iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္တို့ဟာ သာမန္ေရႊဆိုင္ေတြမွာ ေတြ ့ရေလ့ရွိတဲ့ ေက်ာက္ အနီအျပာ ေရာင္စံုေလးေတြကို . .
သဘာဝေက်ာက္လိုလို ထင္မွတ္ဖူးၾကပါတယ္ ။


တကယ္တမ္းမွာေတာ့ . . . အမ်ားအားျဖင့္ေတြ ့ျမင္ ဝယ္ယူမိၾကတာက ခ်က္ေက်ာက္လို့ေခၚတဲ့ သဘာဝမဟုတ္တဲ့ ေက်ာက္အတုေတြမ်ားပါတယ္ ။

ဘာတန္ဖိုးမွ မရွိတဲ့ ေက်ာက္အတုေတြ ၾကားကေန သဘာဝ ေက်ာက္မ်က္ ရတနာအစစ္ကို ရွာေဖြဝယ္ယူနိုင္ဖို ့ အခ်က္အလက္ေတြ သိရွိထားဖို့လိုပါျပီ ။

သဘာဝေက်ာက္မ်က္ရတနာအစစ္ဟာ အင္မတန္ ရွားပါးလာပါျပီ ။

အထူးသျဖင့္ ကြ်န္ေတာ္တို့နိုင္ငံက ထြက္တဲ့ သယံဇာတျဖစ္တဲ့ သဘာဝတြင္းထြက္

မိုးကုတ္ ပတၲျမား နဲ့ နီလာ ဟာ ဆိုရင္ အရည္အေသြးေကာင္းလြန္းလို ့ရွားပါး လြန္းလို့ နာမည္ရေနတဲ့ တန္းဝင္ေက်ာက္ေတြပါ ။

ေတြ ့ေနျမင္ေနက်. . .ခ်က္ေက်ာက္ (သို့မဟုတ္) အပူေပး / အေရာင္ေျပာင္း / ေဆးသြင္း ထားတဲ့ Imitation ေတြထဲကေန. . . .

သဘာဝတြင္းထြက္ ေက်ာက္မ်က္ အစစ္ကို ေရြးခ်ယ္ ဝယ္ယူနိုင္ဖို ့ အတုနဲ့ အစစ္ ကြာျခားခ်က္ ေတြကို ေျပာျပခ်င္ပါတယ္ ။

*********************
Related image
1

ေက်ာက္အမ်ိဳးမ်ိဳးကိုအစစ္လို ့ထင္ရေလာက္ေအာင္ ခ်က္လုပ္/ဖန္တီး ေရာင္းခ်ေနၾကျပီ မို ့. . .

အတု နဲ့အစစ္ ခြဲျခား သိနိုင္ဖို ့ အခ်က္အလက္တခ်ိဳ ့ကေတာ့ . .

ေက်ာက္အတု / ခ်က္ေက်ာက္ ဟူသမွ်ကသဘာဝတြင္းထြက္ မဟုတ္ပဲ. . . အပူဓါတ္နဲ့ ခ်က္လုပ္ၾကရတာေၾကာင့္. . .

ေက်ာက္တစ္ခုလံုးမွာ ပူေဖာင္း (သို့မဟုတ္) အျမဳပ္လို ့ေခၚတဲ့ Gas Bubble ေလးေတြ ျပည့္နွက္ေနတတ္ပါတယ္။

 Image result for diamond in treasure
ေက်ာက္ၾကည့္ မွန္ဘီလူးနဲ့ ၾကည့္မွ ျမင္ရမွာပါ ။

သာမန္အတိုင္း ၾကည့္ရင္ေတာ့ . . .အေရာင္အေသြးလွပျပီး အျပစ္အနာအဆာကင္းစင္ေနတာကိုပဲေတြ ့ရပါလိမ့္မယ္ ။

