ၀ေလး ရလာတာကုိ ေနာက္ဘ၀ေတြမွာ ထပ္ကံေကာင္းေအာင္မလုပ္ဘဲ ျမင့္တဲ့ဖုိဓာတ္ဘ၀ကေန ယုတ္နိမ့္တဲ့ မဓာတ္ဘ၀ကုိ ေရာက္ေအာင္ လုပ္ေနမယ္ဆုိရင္ ကုိယ္အလွည့္လည္း ခံရဦးမယ္ဆုိတာ မေမ့ဖုိ႔လုိ္ပါတယ္။ ကုိယ္ေယာက်္ားဘ၀ ရတုန္းကေတာ့ ထင္တုိင္းက်ဲလာခဲ့ၿပီး ကုိယ့္အလွည့္က်မွ ေၾကာက္ပါၿပီ မျဖစ္ၾကပါေစနဲ႔။ အဲဒီလုိမျဖစ္ေအာင္ ယခုရရွိေနတဲ့ လူ႔ဘ၀ေလးမွာ မမွားသင့္တာ မမွားရေအာင္ သတိထားေနထုိင္ဖုိ႔ လုိ္ပါတယ္။

မိန္းကေလးမ်ားကလည္း မိမိတုိ႔ အရင္ဘ၀ေတြက မေကာင္းတာလုပ္ခဲ့လုိ႔ ယခုမ်က္ေမွာက္မွာ ယုတ္နိမ့္တဲ့ဘ၀ရေနတာကုိ ေက်နပ္မေနဘဲ ေနာက္ေနာင္ဘ၀ေတြမွာ ျမင့္ျမတ္တဲ့ ေယာက်္ားဘ၀ရေအာင္ ႀကိဳးစားဖုိ႔လုိပါတယ္။ ဘယ္လုိပဲ ေယာက်္ားႏွင့္မိန္းမ တန္းတူယွဥ္ႏုိင္ပါတယ္ ေျပာပါေစ…. ယုတ္နိမ့္တဲ့ဘ၀၊ အနိမ္ခံရတဲ့ဘ၀၊ အနိင္က်င့္ခံရတဲ့ဘ၀ကေတာ့ မလြတ္တာအမွန္ပါ။ အဲဒါေၾကာင့္မုိ႔ မိန္းမဘ၀ကေန ေယာက်္ားဘ၀ရဖုိ႔အတြက္ ယခုဘ၀မွာ မိန္းကေလးဣေျႏၵႏွင့္ေနၿပီး မမွားသင့္တာ မမွားရေအာင္ သတိထား ေနထုိင္ရပါမယ္။

ဒါေၾကာင့္ လူသားအားလံုး ရရွိလာတဲ့လူ႔ဘ၀ေလးမွာ မမွားသင့္တဲ့အမွားမ်ား မျပဳလုပ္မိေအာင္ သတိထားဆင္ျခင္ကာ ေနာက္အနာဂတ္ ဘ၀မ်ား ေကာင္းစားေရးကုိသာ အဓိကထား လုပ္ဖုိ႔လုိပါတယ္။ ယခု မိမိတုိ႔ဟာ လူ႔ဘ၀ကုိရေနၿပီမုိ႔ ဒီဘ၀မွာ ႀကံဳရမဲ့ဆင္းရဲဒုကၡဟာ အေသးအဖြဲေလးပဲ ျဖစ္ပါတယ္။ ေနာက္ဘ၀မ်ားစြာဟာ မိမိဘယ္လုိဘ၀ေတြေရာက္ၿပီး ဘယ္လုိဆင္းရဲေတြ ႀကံဳရဦးမလဲဆုိတာ မသိႏုိင္ပါ။ ဒါေၾကာင့္ မသိႏုိင္ေသးတဲ့ဘ၀ကုိ ခ်မ္းသာမႈေတြနဲ႔ ရင္ဆုိင္ရေအာင္ ယခုကတည္းက ျပင္ဆင္ထားဖုိ႔ လုိပါတယ္။ တကယ္လုိ႔ မိမိတုိ႔က အမွားေတြပဲလုပ္ၿပီး လူ႔ဘ၀ႀကီးကုိ ျဖတ္သန္းသြားမယ္ဆုိရင္ ဒု၊တ၊န၊ေသာ ေလးေယာက္ကဲ့သုိ႔ ေနာက္မွေနာင္တ ေတြရေနပါလိမ့္မယ္။ အဲဒီလုိေနာင္တေတြမရဖုိ႔ရန္ ယခုကတည္းက မမွားသင့္တာမမွားရေအာင္ သတိထားၾကပါကုန္။

အခုေခတ္လူငယ္မ်ား မသိ၍က်ဳးလြန္မိမွာဆုိးေသာေၾကာင့္ တင္ျပေပးလုိက္ျခင္း ျဖစ္ေပသည္။ တကယ္ေတာ့ ကာမဂုဏ္စိတ္ဟာ မိမိရဲ႕စိတ္ထိန္းႏုိင္မႈေပၚမွာ မူတည္ပါေပသည္။ တဏွာကုိ ပယ္သတ္ႏုိင္ေသာ ရဟႏၱာမျဖစ္ေသးသမွ် ပုထုဇဥ္လူသားတုိင္းတြင္ ထုိစိတ္မ်ားရွိေပသည္။ ထုိတြင္ စိတ္ထိန္းႏုိင္မႈႏွင့္မထိန္းႏုိင္မႈသာ ကြာေပလိမ့္မည္။ စိတ္ထိန္းႏုိင္ေသာသူသည္ အျပစ္မရွိ၍ ဒုကၡ မေရာက္ေပ။ စိတ္မထိန္းႏုိင္ေသာသူသည္ ယခုဘ၀လည္း ဒုကၡေတြ႕ ေနာင္ဘ၀လည္း ဆင္းရဲေပလိမ့္မည္။ ကာေမသုမိစၧာစာရကံ၏ ဆုိးက်ိဳးမ်ားကုိ သာဓကျဖင့္ တင္ျပေပးပါမည္။

အထက္ပါ မိန္းမ(၂၀)မွ တစ္ကေနရွစ္အထိ ပါ၀င္ေနေသာ မိန္းကေလးမ်ားမွာမႈ ကာေမသုမိစၦာစာရကံေတာ့ မထုိက္ေပ။ သုိ႔ေသာ္ ေယာက်္ားမ်ားအား ေသြးေဆာင္မာယာမ်ားမႈရွိပါက အကုသုိလ္အျပစ္ေတာ့ ျဖစ္ေပသည္။ ထုိ႔ျပင္ အိမ္ေထာင္က်ၿပီးသူမ်ားသည္ မိမိတရား၀င္ယူထားေသာ မိန္းမမွတစ္ပါး က်န္ေသာသူမ်ားႏွင့္ အယုတ္ဆံုး ျပည္တန္ဆာမႏွင့္ က်ဳးလြန္လွ်င္လည္း ကာေမသုမိစၦာစာရကံ ထုိက္ေပသည္။

အိမ္ေထာင္ မက်ေသးေသာသူမ်ားသည္ အုပ္ထိန္းသူက ခြင့္ျပဳထားေသာ ျပည္တန္ဆာမလည္းျဖစ္၊ ကာယကံရွင္ ျပည္တန္ဆာမကလည္း ၾကည္ျဖဴမည္၊ သူမ်ားစပြန္ဆာ ေပးထားတာလည္း မရွိေသးလွ်င္ ကာေမသုမိစၦာစာရကံ မထုိက္ဘဲ ရာဂေသာင္းက်န္မႈ အကုုသုိလ္အၾကီးစား ျဖစ္ေပသည္။ ထိုေနရာ၍ တစ္ခုေၿပာခ်င္သည္မွာ ကိုယ္ၿပဳေသာကံ ကိုယ္႔ထံၿပန္လာမည္ ဆိုတာသိေစခ်င္ပါသည္။ ကိုယ္ကေပြလ်ွင္ ေပြေသာသူႏွင္႔ေတြ႔မည္။ ၀ဋ္ဆိုသည္မွာ လည္တတ္စၿမဲပင္။ ၀ဋ္ဆိုသည္မွာ အင္မတန္ ေၾကာက္စရာေကာင္းပါသည္။ ၿပီးလ်ွင္ ထိုကဲ႔သို႔ ေပြေသာသူမ်ားအတြက္ AIDS ေလးလံုးေရာဂါကလဲ ၾကိဳဆိုေနလိမ္႔မည္။

