iMyanmarHouse.com - Best Property Website for Myanmar
×

(ေတာင္ပုလုဆရာေတာ္ႀကီး)
■ ေတာင္ပုလုဆရာေတာ္ သက္ေတာ္ထင္ရွားရွိစဥ္ အခါတုန္းက ဒကာတစ္ေယာက္ ေက်ာင္းကိုေရာက္လာရင္း ဆရာေတာ္အား ေမးေလွ်ာက္ပါတယ္။ ဆရာေတာ္ဘုရား …“ တပည့္ေတာ္မွာသားေရး၊ သမီးေရး၊ အိမ္ေထာင္ေရး၊ စီးပြားေရး၊ လူမွဳေရးေတြ လုပ္ေနရေတာ့ မအားဘူး ဘုရား။

ဆရာေတာ္ရဲ႕တရားေတြကလည္း ေကာင္းပါတယ္ဘုရား၊.. ခေလးေတြႀကီးျပင္းၿပီး သူ႕ဟာနဲ႔သူအဆင္ေျပေျပနဲ႔ ေနႏိုင္ၾကေတာ့မွ တပည့္ေတာ္အားမယ္ထင္ပါတယ္ဘုရား … တကယ္လို႔ ေသခါနီးမွ  တရားအားထုတ္ရင္ မရဘူးလား ဘုရား ” လို႔ ေမးေတာ့ …
■ ဆရာေတာ္က

“ ေအးကြာ ….မင္းမွာ မအားဘူးဆိုေတာ့လည္း၊ဒါက မင္းသေဘာပဲ။အားထုတ္လို႔ မရဘူးလို႔ေတာ့ မေျပာႏိုင္ပါဘူး။ ငါေျပာတဲ့ ဥပမာေလးကို နားေထာင္လိုက္ဦး။ ”
“ မင္းတို႔အိမ္မွာ မိသားစု ေနၾကတယ္ေနာ္” ။
“ တင္ပါ့ဘုရား.. မိသားစုေနၾကပါတယ္” ။
“ မနက္စာထမင္းကို ဘယ္အခ်ိန္စားၾကသလဲ ? ”။
“ ၁၂ နာရီ ေလာက္မွာ မိသားစုအားလံုး စုၿပီးစားၾကပါတယ္ ”။
“ ဒါဆိုရင္ ၁၂ နာရီ မထိုးခင္ အခ်ိန္ေလးမွာ ကပ္ၿပီး ထမင္းခ်က္စားၾကတာလား ? ”
“ မဟုတ္ပါဘူး ဘုရား … တပည့္ေတာ္ အိမ္ရွင္မက မနက္ မိုးလင္းတာနဲ႔ စားေသာက္ဖို႔အတြက္ မီးဖိုနားမွာ  ေခၽြးတစ္လံုးလံုးနဲ႔ ခ်က္ျပဳတ္ေနရပါတယ္ ဘုရား။ စားခါနီးေတာင္ ခ်က္ျပဳတ္မၿပီးေသးပါ ဘုရား။  စားခါနီးမွ ခ်က္ျပဳတ္စားလို႔ေတာ့ မရႏိုင္ပါ ဘုရား။ ဟင္းေတြကလည္း မႏူး

