iMyanmarHouse.com - Best Property Website for Myanmar
×

ေျဖာင္႔စင္းရွည္လ်ားၿပီး နက္ေမွာင္သန္စြမ္းတဲ႔ ဆံပင္ရွည္ဟာ မိန္းကေလးတိုင္းအတြက္ အလွတရားတစ္ခုပါပဲ။

ေျဖာင္႔စင္းရွည္လ်ားၿပီး နက္ေမွာင္သန္စြမ္းတဲ႔ ဆံပင္ရွည္ဟာ မိန္းကေလးတိုင္းအတြက္ အလွတရားတစ္ခုပါပဲ။ ဒီလိုဆံေကသာမ်ိဳးကို ပိုင္ဆိုင္ႏိုင္ဖို႕ဆိုတာ လြယ္ေတာ႔မလြယ္သလို သိပ္ခက္ခဲလွတဲ႔ ကိစၥတစ္ခုေတာ႔လည္း မဟုတ္ပါဘူး။ သဘာဝသစ္သီးေတြကို ေပါင္းစပ္ၿပီး ေသာက္သံုးေပးရံုနဲ႔ ထူးျခားတဲ႔ အာနိသင္ကို ရယူႏိုင္ပါတယ္။

၁။ သခြားသီး နံနံပင္ေဖ်ာ္ရည္

 
သခြားသီးဟာ ဆံပင္ပံုမွန္ရွည္လာေစဖို႔အတြက္ အေထာက္အကူျပဳၿပီး ဆံသားကိုလည္း ပိုမိုေကာင္းမြန္လာေစပါတယ္။ သခြားသီးမွာ ပါဝင္တဲ႔အန္ဇိုင္းေတြဟာ ဆံပင္ကြ်တ္ျခင္းကုိ ကာကြယ္ေပးႏိုင္သလို ဆဲလ္ေတြနဲ႔ ေမြးညင္းေပါက္ေတြထဲမွာ ဟီမိုဂလိုဘင္ (haemoglobin) လည္ပတ္ႏႈန္းကိုလည္း ျမွင္႔တင္ေပးပါတယ္။ နံနံပင္ကေတာ႔ ဆံပင္ေပါက္နႈန္းပိုမိုအားေကာင္းလာေအာင္ အားျပဳေပးၿပီး ဆံပင္ကြ်တ္ျခင္း ကိုလည္း ကာကြယ္ေပးပါတယ္။

သခြားသီး နံနံပင္ေဖ်ာ္ရည္ျပဳလုပ္ဖို႔အတြက္ အရြယ္ေတာ္ သခြားသီး (၂) လံုးနဲ႔ နံနံပင္လက္တစ္ဆုပ္စာပဲလိုအပ္ပါတယ္။ ျပဳလုပ္နည္း ကလည္း အလြန္ရိုးစင္းပါတယ္။
သခြားသီးရယ္၊ နံနံပင္ရယ္ကို သစ္သီးေဖ်ာ္စက္ထဲပစ္ထည္႔ၿပီး ေရာသမေမႊလိုက္ရံုပါပဲ။ ၿပီးရင္ မိမိလိုအပ္သေလာက္ေရနည္းနည္းေရာၿပီး ေသာက္သံုးေပးႏိုင္ပါတယ္။

၂။ ပန္းသီးစေတာ္ဘယ္ရီေဖ်ာ္ရည္

 
ပန္းသီး စေတာ္ဘယ္ရီေဖ်ာ္ရည္လို႔ ေခါင္းစဥ္တပ္ထားေပမယ္႔ မုန္လာဥနီတစ္ေတာင္႔လည္း ပါဝင္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ မုန္လာဥနီေတြဟာ အာဟာရဓာတ္ျပည္႔ဝတဲ႔ေဖ်ာ္ရည္တစ္မ်ိဳးျဖစ္ၿပီး ဆံသားအေရာင္ကိုေတာက္ေျပာင္ေစတဲ႔ beta-carotene ဓာတ္လည္း ၾကြယ္ဝစြာပါဝင္ပါတယ္။ ၄င္းက ဦးေရျပားေပၚကေမြးညင္းေပါက္ေလးေတြကိုလည္း ပိုမိုၾကံ႕ခိုင္ေစလို႔ ဆံပင္ကြ်တ္ျခင္းကိုလည္း ေလ်ာ႔က်ေစပါတယ္။

