iMyanmarHouse.com - Best Property Website for Myanmar
×
၁။ အပြန်အလှန် နားလည်မှု
၎။ အမှားကို ခွင့်လွှတ်
၅။ ခံစားချက်ကို နားလည်
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#Unicode Version#
၁။ အပြန်အလှန် နားလည်မှု
ယခု လက်ရှိ အိမ်ထောင်ကျနေတဲ့ သူတွေ အားလုံး အပြန်အလှန် နားလည်မှုဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ သိကြပါလိမ့်မယ်။ အိမ်ထောင်ရေးမှ ၂ ယောက်ဖြစ်လို့ တစ်ယောက်တည်း အမြဲနားလည်ရုံဖြင့် မပြီးပါ။ အပြန်အလည် နားလည်မှု ရှိမှသာ သာယာပါလိမ့်မယ်။
ဒါကတော့ သော့ချက် ၁ ပေါ့။
၂။ အပြန်အလှန် အနစ်နာခံမှု
အနစ်နာ ခံတယ်ဆိုရာမှာလည်း တစ်ယောက်တည်း ချဉ်းပဲ အမြဲအနစ်နာ ခံနေရင်လည်း မပြီးစီးစေးပါ။ အပြန်အလှန် အနစ်နာခံမှသာ အိမ်ထောင်ရေးကို ပိုမိုပျော်ရွှင်ပါလိမ့်မယ်။ မိမိအိမ်ထောင်ဘက် အပေါ် အနစ်နာခံသူ ဖြစ်ပါစေ။
၃။ အပြန်အလှန် အားနည်းချက်
မိမိမှာလည်း အားနည်းချက် ရှိနိုင်သလို သူ့မှာလည်း အားနည်းချက် ရှိနိုင်ပါတယ်။ အပြန်အလှန် အားနည်းချက်ဆိုတာ စိတ်ဆိုးတဲ့ အခါ ထိုးနက်ပြောဆိုဖို့ အဟုတ်ဘဲ အမြဲတန်း အပြန်အလှန် နားလည်းပေးဖို့ လိုပါတယ်။ ဒါမှသာ အိမ်ထောင်ရေး သာယာမှုကို
ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။
၄။ အမှားကို ခွင့်လွှတ်
အမှားဆိုရာဝယ် လူတိုင်းမှာ ရှိကြပါတယ်။ ခွင့်လွှတ်နိုင်သော အမှားရှိသလို ခွင့်မလွှတ်နိုင်တဲ့ အမှားတွေလည်း ရှိတာပေါ့။ ဒါပေမယ့် မိမိဟာ သူတစ်ပါးရဲ့ အမှားကို ခွင့်လွှတ်နိုင်သူသာ ဖြစ်ပါစေ။ ခွင့်မလွှတ်တတ်သူတွေက စိတ်ဓာတ်အားနည်းသူတွေသာ ဖြစ်ပါတယ်။
၅။ ခံစားချက်ကို နားလည်
မိမိအိမ်ထောင်ဘက်ရဲ့ ရင်ထဲမှာ ဘာတွေ ဖြစ်နေလဲ ဘာတွေ တွေးနေလဲ ဆိုတဲ့ ခံစားချက်ကို နားလည်တတ်အောင် ကြိုးစားကြည့်ပါ။ ဒါမှ သူခံစားနေတဲ့ ခံစားချက်တွေ အခက်အခဲတွေကို ကိုယ်တိုင် သိရှိပြီး နားလည် လာပါလိမ့်မယ်။ ထိုသို့မဟုတ် သူခံစားချက်ကို
အလေးမထားဘူးဆိုရင်တော့ အိမ်ထောင်ရေးဟာ ခဏခဏ စိတ်ညစ်စရာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီ သော့ချက် ၅ ချက်လေးဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အိမ်ထောင်စု မိသားစုတွေ အတွက် အထောက်အပံ့ဖြစ်ပါစေကြောင်း ဆုတောင်းပေးပါရစေ။
Credit: ကျော်လင်းနိုင် ( ပစ်တိုင်းထောင်)
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top