iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရည္းစားရွိတဲ႔ေယာက်္ားေလးတစ္ေယာက္အတြက္ေတာ႔ မိမိခ်စ္သူဟာ မိမိကိုခ်စ္ခင္ေလးစားၿပီး ယံုၾကည္အားကိုးတာကို လိုခ်င္ၾကမွာပါပဲ။ ကိုယ္လိုုလူမ်ိဳးကို ခ်စ္သူေတာ္ထားရလို႔ ကိုယ္႔ခ်စ္သူ မိန္းကေလးဟာ ကံေကာင္းတယ္လို႔ေတြးၿပီး အနားကမခြဲမခြာရွိလိုတာကိုလည္း လိုလားေတာင္႔တၾကမွာပါ။

Reddit ေပၚက ပုရိသအေပါင္းဟာ ဒီျပႆနာနဲ႔ပတ္သက္ၿပီး တိုင္ပင္ေဆြးေႏြးခဲ႔ၾကၿပီး ေနာက္ဆံုးမွာ မိမိခ်စ္သူေကာင္မေလးဟာ မိမိကို ကမၻာေပၚမွာအေကာင္းဆံုးရည္းစားလုိ႔ ျမင္လာေစဖု႔ိ လုပ္ေဆာင္ႏိုင္တဲ႔ အခ်က္ေလးေတြကို ေဖာ္ထုတ္ႏိုင္ခဲ႔ပါတယ္။
၁။ အေသးအဖြဲအရာေလးေတြဆိုၿပီး မေမ႔ေလ်ာ႔ပါေစနဲ႔

ကြ်န္ေတာ္တို႔ေတြ ခ်စ္သူအတြက္လုပ္ေပးေနက် အေသးအဖြဲအရာေလးေတြရွိပါတယ္။ ရံုးဆင္းခ်ိန္သြားႀကိဳေပးတာ၊ ထမင္းခ်ိဳင္႔ကူကိုင္ေပးတာ၊ အိမ္ထဲမဝင္ခင္ နဖူးေလးကိုနမ္းၿပီး ႏႈတ္ဆက္တာ၊ ညတိုင္း ဖုန္းထဲမွာသီခ်င္းဆိုသိပ္ေပးတာ၊ အင္တာနက္သံုးတိုင္း အခ်စ္သီခ်င္းေကာင္းေလးေတြေတြ႕ရင္ သူ႔အတြက္ down ထားေပးတာ စသျဖင္႔ေပါ႔။

တစ္ခါတေလမွာ ေယာက်္ားေလးေတြဘက္က အေသးအဖြဲေလးပါ လို႔ယူဆၿပီး လုပ္ေနက်အရာေလးေတြကိုလုပ္ဖို႔ ေမ႔ေလ်ာ႔သြားတာက မိန္းကေလးေတြအတြက္ေတာ႔ ဒါဟာ ခင္ဗ်ားေျပာင္းလဲေနတဲ႔သေကၤတတစ္ခုလို႔ မွတ္ယူလိုက္ၾကမွာပါ။ ဒါေၾကာင္႔ အေသးအဖြဲအရာေလး ေတြကိုေတာင္ မေျပာင္းမလဲဘဲ ဂရုတစိုက္ရွိေပးပါ။
၂။ အျမဲအသင္႔ရွိပါေစ

အလုပ္ထဲမွာ စိတ္ဖိစီးစရာေတြမ်ားလို႔ ရည္းစားလာရစ္တဲ႔ဒဏ္ကို မခံႏိုင္ဘဲျပန္ေအာ္ဖိတဲ႔အခါ ရန္ျဖစ္ၾကတဲ႔အခ်ိန္ေတြ ရွိခဲ႔ၾကဖူးမွာေပါ႔။ ဒါဟာ သမီးရည္းစားတိုင္းျဖစ္တတ္တဲ႔ ထံုးစံပါပဲ။ ဒါေပမယ္႔ သြားေပါ႔လို႔ေတာ႔ မရပါဘူး။ အဲဒီလိုရန္ျဖစ္တာေလးေတြမ်ားလာရင္း၊ မ်ားလာရင္း ခင္ဗ်ားခ်စ္သူက ခင္ဗ်ားအေပၚခံစားခ်က္ေတြေလ်ာ႔လာႏိုင္ပါတယ္။

