iMyanmarHouse.com - Best Property Website for Myanmar
×

ၾသဂုတ္ ၂၆ ရက္က မေလးရွား ႏုိင္ငံ၌ အိမ္ရွင္အျဖစ္က်င္းပေနသည့္ ထုိင္း-ျမန္မာအႀကိဳဗိုလ္ လုပဲြသုိ႔ သြားေရာက္အားေပးသည့္ သ႐ုပ္ေဆာင္  မင္းေသြးက ျမန္မာအသင္း႐ႈံးနိမ့္မႈအတြက္ စိတ္မေကာင္းေၾကာင္း ယခုလို ေျပာသည္။


‘‘ကိုယ့္ဟာကိုယ္ဆို သြား ၾကည့္ျဖစ္မွာမဟုတ္ဘူး။ ကိုေရႊ မန္းကေနသြားၾကည့္ၾကမယ္ဆုိၿပီး အစစအရာရာသူပဲ ဦးေဆာင္ၿပီးစီ စဥ္ေပးတာနဲ႔ သြားၾကည့္ျဖစ္တာ ပါ။ ဟိုေရာက္တဲ့အခ်ိန္မွာ အမွန္ တုိင္းေျပာရရင္ ႏုိင္မယ္ဆိုတဲ့
ေမွ်ာ္လင့္ခ်က္နဲ႔ သြားၾကတာေပါ့ ေလ။ ဟိုေရာက္ေတာ့လည္း ပဲြမ ၿပီးခင္ထိကို ႏုိင္မယ္လုိ႔ပဲ ဆုံးျဖတ္ ခ်က္ခ်ထားတာ။ ဒါေပမဲ့ ကစား တဲ့ကစားသမားေတြကလည္း ေရ ကုန္ ေရခန္းကို ကစားၾကပါတယ္။ ကြၽန္ေတာ္ထင္တာေပါ့ေလ။ ကြၽန္ ေတာ္တို႔က သူမ်ားေတြထက္ပိုၿပီး အမွားမ်ားလုိ႔ပဲ ကြၽန္ေတာ္တို႔႐ႈံး တယ္လို႔ ထင္ပါတယ္’’ဟု ဆုိသည္။

လက္ရွိတြင္ အၾကမ္းဖက္သ မားမ်ားကို ရင္ဆုိင္ေနရေသာ ရခုိင္တုိင္းရင္းသားမ်ားအတြက္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ေစခ်င္ ေၾကာင္း ရခုိင္တုိင္းရင္းသားတစ္ ဦးျဖစ္သည့္ ၎ကေျပာသည္။

‘‘ႏွစ္ဖက္မီးေလာင္ေနတာ ကေတာ့ ၾကာၿပီေလ။ အခုတစ္ ေခါက္ကေတာ့ အမွန္အတုိင္း ေျပာရင္ အရင္တုန္းကေတာ့ ပဋိ ပကၡဆိုတဲ့ အေနအထားတစ္ခုပဲ ကြၽန္ေတာ္တို႔သိခဲ့တာ အခုဟာက ကြၽန္ေတာ္ထင္တာ အၾကမ္းဖက္မႈျဖစ္တယ္လုိ႔ ထင္ပါတယ္။ ဒီ ဟာက လူလူခ်င္းျဖစ္တဲ့ ျပႆနာ မဟုတ္ဘူး။ အခုကႏုိင္ငံေတာ္ကုိ ပုန္ကန္မႈ၊ မထီမဲ့ျမင္ျပဳမႈ၊ လက္ နက္ကိုင္ေဆာင္မႈ အမ်ားႀကီးပဲ ေပါ့ဗ်ာ။ ဒီဟာအၾကမ္းဖက္မႈျဖစ္ တယ္လို႔ ကြၽန္ေတာ္ကယူဆပါ တယ္။ အခုလည္း သိရသေလာက္ က ဒီဟာေလးကို ထိိထိေရာက္ ေရာက္ ကိုင္တြယ္ေနၿပီလို႔ သတင္းၾကားတဲ့အတြက္ အကုန္ဆုံးၿငိမ္း ၿငိမ္းခ်မ္းခ်မ္းေလး ျဖစ္ေစခ်င္ပါ တယ္’’ဟု မင္းေသြးက ေျပာသည္။