အဲဒီလို အျပစ္အနာအဆာကင္းျပီး အေရာင္အေသြးလွပလြန္းေနျပီဆိုရင္ သတိထားရေတာ့မွာပါ ။

ေက်ာက္အတုျဖစ္ဖို့ မ်ားပါတယ္ ။

သဘာဝတြင္းထြက္ေက်ာက္မ်က္ေတြဟာ ဘယ္ေတာ့မွ အျပစ္အနာအဆာမကင္းပါဘူး ။

ေဂၚ တို့ မွတ္စာ တို ့ Inclusion လို သဘာဝ အမွတ္အသားေလးေတြ ပါေနတတ္ပါတယ္ ။

သဘာဝေက်ာက္အစစ္ေတြမွာGas Bubble လို ့ေခၚတဲ့ အျမဳပ္ကေလးေတြ ပူေဖာင္းေလးေတြ တစ္ခုတေလ ပါတတ္ေပမယ့္ခ်က္ေက်ာက္အတုမွာလို ေက်ာက္တစ္ခုလံုး ျပည့္နွက္မေနပါဘူး။

တစ္ေနရာ ေလာက္ တစ္ခုေလာက္ပဲ ပါတတ္တာပါ။

ထင္သာျမင္သာ ရွိေအာင္မွန္ဘီလူးနဲ့ ၾကည့္သင့္ပါတယ္ ။

********************************

2

ေနာက္တစ္ခ်က္ကေတာ့. . . . .

မွန္ဘီလူးေကာင္းေကာင္းနဲ ့ၾကည့္တဲ့အခါ..

သဘာဝတြင္းထြက္ ေက်ာက္အစစ္ရဲ့ အသားေၾကာဟာ မေကြ ့မေကာက္ပဲ တေျဖာင့္တည္း တန္းေနတာကို

ေတြ ့ရပါလိမ့္မယ္ ။

ခ်က္ေက်ာက္ အတုေတြရဲ ့ ေက်ာက္အသားေၾကာေတြကေတာ့ . . ေကြ့ေကာက္ ရွဳပ္ေထြး ေနတတ္ပါတယ္ ။

************************************
Image result for diamond in treasure
3

ေနာက္တစ္ခ်က္ သိသင့္တာက အေရာင္ပါ။

သဘာဝေက်ာက္မ်က္အစစ္ ေတြဟာ အေရာင္ မညီပါဘူး ။

အရည္မညီဘူး အရည္ကြက္တယ္ စသည့္ျဖင့္ ေက်ာက္မ်က္ေလာကမွာ ေျပာၾကဆိုၾကပါတယ္ ။

ဥပမာ ပတၲျမားတစ္ပြင့္ဆိုပါစို ့ ။

ရုတ္တရက္ သာမန္ၾကည့္ရင္ . . . .အနီေရာင္ တျပင္တည္းလို့ ျမင္ေပမယ့္

မွန္ဘီလူးနဲ့ ေသခ်ာေထာင္ၾကည့္ရင္ မီးထိုးၾကည့္ရင္ အထဲမွာ . . .အရည္မညီတာ ေတြ ့ရပါလိမ့္မယ္ ။

အနီေရာင္ထဲမွာကိုပဲ . . .

အနုအရင့္ ကြာျခားတဲ့ေနရာေတြ ပန္းေရာင္ ခရမ္းေရာင္ ကြက္ေနတာေတြ ေတြ့ရပါလိမ့္မယ္ ။

ေက်ာက္တစ္ပြင့္လံုး အေရာင္တေျပးညီ ျဖစ္ေနတဲ့ေက်ာက္အစစ္ဆိုတာ မရွိသေလာက္ကို ရွားပါတယ္ ။

အရည္ညီ ျပီး အျပစ္အနာအဆာကင္းတဲ့ေက်ာက္ဆိုတာ အပြင့္ေရ ေထာင္း ေသာင္းထဲမွာေတာင္ တစ္ပြင့္ ရဖို့ မလြယ္ / ရွားပါးလွပါတယ္ ။

ခ်က္ေက်ာက္ သို့မဟုတ္ အပူေပးျပီး ျပဳျပင္ေျပာင္းလဲထားတဲ့ မီးဖုတ္ေက်ာက္တို့ကေတာ့ . .

