iMyanmarHouse.com - Best Property Website for Myanmar
×

လက္သည္းရွည္ရွည္ေလးထားခ်င္ေပမယ့္ ခဏခဏက်ိဳးပဲ႔ေနေတာ့ ညွပ္ပစ္လုိက္ရတာလား။ ဒါမွမဟုတ္ လက္သည္းအရွည္ေတာ့ထားခ်င္ပါရဲ႕၊ အေရာင္ကဝါဝါညစ္ညစ္ႀကီးျဖစ္ေနေတာ့လည္း ၾကည့္မလွျပန္ပါဘူး။ လက္သည္းရွည္ရွည္ေလးဆိုရင္ မိန္းကေလးေတြအေနနဲ႔ လက္သည္းဆိုးေဆးေတြဆိုးတဲ့အခါမွာလည္း ႀကိဳက္တဲ့ပံုေဖာ္လု႔ိရသလို လက္ေခ်ာင္းရွည္ရွည္ေလးျဖစ္သြားေစပါတယ္။ ေယာက်္ားေလးေတြအတြက္က်ေတာ့လည္း လက္သည္းရွည္ရွည္နဲ႔ဆိုရင္ စတိုင္ထုတ္လို႔ရသလို ဂစ္တာတီးတဲ့အခါမွာ ပက္ထရြန္လိုက္ရွာေနစရာမလိုေတာ့ဘူးေပါ့ေနာ္။ ဒါေပမယ့္ လက္သည္းအရွည္ထားတဲ့သူေတြအေနနဲ႔ လက္သည္းက်န္းမာလွပဖို႔အတြက္ ေသခ်ာဂရုစိုက္သင့္ပါတယ္။ လက္သည္းက်ိဳးပဲ့သြားျခင္းမရွိဘဲ သဘာဝအတိုင္းပန္းေရာင္သမ္းတဲ့ လက္သည္းရွည္ရွည္ေလးကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္နည္းလမ္းေလးေတြအတိုင္း ျပဳလုပ္ၾကည့္လိုက္ပါေနာ္။

လိုအပ္ေသာပစၥည္းမ်ား

============

လိေမၼာ္ရည္

ၾကက္သြန္ျဖဴ

သံလြင္ဆီ

အသံုးျပဳပံုကလည္း ရိုးရွင္းပါတယ္။ လက္သည္းစိမ္ဖို႔အတြက္ ပန္းကန္လံုးတစ္လံုးယူလိုက္ပါ။ လိေမၼာ္ရည္ ပန္းကန္လံုးရဲ႕ေလးပံုတစ္ပံု၊ ႏုတ္ႏုတ္စင္းထားတဲ့ ၾကက္သြန္ျဖဴတစ္မႊာနဲ႔ သံလြင္ဆီအနည္းငယ္တို႔ကို ေရာစပ္ၿပီး ၁၅မိနစ္ခန္႔စိမ္ပါ။ ထို႔ေနာက္ေရနဲ႔ေဆးေၾကာသန္႔စင္ၿပီး သံလြင္ဆီေလးသုတ္လိမ္းေပးပါ။ ဒီနည္းလမ္းအတိုင္း တစ္ပတ္ကို၃ႀကိမ္ခန္႔ျပဳလုပ္ေပးပါ။ လိေမၼာ္ရည္မွာပါဝင္တဲ့ ဗီတာမင္ဓာတ္က လက္သည္းအရွည္ျမန္ေစၿပီး ၾကက္သြန္ျဖဴက လက္သည္းက်ိဳးျခင္းနဲ႔ လက္သည္းအေရာင္မလွျခင္းတို႔မွ ကင္းေဝးေစၿပီး သံလြင္ဆီက လက္သည္းက်န္းမာဖို႔အတြက္ အားျဖည့္ေပးပါလိမ့္မယ္။

Credit:နန္း(ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
လက်သည်းရှည်ရှည်လေးထားချင်ပေမယ့် ခဏခဏကျိုးပဲ့နေတော့ ညှပ်ပစ်လိုက်ရတာလား။ ဒါမှမဟုတ် လက်သည်းအရှည်တော့ထားချင်ပါရဲ့၊ အရောင်ကဝါဝါညစ်ညစ်ကြီးဖြစ်နေတော့လည်း ကြည့်မလှပြန်ပါဘူး။ လက်သည်းရှည်ရှည်လေးဆိုရင် မိန်းကလေးတွေအနေနဲ့ လက်သည်းဆိုးဆေးတွေဆိုးတဲ့အခါမှာလည်း ကြိုက်တဲ့ပုံဖော်လု့ိရသလို လက်ချောင်းရှည်ရှည်လေးဖြစ်သွားစေပါတယ်။ ယောကျ်ားလေးတွေအတွက်ကျတော့လည်း လက်သည်းရှည်ရှည်နဲ့ဆိုရင် စတိုင်ထုတ်လို့ရသလို ဂစ်တာတီးတဲ့အခါမှာ ပက်ထရွန်လိုက်ရှာနေစရာမလိုတော့ဘူးပေါ့နော်။ ဒါပေမယ့် လက်သည်းအရှည်ထားတဲ့သူတွေအနေနဲ့ လက်သည်းကျန်းမာလှပဖို့အတွက် သေချာဂရုစိုက်သင့်ပါတယ်။ လက်သည်းကျိုးပဲ့သွားခြင်းမရှိဘဲ သဘာဝအတိုင်းပန်းရောင်သမ်းတဲ့ လက်သည်းရှည်ရှည်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေအတိုင်း ပြုလုပ်ကြည့်လိုက်ပါနော်။

လိုအပ်သောပစ္စည်းများ

============

လိမ္မော်ရည်

ကြက်သွန်ဖြူ

သံလွင်ဆီ

အသုံးပြုပုံကလည်း ရိုးရှင်းပါတယ်။ လက်သည်းစိမ်ဖို့အတွက် ပန်းကန်လုံးတစ်လုံးယူလိုက်ပါ။ လိမ္မော်ရည် ပန်းကန်လုံးရဲ့လေးပုံတစ်ပုံ၊ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူတစ်မွှာနဲ့ သံလွင်ဆီအနည်းငယ်တို့ကို ရောစပ်ပြီး ၁၅မိနစ်ခန့်စိမ်ပါ။ ထို့နောက်ရေနဲ့ဆေးကြောသန့်စင်ပြီး သံလွင်ဆီလေးသုတ်လိမ်းပေးပါ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို၃ကြိမ်ခန့်ပြုလုပ်ပေးပါ။ လိမ္မော်ရည်မှာပါဝင်တဲ့ ဗီတာမင်ဓာတ်က လက်သည်းအရှည်မြန်စေပြီး ကြက်သွန်ဖြူက လက်သည်းကျိုးခြင်းနဲ့ လက်သည်းအရောင်မလှခြင်းတို့မှ ကင်းဝေးစေပြီး သံလွင်ဆီက လက်သည်းကျန်းမာဖို့အတွက် အားဖြည့်ပေးပါလိမ့်မယ်။

Credit:နန်း(ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top