အၾကမ္းဖက္ခံရသူမ်ားအ တြက္ လွဴဒါန္းျဖစ္ေသာ္လည္း ဆုိ ရွယ္မီဒီယာေပၚမတင္ျဖစ္သလို စီ စဥ္သည့္ အဖဲြ႕အစည္းမ်ားရွိလွ်င္ ရခိုင္သို႔ ကိုုယ္တုိင္ကိုယ္က် လုိက္ ပါသြားေရာက္မည္ဟု ၎က ဆုိသည္။

‘‘စီစဥ္တဲ့သူရွိရင္ေတာ့ ရခုိင္ ကိုသြားျဖစ္မယ္။ စိတ္လုံၿခံဳမႈအ တြက္ပဲ တစ္ခုေပးခ်င္တယ္။ ဒီအ တုိင္းႀကီး ေတြ႕မယ္။ စကားေတြ ေျပာတာထက္စာရင္း သူတုိ႔စိတ္ လုံၿခံဳမႈအတြက္ တစ္ခုခုလုပ္ေပး ခ်င္တယ္’’ဟု ရခုိင္ျပည္သူ
ျပည္သားမ်ားအေပၚ ၎ျဖစ္ေစခ်င္ သည့္ဆႏၵကို မင္းေသြးက ေျပာ သည္။

ယမန္ႏွစ္ကလည္း အျခား ေသာ အႏုပညာရွင္မ်ားႏွင့္အတူ ရခိုင္သုိ႔႐ုပ္ရွင္အစည္းအ႐ုံးႏွင့္ တစ္ႀကိမ္၊ တျခားအဖဲြ႕အစည္းႏွင့္ တစ္ႀကိမ္ ႏွစ္ႀကိမ္တိတိသြား ေရာက္လွဴဒါန္းျဖစ္သည္ဟု ဆုိသည္။

စက္တင္ဘာ ၃ ရက္တြင္ ဗစ္တိုးရီးယားထုတ္လုပ္ေရးက စီစဥ္ၿပီး ဒါ႐ုိက္တာသားညီ႐ုိက္ကူး မည့္    ကတ္ေၾကးဟုအမည္ရွိ ႐ုပ္ရွင္ဇာတ္ကား၌ ထြန္းထြန္း၊ ပိုင္ၿဖိဳးသုတုိ႔ႏွင့္အတူ   တဲြဖက္ ႐ုိက္ကူးရန္ရွိေၾကာင္း   မင္းေသြးက
ေျပာသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit: 7Day Daily



#Unicode Version#
 သြဂုတ် ၂၆ ရက်က မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ်ကျင်းပနေသည့် ထိုင်း-မြန်မာအကြိုဗိုလ် လုပွဲသို့ သွားရောက်အားပေးသည့် သရုပ်ဆောင်  မင်းသွေးက မြန်မာအသင်းရှုံးနိမ့်မှုအတွက် စိတ်မကောင်းကြောင်း ယခုလို ပြောသည်။


‘‘ကိုယ့်ဟာကိုယ်ဆို သွား ကြည့်ဖြစ်မှာမဟုတ်ဘူး။ ကိုရွှေ မန်းကနေသွားကြည့်ကြမယ်ဆိုပြီး အစစအရာရာသူပဲ ဦးဆောင်ပြီးစီ စဉ်ပေးတာနဲ့ သွားကြည့်ဖြစ်တာ ပါ။ ဟိုရောက်တဲ့အချိန်မှာ အမှန် တိုင်းပြောရရင် နိုင်မယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ သွားကြတာပေါ့ လေ။ ဟိုရောက်တော့လည်း ပွဲမ ပြီးခင်ထိကို နိုင်မယ်လို့ပဲ ဆုံးဖြတ် ချက်ချထားတာ။ ဒါပေမဲ့ ကစား တဲ့ကစားသမားတွေကလည်း ရေ ကုန် ရေခန်းကို ကစားကြပါတယ်။ ကျွန်တော်ထင်တာ
ပေါ့လေ။ ကျွန် တော်တို့က သူများတွေထက်ပိုပြီး အမှားများလို့ပဲ ကျွန်တော်တို့ရှုံး တယ်လို့ ထင်ပါတယ်’’ဟု ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်သ မားများကို ရင်ဆိုင်နေရသော ရခိုင်တိုင်းရင်းသားများအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင် ကြောင်း ရခိုင်တိုင်းရင်းသားတစ် ဦးဖြစ်သည့် ၎င်းကပြောသည်။