အေရာင္ဟာ ကြက္ျခင္းမရွိ. . .မေျပာင္းလဲပဲ တေျပးညီ ျဖစ္ေနတတ္ပါတယ္ ။

***********************************
Related image
4

ေနာက္တစ္ခ်က္ရွိပါေသးတယ္ ။

သဘာဝတြင္းထြက္ ေက်ာက္မ်က္ရဲ့ အသားဟာ သိပ္သည္းက်စ္လစ္ပါတယ္။

ေက်ာက္အတု ရဲ့ ေက်ာက္သားကေတာ့သိပ္သည္းက်စ္လ်စ္မွဳ မရွိပဲ. . .ဖံုပြပြ ျဖစ္ေနမွာပါ ။

ေက်ာက္အစစ္နဲ့ ယွဥ္ျပီး ၾကည့္ရင္ ပိုသိသာပါတယ္ ။

ေက်ာက္အရြယ္အစားၾကီးရင္လက္နဲ့ ကိုင္ဆၾကည့္တာနဲ့သိသာပါတယ္ ။

ေက်ာက္အတုနဲ့ သဘာဝေက်ာက္မ်က္အစစ္ဆိုဒ္ အရြယ္အစား တူေနရင္ . . . .အေလးခ်ိန္မတူပါဘူး ။

ေက်ာက္အစစ္က ေလးေလးပင္ပင္ ရွိျပီးေက်ာက္အတုကေတာ့ ေပါ့ရႊတ္ရႊတ္ျဖစ္ေနမွာ ေသခ်ာပါတယ္ ။

ၾကံဳတုန္း . . . .ေက်ာက္မ်က္ရတနာတခ်ိဳ့ရဲ့ သိပ္သည္းဆကို ေျပာျပလိုက္ပါ့မယ္ ။

—————-
Image result for diamond in treasure
ေက်ာက္မ်က္ရတနာတို့ရဲ ့…သိပ္သည္းဆ
___________________________________

ပတၲျမား( Ruby) = 3 . 99

နီလာ(Sapphire) = 3 . 99

ဥႆဖရား(Topaz) = 3 . 56

စိန္(Diamond) = 3 . 52

ျမ(Emarald) = 2 . 71

ပုလဲ(Pearl) = 2 .70

*********************************

5

ေက်ာက္မ်က္အတု ကို ခြဲျခားသိနိုင္ဖို့ . . .ေနာက္ထပ္ အခ်က္ တစ္ခ်က္ ရွိပါေသးတယ္ ။

အဲဒါကေတာ့ . . . . .

သဘာဝေက်ာက္မ်က္အစစ္ေတြမွာကမာဆင့္ ရွိတဲ့အတြက္ . . . .ေက်ာက္သားမ်က္နာျပင္ဟာ ေတာ္ရံု ပြတ္တိုက္မိရံုနဲ့ ပြန္းပဲ့ စင္းရာ မထင္နိုင္ပါဘူး ။

ေက်ာက္အတု ေတြ ဟာ. . . .

မာဆင့္ မာနွဳန္း မာဂုဏ္ မရွိတဲ့ အတြက္ . . . အဝတ္စၾကမ္းၾကမ္းနဲ့ ျဖစ္ျဖစ္ ပြတ္တိုက္ၾကည့္ရင္

အစင္းရာ ပြန္း ထင္သြားပါလိမ့္မယ္ ။

ဒီေနရာမွာလည္း . . .တလက္စတည္း . ေက်ာက္မ်က္ေတြရဲ့ မာဆင္စေကး ေတြကိုေျပာျပခဲ့ပါ့မယ္ ။

