iMyanmarHouse.com
×

ေယာင္းတို႔ေရ တစ္ခ်ိဳ႕သူေတြဟာ လိင္တူခ်စ္ၾကတာ စိတ္အေျခအေနတစ္ခုေၾကာင့္ျဖစ္ၿပီး ဒါကိုစိတ္ေရာဂါလို႔ သတ္မွတ္ခ်င္ၾကပါတယ္။ တကယ္ေတာ့ ကမၻာ့က်န္းမာေရးအဖြဲ႔အစည္း (WHO) ကေနၿပီး ၁၉၉၂ခုႏွစ္ကတည္းက လိင္တူခ်စ္ျခင္းဟာ စိတ္ေရာဂါမဟုတ္ဘူးလို႔ ထုတ္ျပန္ထားၿပီးသားပါကြယ္။

၁၉၅၀-၁၉၆၀ ျပည့္ႏွစ္ေတြကေတာ့ စိတ္ေရာဂါကုဆရာ၀န္ေတြက လိင္တူခ်စ္ျခင္းကို စိတ္ေရာဂါလို႔သတ္မွတ္ၿပီး ေဆးကုသခဲ့ၾကတယ္တဲ့။ အဲ့ကုထံုးထဲမွာဘာပါလဲဆိုေတာ့ လိင္တူခ်စ္တဲ့ အမ်ိဳးသားကို အျခားအမ်ိဳးသားေတြရဲ႕ ကိုယ္လံုးတီးပံုကိုျပၿပီး တစ္ခ်ိန္ထဲမွာ အန္ေစတဲ့ေဆးေတြတိုက္ လွ်ပ္စစ္နဲ႔တို႔ၾကတယ္တဲ့။ ေၾကာက္စရာႀကီးေနာ္။ အဲ့လိုလူမဆန္စြာနဲ႔ အကုသခံရတဲ့လူက မခံႏိုင္ေတာ့တဲ့အထိ ႏွိပ္စက္ၿပီးေတာ့မွ မိန္းကေလးတစ္ေယာက္နဲ႔ ဒိတ္လုပ္ခိုင္းတယ္တဲ့။ အဲ့လိုေတြ အစြန္းေရာက္ခဲ့ၾကတယ္

ဒီအစြန္းေရာက္ကုသမႈသမိုင္းကို လွန္ရရင္ျဖင့္ ၁၉ရာစုအစကို ျပန္သြားရပါလိမ့္မယ္။ ဟိုးအရင္တုန္းကေတာ့ လိင္တူခ်စ္ျခင္းကို အျပစ္တစ္ခုလို႔ယူဆခဲ့ရာကေနၿပီး ၁၉ရာစုထဲမွာေတာ့ စိတ္ေရာဂါဆိုၿပီး ေျပာင္းလဲသတ္မွတ္ခဲ့ၾကပါတယ္တဲ့။ ၁၉၆၈ခုႏွစ္ အေမရိကန္ႏိုင္ငံရဲ႕ စိတ္ေရာဂါအမ်ိဳးမ်ိဳးမွတ္တမ္းထဲမွာ လိင္တူခ်စ္ျခင္းကို စိတ္ေရာဂါလို႔ ထည့္သြင္းေဖာ္ျပခဲ့တယ္ေလ။

