iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်ပန္ႏုိင္ငံတြင္ ေနထုိင္ သည့္ Mary က တတိယသီခ်င္း တစ္ပုဒ္ကို ဖန္တီးရန္ ျမန္မာႏုိင္ငံ သုိ႔ ျပန္လာျခင္းျဖစ္ေၾကာင္း ေျပာ သည္။

ဝဲ၊ Mask စသည့္သီခ်င္းႏွစ္ ပုဒ္ျဖင့္ ပရိသတ္အားေပးမႈရရွိ ထားေသာ Mary သည္ ဩဂုတ္ လ ေက်ာင္းပိတ္ရက္တြင္  ဇာတိ ေျမ ရန္ကုန္သို႔ တစ္လၾကာ ျပန္ လာျခင္းျဖစ္သည္။

‘‘ဟိုမွာဆုိရင္ လုပ္ရတာအ  ဆင္မေျပတဲ့အတြက္ ဒီကိုျပန္လာ တဲ့အခ်ိန္ေလးမွာပဲ သီခ်င္းကို အဓိကလုပ္ျဖစ္တယ္။ ေလာေလာဆယ္ သီခ်င္းက မေရးရေသးဘူး။ စဥ္းစားေနတုန္းပါ’’ဟု ၎က ေျပာသည္။

အယ္လ္ဘမ္တစ္ခ်ပ္စာ သီခ်င္းအျပည့္မထြက္မီ သီခ်င္း သံုးပုဒ္လုပ္ရန္ စဥ္းစားထားၿပီး လက္ရွိတြင္ ဝဲႏွင့္ Mask ႏွစ္ပုဒ္ သာထြက္ရွိထားသည္။

‘‘သံုးပုဒ္လံုးရဲ႕ သီခ်င္းနာ မည္ကို စကားလံုးတစ္လံုးတည္း ပဲေပးဖို႔ အစကတည္းက စဥ္းစား ထားတာပါ။ သံုးပုဒ္စလံုးကို ပံုစံ မထပ္ေအာင္ လုပ္သြားဖို႔လည္း ရွိပါတယ္’’ဟု ဆုိသည္။


Mary သည္ ရန္ကုန္တြင္ ငါးတန္းေအာင္ၿပီးေနာက္ ဂ်ပန္ ႏုိင္ငံသို႔ ထြက္သြားကာ အလယ္ တန္း၊   အထက္တန္းႏွင့္   ယခုလက္ရွိ    ဂ်ပန္ႏိုင္ငံ    Aoyama Gakuin တကၠသိုလ္၌ ေနာက္ဆံုး ႏွစ္ကို Economy and Policy အဓိကျဖင့္     တက္ေရာက္ေန သည္။

‘ဝဲ’သီခ်င္းကို အြန္လိုင္းတင္ ခဲ့ၿပီးေနာက္ အမ်ားစုက လက္ခံ အားေပးခဲ့ေသာ္လည္း ၎၏ ထူး ျခားသည့္အသံႏွင့္ပတ္သက္၍ ေဝဖန္မႈအခ်ိဳ႕ ရွိလာရာ လူမႈ ကြန္ရက္တြင္ ေခတၱခဏေပ်ာက္ ကြယ္သြားခဲ့ေသာ ေမရီသည္ မၾကာမီက ‘Mask’ သီခ်င္းျဖင့္ ပရိသတ္ထံ ျပန္လည္ေရာက္ရွိခဲ့ သည္။

ဂ်ပန္၌ ပို၍အေနမ်ားၿပီး ရန္ ကုန္သို႔ ေက်ာင္းပိတ္ရက္မ်ားသာ ျပန္ေရာက္ျဖစ္သည္ဟု ၎က ဆုိ သည္။

‘‘ပထမဆံုးလုပ္ျဖစ္ခဲ့တဲ့ သီခ်င္းက Lil'z နဲ႔ ‘မငိုပါနဲ႔ေတာ့’ ပါ။ အဲဒီသီခ်င္းကို ျမန္မာႏုိင္ငံမွာ Officially စလုပ္ျဖစ္တယ္။ ဒါေပ မဲ့ အဲဒီတုန္းက Mary ဆိုတဲ့ နာ မည္ပဲထည့္ထားတယ္။ ဘယ္သူ လဲ၊  ဘယ္ကလဲဆုိတာ အသိ မေပးခဲ့ဘူး။ အဲဒီလိုေလးေနခ်င္ လို႔ ဒီအတုိင္းပဲ လုပ္ေပးပါဆုိၿပီး ေျပာခဲ့တယ္’’ဟု ေမရီက ေျပာ သည္။

အဆုိပါသီခ်င္း၏ အေရွ႕ တြင္ Cover Song အေတာ္ မ်ားမ်ားဆိုခဲ့သလို ‘မငိုပါနဲ႔ေတာ့’ သီခ်င္းကို အဆုိေတာ္ Lil'z ၏ ကမ္းလွမ္းမႈေၾကာင့္ တိုက်ိဳ၌ အသံသြင္းကာ အြန္လိုင္းမွ ေပးပို႔ခဲ့ျခင္း ျဖစ္သည္။

