Source : 7day Daily
Credit:Duwun
#Unicode Version#
သရုပ်ဆောင် နေတိုးကတော့ Rose Rider ဇာတ်ကား ရိုက်ကူးဖို့ အတွက်ကို ၁၅ပေါင်လောက် ဝိတ်ချခဲ့ရတယ်လို့ ဆိုပါ တယ်။
လိုအပ်တဲ့ ခန္ဓာကိုယ်အချိုးအစားရောက်အောင်လည်း Gym ကစားခဲ့ပြီး ၁၅ပေါင်ကျသွားတယ်လို့ သိရပါတယ်။
‘‘ဒီကားမရိုက်ခင်ကတည်း က ခန္ဓာကိုယ်အတွက်ကို ထိန်း သိမ်းဖို့ ရည်ရွယ်ချက်ကရှိတယ်။ ဒီကားရိုက်ဖို့ဖြစ်လာတော့ အရင် ကထက်ပိုပြီး အားကစားလုပ်ဖြစ် တာပေါ့။ အဓိကဆော့ဖြစ်တာက တော့ ဗိုက်နေရာရယ်၊ ရင်ဘတ် နေရာရယ်၊ လက်မောင်း ရယ်၊ ပေါင်ရယ်ကို အဓိက Balance ဖြစ်အောင်၊ ကိုယ်ရည်စစ်သွားအောင် ဆော့ဖြစ်တယ်’ လို့ ဆိုပါတယ်။
လက်ရှိမှာလည်း အဲ့ဒီဇာတ်ကားအတွက် ရိုက်ကူးနေတာဖြစ်ပါတယ်။
ရိုက်ကူးရေးကိုတော့ နေပြည်တော်မှာ တည်ထားတာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ရိုက်ပြီးရင်လည်း ပြင်ဦးလွင်၊ ပုဂံ၊ ကျိုက်ထီးရိုးနဲ့ ရှမ်းပြည်နယ်ဘက်တို့မှာ သွားရောက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။
Rose Rider ဇာတ်ကား ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာတော့ နှင်းဆီအဖွဲ့သားအားလုံးပါဝင်တယ်လို့ သိရပါတယ်။
Source : 7day Daily
Photo : နေတိုး ဖေ့စ်ဘွတ်
Credit:Duwun
ဇာတ်ရုပ်တစ်ခုအတွက် ၁၅ပေါင်လောက် ဝိတ်ချခဲ့ရတဲ့ နေတိုး
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။