iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ားအားျဖင့္ ပထမဆံုးရင္ေသြးေလးကို အသက္ ၂၀ အရြယ္ပတ္၀န္းက်င္မွာ ေမြးေလ့ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ အသက္ ၂၀ ၀န္းက်င္အရြယ္မွာ သင္ဟာ ပိုၿပီးခံႏိုင္ရည္ရွိတယ္လိ႔ ယူဆထားလို႔႔ပါ။ ဒါမွမဟုတ္ရင္လည္း ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ဖို႔ အခ်ိန္ေတြအမ်ားႀကီးလိုအပ္တယ္လို႔ ခံယူထားၾကတာလည္း ပါမယ္ထင္ပါတယ္။

သုေတသီေတြကေတာ့ မိခင္ျဖစ္သူ အသက္ ၃၀ ေက်ာ္ပတ္၀န္းက်င္ေလာက္မွာ ေမြးတဲ႔ကေလးေတြက ပိုၿပီး ေတာ္ၾကသလို ဥာဏ္ရည္ပိုထက္ျမတ္တဲ့ ကေလးေတြ ရလာႏိုင္တယ္လို႔ ဆိုလိုက္ပါတယ္။

စာဖတ္သူတို႔ မိသားစု၀င္ထဲကိုၾကည့္ၾကည့္ပါ။ အႀကီးဆံုးကေလးေတြထက္ အသက္ ၃၀ ေက်ာ္ေက်ာ္မွာ ေမြးထားတဲ့ အငယ္ေလးေတြက ပိုၿပီး လည္ၾကတယ္။ ဥာဏ္ရည္ထက္ျမတ္ၾကတာကိုေတြ႔ဖူးၾကမွာပါ။ အမ်ားအားျဖင့္ေပါ့ေလ။

ပတ္၀န္းက်င္မွာၾကည့္လိုက္ရင္လည္း အဲဒီသီအိုရီ ေလ့လာေတြ႔ရွိခ်က္ဟာ ဟုတ္မွန္တယ္လို႔ ေထာက္ခံေပးလ်က္ရွိေနပါတယ္။

 
ဘာလုိ႔ အသက္ ၃၀ ေက်ာ္ေက်ာ္ ၃၀ ၀န္းက်င္မွာ ကေလးေမြးေပးသင့္လဲဆိုရင္ အဲဒီအသက္အရြယ္မွာဆို အမ်ိဳးသမီးေတြဟာ ပိုၿပီး ဘ၀အေၾကာင္းနားလည္လာတယ္။ အိမ္ေထာင္သက္လည္းနည္းနည္းရွိၿပီ (သို႔) အလုပ္လုပ္တာလည္း ၾကာၿပီဆိုေတာ့ ၀င္ေငြေတါပိုေကာင္းလာတယ္။ အရင္ အသက္ ၂၀ ၀န္းက်င္ အရြယ္ကထက္ပိုၿပီး က်န္းမာေရးကိုဂရုစိုက္လာၾကတယ္။ ပိုၿပီးရင့္က်က္တည္ၿငိမ္လာၾကပါတယ္။

မိခင္ (သို႔) မိဘေတြကိုၾကည့္ၿပီး သူ႔ကေလး ဘယ္လိုပံုမ်ိဳးျဖစ္လာမယ္။ ဘယ္လိုအျပဳအမူမ်ိဳးေတြရွိလာမယ္ဆိုတာကို လူႀကီးေတြက ႀကိဳၿပီး သိေနတတ္ၾကပါတယ္။

ေမြးလာမယ့္ ကေလးရဲ့ ဥာဏ္ရည္ဖြံ႔ၿဖိဳးထက္ျမတ္မႈဟာ မိဘေတြအေပၚ ရာႏႈန္းျပည့္မူတည္ပါတယ္။ အိမ္ေထာင္လည္းက်ၿပီ အနာဂတ္မိသားစုဘ၀ေလးအတြက္ အစီစဥ္ဆြဲၾကတဲ့အခါ ကေလးေမြးမယ့္ အစီစဥ္လည္း ပါလာမွာပါေနာ္။ စာဖတ္သူတို႔ေကာ ဘယ္အရြယ္ေလာက္မွာ ကေလးယူမယ္ စဥ္းစားထားလဲ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္.


