iMyanmarHouse.com - Best Property Website for Myanmar
×

“သီတဂူဆရာေတာ္ၾကီး၏

အလြန္ဖတ္သင့္ေသာ ဆုံးမစကား”
**************************
မၾကာခင္ကေလးက အိႏၵိယျပည္ၾကီးရဲ ့ေျမာက္ဘက္ ကက္ရွ္မီးယားရဲ ့အေရွ့ေျမာက္ လာဒက္က ျပန္လာတယ္။ လာဒက္မွာ ဘုန္းၾကီးတရားေဟာတယ္။
Buddhist Centre ဆုိျပီးေတာ့ ဗုဒၶဘာသာအဖြဲ ့ရဲ ့ဌာနခ်ဳပ္ျမိဳ ့လယ္ေခါင္မွာဖြင့္ထားတယ္။ တစ္ျမိဳ ့လံုး ပုိစတာ ေထာင္ျပီးေတာ့ ေၾကာ္ျငာလုိက္ေတာ့ ဗုဒၶဘာသာ၀င္ေရာ ၊ ခရစ္ယာန္စတဲ့ အျခားဘာသာ၀င္ ေတြေရာ အားလံုးလာျပီးေတာ့ နားေထာင္ၾကတယ္။ Tourist ေတြကလည္း အရမ္းေပါတယ္။ သူတုိ ့လည္း လာနားေထာင္ၾကတယ္။ ေခါင္းစဥ္က ဘုန္းၾကီးေပးတဲ့ ေခါင္းစဥ္မဟုတ္ဘူး။ သူတုိ ့ေပးတဲ့ေခါင္းစဥ္။ Buddhist and World Peace ဗုဒၶဘာသာတရားေတာ္ႏွင့္ ကမာၻ ့ျငိမ္းခ်မ္းေရး ဆုိတဲ့ေခါင္းစဥ္ကုိ ေဟာရမွာ။

ကမာၻ ဆုိတာဘာလဲ …….
စင္ေပၚေရာက္ေတာ့ ဘုန္းၾကီးက ဘာေဟာသလဲဆုိရင္ The World ကမာၻဆုိတာ ဘာေခၚတာလဲ။ ဘုန္းၾကီးက အဲဒီကစတာ။ ေရ ေျမ ၊ ေတာ ေတာင္ ၊ ေန လ ၊ နကၡတ္ တာရာ ၊ ပင္လယ္ သမုဒၵရာ ၊ အဂၤလိပ္ အေမရိကန္ ဂ်ပန္ ကုိရီးယား ျမန္မာ ဒါေတြ အကုန္လံုးကုိ မင္းတုိ ့က ကမာၻလုိ ့ေခၚခ်င္သလား။ မင္းတုိ ့ေခၚခ်င္လည္း ေခၚရပါတယ္။

တုိ ့ဗုဒၶကေတာ့ ေျခဖ်ားမွ ဆံပင္ဖ်ားတုိင္ေအာင္ တစ္လံမွ်ရွိတဲ့ ခႏၶာကုိယ္ကုိ “တစ္ကမာၻ” လုိ ့သတ္မွတ္တယ္။ အဲဒီေတာ့ ကမာၻက လူ ့အျပင္ဘက္မွာရွိတဲ့ အျပင္ကမာၻ ႏွင့္ လူသား တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းရဲ ့အတြင္းကမာၻဆုိျပီး ၂ မ်ိဳးရွိတယ္။

ဘုန္းၾကီးက သူတုိ ့ကုိ “အျပင္ကမာၻၾကီးရဲ ့ျငိမ္းခ်မ္းေရးကုိ ခဏထားစမ္းပါအံုး။ အတြင္းကမာၻလုိ ့ေခၚတဲ့ Individual World တစ္ေယာက္ဆီ တစ္ေယာက္ဆီ ႏွင့္ဆုိင္တဲ့ကမာၻရဲ ့ျငိမ္းခ်မ္းေရးကုိ ပဲ မင္းတုိ ့လုပ္ၾကပါကြာ ” လုိ ့ဘုန္းၾကီးကေျပာလုိက္တယ္။
အာရွ အာဖရိက ဥေရာပ အေမရိက ျငိမ္းခ်မ္းေရးေတြကုိ မင္းတုိ ့ခဏထား ၊ မင္းတုိ ့တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းရဲ ့ျငိမ္းခ်မ္းေရး Individual Peace ကုိမွ မတည္ေဆာက္ႏုိင္ရင္ ကမာၻ့ ျငိမ္းခ်မ္းေရးဆုိ တာ အဓိပၸာယ္မရွိဘူး။ အဲဒီျငိမ္းခ်မ္းေရးမ်ိဳးကုိလည္း ငါေတာ့ မယံုဘူး။

