iMyanmarHouse.com - Best Property Website for Myanmar
×

*****  ေဆးနည္းေလးမွ်ေဝခ်င္ပါတယ္

လြန္ခဲ့တဲ့ ၉ႏွစ္ေလာက္ က နကၡတၱေရာင္ျခည္ မဂၢဇင္း စာအုပ္ ကို လစဥ္ ထြက္တာနဲ႔ ဝယ္ၿပီးဖတ္တယ္ ။ အဲဒီ အထဲမွာ က ဗဟုသုတ မွတ့္သားဖြယ္ရာ ေတြ အကိုးကား နဲ႔ ပါေလ့ ရွိတယ္ ။ မွတ္ထား မိတာေလး ျပန္ လည္ မွ်ေဝ ဒါပါ ကိုယ္ ကိုယ္တိုင္ လည္း ေသာက္သုံးဖူးတယ္။ အရသာက ေတာ့ ေတာ္ေတာ္ ခါးတယ္ဗ် ။

အဲ့ဒီလို လြယ္လြယ္ကူကူ နဲ႔ မွီဝဲရ တာလည္း ဝါသနာပါတယ္ ။
လိပ္စာ အတိက် ေတာ့ မမွတ္မိေတာ့ပါဘူး မုံရြာနယ္က ေက်းရြာ တစ္ရြာက ေတာေက်ာင္း ဘုန္းေတာ္ႀကီး တစ္ပါးရဲ႕ ေဆးနည္း ေလးပါ။

ျဖစ္စဥ္ကေတာ့ မုံရြာ-မႏၲေလး ကားေမာင္း သမား တစ္ေယာက္ဟာ ေန႔တဓူဝ ကားေမာင္းရတဲ့ အျဖစ္ ကေန ကိုယ္ တစ္ခ်မ္း ေသၿပီး ေလျဖတ္တယ္ ဆိုပါေတာ့ ။ ေဆး႐ုံ ေဆးခန္း ေပါင္းမ်ားစြာ ေဆးကုတာေပါ့ ။

သို႔ေသာ္လည္း အေကာင္းအတိုင္း ၿပန္မျဖစ့္ေတာ့ပါဘူး ။ ဒီလို နဲ႔ တစ္ယာက္ စကား တစ္ယာက္နား ဆိုသလို ထို ဘုန္းေတာ္ႀကီး ရွိ႕တဲ့ ေတာေက်ာင္းကို ေမွ်ာ္လင့္ခ်က္ မ်ားစြာနဲ႔ ေရာက္သြားခ်ိန္ မွာေတာ့ ဆရာေတာ္ ႀကီး ေပးတဲ့ ေဆးနည္း ကို မယုံတစ္ဝက္ ယုံ တဝက္နဲ႔ ေဖာ္စပ္ၿပီး ေဝဒနာ ရွင္ဟာ သုံးေဆာင္ပါ သတဲ့ ။
 ႏွစ္လေလာက္ ေသာက္ၿပီးခ်ိန္မွာ ထူးျခားစြာ လမ္းေလ်ာက္နိုင္ၿပီး ေရာဂါ ေပ်ာက္သြားပါသတဲ့။


ေဆးနည္း ကေတာ့ ဒီလို အခ်ဳိးက် ေဖာ္စပ္ယုံပါဘဲ .......................
ဆင္တုံး မႏြယ္ အစို လက္တညဳိး တစ္ဆစ္ ျဖတ္ ငါးက်ပ္သား ၊
ေရခ်က္ေအး ငေပ်ာဖူး ပုလင္း ႏွစ္ပုလင္း ( မႏၲေလး ဘီယာပုလင္း ပုံစံ မ်ဳိးကို ) ငေပ်ာဖူးပုလင္း ဟုေခၚသည္ ။
ထန္းလ်က္ ငါးက်ပ္သား ၊
ဆားတစ္ဇြန္း ၊
ေရွာက္နုသီး ႏွစ္လုံး ၊ ( ေရွာက့္ဘီလူးသီး ဟုလည္းေခၚၾကသည္ ) ရွမ္းျပည္နယ္မွာ ေပါပါတယ္ ။ (ပဲခူး ဆယ္မိုင္ကုန္းမွာလဲ ရပါတယ္)
ထိုင္းႏိုင္ငံ မွာ ထို ေရွာက္ဘီလူူးသီး မ်ား အိမ္တိုင္းရွိၾကသည္ ။ ဟင္းလ်ာထဲမွာ ထည့္ ၍ ခ်က္ၾကသည္ ။