ကာေမသုမိစၧာရကံသည္ အလြန္ေၾကာက္စရာေကာင္းေသာ အျပစ္ျဖစ္ေပသည္။ ကၽြတ္တမ္း၀င္မည့္ အရွင္အာနႏၵာ၊ ဣသိဒါသီေထရီမ ပါရမီရွင္ႀကီးမ်ားသည္ပင္ ကၽြတ္တမ္း၀င္မည့္ ဤဘဒၵကမၻာ တစ္ခုေသာဘ၀တြင္ ကာေမသုမိစၧာစာရကံကုိ က်ဴးလြန္မိခဲ့ေသာေၾကာင့္ ဆင္းရဲေပါင္းစံုနဲ႔ ႀကံဳေတြ႕ခံခဲ့ရေပသည္။ အရွင္အာနႏၵေလ်ာင္းလ်ာသည္ ငရဲ၌ ႏွစ္ေပါင္းမ်ားစြာ၊ လူျပည္၌ မိန္းမဘ၀၊ ပ႑ဳတ္ဘ၀တုိ႔ ျဖစ္ခဲ့သည့္အျပင္ တိရစၧာန္ဘ၀ေပါင္းမ်ားစြာတုိ႔၌ အထီးျဖစ္ေသာ္လည္း ေ၀ွ႕ေစ့အထုတ္ခံရေသာ ဆင္းရဲဒုကၡမ်ားစြာျဖင့္ ႀကံဳေတြ႕ခဲ့ရေပသည္။

ဣသိဒါသီေထရီမသည္လည္း ကၽြတ္တမ္း၀င္မည့္ ဤဘဒၵကမၻာ လူ႔ဘ၀တစ္ခု၀ယ္ ကာေမသုမိစၧာစာရကံကုိ က်ဴးလြန္ခဲ့ျခင္းေၾကာင့္ ငရဲ၌ႏွစ္ေပါင္းမ်ားစြာ ဒုကၡခံရၿပီးေနာက္ ကၽြတ္တမ္း၀င္မည့္ ယခုဘ၀ပင္လွ်င္ လင္ေယာက်္ားအမ်ိဳးမ်ိဳးကုိ မိန္းမေကာင္းအဂၤါျဖင့္ ျပဳစုေပးခဲ့ေသာ္လည္း လင္ေယာက်္ားတုိ႔၏ စြန္႔ပစ္ျခင္းကုိ ခံခဲ့ရေပသည္။ မိဘမ်ားက ခ်မ္းသာၿပီး သူ႔၏႐ုပ္အဂၤါကလည္းလွ မယားက်င့္၀တ္လည္းညီေအာင္ ေနေပခဲ့ေသာ္လည္း ကာေမသုမိစၧာစာရကံေၾကာင့္ ေယာက်္ားမ်ား၏ စြန္႔ပစ္ျခင္းကုိ ခံခဲ့ရၿပီးမွ ရဟႏၱာေထရီမျဖစ္ခဲ့ရေပသည္။

ေလာက၌ မိတ္ေဆြေကာင္းလွ်င္ ေကာင္းက်ိဳးမ်ားရသကဲ့သုိ႔ အေပါင္းအသင္းမ်ား မေကာင္းလွ်င္လည္း ယခုဘ၀တြင္ မေကာင္းမႈမ်ား ျပဳလုပ္တတ္ၾကေပသည္။ အေပါင္းအသင္းမေကာင္း၍ မေကာင္းမႈမ်ားလုပ္မိလွ်င္ ယခုဘ၀တြင္လည္း ဘ၀ပ်က္ လမ္းေဘး ေရာက္တတ္သလုိ ေနာင္ဘ၀တြင္လည္း ဆုိးက်ိဳးမ်ားနဲ႔သာ ရင္ဆုိင္ရေပလိမ့္မည္။

တစ္ခ်ိဳ႕က သူမ်ားက ေျမာက္ပင့္ေျပာဆုိေပးလွ်င္ ေကာင္းတဲ့အလုပ္လား မေကာင္းတဲ့အလုပ္လားဟု မစဥ္းစားမဆင္ျခင္ဘဲ လုပ္တတ္ၾကေပသည္။ တစ္ခ်ိ႕က သတၱိရွိတာႏွင့္ မုိက္မဲတာကုိ မခြဲျခားတတ္ေပ။ ေကာင္းတဲ့အလုပ္ကုိ သူမ်ားထက္သာေအာင္ သူမ်ားမလုပ္ရဲ သည့္ အလုပ္ကုိ လုပ္ေဆာင္ေပးျခင္းကုိသာ သတၱိရွိျခင္းျဖစ္ၿပီး မေကာင္းမႈကုိ သူမ်ားထက္သာေအာင္ သူမ်ားမလုပ္ရဲတာကုိ လုပ္ရဲျခင္းသည္ မုိက္မဲျခင္းျဖစ္ေပသည္။ ထုိ႔ေၾကာင့္ မိမိတုိ႔ လူ႕ဘ၀၀ယ္ အေပါင္းအသင္းမ်ား ေရြးခ်ယ္စီစစ္ စဥ္းစားဆင္ျခင္ကာ ေပါင္းသင္းတတ္ရန္လည္း လုိေပသည္။

မိမိတုိ႔ရဲ႕ ဘ၀ေပါင္းမ်ားစြာတြင္ လူ႔ဘ၀ကုိရဖုိ႔ရန္ ခဲယဥ္းသလုိ ဗုဒၶ၏အဆံုးအမမ်ားကုိ သိရွိနားလည္ၿပီး ေကာင္းမႈ မေကာင္းမႈကုိ ခြဲျခားတတ္ေသာဘ၀ကုိ ရဖုိ႔ရန္လည္း ခက္ခဲေပသည္။ ထုိ႔ေၾကာင့္ ကၽြႏု္ပ္တုိ႔လူသားမ်ားသည္ ယခုဘ၀၀ယ္ လူ႕ဘ၀လည္းရ ဗုဒၶရဲ႕သာသနာနဲ႔ႀကံဳေတြ႕၍ အသိဉာဏ္ေကာင္းေလး ရွိေနခ်ိန္၀ယ္ မေကာင္းမႈမ်ားကုိ တတ္ႏုိင္သေလာက္ ဆင္ျခင္ၿပီး ေရွာင္ၾကဥ္ၾကရန္ အထူးလုိအပ္ပါေၾကာင္း ေစတနာ ေမတၱာမ်ားျဖင့္ တင္ျပေပးလုိက္ပါေပသတည္း။

ဒကာေမးထားတဲ့ ေမးခြန္းေတြရဲ႕ တစ္ခုခ်င္းစီကုိေရာ၊ ကာေမသုမိစၦာစာရကံထုိက္သည့္ အဂၤါရပ္မ်ားကုိေရာ၊ မက်ဳးလြန္သင့္သည့္ မိန္းကေလးမ်ားကုိေရာ၊ မက်င့္သင့္သည့္အခ်ိန္ကာလ နည္းစနစ္မ်ားကုိပါ ရွင္းျပၿပီးဆုိေတာ့ ဒီေလာက္ဆုိ ရွင္းမည္ထင္ပါသည္။ ဒါ့ေၾကာင့္ ဒီမွာပဲ ဦးဇင္းရဲ႕အေျဖကုိ နိဂံုးခ်ဳပ္ရင္း လူသားအားလံုး ကာေမသုမိစၦာစာရကံမွ ေရွာင္ၾကဥ္ႏုိင္ၾကပါေစလုိ႔ ဆႏၵျပဳလုိက္ပါေပသည္။ အရွင္ေကာာမလ(ခ)ဆန္နီေနမင္း သာသနတကၠသီလဓမၼာစရိယsanninaymin@gmail.com B.A (Buddhism) M .A (university of Kelaniya) ကုိလံဘုိၿမိဳ႕၊ သီရိလကၤာႏုိင္ငံ။
ေအာက္ပါက်မ္းစာအုပ္မ်ားကုိ ဖတ္ရႈ႕ေလ့လာၿပီး ေရးသားထားျခင္း ျဖစ္ပါတယ္။
(၁) အဘိ၊ ႒၊ ၁၊ ၁၄၁၊
(၂) အာဂမနီယ၀တၳဳ(တည္ေတာဆရာေတာ္)
(၃) မဃေဒ၀လကၤာသစ္ အပုိဒ္-၂၃၂
(၄) ပါရာဇိကဏ္အ႒ကထာ
(၅) ဣတိ၀ုတ္၊႒၊ ၂၂၀
(၆) ပဋိသံ၊ ႒၊ ၁၊ ၂၀၄
(၇) သံခိပ္ဋီကာ
(၈) ဘာသာဋီကာ
(၉) ဆဂတိဒီပနီ
(၁၀) စြယ္စံုေက်ာ္ထင္က်မ္း