‘‘နှစ်ဖက်မီးလောင်နေတာ ကတော့ ကြာပြီလေ။ အခုတစ် ခေါက်ကတော့ အမှန်အတိုင်း ပြောရင် အရင်တုန်းကတော့ ပဋိ ပက္ခဆိုတဲ့ အနေအထားတစ်ခုပဲ ကျွန်တော်တို့သိခဲ့တာ အခုဟာက ကျွန်တော်ထင်တာ အကြမ်းဖက်မှု
ဖြစ်တယ်လို့ ထင်ပါတယ်။ ဒီ ဟာက လူလူချင်းဖြစ်တဲ့ ပြဿနာ မဟုတ်ဘူး။ အခုကနိုင်ငံတော်ကို ပုန်ကန်မှု၊ မထီမဲ့မြင်ပြုမှု၊ လက် နက်ကိုင်ဆောင်မှု အများကြီးပဲ ပေါ့ဗျာ။ ဒီဟာအကြမ်းဖက်မှုဖြစ် တယ်လို့ ကျွန်တော်ကယူဆပါ တယ်။ အခုလည်း သိရသလောက် က ဒီဟာလေးကို ထိထိရောက် ရောက် ကိုင်တွယ်နေပြီလို့ သတင်းကြားတဲ့အတွက် အကုန်ဆုံးငြိမ်း ငြိမ်းချမ်းချမ်းလေး ဖြစ်စေချင်ပါ တယ်’’ဟု မင်းသွေးက ပြောသည်။

အကြမ်းဖက်ခံရသူများအ တွက် လှူဒါန်းဖြစ်သော်လည်း ဆို ရှယ်မီဒီယာပေါ်မတင်ဖြစ်သလို စီ စဉ်သည့် အဖွဲ့အစည်းများရှိလျှင် ရခိုင်သို့ ကိုုယ်တိုင်ကိုယ်ကျ လိုက် ပါသွားရောက်မည်ဟု ၎င်းက ဆိုသည်။

‘‘စီစဉ်တဲ့သူရှိရင်တော့ ရခိုင် ကိုသွားဖြစ်မယ်။ စိတ်လုံခြုံမှုအ တွက်ပဲ တစ်ခုပေးချင်တယ်။ ဒီအ တိုင်းကြီး တွေ့မယ်။ စကားတွေ ပြောတာထက်စာရင်း သူတို့စိတ် လုံခြုံမှုအတွက် တစ်ခုခုလုပ်ပေး ချင်တယ်’’ဟု ရခိုင်ပြည်သူ
ပြည်သားများအပေါ် ၎င်းဖြစ်စေချင် သည့်ဆန္ဒကို မင်းသွေးက ပြော သည်။

ယမန်နှစ်ကလည်း အခြား သော အနုပညာရှင်များနှင့်အတူ ရခိုင်သို့ရုပ်ရှင်အစည်းအရုံးနှင့် တစ်ကြိမ်၊ တခြားအဖွဲ့အစည်းနှင့် တစ်ကြိမ် နှစ်ကြိမ်တိတိသွား ရောက်လှူဒါန်းဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာ ၃ ရက်တွင် ဗစ်တိုးရီးယားထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာသားညီရိုက်ကူး မည့်    ကတ်ကြေးဟုအမည်ရှိ ရုပ်ရှင်ဇာတ်ကား၌ ထွန်းထွန်း၊ ပိုင်ဖြိုးသုတို့နှင့်အတူ   တွဲဖက် ရိုက်ကူးရန်ရှိကြောင်း   မင်းသွေးက
ပြောသည်။


 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: 7Day Daily

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top