၁၉၇၃က်ေတာ့ အေမရိကန္စိတ္က်န္းမာေရးအဖြဲ႔ကေန အဖြဲ႔ဝင္ေတြကို လိင္တူခ်စ္ျခင္းကို စိတ္ေရာဂါအျဖစ္ ဆက္ထားရမလား၊ ထုတ္ရမလား မဲေတာင္းေတာ့ အဖြဲ႔ဝင္ငါးေထာင္ေက်ာ္က ထုတ္ေစခ်င္ၿပီး၊ သံုးေထာင္ေက်ာ္ကေတာ့ ဆက္ထားဖို႔ မဲေပးခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ပိုင္းေတာ့ လိင္တူခ်စ္ခ်င္းကို တျဖည္းျဖည္း နားလည္လာၾကၿပီး ၁၉၉၂မွာ WHO ကေနၿပီး လိင္တူခ်စ္ျခင္းဟာ လိင္ဆြဲေဆာင္မႈဦးတည္ရာ အႀကိဳက္မတူျခင္းအေနနဲ႔ပဲ သတ္မွတ္ၿပီး စိတ္ေရာဂါမဟုတ္ပါဘူးလို႔ ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္လဲ အခုခ်ိန္ထိ လိင္တူခ်စ္ျခင္းကို ကုသေပးတဲ့ အစြန္းေရာက္ဘာသာေရးစခန္းေတြ ရွိေနၾကဆဲပါတဲ့ ေယာင္းေရ။ သူတို႔ဟာလဲ အမ်ိဳးသားႏွစ္ေယာက္ ခ်စ္ခန္းဖြင့္ေနတဲ့ပံုေတြ၊ ကိုယ္လံုးတီးအမ်ိဳးသားပံုေတြကို ျပၿပီး ခႏၶာကိုယ္ကိုနာက်င္ေစတဲ့ ကုထံုးကို သံုးပါတယ္တဲ့။ အဲဒီစခန္းကေန ထြက္လာတဲ့ သူေတြအေျပာအရ အဲဒီကုထံုးေတြဟာ သူတို႔ရဲ႕ လိင္တူခ်စ္ခ်င္းကို ျပင္ဆင္ေပးတာမဟုတ္ဘဲ တျခားအမ်ိဳးသားေတြနဲ႔ သာမာန္လက္ဆြဲႏႈတ္ဆက္ဖို႔ေတာင္ ေၾကာက္သြားရေလာက္ေအာင္ စိတ္ဒဏ္ရာေတြ ေပးလိုက္တာပါတဲ့။

ေနာက္ၿပီး ဒီလိုမွားယြင္းေနတဲ့ အစြန္းေရာက္ကုထံုးေတြဟာ စိတ္က်ေရာဂါ၊ အစိုးရိမ္လြန္ေရာဂါေတြအျပင္ လူမႈဆက္ဆံမႈမွာေရာ၊ အခ်စ္ေရးမွာပါ အဆိုးဘက္ကိုေရာက္သြားေစပါတယ္တဲ့။ ဒီထက္ပိုဆိုးလာရင္ေတာ့ အကုသခံ စိတ္ေဝဒနာရွင္မဟုတ္တဲ့ သာမာန္ကိုယ္လိုသူလိုလူဟာ မိမိကိုယ္ကုိုယ္သတ္ေသတဲ့အထိ စိတ္အေျခအေနကို ဆိုးဝါးေစပါသတဲ့။

တကယ္က ပံုမွန္လို႔သတ္မွတ္ၾကတဲ့ ဆန္႔က်င္ဘက္လိင္အခ်င္းခ်င္း ခ်စ္တာနဲ႔ လိင္တူခ်စ္တာဟာ တူတူပါပဲေနာ္။ မိန္းကေလးေတြကို သေဘာက်တဲ့ ေယာက်္ားေလးတစ္ေယာက္ကို ကုထံုးတစ္ခုနဲ႔ အျခား ေယာက္်ားေလးကို သေဘာက်ေအာင္လုပ္လို႔ရမယ္လို႔ ေယာင္းထင္ပါသလား။ ဘယ္ရလိမ့္မလဲေနာ္။ အဲ့လိုပါပဲ ေယာက္်ားေလးအခ်င္းခ်င္း၊ မိန္းကေလးအခ်င္းခ်င္း သေဘာက်တာကိုလဲ ကုထံုးတစ္ခုနဲ႔ ဆန္႔က်င္ဘက္လိင္ကို ျပန္သေဘာက်ေအာင္ လုပ္လို႔ဘယ္ရပါ့မလဲ။