(ဒါေလးက ကြ်န္ေတာ္ ဟုိးအရင္ႏွစ္ေတြက download လုပ္ထားတဲ့စာေတြပါ…။ ဘယ္ကရလဲေတာ့ မမွတ္မိေတာ့ပါဘူး။ စိတ္ၿငိမ္းခ်မ္းေသာဘဝေလးကို ပိုင္ဆိုင္ၾကပါေစ။ ေက်းဇူးတင္စြာၿဖင့္….)


 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

ႏွလံုးသားအာဟာရ

Credit:  Original Posw Owner

#Unicode Version#

 “ကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်၍”

ဒီကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်ပြီး ဦးဇင်းကို လူတော်တော်များ မေးကြပါတယ်။ ခဏခဏလည်း ဖြေပေးပါတယ်။ ဒါပေမဲ့ ဒီကံနှင့် ပတ်သတ်ပြီး ယောင်ဝါးဝါးနားမလည် ဖြစ်နေကြတယ် ထင်ပါဘိ။ အဲဒါကြောင့် ဒီတစ်ခါတော့ ဦးဇင်း တတ်သိလေ့လာထားသမျှကို ပွင့်ပွင့်လင်းလင်း စုံစုံလင်လင်ဖြစ်အောင် ဖြေပေးလိုက်ပါတယ်။ ပွင့်လင်းအားကြီးလို့ လူကြီးလူကောင်းများအနေဖြင့် မသုံးသင့်တဲ့ မပြောသင့်တဲ့စကားလုံးများ ပါနေလျှင်လည်း နားနှင့်မနာ ဖဝါးနှင့်နာပါလို့ပဲ တောင်းပန်လိုက်ပါတယ်။ လူငယ်များ ဒီကံနှင့်ပတ်သတ်ပြီး နားရှင်းကာ ရှောင်ကြဉ်လိုက်နာနိုင်အောင် ယခုအောက်က မေးထားတဲ့ မေးခွန်းကိုပါ တစ်ဆက်တည်း ဖြေပေးလိုက်ပါတယ်။ အမေးနှင့် အဖြေလေးကတော့ဒီလိုပါ။

အရှင်ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်၍ သေချာစွာသိရှိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါသည်ဘုရား။

(၁) ကာမပိုင် မိဘမှအစ ဆွေမျိုး၊ ရပ်ဆွေရပ်မျိုုးများ မရှိတော့သော အမျိုးသား အမျိုးသမီးတစ်ယောက်ကို ကျူးလွန်လျှင် အပြစ်မဖြစ်ဘူး ဆိုသည်မှာ ဟုတ်ပါသလားဘုရား။
(၂) အရူးမများအား ကျူးလွန်လျှင်လည်း အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။
(၃) မိမိ ကာမပိုင်သောအမျိုးသမီးရှိသော်လည်း အပျော်မယ်များနှင့် ပျော်ပါးခြင်းစသည်များသည်လည်း အပြစ်ကျူးလွန်ရာ ရောက်ပါသလားဘုရား။
(၄) ၎င်းအပြင် အမျိုးသမီးတစ်ယောက်မှ နောက်တစ်ယောက်ပြီးတစ်ယောက် ထပ်ယူခြင်းသည် အပြစ် သင့်ပါသလားဘုရား။
(၅) တပည့်တော်တို့ မြန်မာသမိုင်းတွင် ဘုရင်အဆက်ဆက်သည် အမျိုးသမီးများစွာထားရှိပါသည်ဘုရား။ ထိုမင်းများသည် မင်းကျင့်တရားနဲ့ ညီညွတ်ပါသလားဘုရား။
(၆) ထို့ပြင် သိကြားမင်းသည်လဲ နတ်ပြည်တွင် နတ်သမီး (၂၅၀၀၀၀၀၀)နှင့်နေခြင်းသည် ဘယ်လိုဘုန်းကံမျိုးပါလဲဘုရား။
(၇) မိဘအုပ်ထိန်းသူအောက်တွင်ရှိသော အမျိုုးသမီးနှင့် ရယ်ငန်၍ ကျူးလွန်နေကြသော်လည်း (အမျိုးသမီးသည် ခွင့်ပြုကြည်ဖြူ၏) နောင်တွင် လက်ထပ်ယူကြလျင်လည်း အပြစ်ဖြစ်ပါသလားဘုရား။ မည်ကဲ့သို့အပြစ်ရှိပါသလဲဘုရား။ ကံကိုကျူးလွန်တိုင်း အပြစ် ဖြစ်ပါသလားဘုရား။
အထက်ပါမေးခွန်းများကို တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ဖြေကြားပေးတော်မူပါဘုရား။


အင်း ပထမဦးဆုံး ကာမေသုမိစ္ဆာစာရကံနဲ့ ပတ်သတ်ပြီး သိထားရမည်က လောကတွင် လောကဝစ္စ၊ ပဏ္ဏတ္တိဝစ္စဟု နှစ်မျိုးရှိရာ ဒီကံတရားသည် လောကဝစ္စထဲတွင် ပါဝင်ပေသည်။ လောကဝစ္စဆိုသည်မှာ မိမိနှင့်ကိုယ်ချင်းစာပြီး နားလည်သိရှိ သဘောပေါက်ရမည် ဖြစ်ပါသည်။ သူတစ်ပါးသားမယားကို မိမိက ကျုးလွန်မယ်လို့ စိတ်ပေါ်လာတဲ့အခါမှာ မိမိစိတ်ထဲမှာ ဒီလိုလေး တွေးတောကြည့် သင့်ပါတယ်။ ငါကျုးလွန်မဲ့ မိန်းကလေးဟာ ငါ့ရဲ့ မိခင်၊ အမ၊ နှမဆိုလျှင်ရော ငါဘယ်လိုခံစားရမလဲ။ အဲဒီလိုတွေးတောတဲ့အခါမှာ မိမိရဲ့မောင်နှမ ဆွေမျိုးသားချင်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိစိတ်ရဲ့ ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ် ဆိုတာ တွေးဆကြံဆနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ကာမေသုမိစ္ဆာစာရကံကို မကျုးလွန်မိအောင် ရှောင်ကြဉ် သင့်ပါတယ်။

ကာမေသုမိစ္ဆာစာရကံထိုက်သည့် အင်္ဂါရပ်များကို ပထမဦးဆုံး ပြောပြပါမယ်။
၁။ အဂမနိယဌာနတာ - မသွားလာအပ်သော အရာဌာနဖြစ်ခြင်း။
၂။ သေဝနာစတ္တံ - မှီဝဲလိုသော စိတ်ရှိခြင်း။
၃။ မဂ္ဂေနမဂ္ဂပဋိပတ္တိ - မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။
၄။ သာဒိယနံ - သာယာခြင်း။
ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံမှ ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။ ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းလျှင် ကံမထိုက်ပေ။ သို့သော် တစ်ပါးပါးကျုးလွန်မိလျှင် ကာမေသုမိစ္ဆာစာရကံလောက် အပြစ်မကြီးသော အကုသိုလ်၊ ဝဋ္ဋ်ကြွေးတော့ ဖြစ်သည်။

