iMyanmarHouse.com - Best Property Website for Myanmar
×

လူမႈကြန္ရက္ကို အသံုးျပဳ၍ ပရိ သတ္ႏွင့္ တိုက္႐ိုက္ထိေတြ႕ဆက္ ဆံလာသည့္ အႏုပညာရွင္မ်ား တြင္ အားေပးခ်ီးက်ဴးမႈမ်ားကို ခ်က္ခ်င္းရရွိခံစားႏုိင္သလိုပင္ ေဝ ဖန္တိုက္ခိုက္မႈမ်ားကိုလည္း ခ်က္ ခ်င္းလက္ခံေနရသည္။ လူမႈကြန္ ရက္သံုးစြဲသူတုိင္း ႀကံဳေလ့ရွိတတ္ ေသာ ယင္းျပႆနာသည္ ေက်ာ္ ၾကားသူ အႏုပညာရွင္မ်ားဆုိလွ်င္ ေျပာဖြယ္ရာပင္မရွိ။ စိတ္ႏွင့္ အ လုပ္လုပ္ရေသာ အႏုပညာရွင္ျဖစ္ ၍ အဆိုပါအာ႐ံုေနာက္ဖြယ္ အင္ တာနက္လူမႈကြန္ရက္အသံုးျပဳ ျခင္းကို စိတ္ကုန္စိတ္ပ်က္ေနၿပီဟု အႏုပညာသက္တမ္းႏွစ္ ၃၀ ရွိၿပီ ျဖစ္သည့္ မင္းသမီး ျမတ္ေကသီ ေအာင္က ဆုိသည္။


‘‘အဓိကကေတာ့ ကြန္မန္႔ ေပါ့။ အစ္မတင္တဲ့ပို႔စ္ေတြမွာ မဟုတ္တဲ့ ကြန္မန္႔ေတြေရးတယ္။ မဟုတ္ဘူးဆုိတာကို ျပန္ေျဖရွင္းဖို႔ ဆုိတာကလည္း လူတုိင္းကို မျဖစ္ ႏုိင္ဘူးေလ။ အဲဒီလိုဟာႀကီးဖတ္ရ တဲ့အခါက်ရင္ စိတ္အေႏွာင့္အ ယွက္ေတာ္ေတာ္ျဖစ္တယ္။ ကိုယ္ နဲ႔ Friend မျဖစ္ရင္လည္း မက္ ေဆ့ခ်္ေဘာက္စ္ထဲကိုဝင္တယ္။ အဲဒါေတြကို အခုေနာက္ပိုင္းဖြင့္ မၾကည့္ေတာ့ဘူး။ အမ်ားအားျဖင့္ ေယာက်္ားေလးေတြ ေပါက္ပန္း ေဈး ဓာတ္ပံုေတြပုိ႔တယ္။ မဟုတ္ ကဟုတ္ကေတြ ေျပာတယ္။ အ ရင္တုန္းကေတာ့ ဖြင့္ၾကည့္တယ္။ ကိုယ္နဲ႔သိတဲ့သူငယ္ခ်င္းေတြက တစ္ခါတစ္ရံ Add ေပးပါ။ ဘာ ညာပို႔တတ္တဲ့အတြက္ ကိုယ္က ဝင္ၾကည့္ျဖစ္တယ္။ မဟုတ္က ဟုတ္ကပို႔တဲ့သူေတြပိုမ်ားလာတဲ့ အတြက္ စိတ္အေႏွာင့္အယွက္အ ရမ္းျဖစ္ရလို႔ ဖြင့္မၾကည့္ေတာ့ဘူး’’ ဟု ၎က ေျပာသည္။

တစ္ဖက္တြင္လည္း အင္တာနက္ အသံုးျပဳမႈ၏ နည္းပညာအ ဆင့္အတန္းျမင့္လာသည္ႏွင့္အမွ် လူမႈကြန္ရက္၌ တိုက္႐ိုက္ထုတ္ လႊင့္ရာတြင္ အႏုပညာရွင္အခ်ိဳ႕ ၏ မဆင္မျခင္ေျပာဆိုမႈမ်ား၊ စေနာက္က်ီစယ္မႈမ်ားေၾကာင့္ ပရိသတ္မ်ား၏ ျပင္းျပင္းထန္ထန္ ေဝ ဖန္မႈမ်ဳိး ႀကံဳေတြ႕ရျခင္းလည္းရွိခဲ့ သည္။

