iMyanmarHouse.com - Best Property Website for Myanmar
×

အလွျပင္ထားေပမယ့္ အဝတ္အစားက မေသသပ္ရင္ စတိုင္မက်ရင္ ဘယ္လိုမွ မသင့္ေတာ္ပါဘူး။ ကုိယ့္မိတ္ကပ္နဲ႕ လိုက္ဖက္တဲ့ ဖက္ရွင္ေလးဆင္ထားရင္ လူတိုင္းက ကုိယ့္ကို ေငးၾကည့္ေနမွာပါ။

ဒီပစၥည္းေလးေတြကေတာ့ မိန္းကေလးတိုင္းကို လူၾကားထဲထင္းေနေအာင္ လုပ္ေပးပါလိမ့္မယ္။

1. အေရာင္ေတာက္ေတာက္ ေဒါက္ဖိနပ္

အေရာင္ႀကီးထင္းေနလို႕ ေၾကာင္ေတာင္ေတာင္ နိုင္တယ္ မထင္ပါနဲ႕။ ကုိယ္ဘာပဲ ဝတ္ထားသည္ျဖစ္ေစ အေရာင္ထင္းေနတဲ့ ဖိနပ္ေလးကလည္း လူေတြရဲ႕မ်က္လံုးကို ဆြဲေဆာင္နိိင္ပါတယ္။

2. အနီေရာင္ ႏွဳတ္ခမ္းနီ

ႏွဳတ္ခမ္းနီရဲရဲေလးက မိတ္ကပ္မလိမ္းထားဘဲနဲ႕ လည္း မ်က္ႏွာေလးကို ပိုမိုေပၚလြင္ေစပါတယ္။

မိတ္ကပ္ပါးပါးေလးျပင္ၿပီး အနီေရာင္ေလး ဆိုးထားရင္ ကုိယ့္ပံုစံက လန္းဆန္းတက္ၾကြေနမွာပါ။

3. ပုဝါ

ၿခံဳပုဝါကို အေနေတာ္အရြယ္အစားေလာက္ တစ္ထည္ေဆာင္ထားပါ။ လည္ပင္းမွာ စည္းမလား။ ပုခံုးေပၚခ်မလား။ ခါးမွာခ်ည္မလား။

အေရးေပၚအေျခအေနမွာ အက်ႋီၿပဲတာတို႕ ေဘာင္းဘီစြန္းသြားတာတို႕ဆိုရင္လည္း ပုဝါေလးနဲ႕ ကာလိုက္ရံုပါပဲ။

4. နားဆြဲ

နားကပ္ဝတ္တာထက္ နားဆြဲေလးဝတ္ၿပီး လွဳပ္ရမ္းေနတာက သင့္ကို စတိုင္က်ေစပါတယ္။ နားဆြဲအရွည္ေလးေတြ ဝတ္တဲ့အခါမွာ သင္က တျခားမိန္းကေလးေတြထက္လည္း ပိုမိုထူးျခားေနပါလိမ့္မယ္။

လူေတြရဲ႕အာရံုကလည္း သင့္အေပၚ ေရာက္ေနမွာပါ။

5. လက္ကိုင္အိတ္

လက္ကိုင္အိတ္လွလွေလးေတြ အမ်ားႀကီး ေရြးနိုင္ပါတယ္။ အရမ္းမႀကီးဘဲ သက္ေသာင့္သက္သာျဖစ္မယ့္ အိတ္မ်ိဳးကို ေရြးပါ။ ပုခံုးမွာလြယ္တာထက္ လက္မွာ ခ်ိတ္တာ

က သင့္ကို ပိုမို၍ဆြဲေဆာင္မွဳရွိေစပါတယ္။

6. နာရီ

လက္ပတ္နာရီေလးတစ္လံုးက သင့္ရဲ႕စတိုင္ကို ျဖည့္စြက္ေပးနိုင္ပါတယ္။ လက္ေကာက္ဝတ္ ျပည့္တဲ့သူမ်ားက ဒိုင္ခြက္ႀကီးတဲ့နာရီ ေရြးနိုင္သလို လက္ေကာက္ဝတ္ေသးတဲ့ သူမ်ားကေတာ့ ဒိုင္ခြက္ ခပ္ငယ္ငယ္ကို လက္ပတ္ႀကိဳးနည္းနည္းႀကီးတာနဲ႕ ပတ္ေပးနိုင္ပါတယ္။

