iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္ေနရင္းကေန အေၾကာင္းေၾကာင္းေၾကာင့္ ရုတ္တရက္ ဆတ္ခနဲ လန္႔ႏိုးတာကို ျမန္မာအေခၚအေ၀ၚမွာ ဘီလူးစီးတယ္လို႔ ေခၚၾကပါတယ္။ အဂၤလိပ္လိုေတာ့ “Jerk Awake” ပါ။ ဒီလိုအျဖစ္အပ်က္မ်ိဳးကို လူေတာ္ေတာ္မ်ားမ်ားျဖစ္ဖူးၾကပါလိမ့္မယ္။ တစ္ခ်ိဳ႕ၾကေတာ့ အျမင့္ႀကီးက ျပဳတ္က်သလိုမ်ိဳးခံစားရၿပီး ရုတ္တရက္ လန္႔ႏိုးတတ္ၾကပါတယ္။ ဒါကိုေတာ့ ထမင္းစားၿပီး ထမင္းလံုး ေျခဖ၀ါးမွာကပ္ေနလို႔ ထမင္းလံုးတေစၦေျခာက္တယ္လို႔ လူႀကီးေတြ ေျပာျပတာ ၾကားဖူးပါတယ္။ ဒီျဖစ္ရပ္ေတြက ဘာေၾကာင့္ ျဖစ္ေနရတာလဲဆိုတာကို က်န္းမာေရးရွဳေထာင့္ကေနေလ့လာၾကည့္ၾကရေအာင္။

ဒီလိုျဖစ္ရပ္ေတြက မတူညီတဲ့ျဖစ္ႏို္င္ေခ် ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ ဒီျဖစ္ရပ္ေတြကို စဥ္းစားၾကည့္တဲ့အခါမွာ သင္ဟာ အိပ္မက္ဆိုးတစ္ခုခုမက္ၿပီးမွ အခုလို လန္႔ႏိုးလာတာလား။ ဒါမွမဟုတ္ ဘာမွန္းေတာင္ သင္ကိုယ္တိုင္ မသိလိုက္တဲ့ တစ္ျခား စိုးရိမ္ေၾကာက္ရြံ႕ဖြယ္ရာတစ္ခုခုကို ရင္ဆိုင္လိုက္ရလို႔ သင္ လန္႔ႏိုးလာတယ္ဆိုရင္ေတာ့ ဒါက လက္ေတြ႕ဘ၀မွာ သင္ခံစားႀကံဳေတြ႕ေနရတဲ့ စိတ္ဖိစီးမႈေတြ၊ စိုးရိမ္ေသာကေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ျပင္းထန္တဲ့ သင့္ရဲ႕ စိတ္ခံစားခ်က္ေတြက စိတ္ဖိစီးမႈအျဖစ္ ေျပာင္းလဲသြားၿပီး သင့္ရဲ႕ အိပ္ေပ်ာ္ေနစဥ္ ႏွလံုးခုန္ႏႈန္းကို ပံုမွန္ထက္ အႀကိမ္ေရျမန္ေနေအာင္ လႈံ႕ေဆာ္ႏိုင္စြမ္းရွိပါတယ္။ ဒီလိုပဲ သင္ မွီ၀ဲေနရတဲ့ တစ္ခ်ိဳ႕ေသာ ေဆး၀ါးေတြ၊ ရင္က်ပ္ပန္းနာေရာဂါကုသမႈေတြ၊ စတာေတြဟာလည္း သင့္ရဲ႕ ႏွလံုးခုန္ႏႈန္းကို ပိုၿပီးျမန္ေစတာ အေသအခ်ာပါပဲ။ ေနာက္ၿပီး အစားအေသာက္မမွန္တာေတြ၊ ဆီးခ်ိဳေရာဂါေၾကာင့္ ပံုမွန္ဆီးခ်ိဳေရာဂါေသာက္ေဆးေတြကလည္း သင့္ရဲ႕ ကိုယ္ခႏၶာထဲက ေသြးတြင္းအခ်ိဳဓာတ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိပါတယ္။ ေသြးတြင္းအခ်ိဳဓာတ္ေလ်ာ့နည္းေနၿပီဆိုရင္လည္း သင့္ရဲ႕ ႏွလံုးခုန္ႏႈန္းကို ပိုမိုျမန္ဆန္ေနေစမွာပါ။