ထို သုံးမ်ဳိး ကို ဆတူ ေရာ၍ တစ္ပတ္ တိတိ အဖုံး လုံေသာ ဗူးျဖင့္ ပိတ္ကာ ထားၿပီး တစ္ေန႔ကို ည မအိပ္ ခင္ ေရေႏြး အၾကမ္း ပုဂံ စတီးဇြန္း ၂ ဇြန္း စာ ေလာက္ေပါ့ ေန႔စဥ္ ေသာက္သုံး ၿခင္းျဖင့္.....................

မ်က္စိ မႈံျခင္း
အေက်ာ တက္ၿခင္း
 ေျခလက္ ေညာင္းညာျခင္း
မလန္းဆန္း ၍ စိတ္ မအီမသာျဖစ့္ျခင္း
အိပ္မေပ်ာ္ ၍ ထိုင္းမႈိင္းျခင္း ...... တို႔ကို လက္ေတြ႔ ေပ်ာက္ကင္း ပါတယ္ခင္ဗ်ာ ။

 ေသြး ေလ လည္ပတ္ မွ်တ မႈ ေကာင္းတာေၾကာင့္ သုံးေဆာင္ေနျခင္းျဖင့္ ဒီ တစ္သက္ ေလျဖတ္တဲ့ ေရာဂါ မျဖစ္ေၾကာင္း ထို ဆရာေတာ္ႀကီး က အာမခံပါသတဲ့။

ေဝဒနာ ရွင္ဟာ ၆လ ေလာက္စြဲၿပီး ေသာက္လိုက္ရာ အရင္ အတိုင္းဘဲ ကားေမာင္းတဲ့ အလုပ္ကို အေကာင္း ပကဓိ အတိုင္း ျပန္လုပ္ႏိုင္ၿပီး မိသားစုႏွင့္ ေပ်ာ္ရႊင္စြာ ဝင္ေငြ မပ်က္ ရွာႏိုင္ပါသတဲ့ ။
ကၽြန္ေတာ္ကေတာ့ ေလျဖတ္တဲ့ ေရာဂါ အေၾကာက့္ဆုံးဘဲ ေနခ်င္း ညခ်င္း ဒုကၡိတ ျဖစ္တာေလ။


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : Happy Moe Ar Ker

#Unicode Version#
*****  ဆေးနည်းလေးမျှဝေချင်ပါတယ်

လွန်ခဲ့တဲ့ ၉နှစ်လောက် က နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ် ကို လစဉ် ထွက်တာနဲ့ ဝယ်ပြီးဖတ်တယ် ။ အဲဒီ အထဲမှာ က ဗဟုသုတ မှတ့်သားဖွယ်ရာ တွေ အကိုးကား နဲ့ ပါလေ့ ရှိတယ် ။ မှတ်ထား မိတာလေး ပြန် လည် မျှဝေ ဒါပါ ကိုယ် ကိုယ်တိုင် လည်း သောက်သုံးဖူးတယ်။ အရသာက တော့ တော်တော် ခါးတယ်ဗျ ။

အဲ့ဒီလို လွယ်လွယ်ကူကူ နဲ့ မှီဝဲရ တာလည်း ဝါသနာပါတယ် ။
လိပ်စာ အတိကျ တော့ မမှတ်မိတော့ပါဘူး မုံရွာနယ်က ကျေးရွာ တစ်ရွာက တောကျောင်း ဘုန်းတော်ကြီး တစ်ပါးရဲ့ ဆေးနည်း လေးပါ။

ဖြစ်စဉ်ကတော့ မုံရွာ-မန္တလေး ကားမောင်း သမား တစ်ယောက်ဟာ နေ့တဓူဝ ကားမောင်းရတဲ့ အဖြစ် ကနေ ကိုယ် တစ်ချမ်း သေပြီး လေဖြတ်တယ် ဆိုပါတော့ ။ ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကုတာပေါ့ ။