မနပ္ ျဖစ္မွာပါ ဘုရား ”။
“ အဲဒီအတိုင္းပဲ.. တရားဓမၼကို ေသခါနီးမွ ကပ္လုပ္ရင္ မႏူးမနပ္ဘူးေပါ့၊ တရားဓမၼဆိုတာအခ်ိန္ရွိတုန္းကပင္ ေလ့က်င့္ယူရတယ္၊ ႏူးနပ္ေအာင္ က်င့္ႀကံအားထုတ္ရတယ္ ကြဲ႕ ”။
ဒါေၾကာင့္ တရားခ်စ္ခင္ သူေတာ္စင္အေပါင္းတို႔ကလည္း က်န္ရွိေနေသးတဲ့ အခ်ိန္ကေလးကို အက်ိဳးရွိေအာင္ ကုသိုလ္စိတ္ျဖင့္ေနၿပီး တစ္ဆင့္ထက္တစ္ဆင့္ ျမင့္ျမတ္သထက္ ျမင့္ျမတ္ေအာင္ က်င့္ႀကံအားထုတ္ကာ ျမတ္နိဗၺာန္ကို ရေရာက္ႏိုင္ၾကပါေစ ကုန္သတည္း။ ။
Credit:Dagaung
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
(တောင်ပုလုဆရာတော်ကြီး)
■ တောင်ပုလုဆရာတော် သက်တော်ထင်ရှားရှိစဉ် အခါတုန်းက ဒကာတစ်ယောက် ကျောင်းကိုရောက်လာရင်း ဆရာတော်အား မေးလျှောက်ပါတယ်။ ဆရာတော်ဘုရား …“ တပည့်တော်မှာသားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေ လုပ်နေရတော့ မအားဘူး ဘုရား။

ဆရာတော်ရဲ့တရားတွေကလည်း ကောင်းပါတယ်ဘုရား၊.. ခလေးတွေကြီးပြင်းပြီး သူ့ဟာနဲ့သူအဆင်ပြေပြေနဲ့ နေနိုင်ကြတော့မှ တပည့်တော်အားမယ်ထင်ပါတယ်ဘုရား … တကယ်လို့ သေခါနီးမှ  တရားအားထုတ်ရင် မရဘူးလား ဘုရား ” လို့ မေးတော့ …
■ ဆရာတော်က

“ အေးကွာ ….မင်းမှာ မအားဘူးဆိုတော့လည်း၊ဒါက မင်းသဘောပဲ။အားထုတ်လို့ မရဘူးလို့တော့ မပြောနိုင်ပါဘူး။ ငါပြောတဲ့ ဥပမာလေးကို နားထောင်လိုက်ဦး။ ”
“ မင်းတို့အိမ်မှာ မိသားစု နေကြတယ်နော်” ။
“ တင်ပါ့ဘုရား.. မိသားစုနေကြပါတယ်” ။
“ မနက်စာထမင်းကို ဘယ်အချိန်စားကြသလဲ ? ”။
“ ၁၂ နာရီ လောက်မှာ မိသားစုအားလုံး စုပြီးစားကြပါတယ် ”။
“ ဒါဆိုရင် ၁၂ နာရီ မထိုးခင် အချိန်လေးမှာ ကပ်ပြီး ထမင်းချက်စားကြတာလား ? ”
“ မဟုတ်ပါဘူး ဘုရား … တပည့်တော် အိမ်ရှင်မက မနက် မိုးလင်းတာနဲ့ စားသောက်ဖို့အတွက် မီးဖိုနားမှာ  ချွေးတစ်လုံးလုံးနဲ့ ချက်ပြုတ်နေရပါတယ် ဘုရား။ စားခါနီးတောင် ချက်ပြုတ်မပြီးသေးပါ ဘုရား။  စားခါနီးမှ ချက်ပြုတ်စားလို့တော့ မရနိုင်ပါ ဘုရား။ ဟင်းတွေကလည်း မနူး

မနပ် ဖြစ်မှာပါ ဘုရား ”။
“ အဲဒီအတိုင်းပဲ.. တရားဓမ္မကို သေခါနီးမှ ကပ်လုပ်ရင် မနူးမနပ်ဘူးပေါ့၊ တရားဓမ္မဆိုတာအချိန်ရှိတုန်းကပင် လေ့ကျင့်ယူရတယ်၊ နူးနပ်အောင် ကျင့်ကြံအားထုတ်ရတယ် ကွဲ့ ”။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ကျန်ရှိနေသေးတဲ့ အချိန်ကလေးကို အကျိုးရှိအောင် ကုသိုလ်စိတ်ဖြင့်နေပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်သထက် မြင့်မြတ်အောင် ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

Credit:Dagaung

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top