—————

ေက်ာက္မ်က္ရတနာတို့ရဲ့မာဆင့္

___________________________

စိန္ (Diamond) = 10 .0

နီလာ(Sapphire) = 9 .0

ပတၲျမား(Ruby) = 9 .0

ဥႆဖရား(Topaz) = 8 .0

ေဂၚမိတ္(Pyrope) = 6.5

ၿမ(Emerald) = 7 .5 - 8.0

ေက်ာက္စိမ္း(Jade) = 6 .5 -7.0

**********************************

သတိ


ေက်ာက္တစ္ပြင့္ဟာ. . . .အေရာင္လည္း တေျပးညီ အရည္ကြက္ျခင္းမရွိ /

အထဲမွာလည္း အျပစ္အနာအဆာ လံုးဝကင္းေနမယ္ ဆိုရင္ . .အဲဒါ အတု ျဖစ္နိုင္ေခ် မ်ားပါတယ္ ။

ေသခ်ာေအာင္ မွန္ဘီလူးနဲ့ ၾကည့္ရင္ . . .

ေက်ာက္အတြင္းပိုင္းမွာ အသားေၾကာေတြ ေကြ ့ေကာက္ေနမယ္…

အျမဳပ္(Gas Bubble)ေတြ လည္း ရွိေနမယ္. . . .

က်စ္လ်စ္သိပ္သည္းမွဳလည္း မရွိ မာဆင့္လည္း မရွိဘူး ဆိုရင္ေတာ့ . .

အဲဒါ . . ေက်ာက္အတု ဆိုတာ ေသခ်ာပါျပီ ။

————————

စစ္ေဆးျခင္း


မီးထိုးၾကည့္ျခင္း . . .

ေနေရာင္မွာ ေထာင္ၾကည့္ျခင္း. . . မွန္ဘီလူးေကာင္းေကာင္းနဲ ့ ၾကည့္ျခင္းေတြ အျပင္ . . . .

ေက်ာက္မ်က္ရဲ့ ရူပဂုဏ္သတၲိ တို့

ပံုေဆာင္ဓေလ့တို ့

အလင္းယိုင္ညႊန္းကိန္း တို ့. . .

အေရာင္ေျပာင္းျခင္း / နွစ္ျဖာအလင္းယိုင္ျခင္း /

အလင္းလကၡဏာ /

အတြင္းမီးအား /

စုပ္ယူေရာင္စဥ္တန္းမ်ား /

မီးစုန္းေတာက္ျခင္း လကၡဏာမ်ား စသည္ျဖင့္လည္း ေလ့လာဆန္းစစ္သင့္ပါတယ္ ။

———————————

စစ္ေဆးျခင္း

ခရမ္းလြန္ ေရာင္ျခည္(Ultraviolet Ray)နဲ့ ထိုးၾကည့္ရင္လည္း . . . .

ေက်ာက္အတုနဲ့ အစစ္ရဲ့ ျခားနားမွဳကို သိနိုင္ပါတယ္ ။

ေက်ာက္အတုဟာ ခရမ္းလြန္ေရာင္ျခည္နဲ့ ထိတဲ့အခါ. . . အေရာင္မွိန္က်သြားပါလိမ့္မယ္ ။

သဘာဝတြင္းထြက္ ေက်ာက္မ်က္အစစ္ကေတာ့ ပိုျပီး လင္းလက္ ေတာက္ပ သြားပါလိမ့္မယ္ ။

***********************************
အတြန့္တက္ သဘာဝေက်ာက္မ်က္ လုပ္ငန္းတစ္ခုမွာ လုပ္ေနရင္း နဲ့ တျဖည္းျဖည္း သိလာတာေလးေတြ ခ်ေရးၾကည့္တာပါ ။

