iMyanmarHouse.com - Best Property Website for Myanmar
×
ဂျပန်နိုင်ငံတွင် သွားရောက်ရိုက်ကူးမည့် ဇာတိမြေရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင်မည့် သရုပ်ဆောင် ၀တ်မှုန်ရွှေရည်သည် လာမည့်သြဂုတ်လ ၂၀ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ရိုက်ကူးမည်ဖြစ်ပြီး အဆိုပါဇာတ်ကား၌ ဂျပန်စကားဖြင့် သရုပ်ဆောင်ရမည်ဖြစ်သောကြောင့် အခက်အခဲရှိကြောင်း ၄င်းကပြောသည်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဇင်မင်း
#Unicode Version#
ဂျပန်နိုင်ငံတွင် သွားရောက်ရိုက်ကူးမည့် ဇာတိမြေရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင်မည့် သရုပ်ဆောင် ဝတ်မှုန်ရွှေရည်သည် လာမည့်သြဂုတ်လ ၂၀ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ရိုက်ကူးမည်ဖြစ်ပြီး အဆိုပါဇာတ်ကား၌ ဂျပန်စကားဖြင့် သရုပ်ဆောင်ရမည်ဖြစ်သောကြောင့် အခက်အခဲရှိကြောင်း ၎င်းကပြောသည်။
“အခက်အခဲရှိပေမယ့်လည်း ကစ်အကောင်းဆုံးတော့ ကြိုးစားရိုက်ကူးမှာပါ။ ဒီဇာတ်ကားအတွက် ဂျပန်စကားလည်း ပြောရမယ်ဆိုတော့ ဂျပန်စကားပြောတွေလည်း လေ့လာဖြစ်တယ်။ ဒီလိုရိုက်ကူးတာကလည်း ကစ်ကိုအားပေးနေတဲ့ ပရိသတ်ကို ရသအမြင်ဆန်းလေးဖြစ်အောင်လို့ ရိုက်ကူးဖြစ်တာပါ။ အဓိကကတော့ ဂျပန်မှာမွေးပြီး ဂျပန်ရဲ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ သရုပ်ဆောင်မှာပါ”ဟု ၎င်းက ပြောသည်။
ဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးကို ဦးတည်၍ (ဇာတိမြေ)ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခြင်းဖြစ်ပြီး ယင်းဇာတ်ကားကို ဒါရိုက်တာကြည်ဖြူသျှင်က ပုံဖော်ရိုက်ကူးမည်ဖြစ်ကာ သရုပ်ဆောင်များအဖြစ် အကယ်ဒမီ ရန်အောင်၊ အောင်ရဲလင်း၊ အကယ်ဒမီဝတ မှုံရွှေရည်၊ ဂျပန်သရုပ်ဆောင် (J-pop အဆို တော်)မိုရီဆာကီဝင်းတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုဇာတိမြေရုပ်ရှင်ဇာတ်ကားထဲ၌ ဇာတ်ဝင်ခန်းများကို ဂျပန်နှင့် မြန်မာနှစ်နိုင်ငံလုံးတွင် ရိုက်ကူးမည်ဖြစ်ကာ ၈၈ အရေးတော်ပုံကို အခြေခံဇာတ်အိမ်တည် ရိုက်ကူးမည်ဖြစ်ကြောင်းသိရပြီး MNTV ရုပ်သံလိုင်းနှင့် JIP (Japan International Broadcasting Inc) တို့ပူးပေါင်း၍ ရိုက်ကူးခြင်းဖြစ်သည်။
ဇင်မင်း
Credit: www.tomorrownewsjournal.com
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top