သို့သော်လည်း အကောင်းအတိုင်း ပြန်မဖြစ့်တော့ပါဘူး ။ ဒီလို နဲ့ တစ်ယာက် စကား တစ်ယာက်နား ဆိုသလို ထို ဘုန်းတော်ကြီး ရှိ့တဲ့ တောကျောင်းကို မျှော်လင့်ချက် များစွာနဲ့ ရောက်သွားချိန် မှာတော့ ဆရာတော် ကြီး ပေးတဲ့ ဆေးနည်း ကို မယုံတစ်ဝက် ယုံ တဝက်နဲ့ ဖော်စပ်ပြီး ဝေဒနာ ရှင်ဟာ သုံးဆောင်ပါ သတဲ့ ။
 နှစ်လလောက် သောက်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျောက်နိုင်ပြီး ရောဂါ ပျောက်သွားပါသတဲ့။


ဆေးနည်း ကတော့ ဒီလို အချိုးကျ ဖော်စပ်ယုံပါဘဲ .......................
ဆင်တုံး မနွယ် အစို လက်တညိုး တစ်ဆစ် ဖြတ် ငါးကျပ်သား ၊
ရေချက်အေး ငပျောဖူး ပုလင်း နှစ်ပုလင်း ( မန္တလေး ဘီယာပုလင်း ပုံစံ မျိုးကို ) ငပျောဖူးပုလင်း ဟုခေါ်သည် ။
ထန်းလျက် ငါးကျပ်သား ၊
ဆားတစ်ဇွန်း ၊
ရှောက်နုသီး နှစ်လုံး ၊ ( ရှောက့်ဘီလူးသီး ဟုလည်းခေါ်ကြသည် ) ရှမ်းပြည်နယ်မှာ ပေါပါတယ် ။ (ပဲခူး ဆယ်မိုင်ကုန်းမှာလဲ ရပါတယ်)
ထိုင်းနိုင်ငံ မှာ ထို ရှောက်ဘီလူူးသီး များ အိမ်တိုင်းရှိကြသည် ။ ဟင်းလျာထဲမှာ ထည့် ၍ ချက်ကြသည် ။



ထို သုံးမျိုး ကို ဆတူ ရော၍ တစ်ပတ် တိတိ အဖုံး လုံသော ဗူးဖြင့် ပိတ်ကာ ထားပြီး တစ်နေ့ကို ည မအိပ် ခင် ရေနွေး အကြမ်း ပုဂံ စတီးဇွန်း ၂ ဇွန်း စာ လောက်ပေါ့ နေ့စဉ် သောက်သုံး ခြင်းဖြင့်.....................

မျက်စိ မှုံခြင်း
အကျော တက်ခြင်း
 ခြေလက် ညောင်းညာခြင်း
မလန်းဆန်း ၍ စိတ် မအီမသာဖြစ့်ခြင်း
အိပ်မပျော် ၍ ထိုင်းမှိုင်းခြင်း ...... တို့ကို လက်တွေ့ ပျောက်ကင်း ပါတယ်ခင်ဗျာ ။

 သွေး လေ လည်ပတ် မျှတ မှု ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီ တစ်သက် လေဖြတ်တဲ့ ရောဂါ မဖြစ်ကြောင်း ထို ဆရာတော်ကြီး က အာမခံပါသတဲ့။

ဝေဒနာ ရှင်ဟာ ၆လ လောက်စွဲပြီး သောက်လိုက်ရာ အရင် အတိုင်းဘဲ ကားမောင်းတဲ့ အလုပ်ကို အကောင်း ပကဓိ အတိုင်း ပြန်လုပ်နိုင်ပြီး မိသားစုနှင့် ပျော်ရွှင်စွာ ဝင်ငွေ မပျက် ရှာနိုင်ပါသတဲ့ ။
ကျွန်တော်ကတော့ လေဖြတ်တဲ့ ရောဂါ အကြောက့်ဆုံးဘဲ နေချင်း ညချင်း ဒုက္ခိတ ဖြစ်တာလေ။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : Happy Moe Ar Ker
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top