တတ္ကြ်မ္းလို့ေရးျပတာမ်ိဳး မဟုတ္ပါဘူး။

ကိုယ္ သိထားတာ ဘယ္ေလာက္ ရွိျပီလဲ ဆိုတာ ျပန္ဖတ္ၾကည့္ခ်င္လိ႔ု ့ေရးၾကည့္တာပါ ။

အခု ေရးသြားတာေတြဟာ သာမန္ ေက်ာက္အေၾကာင္း သိပ္မသိေသးသူတစ္ေယာက္ရဲ့

သာမန္ အသိ အခ်က္အလက္ေလးေတြမို ့ လြဲေနတာ ေတြ ့ရင္လည္း ျပင္ေပးၾကပါဦး။

ကြ်န္ေတာ္ ေလ့လာဖို့ အမ်ားၾကီးက်န္ပါေသးတယ္ ။

တတ္ကြ်မ္းနားလည္ျပီးသူေတြ ဆီကလည္းသင္ယူစရာေတြ အမ်ားၾကီး ရွိပါေသးတယ္။

ဆက္လက္ျပီး ေက်ာက္မ်က္ရတနာ ကို … တန္ဖိုးအနိမ့္အျမင့္ျဖစ္ေစေသာ.. အခ်က္အလက္ေတြ ကို

တင္ျပေပးဖို ့ရည္ရြယ္ထားပါတယ္ ။

———————————

ေလးစားစြာျဖင့္. . . . .

Credit: အလင္းဆက္ (Gazette)

#Unicode Version#
ကျွန်တော်တို့ဟာ သာမန်ရွှေဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့ ကျောက် အနီအပြာ ရောင်စုံလေးတွေကို . .
သဘာဝကျောက်လိုလို ထင်မှတ်ဖူးကြပါတယ် ။


တကယ်တမ်းမှာတော့ . . . အများအားဖြင့်တွေ့မြင် ဝယ်ယူမိကြတာက ချက်ကျောက်လို့ခေါ်တဲ့ သဘာဝမဟုတ်တဲ့ ကျောက်အတုတွေများပါတယ် ။

ဘာတန်ဖိုးမှ မရှိတဲ့ ကျောက်အတုတွေ ကြားကနေ သဘာဝ ကျောက်မျက် ရတနာအစစ်ကို ရှာဖွေဝယ်ယူနိုင်ဖို့ အချက်အလက်တွေ သိရှိထားဖို့လိုပါပြီ ။

သဘာဝကျောက်မျက်ရတနာအစစ်ဟာ အင်မတန် ရှားပါးလာပါပြီ ။

အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ သယံဇာတဖြစ်တဲ့ သဘာဝတွင်းထွက်

မိုးကုတ် ပတ္တမြား နဲ့ နီလာ ဟာ ဆိုရင် အရည်အသွေးကောင်းလွန်းလို့ရှားပါး လွန်းလို့ နာမည်ရနေတဲ့ တန်းဝင်ကျောက်တွေပါ ။

တွေ့နေမြင်နေကျ. . .ချက်ကျောက် (သို့မဟုတ်) အပူပေး / အရောင်ပြောင်း / ဆေးသွင်း ထားတဲ့ Imitation တွေထဲကနေ. . . .

သဘာဝတွင်းထွက် ကျောက်မျက် အစစ်ကို ရွေးချယ် ဝယ်ယူနိုင်ဖို့ အတုနဲ့ အစစ် ကွာခြားချက် တွေကို ပြောပြချင်ပါတယ် ။

*********************

1

ကျောက်အမျိုးမျိုးကိုအစစ်လို့ထင်ရလောက်အောင် ချက်လုပ်/ဖန်တီး ရောင်းချနေကြပြီ မို့. . .

အတု နဲ့အစစ် ခွဲခြား သိနိုင်ဖို့ အချက်အလက်တချို့ကတော့ . .

ကျောက်အတု / ချက်ကျောက် ဟူသမျှကသဘာဝတွင်းထွက် မဟုတ်ပဲ. . . အပူဓါတ်နဲ့ ချက်လုပ်ကြရတာကြောင့်. . .

