iMyanmarHouse.com - Best Property Website for Myanmar
×


မထင်ပါဘူး။

Image result for childhood sweetheart never forget






ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





#Unicode Version#
အချစ်ဦးကို မေ့လို့မရတဲ့ အကြောင်းအရင်း...



လူတစ်ဦးတစ်ယောက်စီတိုင်းရဲ့ ဘဝမှာ အချစ်ဦးဆိုတဲ့သူ တစ်ယောက်ရှိကြပါတယ်။ မိဘဆွေမျိုးသားချင်းများပြီးလျှင် ဘဝမှာ ပထမဆုံးချစ်ခဲ့ရတဲ့သူကတော့ အချစ်ဦးပဲဖြစ်ပါတယ်။

အချစ်ဦးမို့ရူးတောင်မမေ့ဘူးဆိုတဲ့ရှေးကတည်းကဆိုခဲ့တဲ့အဆိုများအတိုင်းအချစ်ဦးကိုလူတိုင်းဘယ်သူမှမေ့မယ်

မထင်ပါဘူး။

ဆယ်ကျော်သက်အရွယ် (သို့) နှစ်ဆယ်ကျော်သက်အရွယ် အများအားဖြင့် ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးကိုတွေ့ရှိချစ်ခဲ့ကြတာများပါတယ်။ အချစ်ဦးကို မမေ့နိုင်ရတဲ့အကြောင်းများကတော့

(၁) ရင်ခုန် စိတ်လှုပ်ရှားပြီး ပထမဆုံးချစ်ခဲ့ရတဲ့သူ ဖြစ်လို့ပါ။

(၂) မျက်နှာလေးမြင်ရုံ၊ အဝေးကလှမ်းတွေ့ရုံနဲ့ ပျော်ရွှင်စေနိုင်တဲ့သူဖြစ်လို့ပါ။

(၃) ပထမဆုံး ချစ်ခင်ရတဲ့ သူစိမ်းတစ်ယောက်ဖြစ်လို့ပါ။

အခြားသော အကြောင်းအရာ များစွာကြောင့် အချစ်ဦးကို မေ့လို့မရတတ်ကြပါဘူး။ အချစ်ဦးဆိုသူနှင့် အခုအချိန်ထိ ပေါင်းဖက်ကြတဲ့သူတွေရှိသလိုအကြောင်းအမျိုးမျိုးကြောင့်အချစ်ဦးနှင့်လွဲခဲ့ရသူတွေလည်းရှိပါတယ်။ အချစ်ဦးကို အရင်အချိန်တွေက မုန်းခဲ့၊ နာကျည်းခဲ့တာတွေရှိချင်ရှိမယ်။ အချိန်ကြာလာပြီဆိုရင်တော့ အချစ်ဦးဆိုသူကို မမုန်းဘဲ ရင်ထဲက သံယောဇဉ်ရှိတဲ့သူတစ်ဦးအဖြစ် သတိရနေဦးမှာပါ။

လက်ရှိမှာ ချစ်ရတဲ့သူရှိနေရင်တော့ တစ်ခါတစ်ရံ အချစ်ဦးဆိုတာကို သတိရတတ်တာမျိုး၊ Facebook သုံးရင် People you may know မှာ သူ့အကောင့် ပေါ်လာရင် ဝင်ကြည့်တတ်တာမျိုး၊ သူအောင်မြင်တာတွေ့ရင် ဝမ်းသာတတ်ပြီး ရှုံးနိမ့်တာမျိုးတွေ့ရင် စိတ်မကောင်းဖြစ်တတ်တာမျိုး တွေရှိတတ်ပါတယ်။ အဲ့တာ အချစ်ဦးကို ပြန်လိုချင်တာကြောင့်၊ လက်ရှိချစ်သူကို ဖောက်ပြန်ချင်တာကြောင့်မဟုတ်ပါဘူး။ သူလည်း သူ့ဘဝ ကိုယ်လည်း ကိုယ့်ဘဝဖြစ်သွားခဲ့ပေမယ့် သူက ကိုယ့် အချစ်ဦး ဖြစ်နေလို့ပါ။ အချစ်ဦးဆိုတာ ဘဝမှာ ဘယ်အချိန်ဖြစ်ဖြစ် သံယောဇဉ်မပြတ်နိုင်သလို ဘယ်တော့မှလည်း ပြန်မလိုချင်တော့တဲ့ သူ တစ်ယောက်ပါ။


www.pyittinehtaung.com
https://web.facebook.com/PTHdotcom


  Photo : Aye Thaung Facebok


Credit: သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top