ဒီလို သာမာန္ထက္ပိုၿပီး ႏွလံုးခုန္ျမန္တဲ့ အေျခအေနမ်ိဳးေတြကို arrhythmias လို႔ ေခၚၿပီး ႏွလံုးခုန္ျမန္မႈေၾကာင့္ လည္မ်ိဳကိုပါ ပံုမွန္ထက္ပိုၿပီး သက္ေရာက္မႈေတြေပးလိုက္တာေၾကာင့္ သင္ဟာ အသက္ရွဴၾကပ္ၿပီး ရုတ္တရပ္ ဆတ္ခနဲ လန္႔ႏိုးတာမ်ိဳးေတြ ျဖစ္လာရတာပါလို႔ New York မွ Lenox Hill Hospital ရဲ႕  Internal Medicine physician တစ္ဦးျဖစ္တဲ့ Keri Peterson က ရွင္းျပေပးပါတယ္။

သူ႔ရဲ႕ အႀကံေပးခ်က္ကေတာ့ သင္ဟာ အခုလို လန္႔ႏိုးတာမ်ိဳးကို အႀကိမ္ေပါင္းမ်ားစြာ ခံစားေနရၿပီဆိုရင္ လက္ရွိသံုးစြဲေနရတဲ့ ေဆး၀ါးေတြကို ေျပာင္းလဲႏိုင္ဖို႔အတြက္ ဆရာ၀န္နဲ႔ တိုင္ပင္သင့္ၿပီး အကယ္၍ ေဆး၀ါးတစ္စံုတစ္ရာ မွီ၀ဲေနရတာမ်ိဳးမရွိ၊ အိပ္မက္ဆိုးလည္း မမက္ပဲ အခုလို Jerk Awake မ်ိဳးကို ခံစားေနရတယ္ဆိုရင္ေတာ့ ကိုယ္လက္အားကစားလုပ္ဖို႔နဲ႔ သင့္ရဲ႕ အျပင္ပိုင္းကိုယ္ခႏၶာက်န္းမာေရးလိုအပ္ခ်က္နဲ႔ စိတ္က်န္းမာေရးလိုအပ္ခ်က္အတြက္ ကုသမႈခံယူၿပီး လက္ရွိစိတ္ပင္ပန္းစရာေကာင္းတဲ့ ေန႔စဥ္ဘ၀ကေန ေခတၱအနားယူသင့္ေၾကာင္း အႀကံေပးထားပါေသးတယ္ေနာ္။

Credit: Moethae Say
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အိပ်နေရင်းကနေ အကြောင်းကြောင်းကြောင့် ရုတ်တရက် ဆတ်ခနဲ လန့်နိုးတာကို မြန်မာအခေါ်အဝေါ်မှာ ဘီလူးစီးတယ်လို့ ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ “Jerk Awake” ပါ။ ဒီလိုအဖြစ်အပျက်မျိုးကို လူတော်တော်များများဖြစ်ဖူးကြပါလိမ့်မယ်။ တစ်ချို့ကြတော့ အမြင့်ကြီးက ပြုတ်ကျသလိုမျိုးခံစားရပြီး ရုတ်တရက် လန့်နိုးတတ်ကြပါတယ်။ ဒါကိုတော့ ထမင်းစားပြီး ထမင်းလုံး ခြေဖဝါးမှာကပ်နေလို့ ထမင်းလုံးတစ္ဆေခြောက်တယ်လို့ လူကြီးတွေ ပြောပြတာ ကြားဖူးပါတယ်။ ဒီဖြစ်ရပ်တွေက ဘာကြောင့် ဖြစ်နေရတာလဲဆိုတာကို ကျန်းမာရေးရှုထောင့်ကနေလေ့လာကြည့်ကြရအောင်။