ကျောက်တစ်ခုလုံးမှာ ပူဖောင်း (သို့မဟုတ်) အမြုပ်လို့ခေါ်တဲ့ Gas Bubble လေးတွေ ပြည့်နှက်နေတတ်ပါတယ်။

ကျောက်ကြည့် မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရမှာပါ ။

သာမန်အတိုင်း ကြည့်ရင်တော့ . . .အရောင်အသွေးလှပပြီး အပြစ်အနာအဆာကင်းစင်နေတာကိုပဲတွေ့ရပါလိမ့်မယ် ။

အဲဒီလို အပြစ်အနာအဆာကင်းပြီး အရောင်အသွေးလှပလွန်းနေပြီဆိုရင် သတိထားရတော့မှာပါ ။

ကျောက်အတုဖြစ်ဖို့ များပါတယ် ။

သဘာဝတွင်းထွက်ကျောက်မျက်တွေဟာ ဘယ်တော့မှ အပြစ်အနာအဆာမကင်းပါဘူး ။

ဂေါ် တို့ မှတ်စာ တို့ Inclusion လို သဘာဝ အမှတ်အသားလေးတွေ ပါနေတတ်ပါတယ် ။

သဘာဝကျောက်အစစ်တွေမှာGas Bubble လို့ခေါ်တဲ့ အမြုပ်ကလေးတွေ ပူဖောင်းလေးတွေ တစ်ခုတလေ ပါတတ်ပေမယ့်ချက်ကျောက်အတုမှာလို ကျောက်တစ်ခုလုံး ပြည့်နှက်မနေပါဘူး။

တစ်နေရာ လောက် တစ်ခုလောက်ပဲ ပါတတ်တာပါ။

ထင်သာမြင်သာ ရှိအောင်မှန်ဘီလူးနဲ့ ကြည့်သင့်ပါတယ် ။

********************************

2

နောက်တစ်ချက်ကတော့. . . . .

မှန်ဘီလူးကောင်းကောင်းနဲ့ကြည့်တဲ့အခါ..

သဘာဝတွင်းထွက် ကျောက်အစစ်ရဲ့ အသားကြောဟာ မကွေ့မကောက်ပဲ တဖြောင့်တည်း တန်းနေတာကို

တွေ့ရပါလိမ့်မယ် ။

ချက်ကျောက် အတုတွေရဲ့ ကျောက်အသားကြောတွေကတော့ . . ကွေ့ကောက် ရှုပ်ထွေး နေတတ်ပါတယ် ။

************************************

3

နောက်တစ်ချက် သိသင့်တာက အရောင်ပါ။

သဘာဝကျောက်မျက်အစစ် တွေဟာ အရောင် မညီပါဘူး ။

အရည်မညီဘူး အရည်ကွက်တယ် စသည့်ဖြင့် ကျောက်မျက်လောကမှာ ပြောကြဆိုကြပါတယ် ။

ဥပမာ ပတ္တမြားတစ်ပွင့်ဆိုပါစို့ ။

ရုတ်တရက် သာမန်ကြည့်ရင် . . . .အနီရောင် တပြင်တည်းလို့ မြင်ပေမယ့်

မှန်ဘီလူးနဲ့ သေချာထောင်ကြည့်ရင် မီးထိုးကြည့်ရင် အထဲမှာ . . .အရည်မညီတာ တွေ့ရပါလိမ့်မယ် ။

အနီရောင်ထဲမှာကိုပဲ . . .

အနုအရင့် ကွာခြားတဲ့နေရာတွေ ပန်းရောင် ခရမ်းရောင် ကွက်နေတာတွေ တွေ့ရပါလိမ့်မယ် ။

ကျောက်တစ်ပွင့်လုံး အရောင်တပြေးညီ ဖြစ်နေတဲ့ကျောက်အစစ်ဆိုတာ မရှိသလောက်ကို ရှားပါတယ် ။

အရည်ညီ ပြီး အပြစ်အနာအဆာကင်းတဲ့ကျောက်ဆိုတာ အပွင့်ရေ ထောင်း သောင်းထဲမှာတောင် တစ်ပွင့် ရဖို့ မလွယ် / ရှားပါးလှပါတယ် ။

ချက်ကျောက် သို့မဟုတ် အပူပေးပြီး ပြုပြင်ပြောင်းလဲထားတဲ့ မီးဖုတ်ကျောက်တို့ကတော့ . .