စေတာ္ဘယ္ရီသီးထဲမွာပါဝင္တဲ႔ ဗိုက္တာမင္စီကေတာ႔ ခႏၶာကိုယ္ထဲက ပရိုတိန္းဓာတ္ေတြတိုးပြားလာေစဖို႔ အကူအညီေပးပါတယ္။ တစ္လက္စတည္းမွာပဲ ဆံသားဖြံ႕ၿဖိဳးတိုးတက္မႈကိုပါ အေထာက္အကူျပဳေပး ပါတယ္။ ဘာလို႔လဲဆုိေတာ႔ ဆံပင္ကိုလည္း ပရိုတိန္းဓာတ္နဲ႔ပဲ ဖြဲ႕စည္းထားလို႔ပါ။ ပန္းသီးကေတာ႔ ေဖ်ာ္ရည္ကိုခ်ိဳျမတဲ႔အရသာေထာက္ပံ႕ေပးႏိုင္ၿပီး ပိုမိုေကာင္းမြန္စြာ အစာေၾကေစႏိုင္ဖို႔အတြက္ ေထာက္ပံ႔ေပးပါတယ္။

ျပဳလုပ္ဖို႔အတြက္
ပန္းသီးတစ္လံုး၊ မုန္လာဥနီတစ္လံုး၊ စေတာ္ဘယ္ရီ (၄) လံုးေလာက္ပဲ လိုအပ္ပါတယ္။
ထံုးစံအတိုင္း ပါဝင္ပစၥည္းေတြကို သစ္သီးေဖ်ာ္စက္ထဲထည္႔၊ ေရနည္းနည္းထည္႔ၿပီး ေရာေမႊလိုက္မယ္ ဆိုရင္
အရသာရွိတဲ႔ ပန္းသီးစေတာ္ဘယ္ရီ ေဖ်ာ္ရည္တစ္ခြက္ကို ရရွိပါၿပီ။

၃။ ပန္းသီး မုန္လာဥနီ တရုပ္နံနံေဖ်ာ္ရည္

 
မုန္လာဥနီေတြဟာ ဗိုက္တာမင္ေအ၊ ဗိုက္တာမင္ဘီ၊ ဗိုက္တာမင္စီ၊ သံဓာတ္နဲ႔ ကယ္လ္ဆီယမ္ဓာတ္ေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ ပန္းသီးေတြကေတာ႔ ဗိုက္တာမင္၊ သတၳဳဓာတ္ၾကြယ္ဝၿပီး pectin နဲ႔ antioxidant ေတြလည္း ၾကြယ္ဝတဲ႔ ရင္းျမစ္တစ္မ်ိဳးျဖစ္ပါတယ္။ တရုပ္နံနံပင္မွာေတာ႔ Phthalide ဆိုတဲ႔ကြန္ေပါင္းတစ္မ်ိဳးပါရွိၿပီး ေသြးေၾကာေတြကိုေခ်ာေမြ႕ေအာင္ကူညီေပးျခင္းျဖင္႔ ေသြးတိုးက်ေစႏိုင္ပါတယ္။

အဲဒီ (၃) မ်ိဳးကို ေပါင္းစပ္ထားတဲ႔ေဖ်ာ္ရည္ကေတာ႔ ဆံသားေမြးညင္းေပါက္ေလးေတြကို ၾကံ႕ခိုင္ေစရံုသာမက ဦးေရျပားက်န္းမာေရးကိုလည္း ထိန္းသိမ္းေပးပါတယ္။ ေနာက္ၿပီး အေရျပားကိုလည္း သန္႕ရွင္း က်န္းမာေစပါတယ္။

ဒီေဖ်ာ္ရည္ျပဳလုပ္ဖို႔အတြက္ လိုအပ္တာကေတာ႔
မုန္လာဥနီ (၃) လံုး၊
သခြားသီး တစ္ျခမ္း၊
ပန္းသီးတစ္လံုးနဲ႔
တရုပ္နံနံပင္ (၂) ပင္တို႔ပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းအားလံုးကို ေရနည္းနည္းေရာၿပီး သစ္သီးေဖ်ာ္စက္ထဲမွာ ေရာသမေမႊလိုက္ရင္ေတာ႔ ဆံသားက်န္းမာေရးကို အေထာက္အကူျပဳတဲ႔ ေဖ်ာ္ရည္ေလးတစ္ခြက္ကိုရရွိပါၿပီ။ ပံုမွန္ေသာက္သံုးေပးမယ္ဆိုရင္ အေကာင္းဆံုးပါပဲ။

၄။ ကီဝီ မာလကာသီးေဖ်ာ္ရည္

 
ကီဝီသီးေဖ်ာ္ရည္ဟာ ဗိုက္တာမင္အီး ၾကြယ္ဝစြာပါဝင္ၿပီး ဗိုက္တာမင္အီးကေတာ႔ ဆံသားဖြံ႕ၿဖိဳးေရးကို အေထာက္အကူျပဳပါတယ္။ ဗိုက္တာမင္အီးကို ပံုမွန္မွီဝဲေပးျခင္းကလည္း ဆံပင္ပိုမိုလ်င္ျမန္စြာ ရွည္လာေစဖို႕အတြက္ ေကာင္းေကာင္းႀကီးကူညီေပးႏိုင္ပါတယ္။