ကမာၻစစ္၏ အစ …….
ဒီေတာ့ “ကမာၻစစ္ဆုိတာ ဘယ္ကစသလဲ” ဆုိရင္ အဂၤလိပ္က စတယ္။ အေမရိကန္က စတယ္။ ဟစ္တလာက စတယ္။ ကြန္ျမဴနစ္က စတယ္။ ဆုိရွယ္လစ္က စတယ္ ဆုိတာေတြေျပာမေနပါနဲ ့။ ဒါေတြတစ္ခုမွ မဟုတ္ဘူး။
စစ္ကုိ ဘယ္ကစသလဲ ဆုိရင္ စိတ္က စတယ္။ လူတစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းရဲ ့ စိတ္ဓာတ္ ကေနျပီးေတာ့ စတာ။ အဲဒါေၾကာင့္ ကမာၻ ့ျငိမ္းခ်မ္းေရးကုိ မလုပ္ေသးခင္ ဘာအရင္လုပ္မလဲ ၊ တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းရဲ ့စိတ္ဓာတ္ျငိမ္းခ်မ္းေရးကုိ အရင္လုပ္ရမယ္။
“တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းရဲ ့စိတ္ဓာတ္ျငိမ္းခ်မ္းေရးကုိ အရင္လုပ္ရျခင္းသည္ ဗုဒၶ၀ါဒပဲ။ ဒါနဲ ့ပတ္သတ္လုိ ့မင္းတုိ ့ေစာဒက တက္စရာရွိရင္ တက္ၾက။ ေမးစရာရွိရင္ ေမးၾက ” ေျပာျပီး ၾကားထဲ မွာ ခဏေလာက္ တရားရပ္ထားတယ္။ ဘယ္သူမွ ဘာမွမေမးၾကဘူး။ ျငိမ္ေနၾကတယ္။

“မင္းတုိ ့အဲဒီေလာက္ ျငိမ္ျငိမ္ေနရင္ ျငိမ္းခ်မ္းေရးရျပီ ” လုိ ့ေျပာေတာ့ သူတုိ ့အားလံုး ရယ္ၾကတယ္။ ကမာၻစစ္ဆုိတဲ့ စကားလံုးဟာ ေျပာေနၾကအတုိင္းသာ ေျပာတာ။ တစ္ကယ္ေတာ့ ကမာၻက မစဘူး။ စိတ္က စပါတယ္။ ကမာၻစစ္ကုိ စိတ္ကစရင္ ကမာၻ့ ျငိမ္းခ်မ္းေရးကုိလည္း ဒီစိတ္ကပင္ စတင္တည္ေဆာက္ရမွာျဖစ္ပါတယ္။
ဒါေၾကာင့္ စိတ္ရဲ ့ျငိမ္းခ်မ္းေရးကုိ အေမရိကန္ေထာင္သား ႏွစ္ေယာက္ ႏွင့္ ေနရူးတုိ ့က ဗုဒၶရုပ္ပံုေတာ္တုိ ့က ၾကည့္ၾကည့္ျပီးေတာ့ သူတုိ ့ရဲ ့စိတ္ဓာတ္ျငိမ္းခ်မ္းေရးကုိ ယူသြားၾကတယ္။ရလည္း ရသြားၾကတယ္။

