iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာသက္တမ္း တစ္ေလွ်ာက္ ကိုယ္ပုိင္ဇာတ္လမ္း မဟုတ္သည့္ ဇာတ္ကားမ်ားကို မိမိနာမည္တပ္၍ ႐ုိက္ကူးျခင္း ကို လက္ရွိအခ်ိန္တြင္ ရွက္မိ ေၾကာင္း ဒါ႐ုိက္တာကိုေပါက္က ေျပာသည္။

‘‘အရင္တုန္းက လုပ္ခဲ့တာ ကို အသက္အရြယ္လည္း ရလာ ေတာ့ သူမ်ားဟာကို ကိုယ့္ဟာ မဟုတ္ဘဲ ကိုယ့္ဇာတ္လမ္း၊ကိုယ့္ ၀တၳဳဆုိၿပီး တပ္ရတဲ့အေပၚမွာ ကိုယ့္ဟာကုိယ္ ရွက္လာတာပါ’’ ဟု အႏုပညာသက္တမ္းႏွစ္ ၂၀ ေက်ာ္ရွိၿပီျဖစ္သည့္ ကိုေပါက္က ေျပာသည္။

သို႔ေသာ္လည္း ယခုေနာက္ ပိုင္းတြင္ ယင္းကဲ့သုိ႔မွီျငမ္းသည့္ ဇာတ္ကား႐ိုက္ကူးမႈနည္းပါးၿပီး ႐ုိက္ကူးျဖစ္ပါကလည္း မည္သည့္ဇာတ္ကားကို အေျခခံ၍ ျပန္လည္မြမ္းမံ႐ိုက္ကူးျခင္းျဖစ္သည္ဆုိသည့္ စာတမ္းထုိးေပးေၾကာင္း  ၎ကဆုိသည္။
Image result for ကိုေပါက္
ထုိ႔ျပင္ ၎တို႔ထုတ္လုပ္ေရး ၏ ပထမဆုံးဇာတ္ကားျဖစ္သည့္ ဆယ္လီဇာတ္ကားကို စက္တင္ ဘာ ၁ ရက္တြင္ ႐ုံတင္ျပသႏုိင္ ေတာ့မည္ျဖစ္ေၾကာင္း ကိုေပါက္ က ေျပာသည္။

ဆယ္လီဇာတ္ကားတြင္ လက္ရွိအခ်ိန္၌ ေစ်းကြက္၀င္ေန သည့္ နာမည္ႀကီးသ႐ုပ္ေဆာင္ မ်ားမပါ၀င္ဘဲ သ႐ုပ္ေဆာင္မ်ား ၏ မ်ဳိးဆက္သစ္ကေလးငယ္မ်ား ႏွင့္ ပညာေပးဇာတ္ကား႐ုိက္ကူး ထားသည္။

‘‘႐ုပ္ရွင္နဲ႔ပတ္သက္ၿပီး အ ေတြ႕အႀကံဳမရွိတဲ့ ကေလးေတြကုိ ႐ုပ္ရွင္မွာ အဓိကေနရာကေန တင္ၿပီး ႐ုိက္ထားတာ။ အဲဒါေၾကာင့္ အႏုပညာရွင္ေတြရဲ႕ ရင္ေသြးေတြ ကိုႀကိဳဆိုေပးဖို႔ ပရိသတ္ႀကီးကို ေမတၱာရပ္ခံခ်င္ပါတယ္’’ဟု ၎ကေျပာသည္။

ယင္းဇာတ္ကားတြင္ အႏု ပညာရွင္မ်ား၏ သားသမီးမ်ားျဖစ္ သည့္ ေမာင္မင္းျမတ္၊ သက္ထား ေရႊစင္၊ ဆုလတ္ရတနာ၊ ဒိန္းပိုပို ေဒါင္၊ ၿဖိဳးၿဖိဳး၊ မႈံနံ႔သာေက်ာ္ရဲ ေအာင္၊ စႁႏၵာေရႊရည္၊ ပန္းႏုပ်ဳိ ေမ၊ ျမင့္ျမတ္ေသာ္တာ၊ ျမအိႁႏၵာ လြင္တို႔က အဓိကသ႐ုပ္ေဆာင္ မ်ားအျဖစ္   ပါ၀င္ၿပီး   ရဲေအာင္၊မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ညီ ထြဋ္ေခါင္၊ နန္းခင္ေဇယ်ာ၊ ခင္ ၀င့္၀ါတို႔ကုိျဖည့္ထားသည္။

ပရိသတ္အားေပးမႈ ရရွိ သည့္     ဂ်င္းေကာင္အမည္ျဖင့္ ႐ုပ္ရွင္ဇာတ္ကား႐ုိက္ကူး ယခင္က ေအာက္တိုဘာအတြင္း  စီစဥ္ခဲ့ေသာ္လည္း ႐ုိက္ရက္အဆင္မေျပေသးေသာေၾကာင့္ ႐ုိက္ကူးႏုိင္ဦးမည္မဟုတ္ေၾကာင္း    ၎ကဆုိ သည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7Day Daily