Credit: MyStyleMyanmar

#Unicode Version#
အများအားဖြင့် ပထမဆုံးရင်သွေးလေးကို အသက် ၂၀ အရွယ်ပတ်ဝန်းကျင်မှာ မွေးလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အသက် ၂၀ ဝန်းကျင်အရွယ်မှာ သင်ဟာ ပိုပြီးခံနိုင်ရည်ရှိတယ်လိ့ ယူဆထားလို့ပါ။ ဒါမှမဟုတ်ရင်လည်း ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အချိန်တွေအများကြီးလိုအပ်တယ်လို့ ခံယူထားကြတာလည်း ပါမယ်ထင်ပါတယ်။

သုတေသီတွေကတော့ မိခင်ဖြစ်သူ အသက် ၃၀ ကျော်ပတ်ဝန်းကျင်လောက်မှာ မွေးတဲ့ကလေးတွေက ပိုပြီး တော်ကြသလို ဉာဏ်ရည်ပိုထက်မြတ်တဲ့ ကလေးတွေ ရလာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

စာဖတ်သူတို့ မိသားစုဝင်ထဲကိုကြည့်ကြည့်ပါ။ အကြီးဆုံးကလေးတွေထက် အသက် ၃၀ ကျော်ကျော်မှာ မွေးထားတဲ့ အငယ်လေးတွေက ပိုပြီး လည်ကြတယ်။ ဉာဏ်ရည်ထက်မြတ်ကြတာကိုတွေ့ဖူးကြမှာပါ။ အများအားဖြင့်ပေါ့လေ။

ပတ်ဝန်းကျင်မှာကြည့်လိုက်ရင်လည်း အဲဒီသီအိုရီ လေ့လာတွေ့ရှိချက်ဟာ ဟုတ်မှန်တယ်လို့ ထောက်ခံပေးလျက်ရှိနေပါတယ်။

ဘာလို့ အသက် ၃၀ ကျော်ကျော် ၃၀ ဝန်းကျင်မှာ ကလေးမွေးပေးသင့်လဲဆိုရင် အဲဒီအသက်အရွယ်မှာဆို အမျိုးသမီးတွေဟာ ပိုပြီး ဘဝအကြောင်းနားလည်လာတယ်။ အိမ်ထောင်သက်လည်းနည်းနည်းရှိပြီ (သို့) အလုပ်လုပ်တာလည်း ကြာပြီဆိုတော့ ဝင်ငွေတေါပိုကောင်းလာတယ်။ အရင် အသက် ၂၀ ဝန်းကျင် အရွယ်ကထက်ပိုပြီး ကျန်းမာရေးကိုဂရုစိုက်လာကြတယ်။ ပိုပြီးရင့်ကျက်တည်ငြိမ်လာကြပါတယ်။

မိခင် (သို့) မိဘတွေကိုကြည့်ပြီး သူ့ကလေး ဘယ်လိုပုံမျိုးဖြစ်လာမယ်။ ဘယ်လိုအပြုအမူမျိုးတွေရှိလာမယ်ဆိုတာကို လူကြီးတွေက ကြိုပြီး သိနေတတ်ကြပါတယ်။

မွေးလာမယ့် ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးထက်မြတ်မှုဟာ မိဘတွေအပေါ် ရာနှုန်းပြည့်မူတည်ပါတယ်။ အိမ်ထောင်လည်းကျပြီ အနာဂတ်မိသားစုဘဝလေးအတွက် အစီစဉ်ဆွဲကြတဲ့အခါ ကလေးမွေးမယ့် အစီစဉ်လည်း ပါလာမှာပါနော်။ စာဖတ်သူတို့ကော ဘယ်အရွယ်လောက်မှာ ကလေးယူမယ် စဉ်းစားထားလဲ။


Credit: MyStyleMyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top