သူတပါး၏ ခင်ပွန်း၊ ဇနီး၊ မယားတို့ကို သဘောတူ၍ဖြစ်စေ၊ မတူပဲဖြစ်စေ ပြစ်မှားကျူးလွန်ခြင်းကို ပါရဒါရကံ ဟုခေါ်သည်။ ပရဒါရကံက ကာမေသုမိစ္ဆာစာရကံထက် ပို၍ အပြစ်ကြီးပါသည်။ ကာမေသုမိစ္ဆာစာရကံထက်ပို၍ ဆိုးရွှားသော အပြစ်ထိုက်သည်။ ကာမေသုမိစ္ဆာစာရကံ ဆိုသည်မှာ မိမိတရားဝင်ယူထားသော ယူထားသူမှအပ အုပ်ထိန်းခြင်းမကင်းသော မိန်းမ(၂၀)ကို သဘောတူ၍ဖြစ်စေ၊ မတူ၍ဖြစ်စေ ကာမဆက်ဆံလျှင် ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။
အဆိုပါ မိန်းမ(၂၀)တို့မှာ
၁။ အမိအုပ်ထိန်းသောသူ။
၂။ အဘအုပ်ထိန်းသောသူ။
၃။ အမိအဘစုံ အုပ်ထိန်းသောသူ။
၄။ မောင်ကြီး မောင်ငယ် အုပ်ထိန်းသောသူ။
၅။ အမကြီး အမငယ် အုပ်ထိန်းသောသူ။
၆။ ဆွေမျိုးတို့ အုပ်ထိန်းသောသူ။
၇။ အမျိုးအနွယ်တို့ အုပ်ထိန်းသောသူ။
၈။ အပေါင်းအသင်း မိတ်ဆွေသီတင်းသုံးဖော်တို့ အုပ်ထိန်းသောသူ။

၎င်းမိန်းမ(၈)ဦးတို့ကို ကျူးလွန်လျှင် ယောကျ်ားတွေမှာသာ ကံထိုက်၍ မိန်းကလေးများမှာ ကံမထိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုမိန်းကလေးများသည် သူတို့ကာမကို သူတို့ပိုင်သေးသောကြောင့် ဖြစ်သည်။ မိဘစသော အုပ်ထိန်းစောင့်ရှောက်သူများကို တစ်ပါးသူက တရားဝင် မတောင်းယူရသေးသောကြောင့် ဖြစ်ပေသည်။ ခုခေတ် မြန်မာ လူဘောင်လောကမှာ ကိုယ်အချင်းချင်း သဘောတူရင် မပြစ်မဖြစ်ပါဘူးဆိုတဲ့ အနောက်တိုင်း အယူအဆတွေ ဝင်ရောက်လာပါတယ်၊ အမှန်က အဲဒီလို မဟုတ်ပါဘူး ကိုယ်အချင်းချင်း ဘယ်လိုပဲ သဘောတူနေပါစေ သူ့ကိုထိန်းသိမ်း စောင့်ရှောက်တဲ့ သူတွေရှိပါတယ်။

၉။ ထိန်းမြား (တစ်နည်း) လက်ထပ်ပြီးသောသူ။
၁၀။ ဘုရင်ကောက်ယူရန် သတ်မှတ်ထားသောသူ။
၁၁။ ဥစ္စာဖြင့် ဝယ်ယူထားသောသူ (ပြည်တန်ဆာမ)။
၁၂။ အလိုတူ ပေါင်းသင်းနေသောသူ။
၁၃။ ပုဆိုးတန်းတင် ပေါင်းသင်းနေသောသူ။
၁၄။ စည်းစိမ်ကိုပေး၍ ပေါင်းသင်းနေသောသူ။
၁၅။ ရေခွက်၌ လက်ဆုံချ၍ မိဘက ပေးစားထားသောသူ။
၁၆။ ခေါင်းခုချ၍ လင်မယားအဖြစ် နေသောသူ။
၁၇။ ကျွန်ကို မယားပြုထားသောသူ။
၁၈။ အမှုလုပ်ကို မယားပြုထားသောသူ။
၁၉။ စစ်မြေပြင်မှ သုံးပန်းရခဲ့သောသူ။
၂၀။ ခေတ္တမျှပေါင်းရန် ငှားယူထားသောမိန်းမ တို့ပင် ဖြစ်ပေသည်။

ထိုတွင် အမှတ်(၉)မှ(၂၀)ထိ မိန်းမ(၁၂)ယောက်အနက် တစ်ယောက်ယောက်ကို လွန်ကျူးလျှင် ယောကျ်ားရော မိန်းမပါ ကာမေသုမိစ္ဆာစာရကံ ထိုက်ပေသည်။ ထို့ပြင် မိမိမယားပင် ဖြစ်စေကာမူ အောက်ပါအကြောင်း (၄)ပါကြောင့်လည်း ကံထိုက်ပါသည်။
၁။ ကိုယ်ဝန် အလွန်ရင့်သောအခါ။
၂။ မိဘ၊ဆရာ၊ သူတကာမြင်၍မသင့်သောနေရာ။
၃။ ကျင့်ရိုး ကျင့်စဉ် မဟုတ်သော နည်းစနစ်များဖြင့် ကျင့်ခြင်း။
၄။ ဆေးဝါးမှီးဝဲ ရှိမြဲအင်္ဂါထက် လွန်နေခြင်းတို့ပင် ဖြစ်ပေသည်။

ဒကာမေးထားတဲ့ မေးခွန်းများကို ဦးဇင်းတစ်ခုချင်းစီ ထပ်ရှင်းပြပေးပါမယ်။ နံပါတ်(၁-၂)သည် အထက်ပါအုပ်ထိန်းသူ (၂၀)ထဲ မပါရှိလျှင်တော့ အပြစ်မရှိပါ။ အုပ်ထိန်းသူရှိနေလျှင်တော့ အပြစ်ရှိပေသည်။

နံပါတ်(၃)သည် မိမိမှာ ကာမပိုင်ရှိသောကြောင့် မည်သည့်မိန်းမမျိုးနှင့်မဆို ကျူးလွန်လျှင် အပြစ်ရှိပေသည်။

နံပါတ်(၄) အုပ်ထိန်းသူခွင့်ပြုချက်ရ၍ နောက်ထပ်မိန်းမယူလျှင် မိမိသည် တရားဝင် တောင်းယူထားသောကြောင့် အပြစ်မရှိပါပေ။

နံပါတ်(၅) ဘုရင်များသည် မိဖုရားကောက်ယူရာ၌ တရားဝင်လက်ထက်ယူထားလျှင် အပြစ်မရှိပေ။ တိတ်တိတ်ပုန်းယူလျှင်တော့ မင့်ကျင့်တရား၌လည်း ငါးပါးသီလ လုံခြုံရမည့်ဖြစ်၍ အပြစ်ရှိပြီး မင့်ကျင့်တရားနှင့်မညီပေ။

နံပါတ်(၆) သိကြားမင်းသည် အရင်လူ့ဘဝက မာဃအမည်နှင့် လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ဇရပ်ဆောက်ခြင်းစတဲ့ ကောင်းမှုများ လုပ်ခဲ့၍ သိကြားမင်းဖြစ်ပြီးလျှင် ယခုပွင့်ခဲ့တဲ့ ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ထံခဏခဏသွားပြီး တရားနာခဲ့ခြင်းကြောင့် သောတာပန်ဖြစ်သွားပါတယ်။ အဲဒီသောတာပန်ဖြစ်ပြီးနောက် အရင်သိကြားမင်း ဘဝကနေ ယခုတစ်ဖန်ဆက်လက်ပြီး သိကြားမင်း ဖြစ်ရပါတယ်။ နတ်မိဖုရားများရခြင်းကတော့ နတ်သမီး ဖြစ်လာမည့်သူများသည် နတ်သားများ၏ ဗိမာန်တွင်း၊ ဗိမာန်ရှေ့တည့်တည့်တွင် မဖြစ်ဘဲ လေးဘက်လေးလံ နတ်သားများ၏ဗိမာန်ကြားတွင် လာဖြစ်ပါက သိကြားမင်းသည် နတ်သားများ အငြင်းပွားစရာ လုစရာ ဖြစ်နေလျှင် သူကပဲ ကောက်ယူခြင်းကြောင့် နတ်မိဖုရားများရခြင်း ဖြစ်ပေသည်။