အေမရိကန္လူၾကီးက ဓမၼပဒစာအုပ္ကုိ မရရေအာင္ ရွာဖတ္ျပီးေတာ့ ေထာင္ထဲမွာ အဲဒီဓမၼပဒတရားကုိ တျခားေထာင္သားေတြကုိ ေဟာျပတယ္။ ေဟာရင္း ေဟာရင္း နဲ ့သူေထာင္ကလြတ္ေတာ့ ခရစ္ယာန္ဘုန္းၾကီးျဖစ္တာပဲ။ ခရစ္ယာန္ဘုန္းၾကီး ဘာႏွင့္ျဖစ္သလဲဆုိရင္ ဓမၼပဒနဲ ့ျဖစ္တာ။
ဒီအက်ဥ္းေထာင္မွာ ဗုဒၶဘာသာ၀င္လည္း ရွိမွာပဲ။ ခရစ္ယာန္ဘာသာ၀င္လည္း ရွိမွာပဲ။ အစၥလာမ္ဘာသာ၀င္လည္း ရွိမွာပဲ။ ဟိႏၵဴဘာသာ၀င္လည္း ရွိမွာပဲ။ ဂ်ဳးလည္း ရွိမွာပဲ။

ခရစ္ယာန္ေတြရဲ ့ကုိးကြယ္ရာက God ၊ ဂ်ဴးတုိ ့ရဲ ့ကုိးကြယ္ရာက ေယဟုိး၀ါး ၊ အစၥလာမ္တုိ ့ရဲ ့ကုိးကြယ္ရာက အလႅာအရွင္ျမတ္ ၊ ဒါေတြက ကုိးကြယ္စရာေတြ။ ဒီကုိးကြယ္စရာ အမ်ိဳးမ်ိဳးကုိ ဘယ္လုိပင္ ကုိးကြယ္ ကုိးကြယ္ ကိစၥမရွိပါဘူး။ God ကုိ ရွိခုိးရင္လည္း ရွိခုိးေပါ့။ အလႅာကုိလည္း ဦးတုိက္ခ်င္ ဦးတုိက္ေပါ့။ အေရးမၾကီးပါဘူး။

အေရးၾကီးဆံုး အလုပ္ႏွစ္ခု ……
ကုိးကြယ္စရာက ပဓာန မဟုတ္ဘူး။ စိတ္ကုိ ျပင္ဖုိ ့က ပဓာန။ ကုိးကြယ္စရာေပါင္းမ်ားစြာကုိ အကုန္လံုး သိမ္းက်ံဴးကုိးကြယ္ေနေစကာမူ စိတ္ကုိ မျပင္ႏုိင္ေသးသမွ် အဲဒီပုဂၢိဳလ္ေတြရဲ ့စိတ္ဓာတ္ဟာ ျငိမ္းခ်မ္းေရး မရႏုိင္ဘူး။ စိတ္ဓာတ္ျငိမ္းခ်မ္းေရး Mental Peace ( တစ္နည္းေျပာရရင္ ) စိတ္ဓာတ္ယဥ္ေက်းမႈ Mental Culture။
ဒီေတာ့ စိတ္ဓာတ္ျငိမ္းခ်မ္းေရးကုိ ေနာက္မွလုပ္ပါ။ စိတ္ရဲ ့ျငိမ္းခ်မ္းမႈကုိ ဘယ္ကစလုပ္ရမလဲ။ စိတ္ဓာတ္ယဥ္ေက်းမႈႏွင့္ စတင္၍ တည္ေဆာက္ရမယ္။ ဒီႏွစ္ခုဟာ လူသားအားလံုးမွာ အေရးၾကီးတဲ့ အခ်က္ျဖစ္ပါတယ္။ ဘယ္ဘာသာ၀င္မဆုိ ဘယ္ဘုရားကုိပဲ ကုိးကြယ္ ၊ ကုိးကြယ္ ဒီႏွစ္ခ်က္ကုိ အဓိက ထားျပီးေတာ့ အားလံုးလုပ္ၾကရမယ္။