ဒါေၾကာင္႔ အေကာင္းဆံုးရည္းစားျဖစ္ခ်င္တယ္ဆိုရင္ေတာ႔ အလုပ္ဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ။ အရစ္ခံႏိုင္ဖို႔သာျပင္ထားလိုက္ပါ။ စိတ္ဖိစီးမႈမ်ားလြန္းလို႔ သူမကိုေအာ္မိမွာစိုးရင္ အလုပ္ပင္ပန္းေနေၾကာင္း ပြင္႔ပြင္႔လင္းလင္းထုတ္ေျပာၿပီးသာ အိပ္ေနလိုက္ပါ။ အဲဒါက ပိုေကာင္းပါတယ္။
၃။ လက္ေဆာင္ေလးေတြဝယ္ေပးပါ

ဘယ္ေလာက္ပဲ ေငြမမက္ပါဘူးဆိုတဲ႔ မိန္းမပဲျဖစ္ပါေစ။ ကိုယ္႔ခ်စ္သူဆီက လက္ေဆာင္ေလးေတြကိုေတာ႔ မက္ပါတယ္။ ေနာက္တစ္ခုက မိန္းမဆိုတဲ႔အမ်ိဳးက အလွႀကိဳက္တဲ႔အတြက္ ပန္းပြင္႔ေလးေတြ၊ ခ်စ္စရာေကာင္းတဲ႔အရုပ္ေလးေတြကို မ်ားေသာအားျဖင္႔ ႏွစ္သက္ၾကပါတယ္။ အေၾကာင္းျပခ်က္ထူးထူးျခားျခားမရွိလည္း ခ်စ္သူအတြက္ ပန္းစည္းေလးေတြ ဝယ္ပို႔ေပးပါ။

အလုပ္မတူရင္ ဆိုင္ကိုဖုန္းဆက္ၿပီး သူမအလုပ္ဆီကို ပန္းစည္းပို႔ခိုင္းပါ။ မိန္းကေလးေတြက သူမတို႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြေရွ႕မွာ ခ်စ္သူကပန္းစည္းပို႔တဲ႔အေၾကာင္း ၾကြားရတာကိုလည္း ႏွစ္သက္ၾကပါတယ္။ ေနာက္ၿပီး သူမကို ဘယ္ေလာက္သတိရေၾကာင္း text ေလးေတြ၊ စာတိုေလးေတြ ပို႔တာဟာလည္း အၾကံေကာင္းတစ္ခုပါပဲ။
၄။ နားေထာင္သူေကာင္းတစ္ေယာက္ျဖစ္ပါေစ

ခင္ဗ်ားရဲ႕ခ်စ္သူဟာ အရမ္းမ်ိဳသိပ္တတ္တဲ႔ type မ်ိဳးမဟုတ္ဘူးဆိုရင္ ခင္ဗ်ားကိုေျပာျပစရာ၊ ရင္ဖြင္႔စရာေတြအမ်ားႀကီး ရွိေနပါလိမ္႔မယ္။ သူမအလုပ္အေၾကာင္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္အေၾကာင္းေတြ၊ client ေတြရဲ႕အေၾကာင္းေတြ စသျဖင္႔ စံုလင္ေအာင္ေျပာျပပါလိမ္႔မယ္။ အဲဒီလိုေျပာျပႏိုင္ေၾကာင္း သူမကိုပြင္႔ပြင္႔လင္းလင္း ေျပာထားပါ။

အၾကံဉာဏ္လိုအပ္ေနတဲ႔အခါမွာလည္း ေပးလိုက္ပါ။ ဉာဏ္ပညာႀကီးတဲ႔ ေယာက်္ားေတြကိုလည္း မိန္းကေလးေတြ ႏွစ္သက္ၾကပါတယ္။
၅။ ရယ္ေမာေအာင္လုပ္ပါ

မိန္းကေလးတစ္ေယာက္ဟာ သူမကို ရယ္ေမာေအာင္လုပ္ေပးႏိုင္တဲ႔ ေယာက်္ားတစ္ေယာက္နားမွာ ေနေပ်ာ္ၾကပါတယ္။ အဲဒီလူဟာ သူမခ်စ္ရတဲ႔သူျဖစ္ေနရင္ အတိုင္းထက္အလြန္ပဲေပါ႔။ အိႏိၵယကဗ်ာဆရာႀကီး ရာဘင္ျဒာ နတ္တဂိုးရဲ႕ကဗ်ာတစ္ပုဒ္လိုပဲေပါ႔။ "မင္းရယ္တာေလးကို ငါခ်စ္တယ္။ မင္း ငါ႔ကို ရယ္ေမာေအာင္လုပ္ေပးတာေလးကိုလည္း ငါခ်စ္တယ္"
၆။ ရိုးသားမႈရွိပါေစ