နံပါတ်(၇) မိန်းကလေးဘက်က ကြည်ဖြူသော်လည်း မိဘစသောအုပ်ထိန်းသူများထံ တရားဝင်ခွင့်မတောင်းရသေးဘဲ ကျုးလွန်လျှင် အပြစ်ရှိပေသည်။ စေ့စပ်ခြင်းစသည့် တရားဝင်အုပ်ထိန်းသူများထံ ခွင့်တောင်းပြီးသားဖြစ်လျှင်တော့ တကယ်လည်း တရားဝင်လက်ထက်ယူဖြစ်ပါက အပြစ်မရှိပါပေ။
လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တဝါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ သူတော်ကောင်းတွေ အမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့ အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူ းဖြစ်နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောကျ်ားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်း လေ့လာဆင်ခြင် စဉ်းစားမယ်ဆိုရင် ဒီကာမေသုမိစ္ဆာစာရကံရဲ့အကျိုးဟာ မျက်မှောက်တမလွန် နှစ်ဘဝလုံးအတွက် ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ သိပါလိမ့်မယ်။

****ခုတော့ အဲဒီလိုမသိတဲ့အတွက် ယနေ့ခေတ်လူငယ်များဟာ ကာမကိစ္စကို အလွယ်တကူ ဘာမှမဖြစ်ဟုထင်နေပြီး ကျုးလွန်နေကြပါတယ်။ ဒါဟာလည်း တခြားနိုင်ငံက ကံတရား “ကံ” ကံ၏အကျိုးပေးကို မယုံကြည်ကြတဲ့လူတွေရဲ့ လုပ်ရပ်များကို အတုယူလို့လည်း မမှားသင့်တာ မှားနေကြတာပါ။ မိန်းကလေးများကလည်း မိမိတို့ဣနြေ္ဒသိက္ခာကို မထိန်းဘဲ ဒီလိုပြုကျင့်ခံရတာဟာ ထည့်တွက်စရာ မလိုပါလို့ ထင်ထားသော်လည်း နောက်ပိုင်း မဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါ ကိုယ့်ရင်သွေးရဲ့ အသက်ကိုတောင် အလွယ်တကူ သတ်ဖြတ်ကြပါတယ်။ အဲဒီတော့ တစ်မှုကနေနှစ်မှုထိ အဆင့်တိုးကာ မကောင်းမှုများ ဖြစ်လာပါတယ်။ အဲဒီလို လူသားတိုင်းမှာ မကောင်းမှုတွေ များလာမယ်ဆိုရင် သဘာဝကပ်ဆိုးတွေကလည်း ဖြစ်လာမှာပါ။ အဲဒီတော့ သဘာဝကပ်ဆိုးတွေက လွတ်ကင်းပြီး နောက်နောင်ဘဝတွေမှာလည်း ဆင်းရဲဒုက္ခမရောက်ရအောင် ကာမအမှုအမှားများမှ ရှောင်ကြဉ်ရပါမယ်။*****

ယခုခေတ်တွင် နိုင်ငံတိုင်း၌ မေထုန်မှုပြုလုပ်ခြင်းကို ခေတ်စားနေလောက်အောင် လူသားတို့စိတ်တွင် အာရုံပြု ကျုးလွန်းနေကြသည်ကို စာဖတ်သူတို့ မြင်ဖူးကြားဖူးပေလိမ့်မည်။ ခေတ်ကာလသည် ကိလေသာများ များပြားလာသော ခေတ်လာလဖြစ်လာသည့်နဲ့အမျှ လူသားစိတ်တို့တွင် ကာမစိတ်များ မွန်ထူလျက်ရှိနေကြပေသည်။

ထို့တွင် မိန်းကလေးများနှင့် ကောင်လေးများ မသိသလိုလို သိသလိုလိုနဲ့ ကျူးလွန်နေသော အပြစ်များသည် ကြာလေဆိုးရွားစွာ ဖြစ်လာလေဟု ထင်မြင်မိပါသည်။ ထိုသို့ပြုမှုခြင်းများသည် သိရဲ့သားနဲ့ လုပ်တာလား မသိလို့များ လုပ်နေကြတာလားဟု စဉ်းစားမရ၍ မေထုန်မှုကိစ္စများနဲ့ ပတ်သတ်သော သိသင့်သော အကြောင်းအရာများကို အနည်းငယ်တင်ပြပေးလိုက်ပါသည်။
အိမ်ထောင်ရှိပြီးသားသူများက ကျန်တစ်ပါးသူနဲ့ ကျုးလွန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်၍ အပြစ်ရှိတယ်ဆိုတာ သိပေကြလိမ့်မည်။ သိရက်နဲ့ မိုက်တာသာ ဖြစ်ပေမည်။ အိမ်ထောင်မပြုသေးသူများ မေထုန်အကျင့်ကို ပြုကျင့်တာသည် အပြစ်မရှိဟု မှတ်ထင်နေသော သူများ ရှိပေလိမ့်မည်။ ထို့ကြောင့် ထိုသို့သောသူများအတွက် တင်ပြပေးပါမည်။

ကာမေသုမိစ္ဆာစာရကံတွင် မသွားကောင်းသော မိန်းမ(၂၀)ဆိုတာ ရှိပါတယ်။ ထိုအထဲတွင် အမိ၊ အဖ၊ မိဘနှစ်ပါး၊ အကိုမောင်၊ အမညီမ၊ ဆွေမျိုး၊ အမျိုးအနွယ်၊ သူငယ်ချင်းများ အုပ်ထိန်းသော မိန်းမ(၈)ယောက်တွင် ကျူးလွန်သော ယောကျ်ား၌ ကာမေသုမိစ္ဆာစာရ အပြစ်ထိုက်၍ ကျုးလွန်ခံရသော မိန်းကလေးမှာ အပြစ်မထိုက်ပါ။ သို့သော် တစ်ချို့သော ယောကျ်ားလေးများက ပြောပေလိမ့်မည်။ မိန်းကလေးက သဘောတူ၍ ပြုကျင့်တာ အပြစ်မရှိဟု။ တရားဝင် စောင့်ရှောက်သူများ၏ ခွင့်ပြုချက်မရဘဲ ကာမကို ယူခြင်းကြောင့် အပြစ်ရှိပေသည်။ နှစ်ဦးသဘောဖြစ်၍သာ အပြစ်နည်းနည်း လျော့ရုံသာဖြစ်သည်။ နှစ်ဦးသဘောမတူပါက ပို၍အပြစ်ကြီးသည်။ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်တဲ့အခါ အလိုတူမဟုတ်ဘဲ အနိုင်အထက်ပြုကျင့်ရင် အပြစ်ပိုကြီးပြီး နှစ်ဦးသဘောတူလို့ ကျူးလွန်ရင်တော့ အပြစ်နည်းနည်းသာ လျော့ပါတယ်။ နှစ်ဦးသဘောတူ ကျုးလွန်တဲ့အခါမှာလည်း ကိလေသာအားကြီး,မကြီး၊ လုံ့လအနည်းအများလိုက်ပြီး အပြစ်အကြီးအသေး ကွာခြားပါတယ်။

ထိုသို့မဟုတ်ဘဲ မိန်းကလေးဘက်ကလည်း သဘောမတူဘဲ ကျူးလွန်လျှင် ထိုသူသည် အပြစ်များစွာ ထိုက်ပေသည်။ သီလရှိသော မိန်းကလေးကို ကျူးလွန်မိလျှင် ပို၍ပို၍အပြစ်များပါသည်။ ထို့ကြောင့် ရှေးဆရာကြီးများက ´မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ´ဟုပြောဆိုခဲ့သည်။ မိန်းမများက ခေါ်အိပ်သည့်တိုင် မိမိကိုယ်ပိုင်မိန်းမမှတစ်ပါး မိန်းမ(၂၀)နဲ့ မအိပ်ကြဖို့ ဆုံးမခဲ့ခြင်း ဖြစ်ပေသည်။