စိတ္ဓာတ္ ယဥ္ေက်းမႈ ႏွင့္ စိတ္ဓာတ္ျငိမ္းခ်မ္းေရးမႈ ဒီႏွစ္ခု ပဓာန ထားျပီးေတာ့ အားလံုးလုပ္ၾကရမယ္။ ဒီေတာ့ စိတ္ဓာတ္ယဥ္ေက်းမႈ ႏွင့္ စိတ္ဓာတ္ျငိမ္းခ်မ္းေရးမႈႏွစ္ခုကုိ အျပည့္အ၀ရေအာင္ လုပ္ႏုိင္တယ္ဆုိရင္ စိတ္ထဲမွာ အားလံုးျပည့္စံုသြားလိမ့္မည္။ စိတ္ဓာတ္ မယဥ္ေက်းေသးသမွ် အဲဒီပုဂၢိဳလ္ရဲ ့စိတ္ထဲမွာ ဘာမွ ျပည့္စံုမွာမဟုတ္ဘူး။
အေနာက္ဘက္က တုိင္းျပည္ေတြကုိ ၾကည့္လုိက္ရင္ ရုပ္ပုိင္းဆုိင္ရာ ၀ထၳဳေတြ အားလံုးျပည့္စံုတယ္။ ဒါေပမယ့္ စိတ္ထဲမွာ အျမဲတမ္းလုိေနတယ္။ သူတုိ ့ကုိ ေမးၾကည့္လုိက္ရင္ ျပည့္စံုတယ္လုိ ့ဘယ္ေသာအခါမွ မေျပာၾကဘူး။ ဘုန္းၾကီးတုိ ့အေရွ့ဘက္တုိင္းျပည္ေတြကေတာ့ ရုပ္ပုိင္းဆုိင္ရာမွာ လုိေနတာမွန္တယ္။ သုိ ့ေသာ္ စိတ္ပုိင္းဆုိင္ရာ ျပည့္စံုတဲ့ အေျခခံအားလံုး အလံုအေလာက္ရွိတယ္။

အာရွမွာ အကုန္လံုးျပည့္စံုတယ္……
သိသာေအာင္ေျပာရမယ္ဆုိရင္ Jesus Christ ဘယ္မွာေမြးလဲ။ အာရွမွာ ေမြးတယ္။ သိဒၶတၳေဂါတမ ဘယ္မွာေမြးလဲ။ အာရွမွာေမြးတယ္။ ဟိႏၵဴဘာသာကုိ တည္ေထာင္ၾကတဲ့ Brahim ေတြလည္း အာရွမွာပဲ ေမြးၾကတယ္။ အစၥလာမ္ဘာသာကုိ တည္ေထာင္တဲ့ မုိဟာမက္လည္း အာရွမွာပဲေမြးတယ္။

ဒါေၾကာင့္ စိတ္ဓာတ္ကုိ ျဖည့္စြက္ဖုိ ့ရန္ Mental Fulfilment အတြက္ Mental Culture , Mental Happiness နည္းစနစ္ေတြ အာရွမွာ အကုန္လံုး အျပည့္အစံုရွိတယ္။ ဟုိ အေနာက္ဘက္ တုိင္းျပည္ေတြမွာေတာ့ မရွိဘူး။ ဒါေၾကာင့္ ဥေရာပ အေမရိက စတဲ့ အေနာက္တုိင္းကလူေတြ အာရွဘက္ကုိပဲ ရွိခုိးေနရတယ္။
ဗုဒၶကုိ ရွိခုိးခ်င္တယ္ဆုိရင္ အေနာက္ကလူေတြ အေရွ့ကုိ လွမ္းရွိခုိးရတယ္။ Jesus Christ ကုိ ရွိခုိးခ်င္တယ္ဆုိရင္လည္း အေရွ့ကုိပဲ လွမ္းရွိခုိးရတယ္။ ဘုန္းၾကီးတုိ ့အေရွ့ဘက္တုိင္းျပည္က ဟုိအေနာက္ဘက္က တုိင္းျပည္ေတြထက္ Civilize ယဥ္ေက်းမႈပုိျဖစ္တယ္။

ဒါကုိ အေရွ့တုိင္းသားေတြက အားရဂုဏ္ယူ၀င့္ၾကြားျပီးေတာ့ ကုိယ့္ဆီမွာရွိေနတဲ့ စိတ္ဓာတ္ယဥ္ေက်းမႈ ၊ စိတ္ဓာတ္ျငိမ္းခ်မ္းမႈတုိ ့ႏွင့္ ပတ္သတ္တဲ့ နည္းစနစ္ေတြကုိ အျပည့္အ၀ အသံုးမခ်ႏုိင္ဘူးရင္ အာရွတုိင္းသားေတြ အၾကီးအက်ယ္ နစ္နာမယ္။