လိင္တူခ်စ္ျခင္းဟာ စိတ္ေရာဂါမဟုတ္ေၾကာင္းကိုလဲ သိပၸံပညာအရ အေထာက္အထားေတြ ရွိပါတယ္တဲ့။ သိပၸံပညာအရကေတာ့ လိင္တူခ်စ္ျခင္းဟာ သဘာဝပါပဲတဲ့။ လိင္တူခ်စ္တယ္ဆိုတာ အဲဒီလူရဲ႕ ဟိုမုန္းဓာတ္၊ စိတ္ေနသေဘာထားနဲ႔ ဗီဇမ်ိဳးႏြယ္ေပၚမွာမူတည္ေနပါတယ္တယ္။ ဆန္႔က်င္ဘက္ခ်င္းခ်စ္တာလဲ ဒီလိုပဲေလ။ ဆိုေတာ့ကာ လိင္တူခ်စ္ခ်င္းအပါအဝင္ တျခားဘယ္လို လိင္ဆြဲေဆာင္မႈ ဦးတည္ရာမ်ိဳးကိုျဖစ္ပါေစ လက္ခံလိုက္ျခင္းဟာ လူအဖြဲ႔အစည္းႀကီးကို ဘယ္လိုမွထိခိုက္ေစမွာမဟုတ္ပါဘူးတဲ့။ တကယ္ေတာ့ အဲ့လိုဆို လူအဖြဲ႔အစည္းႀကီးက ပိုလွလာမွာေနာ္။ နားလည္မႈေတြ လက္ခံႏိုင္စြမ္းေတြနဲ႔ တည္ေဆာက္ထားတဲ့ လူ႔အဖြဲ႔အစည္းဟာ အခုလို ရုပ္ဆိုးေနေတာ့မွာမဟုတ္ဘူးေလ။

ေယာက္်ားေလးနဲ႔မိန္းကေလးပဲခ်စ္ခ်စ္၊ ေယာက်္ားေလးခ်င္းပဲခ်စ္ခ်စ္၊ မိန္းကေလးခ်င္းပဲခ်စ္ခ်စ္၊ အခ်စ္ဟာ အခ်စ္ပဲမို႔၊ လိင္တူအခ်စ္ကို အျမင္ေစာင္းေနတာေလးေတြ ေပ်ာက္သြားေစခ်င္ပါတယ္။ အခုလဲ ေဖ့ဘြတ္ေပၚမွာ ေကာင္မေလးအတြဲေလးေတြရဲ႕ အမွတ္တရပံုေလးေတြ ေမဦးနဲ႔ဟန္လင္းတို႔ရဲ႕ ပံုရိပ္ကေလးေတြမွာ အားေပးစကားေျပာၾကတဲ့၊ ခ်စ္ခင္ၾကတဲ့လူေတြ မ်ားလာၾကပါတယ္။ ဒါေၾကာင့္မို႔ အက္ဒမင္ကေတာ့ ေနာက္မ်ားဆို လိင္တူခ်စ္ခ်င္းကိုလဲ ပိုၿပီးနားလည္ႏိုင္လာၾကမယ္လို႔ ေမွ်ာ္လင့္ေနမိပါေတာ့တယ္။

 Credit:Khine (For Her Myanmar)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ယောင်းတို့ရေ တစ်ချို့သူတွေဟာ လိင်တူချစ်ကြတာ စိတ်အခြေအနေတစ်ခုကြောင့်ဖြစ်ပြီး ဒါကိုစိတ်ရောဂါလို့ သတ်မှတ်ချင်ကြပါတယ်။ တကယ်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကနေပြီး ၁၉၉၂ခုနှစ်ကတည်းက လိင်တူချစ်ခြင်းဟာ စိတ်ရောဂါမဟုတ်ဘူးလို့ ထုတ်ပြန်ထားပြီးသားပါကွယ်။

၁၉၅၀-၁၉၆၀ ပြည့်နှစ်တွေကတော့ စိတ်ရောဂါကုဆရာဝန်တွေက လိင်တူချစ်ခြင်းကို စိတ်ရောဂါလို့သတ်မှတ်ပြီး ဆေးကုသခဲ့ကြတယ်တဲ့။ အဲ့ကုထုံးထဲမှာဘာပါလဲဆိုတော့ လိင်တူချစ်တဲ့ အမျိုးသားကို အခြားအမျိုးသားတွေရဲ့ ကိုယ်လုံးတီးပုံကိုပြပြီး တစ်ချိန်ထဲမှာ အန်စေတဲ့ဆေးတွေတိုက် လျှပ်စစ်နဲ့တို့ကြတယ်တဲ့။ ကြောက်စရာကြီးနော်။ အဲ့လိုလူမဆန်စွာနဲ့ အကုသခံရတဲ့လူက မခံနိုင်တော့တဲ့အထိ နှိပ်စက်ပြီးတော့မှ မိန်းကလေးတစ်ယောက်နဲ့ ဒိတ်လုပ်ခိုင်းတယ်တဲ့။ အဲ့လိုတွေ အစွန်းရောက်ခဲ့ကြတယ်