မိန်းကလေးများက သူတို့၏ ကာမကို မည်သူကမျှ တရားဝင်စောင့်ရှောက်သူများထံမှ လာမတောင်းထားသေးပါက သူတို့ကိုယ်ပိုင် ဖြစ်နေသေး၍ အပြစ်မရှိခြင်း ဖြစ်ပေသည်။ စောင့်ရှောက်သူများထံမှ တရားဝင်တောင်းပြီးသော စေ့စပ်ပြီးသော မိန်းကလေးများ တစ်ပါးသူနဲ့ ဖောက်ပြန်ပါက အပြစ်ရှိပေသည်။ ကာမကို ကိုယ်မပိုင်တော့သောကြောင့်တည်း။
အမျိုးသားဘက်ကလည်း လွတ်လပ်သူမှန်ကန်မယ် အမျိုးသမီးဘက်ကလည်း စေ့စပ်ထားသူစတဲ့ ပိုင်ဆိုင်သူမရှိသေးဘူး။ ဒါပေမဲ့ မိဘသဘောမတူလို့ ခိုးထွက်ပြေးပြီး နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးကာ လွတ်လပ်စွာ မယားအမှတ်နဲ့ ပေါင်းသင်းဆက်ဆံရင် ဆန္ဒဝါသီနီ-အလိုတူနေလို့ မယားအရာမြောက်တဲ့အတွက် ကံမထိုက်ပါ။

ဒီနေရာမှာ လက်မှတ်ထိုးတဲ့ရုံးဌာနဟာ နိုင်ငံတော်က လုပ်ပိုင်ခွင့်ပေးထားတဲ့ နေရာဖြစ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အုပ်ချုပ်သူများဆိုတာ ပြည်သူများရဲ့အုပ်ထိန်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ရုံးတက်လက်မှတ်ထိုးတာဟာ တရားဝင်ဖြစ်သွားလို့ ကံမထိုက်တာပါ။ တကယ်လို့ မိမိတို့က တရားဝင် လက်ထက်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပြီး နှစ်ဦးသဘောတူ လွတ်လပ်တဲ့ချစ်သူများ ကျုးလွန်မိကြရင် လက်ထက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် အပြစ်အနည်းငယ် သေးပါသေးတယ်။ သို့သော် လက်မထက်ဖြစ်ခဲ့ဘူးဆိုရင်တော့ ကံထိုက်တဲ့အတွက် အပြစ်ပိုကြီးပါလိမ့်မယ်။

ကာမပိုင်ရှိတဲ့သူဟာ လူဇာတ်မဟုတ်တဲ့ တိရိစ္ဆာန်တို့နဲ့ ကျူးလွန်ရာရင်လည်း ကာမေသုမိစ္ဆာစာရဖြစ်ပါတယ်။ ဘူရိဒတ်နဂါးမင်းကြီးဟာ သီလ ဆောက်တည်ကြောင်း၊ ယုန်, ဖျံ, မြေခွေး, မျောက်တို့သည်လည်း သီလဆောက်တည်ကြောင်းကို ကျမ်းဂန်တို့၌ လာရှိတဲ့အတွက် တိရစ္ဆာန်များမှာလည်း ငါးပါးရှစ်ပါးစတဲ့ သီလများရှိကြပါတယ်။ ဒါကြောင့် တိရိစ္ဆာန်နဲ့ကျုးလွန်ရင်လည်း ကံထိုက်ပါတယ်။ ကောသလဘုရင်ရဲ့ မိဖုရားကြီးဖြစ်တဲ့ မလ္လိကာဟာ ခွေထီးနဲ့ဖောက်ပြန်မှုကို သာယာမိခဲ့လို့ ကာမေသုမိစ္ဆာစာရကံ အပြစ်ဖြစ်ခဲ့ရတာပါ။

အရူးမကို မိဘစသည်တို့က၎င်း၊ တစ်ယောက်ယောက်က၎င်း၊ အုပ်ထိန်းသူရှိရင် ကျုးလွန်သူမှာ ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ ယောကျ်ားချင်းချင်းသော်လည်း ဝစ္စမဂ်၊ မုခမဂ်တို့ကိုကျူးလွန်ရင် ကာမေသုမိစ္ဆာစာရ ကံထိုက်တယ်လို့ ဆရာကြီးတော်များ မိန့်ဆိုခဲ့ပါတယ်။

ထုံးစံဓမ္မတာမို့သာ မိန်းမကို ကာမေသုမိစ္ဆာ စာရအရ ယူကြတာပါ။ ယောကျ်ားကိုလည်း ကာမေသုမိစ္ဆာစာရအရ ယူရပါမယ်။ ဒါကြောင့် ယောကျ်ားချင်းချင်း ကျုးလွန်ရာတွင်လည်း မိန်းကလေးများနည်းတူ အုပ်ထိန်းသူရှိသူမယ် ကာမပိုင်ရှိမယ်ဆိုရင် ကံထိုက်ပါတယ်။
ဒါကြောင့် မိမိတို့ဟာ သူတစ်ပါးသား၊သမီး၊ဇနီး၊လင်များကို ကျုးလွန်ချင်တဲ့စိတ်ပေါ်လာရင် ငါကျုးလွန်မယ့် မိန်းကလေး၊ ယောက်ျားလေးနေရာမှာ ငါ့ရဲ့မယား၊ချစ်သူ၊မိခင်၊အမ၊နှမကို သူများကကျုးလွန်မယ်ဆိုရင် ငါဘယ်လိုခံစားရမလဲ? ပြီးတော့ ငါ့လင်၊ငါ့မယား၊ငါ့ချစ်သူဟာ သင်ဖောက်ပြန်သလိုမျိုး သူများနဲ့ဖောက်ပြန်ရင် သင်ဘယ်လိုခံစားရမလဲ? ဝဋ်ဆိုတာ လည်နေတယ်ဆိုတာ သတိရစေချင်ပါတယ်။ အခုဘဝမှာ ဒီလိုလူမျိုးနဲ့တွေ့ကြုံဆုံရတာဟာ မိမိကိုတဖန် ပြန်ဝဋ္ဋ်ကြွေးဆပ်စေတာပဲ ဖြစ်ပါတယ်။ ဘယ်သူမပြု မိမိမှုပါပဲ။ “သင့်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည်” ဒီဆောင်းပုဒ်လေးကို ဆောင်ထားရင် အကုသိုလ်ကို ရှောင်ကြဉ်စိတ်တိုးပွားလာမှာပါပဲ။

အဲဒီလူနေရာမှာ ငါဆိုရင်ရော ဘယ်လိုခံစားရမလဲ စတာတွေ တွေးတောကြည့်ရပါမယ်။ အဲဒီလိုတွေးတောတဲ့အခါမှာ မိမိရဲ့ မယား၊ချစ်သူ၊ မောင်နှမ၊ ဆွေမျိုးသားချင်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် မိမိစိတ်ရဲ့ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ်ဆိုတာ တွေးဆကြံဆ နိုင်ပါလိမ့်မယ်။ အဲဒီလိုသာ ရှေးနောက် စဉ်းစားတွေးခေါ်မယ်၊ မိမိစိတ်ကို သတိဖြင့် ထိန်းချုပ်မယ်ဆိုရင် ကာမေသုမိစ္ဆာစာရ အမှုများမှ ရှောင်ကြဉ်နိုင်မှာပါ။