မာလကာသီးကေတာ႔ antioxidant ေတြ၊ ကယ္လ္ဆီယမ္၊ သံဓာတ္၊ ေဖာလစ္အက္ဆစ္တို႔လို အာဟာရဓာတ္ေတြ သိပ္သည္းစြာ ပါဝင္တဲ႔ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ဒီေတာ႔ ဆံပင္သန္စြမ္းေရးကိုလည္း အေထာက္အကူျပဳတာေပါ႔။

ေဖ်ာ္ရည္ျပဳလုပ္ဖို႔အတြက္ မာလကာသီး (၂) လံုးနဲ႔ ကီဝီသီး (၂) လံုးပဲ လိုအပ္ပါတယ္။ ထံုးစံအတိုင္း သစ္သီးေဖ်ာ္စက္ထဲမွာ ေရနည္းနည္းနဲ႔ေရာေမႊလိုက္ရင္ ကီဝီ မာလကာသီးေဖ်ာ္ရည္ကို ရရွိပါၿပီ။

Source: theindianspot

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : Duwun

#Unicode version#
ဖြောင့်စင်းရှည်လျားပြီး နက်မှောင်သန်စွမ်းတဲ့ ဆံပင်ရှည်ဟာ မိန်းကလေးတိုင်းအတွက် အလှတရားတစ်ခုပါပဲ။

ဖြောင့်စင်းရှည်လျားပြီး နက်မှောင်သန်စွမ်းတဲ့ ဆံပင်ရှည်ဟာ မိန်းကလေးတိုင်းအတွက် အလှတရားတစ်ခုပါပဲ။ ဒီလိုဆံကေသာမျိုးကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ လွယ်တော့မလွယ်သလို သိပ်ခက်ခဲလှတဲ့ ကိစ္စတစ်ခုတော့လည်း မဟုတ်ပါဘူး။ သဘာဝသစ်သီးတွေကို ပေါင်းစပ်ပြီး သောက်သုံးပေးရုံနဲ့ ထူးခြားတဲ့ အာနိသင်ကို ရယူနိုင်ပါတယ်။

၁။ သခွားသီး နံနံပင်ဖျော်ရည်
သခွားသီးဟာ ဆံပင်ပုံမှန်ရှည်လာစေဖို့အတွက် အထောက်အကူပြုပြီး ဆံသားကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။ သခွားသီးမှာ ပါဝင်တဲ့အန်ဇိုင်းတွေဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်သလို ဆဲလ်တွေနဲ့ မွေးညင်းပေါက်တွေထဲမှာ ဟီမိုဂလိုဘင် (haemoglobin) လည်ပတ်နှုန်းကိုလည်း မြှင့်တင်ပေးပါတယ်။ နံနံပင်ကတော့ ဆံပင်ပေါက်နှုန်းပိုမိုအားကောင်းလာအောင် အားပြုပေးပြီး ဆံပင်ကျွတ်ခြင်း ကိုလည်း ကာကွယ်ပေးပါတယ်။

သခွားသီး နံနံပင်ဖျော်ရည်ပြုလုပ်ဖို့အတွက် အရွယ်တော် သခွားသီး (၂) လုံးနဲ့ နံနံပင်လက်တစ်ဆုပ်စာပဲလိုအပ်ပါတယ်။ ပြုလုပ်နည်း ကလည်း အလွန်ရိုးစင်းပါတယ်။
သခွားသီးရယ်၊ နံနံပင်ရယ်ကို သစ်သီးဖျော်စက်ထဲပစ်ထည့်ပြီး ရောသမမွှေလိုက်ရုံပါပဲ။ ပြီးရင် မိမိလိုအပ်သလောက်ရေနည်းနည်းရောပြီး သောက်သုံးပေးနိုင်ပါတယ်။

၂။ ပန်းသီးစတော်ဘယ်ရီဖျော်ရည်
ပန်းသီး စတော်ဘယ်ရီဖျော်ရည်လို့ ခေါင်းစဉ်တပ်ထားပေမယ့် မုန်လာဥနီတစ်တောင့်လည်း ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ မုန်လာဥနီတွေဟာ အာဟာရဓာတ်ပြည့်ဝတဲ့ဖျော်ရည်တစ်မျိုးဖြစ်ပြီး ဆံသားအရောင်ကိုတောက်ပြောင်စေတဲ့ beta-carotene ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်းက ဦးရေပြားပေါ်ကမွေးညင်းပေါက်လေးတွေကိုလည်း ပိုမိုကြံ့ခိုင်စေလို့ ဆံပင်ကျွတ်ခြင်းကိုလည်း လျော့ကျစေပါတယ်။

