အစြန္းေရာက္အၾကမ္း ဖက္ ဘဂၤါလီေသာင္းက်န္းသူမ်ား ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေန ၾကရေသာ ရခုိင္တုိင္းရင္းသားမ်ား အတြက္ ႏွင္းဆီေဖာင္ေဒးရွင္းအ ေနျဖင့္ အလွဴေငြမ်ား လွဴဒါန္းရန္
စီစဥ္ေနေၾကာင္း ႏွင္းဆီအဖြဲ႕ဝင္ သ႐ုပ္ေဆာင္ ေနတိုးက ေျပာၾကားသည္။
‘‘ကြၽန္ေတာ္တုိ႔ အခုက ေမ ၿမိဳ႕ကို ေရာက္ေနလို႔ပါ။ အဓိက က ႏွင္းဆီေဖာင္ေဒးရွင္းကေန လွဴဒါန္းသြားဖို႔ရွိတယ္။ ကြၽန္ေတာ္တုိ႔ အခ်ိန္ရမယ္ဆုိရင္ ကိုယ္တုိင္ ကိုယ္က်လည္း သြားေရာက္လွဴ ဒါန္းျဖစ္ပါမယ္။ ႏွင္းဆီတစ္ဖြဲ႕လံုး သြားေရာက္လွဴဒါန္းဖို႔ကေတာ့ လူစုရတာ ခက္တဲ့အတြက္ ႏွင္းဆီ ေဖာင္ေဒးရွင္းကေနပဲ ပို႔ေပးျဖစ္ မလား၊ ကိုယ္တုိင္ကိုယ္က် သြား ေရာက္လွဴဒါန္းျဖစ္မလားဆုိတာ ကို အခုဦးမ်ိဳးတုိ႔နဲ႔ တုိင္ပင္ေနပါ တယ္’’ဟု ၎က ေျပာသည္။
အြန္လိုင္းတြင္ ေဖာ္ျပလာ သည့္ ပံုမ်ားကို ျမင္ရသည့္အေပၚ ရခုိင္လူမ်ိဳးတစ္ေယာက္ျဖစ္၍ စိတ္ထိခိုက္ရေၾကာင္းႏွင့္ ရခုိင္တစ္မ်ိဳးသားလံုး အျမန္ဆံုးဒုကၡမွ လြတ္ေျမာက္ေစရန္ ေန႔စဥ္ႏွင့္ အမွ် ဆုေတာင္းေပးေနေၾကာင္း ဆိုသည္။
‘‘ကိုယ့္ေသြးရင္းသားရင္းလို ျဖစ္ေနေတာ့ ခံစားမႈကေတာ့ ကိုယ္တုိင္ခံစားရသလိုပါပဲ။ အ ျမန္ဆံုး ဒီဒုကၡကေန ကင္းလြတ္ ႏိုင္ဖို႔ ဆုလည္းေတာင္းေပးတယ္။ အရမ္းလည္း စိတ္မေကာင္းျဖစ္ရ တယ္။ ကုိယ့္ညီအစ္ကိုေမာင္ႏွမ ေတြ ဒီလိုမ်ိဳးျဖစ္ေနတယ္။ ဒုကၡ ေတြေရာက္ေနတာကို ၾကားရ၊ ေတြ႕ရ၊ ျမင္ရေတာ့ အရမ္းလည္း ဝမ္းနည္းမိတယ္။ အရမ္းလည္း စိတ္မေကာင္းျဖစ္မိတယ္။ ဒီဒုကၡ ေတြ လြန္ေျမာက္ၿပီးေတာ့ စိတ္ ခ်မ္းသာ၊ ကိုယ္ခ်မ္းသာနဲ႔ ကိုယ့္ ျပည္နယ္အတြင္းမွာ ေအးေအး ခ်မ္းခ်မ္းနဲ႔ အျမန္ဆံုးေနႏုိင္ပါေစ လို႔ ကြၽန္ေတာ္က ဆုေတာင္းပါ တယ္။ အဲဒီလိုမ်ိဳးေနႏုိင္ဖို႔ကို လည္း သူတုိ႔ရဲ႕ လုိအပ္တဲ့ လိုအပ္ ခ်က္ေတြ ကူညီေထာက္ပံ့မႈေတြ ကိုလည္း ကြၽန္ေတာ္တုိ႔အေနနဲ႔ တတ္ႏုိင္တဲ့ဘက္ကေန ျဖည့္ ဆည္းေပးသြားဖို႔ ရွိပါတယ္’’ဟု ေျပာသည္။
လက္ရွိတြင္ ၎အပါအဝင္ ႏွင္းဆီအဖြဲ႕သားမ်ားသည္ ျပင္ဦး လြင္၌ Rose Rider ႐ုပ္ရွင္ဇာတ္ ကား ႐ိုက္ကူးေနၿပီး ရခုိင္အၾကမ္း ဖက္ခံ ျပည္သူ၊ ျပည္သားမ်ားအ တြက္ လွဴဒါန္းရန္ တိုင္ပင္ေနကာ စက္တင္ဘာလဆန္း၌ ရန္ကုန္သို႔ ျပန္ေရာက္မည္ျဖစ္သည္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: 7Day Daily
#Unicode Version#