အရောင်ဟာ ကွက်ခြင်းမရှိ. . .မပြောင်းလဲပဲ တပြေးညီ ဖြစ်နေတတ်ပါတယ် ။

***********************************

4

နောက်တစ်ချက်ရှိပါသေးတယ် ။

သဘာဝတွင်းထွက် ကျောက်မျက်ရဲ့ အသားဟာ သိပ်သည်းကျစ်လစ်ပါတယ်။

ကျောက်အတု ရဲ့ ကျောက်သားကတော့သိပ်သည်းကျစ်လျစ်မှု မရှိပဲ. . .ဖုံပွပွ ဖြစ်နေမှာပါ ။

ကျောက်အစစ်နဲ့ ယှဉ်ပြီး ကြည့်ရင် ပိုသိသာပါတယ် ။

ကျောက်အရွယ်အစားကြီးရင်လက်နဲ့ ကိုင်ဆကြည့်တာနဲ့သိသာပါတယ် ။

ကျောက်အတုနဲ့ သဘာဝကျောက်မျက်အစစ်ဆိုဒ် အရွယ်အစား တူနေရင် . . . .အလေးချိန်မတူပါဘူး ။

ကျောက်အစစ်က လေးလေးပင်ပင် ရှိပြီးကျောက်အတုကတော့ ပေါ့ရွှတ်ရွှတ်ဖြစ်နေမှာ သေချာပါတယ် ။

ကြုံတုန်း . . . .ကျောက်မျက်ရတနာတချို့ရဲ့ သိပ်သည်းဆကို ပြောပြလိုက်ပါ့မယ် ။

—————-

ကျောက်မျက်ရတနာတို့ရဲ့…သိပ်သည်းဆ

___________________________________

ပတ္တမြား( Ruby) = 3 . 99

နီလာ(Sapphire) = 3 . 99

ဥဿဖရား(Topaz) = 3 . 56

စိန်(Diamond) = 3 . 52

မြ(Emarald) = 2 . 71

ပုလဲ(Pearl) = 2 .70

*********************************

5

ကျောက်မျက်အတု ကို ခွဲခြားသိနိုင်ဖို့ . . .နောက်ထပ် အချက် တစ်ချက် ရှိပါသေးတယ် ။

အဲဒါကတော့ . . . . .

သဘာဝကျောက်မျက်အစစ်တွေမှာကမာဆင့် ရှိတဲ့အတွက် . . . .ကျောက်သားမျက်နာပြင်ဟာ တော်ရုံ ပွတ်တိုက်မိရုံနဲ့ ပွန်းပဲ့ စင်းရာ မထင်နိုင်ပါဘူး ။

ကျောက်အတု တွေ ဟာ. . . .

မာဆင့် မာနှုန်း မာဂုဏ် မရှိတဲ့ အတွက် . . . အဝတ်စကြမ်းကြမ်းနဲ့ ဖြစ်ဖြစ် ပွတ်တိုက်ကြည့်ရင်

အစင်းရာ ပွန်း ထင်သွားပါလိမ့်မယ် ။

ဒီနေရာမှာလည်း . . .တလက်စတည်း . ကျောက်မျက်တွေရဲ့ မာဆင်စကေး တွေကိုပြောပြခဲ့ပါ့မယ် ။

—————

ကျောက်မျက်ရတနာတို့ရဲ့မာဆင့်

___________________________

စိန် (Diamond) = 10 .0

နီလာ(Sapphire) = 9 .0

ပတ္တမြား(Ruby) = 9 .0

ဥဿဖရား(Topaz) = 8 .0

ဂေါ်မိတ်(Pyrope) = 6.5

မြ(Emerald) = 7 .5 - 8.0

ကျောက်စိမ်း(Jade) = 6 .5 -7.0

**********************************

သတိ

ကျောက်တစ်ပွင့်ဟာ. . . .အရောင်လည်း တပြေးညီ အရည်ကွက်ခြင်းမရှိ /

အထဲမှာလည်း အပြစ်အနာအဆာ လုံးဝကင်းနေမယ် ဆိုရင် . .အဲဒါ အတု ဖြစ်နိုင်ချေ များပါတယ် ။

သေချာအောင် မှန်ဘီလူးနဲ့ ကြည့်ရင် . . .

