iMyanmarHouse.com - Best Property Website for Myanmar
×

အေျခာက္ဇာတ္ရုပ္ေတြမရိုက္ရဘူးေျပာလို႔ စိတ္မေကာင္းျဖစ္ေနတဲ့ ဒိန္းေဒါင္။ အေျခာက္ဇာတ္ရုပ္ေတြ မရိုက္ရဘူးလို႔ေၿပာတဲ့အေပၚကို ဟာသသရုပ္ေဆာင္ ဒိန္းေဒါင္က အခုလိုေျပာျပထားပါတယ္။

Dein Daung
"ဒီလိုမိန္းမပုံနဲ႔႐ိုက္ခဲ့တာမ်ားပါၿပီ။ အခုလဲ႐ုပ္ရွင္တကားဒီလိုဇတ္႐ုပ္နဲ႔႐ိုက္ဖို႔အားလုံးစီစဥ္ၿပီးကာမွ အေျခာက္ဇာတ္႐ုပ္မ႐ိုက္ရဘူးလို႔ဆင္ဆာလူႀကီးမင္းမ်ားကေျပာလို႔ ကၽြန္ေတာ္ႏွင့္အႏုပညာရွင္မ်ားမ်ားစြာဝမ္းနည္းရပါသည္။ စက္မႈလုပ္သားေလးမ်ားအတြက္လည္းဝမ္းနည္းရပါသည္။ လြပ္လပ္စြာဖန္တီးခြင့္မရသ၍ ႐ုပ္ရွင္ေလာက မတိုးတတ္ႏိုင္ပါ။ ပရိတ္သတ္မ်ားရဲ႕ အျပစ္တင္ေဝဖန္မႈ႔မ်ားကိုလဲ ဆက္လက္ခံေနရပါဦးမည္ ထို႔ေၾကာင့္ သမၼတႀကီးႏွင့္တကြ ျပန္ၾကားေရးဝန္ႀကီးအား ႐ုပ္ရွင္ဆင္ဆာအဖြဲ႕ကို ျပန္လည္စီစစ္ေပးပါရန္ တင္ျပအပ္ပါသည္" လို႔ေျပာျပထားပါတယ္ ။

Dein Daung

ဒိန္းေဒါင္ကိုေမးၾကည့္ရာ Myanmar Celebrities ( Myanmar Cele wiki ) ကို အခုလိုေျပာျပခဲ့ပါတယ္ ။ " စိတ္မေကာင္း ျဖစ္လို႔ပါ ကၽြန္ေတာ္တို႔ေတြက ဟာသအေနနဲ႔ ပရိသတ္ေတြ ေပ်ာ္ေအာင္ ရယ္ရေအာင္ အပန္းေျဖေအာင္ သရုပ္ေဆာင္ၾကတာပါ။ ဆဲဆိုေနတာေတြ ၿပီးေတာ့ အႀကီးအကဲေတြ ကို အၾကည္အညိဳ ပ်တ္ေစတဲ့ စကားလုံးေတြ နဲ႔ ေျပာဆိုၿပီး သရုပ္ေဆာင္ေနတာလည္း မဟုတ္သလို ႏိုင္ငံေတာ္ဆူပူေစတဲ့ စကားေတြနဲ႔လည္း သရုပ္ေဆာင္ေနတာ မဟုတ္ပါဘူး" လို႔ေျပာပါတယ္။

မိန္းမလ်ာ ကာရိုက္တာေတြနဲ႔ ပတ္သတ္ၿပီးေတာ့လည္း " မိန္းမလ်ာ ကာရိုက္တာလည္း သူ႔အေနအထားနဲ႔ သူ သရုပ္ေဆာင္ရတာပဲေလ။ တျခားကာရိုက္ေတြထက္ေတာင္ စရိတ္စကပိုမ်ားပါေသးတယ္ ျပင္ဆင္ရတာ ပိုၿပီးအခ်ိန္ယူရပါေသးတယ္ " လို႔ေျပာပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : ရန္ပိုင္စိုး (Myanmar celebrities )

#Unicode Version#
အခြောက်ဇာတ်ရုပ်တွေမရိုက်ရဘူးပြောလို့ စိတ်မကောင်းဖြစ်နေတဲ့ ဒိန်းဒေါင်။ အခြောက်ဇာတ်ရုပ်တွေ မရိုက်ရဘူးလို့ပြောတဲ့အပေါ်ကို ဟာသသရုပ်ဆောင် ဒိန်းဒေါင်က အခုလိုပြောပြထားပါတယ်။


"ဒီလိုမိန်းမပုံနဲ့ရိုက်ခဲ့တာများပါပြီ။ အခုလဲရုပ်ရှင်တကားဒီလိုဇတ်ရုပ်နဲ့ရိုက်ဖို့အားလုံးစီစဉ်ပြီးကာမှ အခြောက်ဇာတ်ရုပ်မရိုက်ရဘူးလို့ဆင်ဆာလူကြီးမင်းများကပြောလို့ ကျွန်တော်နှင့်အနုပညာရှင်များများစွာဝမ်းနည်းရပါသည်။ စက်မှုလုပ်သားလေးများအတွက်လည်းဝမ်းနည်းရပါသည်။ လွပ်လပ်စွာဖန်တီးခွင့်မရသ၍ ရုပ်ရှင်လောက မတိုးတတ်နိုင်ပါ။ ပရိတ်သတ်များရဲ့ အပြစ်တင်ဝေဖန်မှု့များကိုလဲ ဆက်လက်ခံနေရပါဦးမည် ထို့ကြောင့် သမ္မတကြီးနှင့်တကွ ပြန်ကြားရေးဝန်ကြီးအား ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ပြန်လည်စီစစ်ပေးပါရန် တင်ပြအပ်ပါသည်" လို့ပြောပြထားပါတယ် ။



ဒိန်းဒေါင်ကိုမေးကြည့်ရာ Myanmar Celebrities ( Myanmar Cele wiki ) ကို အခုလိုပြောပြခဲ့ပါတယ် ။ " စိတ်မကောင်း ဖြစ်လို့ပါ ကျွန်တော်တို့တွေက ဟာသအနေနဲ့ ပရိသတ်တွေ ပျော်အောင် ရယ်ရအောင် အပန်းဖြေအောင် သရုပ်ဆောင်ကြတာပါ။ ဆဲဆိုနေတာတွေ ပြီးတော့ အကြီးအကဲတွေ ကို အကြည်အညို ပျတ်စေတဲ့ စကားလုံးတွေ နဲ့ ပြောဆိုပြီး သရုပ်ဆောင်နေတာလည်း မဟုတ်သလို နိုင်ငံတော်ဆူပူစေတဲ့ စကားတွေနဲ့လည်း သရုပ်ဆောင်နေတာ မဟုတ်ပါဘူး" လို့ပြောပါတယ်။



မိန်းမလျာ ကာရိုက်တာတွေနဲ့ ပတ်သတ်ပြီးတော့လည်း " မိန်းမလျာ ကာရိုက်တာလည်း သူ့အနေအထားနဲ့ သူ သရုပ်ဆောင်ရတာပဲလေ။ တခြားကာရိုက်တွေထက်တောင် စရိတ်စကပိုများပါသေးတယ် ပြင်ဆင်ရတာ ပိုပြီးအချိန်ယူရပါသေးတယ် " လို့ပြောပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : ရန်ပိုင်စိုး (Myanmar celebrities )
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top