ရှေးဆရာတော်ကြီးများက “ကာမရောဂါ ကိုယ်တွင်းနာ ကို ဟီရိဩတ္တပ် ပညာညှပ်၍ နှိပ်ကွပ်နိုင်ပါတယ်”လို့ မိန့်ဆိုထားတာ ရှိပါတယ်။ အဲဒီလို မိမိတို့က ကာမကိစ္စဟာ ဟီရိသြတ္တပ္ပကင်းမဲ့တဲ့ အလုပ်ဖြစ်တဲ့အတွက် မိမိတရားဝင်ယူထားသူမှလွဲ၍ တခြားသူများကို မပြစ်မှားမိအောင် ပညာဉာဏ်ကို သတိဖြင့် ထိန်းချုပ်ထားရပါမယ်။ လူသားများမှာ မိမိတရားဝင်ယူထားတဲ့ ဇနီး၊မယား၊လင်သားတို့နဲ့ ကျုးလွန်လို့ရပါတယ်။ ရဟန်းသံဃာများမှာ ဘယ်သူနဲ့မှ ကျုးလွန်လို့မရပါဘူး။ ကိလေသာ မကင်းသေးတဲ့ လူအတူတူ ရဟန်းသံဃာများတောင် ကာမကိစ္စကို ထိန်းနိုင်သေးရင် လူသားများလည်း မိမိတရားဝင် ကျုးလွန်လို့ရတဲ့ဟာမှတစ်ပါး တခြားဟာကို မကျုးလွန်မိအောင် စောင့်ထိန်းနိုင်ရမှာပါ။

“ငါတို့လူတွေက ဒါတွေမစောင့်ထိန်းနိုင်လို့ ဒီလိုနေတာကွ” ဆိုရင်လည်း တရားဝင်ယူပြီး ကျုးလွန်လို့ရတာနဲ့ မလုံလောက်သေးဘဲ စိတ်တိုင်းကျ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်နေမယ်ဆိုရင်တော့ နောက်နောင်ဘဝတွေမှာ ကိုယ့်အလှည့် ကျရောက်လာမှာမို့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားရပါလိမ့်မယ်။ မိမိက ကံကောင်းလို့ မြင့်မြတ်တဲ့ယောကျ်ားဘဝလေး ရလာတာကို နောက်ဘဝတွေမှာ ထပ်ကံကောင်းအောင်မလုပ်ဘဲ မြင့်တဲ့ဖိုဓာတ်ဘဝကနေ ယုတ်နိမ့်တဲ့ မဓာတ်ဘဝကို ရောက်အောင် လုပ်နေမယ်ဆိုရင် ကိုယ်အလှည့်လည်း ခံရဦးမယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ကိုယ်ယောကျ်ားဘ၀ ရတုန်းကတော့ ထင်တိုင်းကျဲလာခဲ့ပြီး ကိုယ့်အလှည့်ကျမှ ကြောက်ပါပြီ မဖြစ်ကြပါစေနဲ့။ အဲဒီလိုမဖြစ်အောင် ယခုရရှိနေတဲ့ လူ့ဘဝလေးမှာ မမှားသင့်တာ မမှားရအောင် သတိထားနေထိုင်ဖို့ လိုပါတယ်။

မိန်းကလေးများကလည်း မိမိတို့ အရင်ဘဝတွေက မကောင်းတာလုပ်ခဲ့လို့ ယခုမျက်မှောက်မှာ ယုတ်နိမ့်တဲ့ဘဝရနေတာကို ကျေနပ်မနေဘဲ နောက်နောင်ဘဝတွေမှာ မြင့်မြတ်တဲ့ ယောကျ်ားဘဝရအောင် ကြိုးစားဖို့လိုပါတယ်။ ဘယ်လိုပဲ ယောကျ်ားနှင့်မိန်းမ တန်းတူယှဉ်နိုင်ပါတယ် ပြောပါစေ…. ယုတ်နိမ့်တဲ့ဘဝ၊ အနိမ်ခံရတဲ့ဘဝ၊ အနိင်ကျင့်ခံရတဲ့ဘဝကတော့ မလွတ်တာအမှန်ပါ။ အဲဒါကြောင့်မို့ မိန်းမဘဝကနေ ယောကျ်ားဘဝရဖို့အတွက် ယခုဘဝမှာ မိန်းကလေးဣနြေ္ဒနှင့်နေပြီး မမှားသင့်တာ မမှားရအောင် သတိထား နေထိုင်ရပါမယ်။

ဒါကြောင့် လူသားအားလုံး ရရှိလာတဲ့လူ့ဘဝလေးမှာ မမှားသင့်တဲ့အမှားများ မပြုလုပ်မိအောင် သတိထားဆင်ခြင်ကာ နောက်အနာဂတ် ဘဝများ ကောင်းစားရေးကိုသာ အဓိကထား လုပ်ဖို့လိုပါတယ်။ ယခု မိမိတို့ဟာ လူ့ဘဝကိုရနေပြီမို့ ဒီဘဝမှာ ကြုံရမဲ့ဆင်းရဲဒုက္ခဟာ အသေးအဖွဲလေးပဲ ဖြစ်ပါတယ်။ နောက်ဘဝများစွာဟာ မိမိဘယ်လိုဘဝတွေရောက်ပြီး ဘယ်လိုဆင်းရဲတွေ ကြုံရဦးမလဲဆိုတာ မသိနိုင်ပါ။ ဒါကြောင့် မသိနိုင်သေးတဲ့ဘဝကို ချမ်းသာမှုတွေနဲ့ ရင်ဆိုင်ရအောင် ယခုကတည်းက ပြင်ဆင်ထားဖို့ လိုပါတယ်။ တကယ်လို့ မိမိတို့က အမှားတွေပဲလုပ်ပြီး လူ့ဘဝကြီးကို ဖြတ်သန်းသွားမယ်ဆိုရင် ဒု၊တ၊န၊သော လေးယောက်ကဲ့သို့ နောက်မှနောင်တ တွေရနေပါလိမ့်မယ်။ အဲဒီလိုနောင်တတွေမရဖို့ရန် ယခုကတည်းက မမှားသင့်တာမမှားရအောင် သတိထားကြပါကုန်။

အခုခေတ်လူငယ်များ မသိ၍ကျုးလွန်မိမှာဆိုးသောကြောင့် တင်ပြပေးလိုက်ခြင်း ဖြစ်ပေသည်။ တကယ်တော့ ကာမဂုဏ်စိတ်ဟာ မိမိရဲ့စိတ်ထိန်းနိုင်မှုပေါ်မှာ မူတည်ပါပေသည်။ တဏှာကို ပယ်သတ်နိုင်သော ရဟန္တာမဖြစ်သေးသမျှ ပုထုဇဉ်လူသားတိုင်းတွင် ထိုစိတ်များရှိပေသည်။ ထိုတွင် စိတ်ထိန်းနိုင်မှုနှင့်မထိန်းနိုင်မှုသာ ကွာပေလိမ့်မည်။ စိတ်ထိန်းနိုင်သောသူသည် အပြစ်မရှိ၍ ဒုက္ခ မရောက်ပေ။ စိတ်မထိန်းနိုင်သောသူသည် ယခုဘဝလည်း ဒုက္ခတွေ့ နောင်ဘဝလည်း ဆင်းရဲပေလိမ့်မည်။ ကာမေသုမိစ္ဆာစာရကံ၏ ဆိုးကျိုးများကို သာဓကဖြင့် တင်ပြပေးပါမည်။

အထက်ပါ မိန်းမ(၂၀)မှ တစ်ကနေရှစ်အထိ ပါဝင်နေသော မိန်းကလေးများမှာမှု ကာမေသုမိစ္ဆာစာရကံတော့ မထိုက်ပေ။ သို့သော် ယောကျ်ားများအား သွေးဆောင်မာယာများမှုရှိပါက အကုသိုလ်အပြစ်တော့ ဖြစ်ပေသည်။ ထို့ပြင် အိမ်ထောင်ကျပြီးသူများသည် မိမိတရားဝင်ယူထားသော မိန်းမမှတစ်ပါး ကျန်သောသူများနှင့် အယုတ်ဆုံး ပြည်တန်ဆာမနှင့် ကျုးလွန်လျှင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပေသည်။

အိမ်ထောင် မကျသေးသောသူများသည် အုပ်ထိန်းသူက ခွင့်ပြုထားသော ပြည်တန်ဆာမလည်းဖြစ်၊ ကာယကံရှင် ပြည်တန်ဆာမကလည်း ကြည်ဖြူမည်၊ သူများစပွန်ဆာ ပေးထားတာလည်း မရှိသေးလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ဘဲ ရာဂသောင်းကျန်မှု အကုုသိုလ်အကြီးစား ဖြစ်ပေသည်။ ထိုနေရာ၍ တစ်ခုပြောချင်သည်မှာ ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာမည် ဆိုတာသိစေချင်ပါသည်။ ကိုယ်ကပွေလျှင် ပွေသောသူနှင့်တွေ့မည်။ ဝဋ်ဆိုသည်မှာ လည်တတ်စမြဲပင်။ ဝဋ်ဆိုသည်မှာ အင်မတန် ကြောက်စရာကောင်းပါသည်။ ပြီးလျှင် ထိုကဲ့သို့ ပွေသောသူများအတွက် AIDS လေးလုံးရောဂါကလဲ ကြိုဆိုနေလိမ့်မည်။