Credit:Mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အလှပြင်ထားပေမယ့် အဝတ်အစားက မသေသပ်ရင် စတိုင်မကျရင် ဘယ်လိုမှ မသင့်တော်ပါဘူး။ ကိုယ့်မိတ်ကပ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်လေးဆင်ထားရင် လူတိုင်းက ကိုယ့်ကို ငေးကြည့်နေမှာပါ။

ဒီပစ္စည်းလေးတွေကတော့ မိန်းကလေးတိုင်းကို လူကြားထဲထင်းနေအောင် လုပ်ပေးပါလိမ့်မယ်။

1. အရောင်တောက်တောက် ဒေါက်ဖိနပ်

အရောင်ကြီးထင်းနေလို့ ကြောင်တောင်တောင် နိုင်တယ် မထင်ပါနဲ့။ ကိုယ်ဘာပဲ ဝတ်ထားသည်ဖြစ်စေ အရောင်ထင်းနေတဲ့ ဖိနပ်လေးကလည်း လူတွေရဲ့မျက်လုံးကို ဆွဲဆောင်နိင်ပါတယ်။

2. အနီရောင် နှုတ်ခမ်းနီ

နှုတ်ခမ်းနီရဲရဲလေးက မိတ်ကပ်မလိမ်းထားဘဲနဲ့ လည်း မျက်နှာလေးကို ပိုမိုပေါ်လွင်စေပါတယ်။

မိတ်ကပ်ပါးပါးလေးပြင်ပြီး အနီရောင်လေး ဆိုးထားရင် ကိုယ့်ပုံစံက လန်းဆန်းတက်ကြွနေမှာပါ။

3. ပုဝါ

ခြုံပုဝါကို အနေတော်အရွယ်အစားလောက် တစ်ထည်ဆောင်ထားပါ။ လည်ပင်းမှာ စည်းမလား။ ပုခုံးပေါ်ချမလား။ ခါးမှာချည်မလား။

အရေးပေါ်အခြေအနေမှာ အကျႋီပြဲတာတို့ ဘောင်းဘီစွန်းသွားတာတို့ဆိုရင်လည်း ပုဝါလေးနဲ့ ကာလိုက်ရုံပါပဲ။

4. နားဆွဲ

နားကပ်ဝတ်တာထက် နားဆွဲလေးဝတ်ပြီး လှုပ်ရမ်းနေတာက သင့်ကို စတိုင်ကျစေပါတယ်။ နားဆွဲအရှည်လေးတွေ ဝတ်တဲ့အခါမှာ သင်က တခြားမိန်းကလေးတွေထက်လည်း ပိုမိုထူးခြားနေပါလိမ့်မယ်။

လူတွေရဲ့အာရုံကလည်း သင့်အပေါ် ရောက်နေမှာပါ။

5. လက်ကိုင်အိတ်

လက်ကိုင်အိတ်လှလှလေးတွေ အများကြီး ရွေးနိုင်ပါတယ်။ အရမ်းမကြီးဘဲ သက်သောင့်သက်သာဖြစ်မယ့် အိတ်မျိုးကို ရွေးပါ။ ပုခုံးမှာလွယ်တာထက် လက်မှာ ချိတ်တာ

က သင့်ကို ပိုမို၍ဆွဲဆောင်မှုရှိစေပါတယ်။

6. နာရီ

လက်ပတ်နာရီလေးတစ်လုံးက သင့်ရဲ့စတိုင်ကို ဖြည့်စွက်ပေးနိုင်ပါတယ်။ လက်ကောက်ဝတ် ပြည့်တဲ့သူများက ဒိုင်ခွက်ကြီးတဲ့နာရီ ရွေးနိုင်သလို လက်ကောက်ဝတ်သေးတဲ့ သူများကတော့ ဒိုင်ခွက် ခပ်ငယ်ငယ်ကို လက်ပတ်ကြိုးနည်းနည်းကြီးတာနဲ့ ပတ်ပေးနိုင်ပါတယ်။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top