Mary သည္ ဩဂုတ္ ၄ ရက္ က ရန္ကုန္သို႔ ေရာက္ရွိခဲ့ၿပီး စက္တင္ဘာ ပထမပတ္၌ ဂ်ပန္ ႏုိင္ငံသို႔ျပန္ရန္ စီစဥ္ထားသည္ ဟုဆုိသည္။

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: 7daydaily

#Unicode Version#

ဂျပန်နိုင်ငံတွင် နေထိုင် သည့် Mary က တတိယသီချင်း တစ်ပုဒ်ကို ဖန်တီးရန် မြန်မာနိုင်ငံ သို့ ပြန်လာခြင်းဖြစ်ကြောင်း ပြော သည်။

ဝဲ၊ Mask စသည့်သီချင်းနှစ် ပုဒ်ဖြင့် ပရိသတ်အားပေးမှုရရှိ ထားသော Mary သည် ဩဂုတ် လ ကျောင်းပိတ်ရက်တွင်  ဇာတိ မြေ ရန်ကုန်သို့ တစ်လကြာ ပြန် လာခြင်းဖြစ်သည်။

‘‘ဟိုမှာဆိုရင် လုပ်ရတာအ  ဆင်မပြေတဲ့အတွက် ဒီကိုပြန်လာ တဲ့အချိန်လေးမှာပဲ သီချင်းကို အဓိကလုပ်ဖြစ်တယ်။ လောလောဆယ် သီချင်းက မရေးရသေးဘူး။ စဉ်းစားနေတုန်းပါ’’ဟု ၎င်းက ပြောသည်။

အယ်လ်ဘမ်တစ်ချပ်စာ သီချင်းအပြည့်မထွက်မီ သီချင်း သုံးပုဒ်လုပ်ရန် စဉ်းစားထားပြီး လက်ရှိတွင် ဝဲနှင့် Mask နှစ်ပုဒ် သာထွက်ရှိထားသည်။

‘‘သုံးပုဒ်လုံးရဲ့ သီချင်းနာ မည်ကို စကားလုံးတစ်လုံးတည်း ပဲပေးဖို့ အစကတည်းက စဉ်းစား ထားတာပါ။ သုံးပုဒ်စလုံးကို ပုံစံ မထပ်အောင် လုပ်သွားဖို့လည်း ရှိပါတယ်’’ဟု ဆိုသည်။

Mary သည် ရန်ကုန်တွင် ငါးတန်းအောင်ပြီးနောက် ဂျပန် နိုင်ငံသို့ ထွက်သွားကာ အလယ် တန်း၊   အထက်တန်းနှင့်   ယခုလက်ရှိ    ဂျပန်နိုင်ငံ    Aoyama Gakuin တက္ကသိုလ်၌ နောက်ဆုံး နှစ်ကို Economy and Policy အဓိကဖြင့်     တက်ရောက်နေ သည်။

‘ဝဲ’သီချင်းကို အွန်လိုင်းတင် ခဲ့ပြီးနောက် အများစုက လက်ခံ အားပေးခဲ့သော်လည်း ၎င်း၏ ထူး ခြားသည့်အသံနှင့်ပတ်သက်၍ ဝေဖန်မှုအချို့ ရှိလာရာ လူမှု ကွန်ရက်တွင် ခေတ္တခဏပျောက် ကွယ်သွားခဲ့သော မေရီသည် မကြာမီက ‘Mask’ သီချင်းဖြင့် ပရိသတ်ထံ ပြန်လည်ရောက်ရှိခဲ့ သည်။

ဂျပန်၌ ပို၍အနေများပြီး ရန် ကုန်သို့ ကျောင်းပိတ်ရက်များသာ ပြန်ရောက်ဖြစ်သည်ဟု ၎င်းက ဆို သည်။

‘‘ပထမဆုံးလုပ်ဖြစ်ခဲ့တဲ့ သီချင်းက Lil'z နဲ့ ‘မငိုပါနဲ့တော့’ ပါ။ အဲဒီသီချင်းကို မြန်မာနိုင်ငံမှာ Officially စလုပ်ဖြစ်တယ်။ ဒါပေ မဲ့ အဲဒီတုန်းက Mary ဆိုတဲ့ နာ မည်ပဲထည့်ထားတယ်။ ဘယ်သူ လဲ၊  ဘယ်ကလဲဆိုတာ အသိ မပေးခဲ့ဘူး။ အဲဒီလိုလေးနေချင် လို့ ဒီအတိုင်းပဲ လုပ်ပေးပါဆိုပြီး ပြောခဲ့တယ်’’ဟု မေရီက ပြော သည်။

အဆိုပါသီချင်း၏ အရှေ့ တွင် Cover Song အတော် များများဆိုခဲ့သလို ‘မငိုပါနဲ့တော့’ သီချင်းကို အဆိုတော် Lil'z ၏ ကမ်းလှမ်းမှုကြောင့် တိုကျို၌ အသံသွင်းကာ အွန်လိုင်းမှ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

Mary သည် ဩဂုတ် ၄ ရက် က ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ပထမပတ်၌ ဂျပန် နိုင်ငံသို့ပြန်ရန် စီစဉ်ထားသည် ဟုဆိုသည်။

Credit: 7daydaily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top