ကာမေသုမိစ္ဆာရကံသည် အလွန်ကြောက်စရာကောင်းသော အပြစ်ဖြစ်ပေသည်။ ကျွတ်တမ်းဝင်မည့် အရှင်အာနန္ဒာ၊ ဣသိဒါသီထေရီမ ပါရမီရှင်ကြီးများသည်ပင် ကျွတ်တမ်းဝင်မည့် ဤဘဒ္ဒကမ္ဘာ တစ်ခုသောဘဝတွင် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်မိခဲ့သောကြောင့် ဆင်းရဲပေါင်းစုံနဲ့ ကြုံတွေ့ခံခဲ့ရပေသည်။ အရှင်အာနန္ဒလျောင်းလျာသည် ငရဲ၌ နှစ်ပေါင်းများစွာ၊ လူပြည်၌ မိန်းမဘဝ၊ ပဏ္ဍုတ်ဘဝတို့ ဖြစ်ခဲ့သည့်အပြင် တိရစ္ဆာန်ဘဝပေါင်းများစွာတို့၌ အထီးဖြစ်သော်လည်း ဝှေ့စေ့အထုတ်ခံရသော ဆင်းရဲဒုက္ခများစွာဖြင့် ကြုံတွေ့ခဲ့ရပေသည်။

ဣသိဒါသီထေရီမသည်လည်း ကျွတ်တမ်းဝင်မည့် ဤဘဒ္ဒကမ္ဘာ လူ့ဘဝတစ်ခုဝယ် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့ခြင်းကြောင့် ငရဲ၌နှစ်ပေါင်းများစွာ ဒုက္ခခံရပြီးနောက် ကျွတ်တမ်းဝင်မည့် ယခုဘဝပင်လျှင် လင်ယောကျ်ားအမျိုးမျိုးကို မိန်းမကောင်းအင်္ဂါဖြင့် ပြုစုပေးခဲ့သော်လည်း လင်ယောကျ်ားတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပေသည်။ မိဘများက ချမ်းသာပြီး သူ့၏ရုပ်အင်္ဂါကလည်းလှ မယားကျင့်ဝတ်လည်းညီအောင် နေပေခဲ့သော်လည်း ကာမေသုမိစ္ဆာစာရကံကြောင့် ယောကျ်ားများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးမှ ရဟန္တာထေရီမဖြစ်ခဲ့ရပေသည်။

လောက၌ မိတ်ဆွေကောင်းလျှင် ကောင်းကျိုးများရသကဲ့သို့ အပေါင်းအသင်းများ မကောင်းလျှင်လည်း ယခုဘဝတွင် မကောင်းမှုများ ပြုလုပ်တတ်ကြပေသည်။ အပေါင်းအသင်းမကောင်း၍ မကောင်းမှုများလုပ်မိလျှင် ယခုဘဝတွင်လည်း ဘဝပျက် လမ်းဘေး ရောက်တတ်သလို နောင်ဘဝတွင်လည်း ဆိုးကျိုးများနဲ့သာ ရင်ဆိုင်ရပေလိမ့်မည်။

တစ်ချို့က သူများက မြောက်ပင့်ပြောဆိုပေးလျှင် ကောင်းတဲ့အလုပ်လား မကောင်းတဲ့အလုပ်လားဟု မစဉ်းစားမဆင်ခြင်ဘဲ လုပ်တတ်ကြပေသည်။ တစ်ချိ့က သတ္တိရှိတာနှင့် မိုက်မဲတာကို မခွဲခြားတတ်ပေ။ ကောင်းတဲ့အလုပ်ကို သူများထက်သာအောင် သူများမလုပ်ရဲ သည့် အလုပ်ကို လုပ်ဆောင်ပေးခြင်းကိုသာ သတ္တိရှိခြင်းဖြစ်ပြီး မကောင်းမှုကို သူများထက်သာအောင် သူများမလုပ်ရဲတာကို လုပ်ရဲခြင်းသည် မိုက်မဲခြင်းဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ လူ့ဘ၀၀ယ် အပေါင်းအသင်းများ ရွေးချယ်စီစစ် စဉ်းစားဆင်ခြင်ကာ ပေါင်းသင်းတတ်ရန်လည်း လိုပေသည်။

မိမိတို့ရဲ့ ဘဝပေါင်းများစွာတွင် လူ့ဘဝကိုရဖို့ရန် ခဲယဉ်းသလို ဗုဒ္ဓ၏အဆုံးအမများကို သိရှိနားလည်ပြီး ကောင်းမှု မကောင်းမှုကို ခွဲခြားတတ်သောဘဝကို ရဖို့ရန်လည်း ခက်ခဲပေသည်။ ထို့ကြောင့် ကျွနု်ပ်တို့လူသားများသည် ယခုဘ၀၀ယ် လူ့ဘဝလည်းရ ဗုဒ္ဓရဲ့သာသနာနဲ့ကြုံတွေ့၍ အသိဉာဏ်ကောင်းလေး ရှိနေချိန်ဝယ် မကောင်းမှုများကို တတ်နိုင်သလောက် ဆင်ခြင်ပြီး ရှောင်ကြဉ်ကြရန် အထူးလိုအပ်ပါကြောင်း စေတနာ မေတ္တာများဖြင့် တင်ပြပေးလိုက်ပါပေသတည်း။

ဒကာမေးထားတဲ့ မေးခွန်းတွေရဲ့ တစ်ခုချင်းစီကိုရော၊ ကာမေသုမိစ္ဆာစာရကံထိုက်သည့် အင်္ဂါရပ်များကိုရော၊ မကျုးလွန်သင့်သည့် မိန်းကလေးများကိုရော၊ မကျင့်သင့်သည့်အချိန်ကာလ နည်းစနစ်များကိုပါ ရှင်းပြပြီးဆိုတော့ ဒီလောက်ဆို ရှင်းမည်ထင်ပါသည်။ ဒါ့ကြောင့် ဒီမှာပဲ ဦးဇင်းရဲ့အဖြေကို နိဂုံးချုပ်ရင်း လူသားအားလုံး ကာမေသုမိစ္ဆာစာရကံမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါပေသည်။ အရှင်ကောာမလ(ခ)ဆန်နီနေမင်း သာသနတက္ကသီလဓမ္မာစရိယsanninaymin@gmail.com B.A (Buddhism) M .A (university of Kelaniya) ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
အောက်ပါကျမ်းစာအုပ်များကို ဖတ်ရှု့လေ့လာပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။
(၁) အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁၊
(၂) အာဂမနီယဝတ္ထု(တည်တောဆရာတော်)
(၃) မဃဒေဝလင်္ကာသစ် အပိုဒ်-၂၃၂
(၄) ပါရာဇိကဏ်အဋ္ဌကထာ
(၅) ဣတိဝုတ်၊ဋ္ဌ၊ ၂၂၀
(၆) ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄
(၇) သံခိပ်ဋီကာ
(၈) ဘာသာဋီကာ
(၉) ဆဂတိဒီပနီ
(၁၀) စွယ်စုံကျော်ထင်ကျမ်း

(ဒါလေးက ကျွန်တော် ဟိုးအရင်နှစ်တွေက download လုပ်ထားတဲ့စာတွေပါ…။ ဘယ်ကရလဲတော့ မမှတ်မိတော့ပါဘူး။ စိတ်ငြိမ်းချမ်းသောဘဝလေးကို ပိုင်ဆိုင်ကြပါစေ။ ကျေးဇူးတင်စွာဖြင့်….)

နှလုံးသားအာဟာရ


Credit:  Original Posw Owner
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top