အစွန်းရောက်အကြမ်း ဖက် ဘင်္ဂါလီသောင်းကျန်းသူများ ကြောင့် ထွက်ပြေးတိမ်းရှောင်နေ ကြရသော ရခိုင်တိုင်းရင်းသားများ အတွက် နှင်းဆီဖောင်ဒေးရှင်းအ နေဖြင့် အလှူငွေများ လှူဒါန်းရန်
စီစဉ်နေကြောင်း နှင်းဆီအဖွဲ့ဝင် သရုပ်ဆောင် နေတိုးက ပြောကြားသည်။
‘‘ကျွန်တော်တို့ အခုက မေ မြို့ကို ရောက်နေလို့ပါ။ အဓိက က နှင်းဆီဖောင်ဒေးရှင်းကနေ လှူဒါန်းသွားဖို့ရှိတယ်။ ကျွန်တော်တို့ အချိန်ရမယ်ဆိုရင် ကိုယ်တိုင် ကိုယ်ကျလည်း သွားရောက်လှူ ဒါန်းဖြစ်ပါမယ်။ နှင်းဆီတစ်ဖွဲ့လုံး သွားရောက်လှူဒါန်းဖို့ကတော့ လူစုရတာ ခက်တဲ့အတွက် နှင်းဆီ ဖောင်ဒေးရှင်းကနေပဲ ပို့ပေးဖြစ် မလား၊ ကိုယ်တိုင်ကိုယ်ကျ သွား ရောက်လှူဒါန်းဖြစ်မလားဆိုတာ ကို အခုဦးမျိုးတို့နဲ့ တိုင်ပင်နေပါ တယ်’’ဟု ၎င်းက ပြောသည်။
အွန်လိုင်းတွင် ဖော်ပြလာ သည့် ပုံများကို မြင်ရသည့်အပေါ် ရခိုင်လူမျိုးတစ်ယောက်ဖြစ်၍ စိတ်ထိခိုက်ရကြောင်းနှင့် ရခိုင်တစ်မျိုးသားလုံး အမြန်ဆုံးဒုက္ခမှ လွတ်မြောက်စေရန် နေ့စဉ်နှင့် အမျှ ဆုတောင်းပေးနေကြောင်း ဆိုသည်။
‘‘ကိုယ့်သွေးရင်းသားရင်းလို ဖြစ်နေတော့ ခံစားမှုကတော့ ကိုယ်တိုင်ခံစားရသလိုပါပဲ။ အ မြန်ဆုံး ဒီဒုက္ခကနေ ကင်းလွတ် နိုင်ဖို့ ဆုလည်းတောင်းပေးတယ်။ အရမ်းလည်း စိတ်မကောင်းဖြစ်ရ တယ်။ ကိုယ့်ညီအစ်ကိုမောင်နှမ တွေ ဒီလိုမျိုးဖြစ်နေတယ်။ ဒုက္ခ တွေရောက်နေတာကို ကြားရ၊ တွေ့ရ၊ မြင်ရတော့ အရမ်းလည်း ဝမ်းနည်းမိတယ်။ အရမ်းလည်း စိတ်မကောင်းဖြစ်မိတယ်။ ဒီဒုက္ခ တွေ လွန်မြောက်ပြီးတော့ စိတ် ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ ကိုယ့် ပြည်နယ်အတွင်းမှာ အေးအေး ချမ်းချမ်းနဲ့ အမြန်ဆုံးနေနိုင်ပါစေ လို့ ကျွန်တော်က ဆုတောင်းပါ တယ်။ အဲဒီလိုမျိုးနေနိုင်ဖို့ကို လည်း သူတို့ရဲ့ လိုအပ်တဲ့ လိုအပ် ချက်တွေ ကူညီထောက်ပံ့မှုတွေ ကိုလည်း ကျွန်တော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဖြည့် ဆည်းပေးသွားဖို့ ရှိပါတယ်’’ဟု ပြောသည်။
လက်ရှိတွင် ၎င်းအပါအဝင် နှင်းဆီအဖွဲ့သားများသည် ပြင်ဦး လွင်၌ Rose Rider ရုပ်ရှင်ဇာတ် ကား ရိုက်ကူးနေပြီး ရခိုင်အကြမ်း ဖက်ခံ ပြည်သူ၊ ပြည်သားများအ တွက် လှူဒါန်းရန် တိုင်ပင်နေကာ စက်တင်ဘာလဆန်း၌ ရန်ကုန်သို့ ပြန်ရောက်မည်ဖြစ်သည်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: 7Day Daily