ေနရာတိုင္းမွာ ရိုးသားမႈက အေရးႀကီးပါတယ္။ အနည္းဆံုးေတာ႔ ရိုးသားျခင္းျဖင္႔ တစ္ခ်ိန္ခ်ိန္မွာ ကိုယ္႔လိပ္ျပာကိုယ္လုံရပါတယ္။ ဒီေတာ႔ သူမကို အရိုးသားဆံုး၊ အပြင္႔လင္းဆံုး ဆက္ဆံပါ။ အျမဲရွိရင္လည္း အျမဲတမ္း ထုတ္ေဖာ္ဝန္ခံပါ။ သူမကိုယ္တိုင္လည္း ခင္ဗ်ားအေပၚျပန္လည္ရိုးသားလာပါလိမ္႔မယ္။

Source: youngisthan
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ချစ်သူရည်းစားရှိတဲ့ယောကျ်ားလေးတစ်ယောက်အတွက်တော့ မိမိချစ်သူဟာ မိမိကိုချစ်ခင်လေးစားပြီး ယုံကြည်အားကိုးတာကို လိုချင်ကြမှာပါပဲ။ ကိုယ်လိုုလူမျိုးကို ချစ်သူတော်ထားရလို့ ကိုယ့်ချစ်သူ မိန်းကလေးဟာ ကံကောင်းတယ်လို့တွေးပြီး အနားကမခွဲမခွာရှိလိုတာကိုလည်း လိုလားတောင့်တကြမှာပါ။

Reddit ပေါ်က ပုရိသအပေါင်းဟာ ဒီပြဿနာနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာ မိမိချစ်သူကောင်မလေးဟာ မိမိကို ကမ္ဘာပေါ်မှာအကောင်းဆုံးရည်းစားလို့ မြင်လာစေဖု့ိ လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၁။ အသေးအဖွဲအရာလေးတွေဆိုပြီး မမေ့လျော့ပါစေနဲ့

ကျွန်တော်တို့တွေ ချစ်သူအတွက်လုပ်ပေးနေကျ အသေးအဖွဲအရာလေးတွေရှိပါတယ်။ ရုံးဆင်းချိန်သွားကြိုပေးတာ၊ ထမင်းချိုင့်ကူကိုင်ပေးတာ၊ အိမ်ထဲမဝင်ခင် နဖူးလေးကိုနမ်းပြီး နှုတ်ဆက်တာ၊ ညတိုင်း ဖုန်းထဲမှာသီချင်းဆိုသိပ်ပေးတာ၊ အင်တာနက်သုံးတိုင်း အချစ်သီချင်းကောင်းလေးတွေတွေ့ရင် သူ့အတွက် down ထားပေးတာ စသဖြင့်ပေါ့။

တစ်ခါတလေမှာ ယောကျ်ားလေးတွေဘက်က အသေးအဖွဲလေးပါ လို့ယူဆပြီး လုပ်နေကျအရာလေးတွေကိုလုပ်ဖို့ မေ့လျော့သွားတာက မိန်းကလေးတွေအတွက်တော့ ဒါဟာ ခင်ဗျားပြောင်းလဲနေတဲ့သင်္ကေတတစ်ခုလို့ မှတ်ယူလိုက်ကြမှာပါ။ ဒါကြောင့် အသေးအဖွဲအရာလေး တွေကိုတောင် မပြောင်းမလဲဘဲ ဂရုတစိုက်ရှိပေးပါ။
၂။ အမြဲအသင့်ရှိပါစေ

အလုပ်ထဲမှာ စိတ်ဖိစီးစရာတွေများလို့ ရည်းစားလာရစ်တဲ့ဒဏ်ကို မခံနိုင်ဘဲပြန်အော်ဖိတဲ့အခါ ရန်ဖြစ်ကြတဲ့အချိန်တွေ ရှိခဲ့ကြဖူးမှာပေါ့။ ဒါဟာ သမီးရည်းစားတိုင်းဖြစ်တတ်တဲ့ ထုံးစံပါပဲ။ ဒါပေမယ့် သွားပေါ့လို့တော့ မရပါဘူး။ အဲဒီလိုရန်ဖြစ်တာလေးတွေများလာရင်း၊ များလာရင်း ခင်ဗျားချစ်သူက ခင်ဗျားအပေါ်ခံစားချက်တွေလျော့လာနိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးရည်းစားဖြစ်ချင်တယ်ဆိုရင်တော့ အလုပ်ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ အရစ်ခံနိုင်ဖို့သာပြင်ထားလိုက်ပါ။ စိတ်ဖိစီးမှုများလွန်းလို့ သူမကိုအော်မိမှာစိုးရင် အလုပ်ပင်ပန်းနေကြောင်း ပွင့်ပွင့်လင်းလင်းထုတ်ပြောပြီးသာ အိပ်နေလိုက်ပါ။ အဲဒါက ပိုကောင်းပါတယ်။
၃။ လက်ဆောင်လေးတွေဝယ်ပေးပါ