#Unicode Version#
အနုပညာသက်တမ်း တစ်လျှောက် ကိုယ်ပိုင်ဇာတ်လမ်း မဟုတ်သည့် ဇာတ်ကားများကို မိမိနာမည်တပ်၍ ရိုက်ကူးခြင်း ကို လက်ရှိအချိန်တွင် ရှက်မိ ကြောင်း ဒါရိုက်တာကိုပေါက်က ပြောသည်။

‘‘အရင်တုန်းက လုပ်ခဲ့တာ ကို အသက်အရွယ်လည်း ရလာ တော့ သူများဟာကို ကိုယ့်ဟာ မဟုတ်ဘဲ ကိုယ့်ဇာတ်လမ်း၊ကိုယ့် ဝတ္ထုဆိုပြီး တပ်ရတဲ့အပေါ်မှာ ကိုယ့်ဟာကိုယ် ရှက်လာတာပါ’’ ဟု အနုပညာသက်တမ်းနှစ် ၂၀ ကျော်ရှိပြီဖြစ်သည့် ကိုပေါက်က ပြောသည်။

သို့သော်လည်း ယခုနောက် ပိုင်းတွင် ယင်းကဲ့သို့မှီငြမ်းသည့် ဇာတ်ကားရိုက်ကူးမှုနည်းပါးပြီး ရိုက်ကူးဖြစ်ပါကလည်း မည်သည့်ဇာတ်ကားကို အခြေခံ၍ ပြန်လည်မွမ်းမံရိုက်ကူးခြင်းဖြစ်သည်ဆိုသည့် စာတမ်းထိုးပေးကြောင်း  ၎င်းကဆိုသည်။

ထို့ပြင် ၎င်းတို့ထုတ်လုပ်ရေး ၏ ပထမဆုံးဇာတ်ကားဖြစ်သည့် ဆယ်လီဇာတ်ကားကို စက်တင် ဘာ ၁ ရက်တွင် ရုံတင်ပြသနိုင် တော့မည်ဖြစ်ကြောင်း ကိုပေါက် က ပြောသည်။

ဆယ်လီဇာတ်ကားတွင် လက်ရှိအချိန်၌ ဈေးကွက်ဝင်နေ သည့် နာမည်ကြီးသရုပ်ဆောင် များမပါဝင်ဘဲ သရုပ်ဆောင်များ ၏ မျိုးဆက်သစ်ကလေးငယ်များ နှင့် ပညာပေးဇာတ်ကားရိုက်ကူး ထားသည်။

‘‘ရုပ်ရှင်နဲ့ပတ်သက်ပြီး အ တွေ့အကြုံမရှိတဲ့ ကလေးတွေကို ရုပ်ရှင်မှာ အဓိကနေရာကနေ တင်ပြီး ရိုက်ထားတာ။ အဲဒါကြောင့် အနုပညာရှင်တွေရဲ့ ရင်သွေးတွေ ကိုကြိုဆိုပေးဖို့ ပရိသတ်ကြီးကို မေတ္တာရပ်ခံချင်ပါတယ်’’ဟု ၎င်းကပြောသည်။

ယင်းဇာတ်ကားတွင် အနု ပညာရှင်များ၏ သားသမီးများဖြစ် သည့် မောင်မင်းမြတ်၊ သက်ထား ရွှေစင်၊ ဆုလတ်ရတနာ၊ ဒိန်းပိုပို ဒေါင်၊ ဖြိုးဖြိုး၊ မှုံနံ့သာကျော်ရဲ အောင်၊ စန္ဒြာရွှေရည်၊ ပန်းနုပျို မေ၊ မြင့်မြတ်သော်တာ၊ မြအိန္ဒြာ လွင်တို့က အဓိကသရုပ်ဆောင် များအဖြစ်   ပါဝင်ပြီး   ရဲအောင်၊မင်းမော်ကွန်း၊ ထွန်းထွန်း၊ ညီ ထွဋ်ခေါင်၊ နန်းခင်ဇေယျာ၊ ခင် ဝင့်ဝါတို့ကိုဖြည့်ထားသည်။

ပရိသတ်အားပေးမှု ရရှိ သည့်     ဂျင်းကောင်အမည်ဖြင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူး ယခင်က အောက်တိုဘာအတွင်း  စီစဉ်ခဲ့သော်လည်း ရိုက်ရက်အဆင်မပြေသေးသောကြောင့် ရိုက်ကူးနိုင်ဦးမည်မဟုတ်ကြောင်း    ၎င်းကဆို သည်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top