ဒီလိုဖြစ်ရပ်တွေက မတူညီတဲ့ဖြစ်နိုင်ချေ တော်တော်များများရှိပါတယ်။ ဒီဖြစ်ရပ်တွေကို စဉ်းစားကြည့်တဲ့အခါမှာ သင်ဟာ အိပ်မက်ဆိုးတစ်ခုခုမက်ပြီးမှ အခုလို လန့်နိုးလာတာလား။ ဒါမှမဟုတ် ဘာမှန်းတောင် သင်ကိုယ်တိုင် မသိလိုက်တဲ့ တစ်ခြား စိုးရိမ်ကြောက်ရွံ့ဖွယ်ရာတစ်ခုခုကို ရင်ဆိုင်လိုက်ရလို့ သင် လန့်နိုးလာတယ်ဆိုရင်တော့ ဒါက လက်တွေ့ဘဝမှာ သင်ခံစားကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ သင့်ရဲ့ စိတ်ခံစားချက်တွေက စိတ်ဖိစီးမှုအဖြစ် ပြောင်းလဲသွားပြီး သင့်ရဲ့ အိပ်ပျော်နေစဉ် နှလုံးခုန်နှုန်းကို ပုံမှန်ထက် အကြိမ်ရေမြန်နေအောင် လှုံ့ဆော်နိုင်စွမ်းရှိပါတယ်။ ဒီလိုပဲ သင် မှီဝဲနေရတဲ့ တစ်ချို့သော ဆေးဝါးတွေ၊ ရင်ကျပ်ပန်းနာရောဂါကုသမှုတွေ၊ စတာတွေဟာလည်း သင့်ရဲ့ နှလုံးခုန်နှုန်းကို ပိုပြီးမြန်စေတာ အသေအချာပါပဲ။ နောက်ပြီး အစားအသောက်မမှန်တာတွေ၊ ဆီးချိုရောဂါကြောင့် ပုံမှန်ဆီးချိုရောဂါသောက်ဆေးတွေကလည်း သင့်ရဲ့ ကိုယ်ခန္ဓာထဲက သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ သွေးတွင်းအချိုဓာတ်လျော့နည်းနေပြီဆိုရင်လည်း သင့်ရဲ့ နှလုံးခုန်နှုန်းကို ပိုမိုမြန်ဆန်နေစေမှာပါ။

ဒီလို သာမာန်ထက်ပိုပြီး နှလုံးခုန်မြန်တဲ့ အခြေအနေမျိုးတွေကို arrhythmias လို့ ခေါ်ပြီး နှလုံးခုန်မြန်မှုကြောင့် လည်မျိုကိုပါ ပုံမှန်ထက်ပိုပြီး သက်ရောက်မှုတွေပေးလိုက်တာကြောင့် သင်ဟာ အသက်ရှူကြပ်ပြီး ရုတ်တရပ် ဆတ်ခနဲ လန့်နိုးတာမျိုးတွေ ဖြစ်လာရတာပါလို့ New York မှ Lenox Hill Hospital ရဲ့  Internal Medicine physician တစ်ဦးဖြစ်တဲ့ Keri Peterson က ရှင်းပြပေးပါတယ်။

သူ့ရဲ့ အကြံပေးချက်ကတော့ သင်ဟာ အခုလို လန့်နိုးတာမျိုးကို အကြိမ်ပေါင်းများစွာ ခံစားနေရပြီဆိုရင် လက်ရှိသုံးစွဲနေရတဲ့ ဆေးဝါးတွေကို ပြောင်းလဲနိုင်ဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပြီး အကယ်၍ ဆေးဝါးတစ်စုံတစ်ရာ မှီဝဲနေရတာမျိုးမရှိ၊ အိပ်မက်ဆိုးလည်း မမက်ပဲ အခုလို Jerk Awake မျိုးကို ခံစားနေရတယ်ဆိုရင်တော့ ကိုယ်လက်အားကစားလုပ်ဖို့နဲ့ သင့်ရဲ့ အပြင်ပိုင်းကိုယ်ခန္ဓာကျန်းမာရေးလိုအပ်ချက်နဲ့ စိတ်ကျန်းမာရေးလိုအပ်ချက်အတွက် ကုသမှုခံယူပြီး လက်ရှိစိတ်ပင်ပန်းစရာကောင်းတဲ့ နေ့စဉ်ဘဝကနေ ခေတ္တအနားယူသင့်ကြောင်း အကြံပေးထားပါသေးတယ်နော်။

Credit: Moethae Say
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top