ဘယ်လောက်ပဲ ငွေမမက်ပါဘူးဆိုတဲ့ မိန်းမပဲဖြစ်ပါစေ။ ကိုယ့်ချစ်သူဆီက လက်ဆောင်လေးတွေကိုတော့ မက်ပါတယ်။ နောက်တစ်ခုက မိန်းမဆိုတဲ့အမျိုးက အလှကြိုက်တဲ့အတွက် ပန်းပွင့်လေးတွေ၊ ချစ်စရာကောင်းတဲ့အရုပ်လေးတွေကို များသောအားဖြင့် နှစ်သက်ကြပါတယ်။ အကြောင်းပြချက်ထူးထူးခြားခြားမရှိလည်း ချစ်သူအတွက် ပန်းစည်းလေးတွေ ဝယ်ပို့ပေးပါ။

အလုပ်မတူရင် ဆိုင်ကိုဖုန်းဆက်ပြီး သူမအလုပ်ဆီကို ပန်းစည်းပို့ခိုင်းပါ။ မိန်းကလေးတွေက သူမတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ချစ်သူကပန်းစည်းပို့တဲ့အကြောင်း ကြွားရတာကိုလည်း နှစ်သက်ကြပါတယ်။ နောက်ပြီး သူမကို ဘယ်လောက်သတိရကြောင်း text လေးတွေ၊ စာတိုလေးတွေ ပို့တာဟာလည်း အကြံကောင်းတစ်ခုပါပဲ။
၄။ နားထောင်သူကောင်းတစ်ယောက်ဖြစ်ပါစေ

ခင်ဗျားရဲ့ချစ်သူဟာ အရမ်းမျိုသိပ်တတ်တဲ့ type မျိုးမဟုတ်ဘူးဆိုရင် ခင်ဗျားကိုပြောပြစရာ၊ ရင်ဖွင့်စရာတွေအများကြီး ရှိနေပါလိမ့်မယ်။ သူမအလုပ်အကြောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်အကြောင်းတွေ၊ client တွေရဲ့အကြောင်းတွေ စသဖြင့် စုံလင်အောင်ပြောပြပါလိမ့်မယ်။ အဲဒီလိုပြောပြနိုင်ကြောင်း သူမကိုပွင့်ပွင့်လင်းလင်း ပြောထားပါ။

အကြံဉာဏ်လိုအပ်နေတဲ့အခါမှာလည်း ပေးလိုက်ပါ။ ဉာဏ်ပညာကြီးတဲ့ ယောကျ်ားတွေကိုလည်း မိန်းကလေးတွေ နှစ်သက်ကြပါတယ်။
၅။ ရယ်မောအောင်လုပ်ပါ

မိန်းကလေးတစ်ယောက်ဟာ သူမကို ရယ်မောအောင်လုပ်ပေးနိုင်တဲ့ ယောကျ်ားတစ်ယောက်နားမှာ နေပျော်ကြပါတယ်။ အဲဒီလူဟာ သူမချစ်ရတဲ့သူဖြစ်နေရင် အတိုင်းထက်အလွန်ပဲပေါ့။ အိန္ဒိယကဗျာဆရာကြီး ရာဘင်ဒြာ နတ်တဂိုးရဲ့ကဗျာတစ်ပုဒ်လိုပဲပေါ့။ "မင်းရယ်တာလေးကို ငါချစ်တယ်။ မင်း ငါ့ကို ရယ်မောအောင်လုပ်ပေးတာလေးကိုလည်း ငါချစ်တယ်"
၆။ ရိုးသားမှုရှိပါစေ

နေရာတိုင်းမှာ ရိုးသားမှုက အရေးကြီးပါတယ်။ အနည်းဆုံးတော့ ရိုးသားခြင်းဖြင့် တစ်ချိန်ချိန်မှာ ကိုယ့်လိပ်ပြာကိုယ်လုံရပါတယ်။ ဒီတော့ သူမကို အရိုးသားဆုံး၊ အပွင့်လင်းဆုံး ဆက်ဆံပါ။ အမြဲရှိရင်လည်း အမြဲတမ်း ထုတ်ဖော်ဝန်ခံပါ။ သူမကိုယ်တိုင်လည်း ခင်ဗျားအပေါ်ပြန်လည်ရိုးသားလာပါလိမ့်မယ်။

Source: youngisthan
Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top