iMyanmarHouse.com - Best Property Website for Myanmar
×











Credit : Duwun

#Unicode Version#
မိန်းကလေး ပရိသတ်များရဲ့ အသည်းကျော် စိုင်းစိုင်း ကတော့ သူ့ရဲ့ မောင်နှမလေးတွေနဲ့ ပတ်သက်ပြီး ခံစားချက်လေးကို သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ယခုလို ရင်ဖွင့်ခဲ့ပါတယ်။
ဆယ်တန်းပြီးကတည်းက မောင်နှမလေးယောက်း အတူတူရှိတဲ့အချိန်ဆိုတာ ရွှေလိုပဲ ရှားတယ်တဲ့။ အခုလည်း အမေရိက မှာ အတူတူဆုံခဲ့ပြီး ဘယ်နေ့ ပြန်ဆုံမယ်ဆိုတာ မသိ နှုတ်ဆက်ခဲ့ရပြန်ပြီဆိုပြီး ရေးသားထားပါတယ်။

“ဆယ်တန်းပြီးကတည်းက မောင်နှမလေးယောက်အတူတူရှိတဲ့ အချိန်ဆိုတာ ရွှေလိုပဲ ရှားတယ်။တက္ကသိုလ်တက်တော့လည်း တစ်ယောက် တစ်မြို့ တစ်ယောက်တစ်ရွာ တစ်ယောက်တစ်နေရာ ရေကြည်ရာ မြက်နုရာ အဲဒီနောက်ပိုင်း လေဆိပ်တွေဆိုတာ ပြန်ဆုံရင် ပျော်ရွှင်စရာ လိုက်ပို့ရင် ကြွေချင်စရာ တခါတခါဆို လေဆိပ်တစ်ခုတည်းကနေ တစ်ယောက်လေယာဉ်တစ်စီးပေါ်တက် လက်ပြခွဲခွာ အခုလည်းပဲ ဘယ်နေ့ပြန်ဆုံမယ်မသိ နှုတ်ဆက်ခဲ့ရပြန်ပြီ ” ဆိုပြီး ပြောပြထားပါတယ်။

စိုင်းစိုင်းကတော့ လက်ရှိမှာ ခရီးတွေ ဆက်တိုက်သွားဖြစ်နေတာလဲ တွေ့ရပါတယ်။

သားအတွက် ဂုဏ်ယူမိတယ်လို့ ဆိုလာတဲ့ ရဲအောင်: တက္ကသိုလ်ဝင် စာမေးပွဲမှာ ဂုဏ်ထူးငါးခုနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
သားအတွက် ဂုဏ်ယူမိတယ်လို့ ဆိုလာတဲ့ ရဲအောင်
တက္ကသိုလ်ဝင် စာမေးပွဲမှာ ဂုဏ်ထူးငါးခုနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

https://www.facebook.com/pages/London-United-Kingdom/106078429431815?ref=stream

 Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်


Credit : Duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top