ဒီအစွန်းရောက်ကုသမှုသမိုင်းကို လှန်ရရင်ဖြင့် ၁၉ရာစုအစကို ပြန်သွားရပါလိမ့်မယ်။ ဟိုးအရင်တုန်းကတော့ လိင်တူချစ်ခြင်းကို အပြစ်တစ်ခုလို့ယူဆခဲ့ရာကနေပြီး ၁၉ရာစုထဲမှာတော့ စိတ်ရောဂါဆိုပြီး ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်တဲ့။ ၁၉၆၈ခုနှစ် အမေရိကန်နိုင်ငံရဲ့ စိတ်ရောဂါအမျိုးမျိုးမှတ်တမ်းထဲမှာ လိင်တူချစ်ခြင်းကို စိတ်ရောဂါလို့ ထည့်သွင်းဖော်ပြခဲ့တယ်လေ။

၁၉၇၃ကျတော့ အမေရိကန်စိတ်ကျန်းမာရေးအဖွဲ့ကနေ အဖွဲ့ဝင်တွေကို လိင်တူချစ်ခြင်းကို စိတ်ရောဂါအဖြစ် ဆက်ထားရမလား၊ ထုတ်ရမလား မဲတောင်းတော့ အဖွဲ့ဝင်ငါးထောင်ကျော်က ထုတ်စေချင်ပြီး၊ သုံးထောင်ကျော်ကတော့ ဆက်ထားဖို့ မဲပေးခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ လိင်တူချစ်ချင်းကို တဖြည်းဖြည်း နားလည်လာကြပြီး ၁၉၉၂မှာ WHO ကနေပြီး လိင်တူချစ်ခြင်းဟာ လိင်ဆွဲဆောင်မှုဦးတည်ရာ အကြိုက်မတူခြင်းအနေနဲ့ပဲ သတ်မှတ်ပြီး စိတ်ရောဂါမဟုတ်ပါဘူးလို့ ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လဲ အခုချိန်ထိ လိင်တူချစ်ခြင်းကို ကုသပေးတဲ့ အစွန်းရောက်ဘာသာရေးစခန်းတွေ ရှိနေကြဆဲပါတဲ့ ယောင်းရေ။ သူတို့ဟာလဲ အမျိုးသားနှစ်ယောက် ချစ်ခန်းဖွင့်နေတဲ့ပုံတွေ၊ ကိုယ်လုံးတီးအမျိုးသားပုံတွေကို ပြပြီး ခန္ဓာကိုယ်ကိုနာကျင်စေတဲ့ ကုထုံးကို သုံးပါတယ်တဲ့။ အဲဒီစခန်းကနေ ထွက်လာတဲ့ သူတွေအပြောအရ အဲဒီကုထုံးတွေဟာ သူတို့ရဲ့ လိင်တူချစ်ချင်းကို ပြင်ဆင်ပေးတာမဟုတ်ဘဲ တခြားအမျိုးသားတွေနဲ့ သာမာန်လက်ဆွဲနှုတ်ဆက်ဖို့တောင် ကြောက်သွားရလောက်အောင် စိတ်ဒဏ်ရာတွေ ပေးလိုက်တာပါတဲ့။

နောက်ပြီး ဒီလိုမှားယွင်းနေတဲ့ အစွန်းရောက်ကုထုံးတွေဟာ စိတ်ကျရောဂါ၊ အစိုးရိမ်လွန်ရောဂါတွေအပြင် လူမှုဆက်ဆံမှုမှာရော၊ အချစ်ရေးမှာပါ အဆိုးဘက်ကိုရောက်သွားစေပါတယ်တဲ့။ ဒီထက်ပိုဆိုးလာရင်တော့ အကုသခံ စိတ်ဝေဒနာရှင်မဟုတ်တဲ့ သာမာန်ကိုယ်လိုသူလိုလူဟာ မိမိကိုယ်ကိုယ်သတ်သေတဲ့အထိ စိတ်အခြေအနေကို ဆိုးဝါးစေပါသတဲ့။