ကျောက်အတွင်းပိုင်းမှာ အသားကြောတွေ ကွေ့ကောက်နေမယ်…

အမြုပ်(Gas Bubble)တွေ လည်း ရှိနေမယ်. . . .

ကျစ်လျစ်သိပ်သည်းမှုလည်း မရှိ မာဆင့်လည်း မရှိဘူး ဆိုရင်တော့ . .

အဲဒါ . . ကျောက်အတု ဆိုတာ သေချာပါပြီ ။

————————

စစ်ဆေးခြင်း

မီးထိုးကြည့်ခြင်း . . .

နေရောင်မှာ ထောင်ကြည့်ခြင်း. . . မှန်ဘီလူးကောင်းကောင်းနဲ့ ကြည့်ခြင်းတွေ အပြင် . . . .

ကျောက်မျက်ရဲ့ ရူပဂုဏ်သတ္တိ တို့

ပုံဆောင်ဓလေ့တို့

အလင်းယိုင်ညွှန်းကိန်း တို့. . .

အရောင်ပြောင်းခြင်း / နှစ်ဖြာအလင်းယိုင်ခြင်း /

အလင်းလက္ခဏာ /

အတွင်းမီးအား /

စုပ်ယူရောင်စဉ်တန်းများ /

မီးစုန်းတောက်ခြင်း လက္ခဏာများ စသည်ဖြင့်လည်း လေ့လာဆန်းစစ်သင့်ပါတယ် ။

———————————

စစ်ဆေးခြင်း

ခရမ်းလွန် ရောင်ခြည်(Ultraviolet Ray)နဲ့ ထိုးကြည့်ရင်လည်း . . . .

ကျောက်အတုနဲ့ အစစ်ရဲ့ ခြားနားမှုကို သိနိုင်ပါတယ် ။

ကျောက်အတုဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတဲ့အခါ. . . အရောင်မှိန်ကျသွားပါလိမ့်မယ် ။

သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကတော့ ပိုပြီး လင်းလက် တောက်ပ သွားပါလိမ့်မယ် ။

***********************************
အတွန့်တက် သဘာဝကျောက်မျက် လုပ်ငန်းတစ်ခုမှာ လုပ်နေရင်း နဲ့ တဖြည်းဖြည်း သိလာတာလေးတွေ ချရေးကြည့်တာပါ ။

တတ်ကျွမ်းလို့ရေးပြတာမျိုး မဟုတ်ပါဘူး။

ကိုယ် သိထားတာ ဘယ်လောက် ရှိပြီလဲ ဆိုတာ ပြန်ဖတ်ကြည့်ချင်လိ့ု့ရေးကြည့်တာပါ ။

အခု ရေးသွားတာတွေဟာ သာမန် ကျောက်အကြောင်း သိပ်မသိသေးသူတစ်ယောက်ရဲ့

သာမန် အသိ အချက်အလက်လေးတွေမို့ လွဲနေတာ တွေ့ရင်လည်း ပြင်ပေးကြပါဦး။

ကျွန်တော် လေ့လာဖို့ အများကြီးကျန်ပါသေးတယ် ။

တတ်ကျွမ်းနားလည်ပြီးသူတွေ ဆီကလည်းသင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။

ဆက်လက်ပြီး ကျောက်မျက်ရတနာ ကို … တန်ဖိုးအနိမ့်အမြင့်ဖြစ်စေသော.. အချက်အလက်တွေ ကို

တင်ပြပေးဖို့ရည်ရွယ်ထားပါတယ် ။

———————————

လေးစားစွာဖြင့်. . . . .

Credit: အလင်းဆက် (Gazette)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top