စတော်ဘယ်ရီသီးထဲမှာပါဝင်တဲ့ ဗိုက်တာမင်စီကတော့ ခန္ဓာကိုယ်ထဲက ပရိုတိန်းဓာတ်တွေတိုးပွားလာစေဖို့ အကူအညီပေးပါတယ်။ တစ်လက်စတည်းမှာပဲ ဆံသားဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပြုပေး ပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်ကိုလည်း ပရိုတိန်းဓာတ်နဲ့ပဲ ဖွဲ့စည်းထားလို့ပါ။ ပန်းသီးကတော့ ဖျော်ရည်ကိုချိုမြတဲ့အရသာထောက်ပံ့ပေးနိုင်ပြီး ပိုမိုကောင်းမွန်စွာ အစာကြေစေနိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။

ပြုလုပ်ဖို့အတွက်
ပန်းသီးတစ်လုံး၊ မုန်လာဥနီတစ်လုံး၊ စတော်ဘယ်ရီ (၄) လုံးလောက်ပဲ လိုအပ်ပါတယ်။
ထုံးစံအတိုင်း ပါဝင်ပစ္စည်းတွေကို သစ်သီးဖျော်စက်ထဲထည့်၊ ရေနည်းနည်းထည့်ပြီး ရောမွှေလိုက်မယ် ဆိုရင်
အရသာရှိတဲ့ ပန်းသီးစတော်ဘယ်ရီ ဖျော်ရည်တစ်ခွက်ကို ရရှိပါပြီ။

၃။ ပန်းသီး မုန်လာဥနီ တရုပ်နံနံဖျော်ရည်
မုန်လာဥနီတွေဟာ ဗိုက်တာမင်အေ၊ ဗိုက်တာမင်ဘီ၊ ဗိုက်တာမင်စီ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပန်းသီးတွေကတော့ ဗိုက်တာမင်၊ သတ္ထုဓာတ်ကြွယ်ဝပြီး pectin နဲ့ antioxidant တွေလည်း ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုးဖြစ်ပါတယ်။ တရုပ်နံနံပင်မှာတော့ Phthalide ဆိုတဲ့ကွန်ပေါင်းတစ်မျိုးပါရှိပြီး သွေးကြောတွေကိုချောမွေ့အောင်ကူညီပေးခြင်းဖြင့် သွေးတိုးကျစေနိုင်ပါတယ်။

အဲဒီ (၃) မျိုးကို ပေါင်းစပ်ထားတဲ့ဖျော်ရည်ကတော့ ဆံသားမွေးညင်းပေါက်လေးတွေကို ကြံ့ခိုင်စေရုံသာမက ဦးရေပြားကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးပါတယ်။ နောက်ပြီး အရေပြားကိုလည်း သန့်ရှင်း ကျန်းမာစေပါတယ်။

ဒီဖျော်ရည်ပြုလုပ်ဖို့အတွက် လိုအပ်တာကတော့
မုန်လာဥနီ (၃) လုံး၊
သခွားသီး တစ်ခြမ်း၊
ပန်းသီးတစ်လုံးနဲ့
တရုပ်နံနံပင် (၂) ပင်တို့ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းအားလုံးကို ရေနည်းနည်းရောပြီး သစ်သီးဖျော်စက်ထဲမှာ ရောသမမွှေလိုက်ရင်တော့ ဆံသားကျန်းမာရေးကို အထောက်အကူပြုတဲ့ ဖျော်ရည်လေးတစ်ခွက်ကိုရရှိပါပြီ။ ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။

၄။ ကီဝီ မာလကာသီးဖျော်ရည်
ကီဝီသီးဖျော်ရည်ဟာ ဗိုက်တာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ဗိုက်တာမင်အီးကတော့ ဆံသားဖွံ့ဖြိုးရေးကို အထောက်အကူပြုပါတယ်။ ဗိုက်တာမင်အီးကို ပုံမှန်မှီဝဲပေးခြင်းကလည်း ဆံပင်ပိုမိုလျင်မြန်စွာ ရှည်လာစေဖို့အတွက် ကောင်းကောင်းကြီးကူညီပေးနိုင်ပါတယ်။

မာလကာသီးကတော့ antioxidant တွေ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်ဆစ်တို့လို အာဟာရဓာတ်တွေ သိပ်သည်းစွာ ပါဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ ဆံပင်သန်စွမ်းရေးကိုလည်း အထောက်အကူပြုတာပေါ့။

ဖျော်ရည်ပြုလုပ်ဖို့အတွက် မာလကာသီး (၂) လုံးနဲ့ ကီဝီသီး (၂) လုံးပဲ လိုအပ်ပါတယ်။ ထုံးစံအတိုင်း သစ်သီးဖျော်စက်ထဲမှာ ရေနည်းနည်းနဲ့ရောမွှေလိုက်ရင် ကီဝီ မာလကာသီးဖျော်ရည်ကို ရရှိပါပြီ။

Source: theindianspot

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




Credit : Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top