တကယ်က ပုံမှန်လို့သတ်မှတ်ကြတဲ့ ဆန့်ကျင်ဘက်လိင်အချင်းချင်း ချစ်တာနဲ့ လိင်တူချစ်တာဟာ တူတူပါပဲနော်။ မိန်းကလေးတွေကို သဘောကျတဲ့ ယောကျ်ားလေးတစ်ယောက်ကို ကုထုံးတစ်ခုနဲ့ အခြား ယောက်ျားလေးကို သဘောကျအောင်လုပ်လို့ရမယ်လို့ ယောင်းထင်ပါသလား။ ဘယ်ရလိမ့်မလဲနော်။ အဲ့လိုပါပဲ ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်း သဘောကျတာကိုလဲ ကုထုံးတစ်ခုနဲ့ ဆန့်ကျင်ဘက်လိင်ကို ပြန်သဘောကျအောင် လုပ်လို့ဘယ်ရပါ့မလဲ။

လိင်တူချစ်ခြင်းဟာ စိတ်ရောဂါမဟုတ်ကြောင်းကိုလဲ သိပ္ပံပညာအရ အထောက်အထားတွေ ရှိပါတယ်တဲ့။ သိပ္ပံပညာအရကတော့ လိင်တူချစ်ခြင်းဟာ သဘာဝပါပဲတဲ့။ လိင်တူချစ်တယ်ဆိုတာ အဲဒီလူရဲ့ ဟိုမုန်းဓာတ်၊ စိတ်နေသဘောထားနဲ့ ဗီဇမျိုးနွယ်ပေါ်မှာမူတည်နေပါတယ်တယ်။ ဆန့်ကျင်ဘက်ချင်းချစ်တာလဲ ဒီလိုပဲလေ။ ဆိုတော့ကာ လိင်တူချစ်ချင်းအပါအဝင် တခြားဘယ်လို လိင်ဆွဲဆောင်မှု ဦးတည်ရာမျိုးကိုဖြစ်ပါစေ လက်ခံလိုက်ခြင်းဟာ လူအဖွဲ့အစည်းကြီးကို ဘယ်လိုမှထိခိုက်စေမှာမဟုတ်ပါဘူးတဲ့။ တကယ်တော့ အဲ့လိုဆို လူအဖွဲ့အစည်းကြီးက ပိုလှလာမှာနော်။ နားလည်မှုတွေ လက်ခံနိုင်စွမ်းတွေနဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းဟာ အခုလို ရုပ်ဆိုးနေတော့မှာမဟုတ်ဘူးလေ။

ယောက်ျားလေးနဲ့မိန်းကလေးပဲချစ်ချစ်၊ ယောကျ်ားလေးချင်းပဲချစ်ချစ်၊ မိန်းကလေးချင်းပဲချစ်ချစ်၊ အချစ်ဟာ အချစ်ပဲမို့၊ လိင်တူအချစ်ကို အမြင်စောင်းနေတာလေးတွေ ပျောက်သွားစေချင်ပါတယ်။ အခုလဲ ဖေ့ဘွတ်ပေါ်မှာ ကောင်မလေးအတွဲလေးတွေရဲ့ အမှတ်တရပုံလေးတွေ မေဦးနဲ့ဟန်လင်းတို့ရဲ့ ပုံရိပ်ကလေးတွေမှာ အားပေးစကားပြောကြတဲ့၊ ချစ်ခင်ကြတဲ့လူတွေ များလာကြပါတယ်။ ဒါကြောင့်မို့ အက်ဒမင်ကတော့ နောက်များဆို လိင်တူချစ်ချင်းကိုလဲ ပိုပြီးနားလည်နိုင်လာကြမယ်လို့ မျှော်လင့်နေမိပါတော့တယ်။

 Credit:Khine (For Her Myanmar)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top