ဗုဒၶတရား ႏွင့္ ဆရာလုပ္ေနတယ္ …..
ဟုိဘက္က လူေတြက ဗုဒၶတရားေတာ္ေတြကုိ ခရစ္ယာန္ Chruch ေက်ာင္းမွာ သံုးသြားတယ္။ ဗုဒၶတရား ႏွင့္ ဆရာလုပ္ေနၾကတယ္။ ဒါ၀န္တုိစရာမဟုတ္ဘူး။ သိပ္၀မ္းသာစရာ ေကာင္းတယ္။
လူသားတစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းရဲ ့စိတ္ဓာတ္ယဥ္ေက်းမႈ ႏွင့္ စိတ္ဓာတ္ျငိမ္းခ်မ္းေရးကုိ ဗုဒၶတရားေတာ္ထဲက ေနျပီးေတာ့ ယူသံုးေနၾကတာဟာ ဓမၼရဲ ့တန္ဖုိးကုိ နားလည္ၾကဖုိ ့ပဲ။
ခရစ္ယာန္ဘုန္းၾကီးက “ဗုဒၶတရားဟာ Common Religion လူသားအားလံုး ကုိးကြယ္ဖုိ ့ဘာသာတရားျဖစ္ပါတယ္” လုိ ့ေျပာတယ္။ အလြန္မွတ္သားထုိက္တဲ့ စကား။ ေလးစားျမတ္ႏုိးစရာေကာင္းတဲ့ စကားပဲ။


Credit: သီတဂူဆရာေတာ္ဘုရားၾကီး

#Unicode Version#
“သီတဂူဆရာတော်ကြီး၏

အလွန်ဖတ်သင့်သော ဆုံးမစကား”

**************************
မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့မြောက်ဘက် ကက်ရှ်မီးယားရဲ့အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။
Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ရဲ့ဌာနချုပ်မြို့လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို့လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင် တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့လည်း လာနားထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို့ပေးတဲ့ခေါင်းစဉ်။ Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။

ကမ္ဘာ ဆိုတာဘာလဲ …….
စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့က ကမ္ဘာလို့ခေါ်ချင်သလား။ မင်းတို့ခေါ်ချင်လည်း ခေါ်ရပါတယ်။

တို့ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ” လို့သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့အတွင်းကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။

ဘုန်းကြီးက သူတို့ကို “အပြင်ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမ္ဘာရဲ့ငြိမ်းချမ်းရေးကို ပဲ မင်းတို့လုပ်ကြပါကွာ ” လို့ဘုန်းကြီးကပြောလိုက်တယ်။
အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ခဏထား ၊ မင်းတို့တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆို တာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။

ကမ္ဘာစစ်၏ အစ …….
ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ့။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။
စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ် ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။
“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓဝါဒပဲ။ ဒါနဲ့ပတ်သတ်လို့မင်းတို့စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲ မှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။

“မင်းတို့အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို့ပြောတော့ သူတို့အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်ကစရင် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ရဲ့ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို့က ဗုဒ္ဓရုပ်ပုံတော်တို့က ကြည့်ကြည့်ပြီးတော့ သူတို့ရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ရလည်း ရသွားကြတယ်။

အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ့သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ဖြစ်တာ။
ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။

ခရစ်ယာန်တွေရဲ့ကိုးကွယ်ရာက God ၊ ဂျူးတို့ရဲ့ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို့ရဲ့ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။

အရေးကြီးဆုံး အလုပ်နှစ်ခု ……
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။
ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။

စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အဝရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။
အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ဝထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။

အာရှမှာ အကုန်လုံးပြည့်စုံတယ်……
သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။

ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။
ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။

ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။

ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် …..
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။
လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့တန်ဖိုးကို နားလည်ကြဖို့ပဲ။
ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ဘာသာတရားဖြစ်ပါတယ်” လို့ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။

Credit: သီတဂူဆရာတော်ဘုရားကြီး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top