အျပင္လူေနမႈဘဝတြင္ ရင္း ႏွီးၾကေသာ  အႏုပညာရွင္မ်ား၏ ခင္မင္ႏွစ္လိုဖြယ္ေကာင္းသည့္ အက်င့္စ႐ိုက္အတုိင္း Live လႊင့္ ရာ၌ပါသြားသျဖင့္ ပရိသတ္အ ထင္လြဲေစသည့္ အျဖစ္အပ်က္ မ်ားလည္း ရွိခဲ့သည္။

ၿပီးခဲ့သည့္ ဇြန္လလယ္က စတူဒီယိုတစ္ခုတြင္ မင္းသားေဇရဲ ထက္ႏွင့္ မင္းသမီး ေရႊမႈံရတီတုိ႔ ျပကၡဒိန္တြဲဖက္႐ိုက္ကူးရင္း မင္း သမီးဖုန္းႏွင့္ Live လႊင့္ေနသည္ကို မသိဘဲ မင္းသားက ေနာက္ေျပာင္ ကာ လွမ္း႐ိုက္လိုက္သည့္ အျပဳ အမူအေပၚ ေဝဖန္မႈမ်ား ျမင့္တက္ ခဲ့ေသာေၾကာင့္ Live လႊင့္ျခင္းႏွင့္ ပတ္သက္၍ ေနာက္ပိုင္းတြင္ ဆင္ျခင္မည္ဟု ေဇရဲထက္က ေျပာၾကားသည္။ အခ်ိဳ႕မင္းသမီးမ်ားတြင္Liveလႊင့္တင္စဥ္ ပရိသတ္အျမင္ မေတာ္သည့္ အေနအထားမ်ား ပါသြား၍ ဖိုင္မ်ားကို ျပန္ဖ်က္ရ သည္အထိ ျဖစ္ခဲ့ဖူးသည္။

ယခုေနာက္ပိုင္း  ၎အ ေနျဖင့္ ပို႔စ္ကို အမ်ားဖတ္႐ႈႏုိင္ရန္ Public တင္ေသာ္လည္း ျပင္ပမွ မသိသူမ်ား ဝင္ေရာက္မွတ္ခ်က္ျပဳ ျခင္းေၾကာင္း ကြန္မန္႔ကို ပိတ္ထား သည္ဟု ဆုိသည္။ အခ်စ္ႏွင့္ပတ္ သက္သည့္ ခံစားခ်က္စာစုမ်ား ယခင္က တင္ေလ့ရွိေသာ္လည္း ေနာက္ပိုင္း သိပ္မတင္ျဖစ္သည့္ အေၾကာင္း ျမတ္ေကသီေအာင္က ယခုလို ေဝမွ်သည္။

‘‘အစ္မစာေရးတယ္။  အဲဒါ ကလည္း ဘယ္သူ႔ကိုမွ ထိခိုက္နစ္ နာေစလိုတဲ့ ရည္ရြယ္ခ်က္လည္း မပါဘူး။ ဘယ္သူ႔အေၾကာင္းကိုမွ လည္း ေရးတာမဟုတ္ဘူး။ အစ္မ စိတ္ထဲမွာ ေပၚလာတဲ့အေၾကာင္း အရာေလးေတြ၊ အစ္မျဖတ္သန္း လာတဲ့ အေတြ႕အႀကံဳေလးေတြ ေပၚမွာ အေျခခံၿပီး ေရးတာပါ။ ဒါ ေပမဲ့ ဘယ္လိုျဖစ္လာလဲဆုိေတာ့ လူေတြက ကိုယ္စာေရးရင္ပဲ လင္ တ႐ူးေနသလိုလို မ်ားေသာအားျဖင့္ အစ္မကအခ်စ္အေၾကာင္းေတြပဲ ေရးတာကိုး။ ဒီအေၾကာင္းေတြ မေရးသင့္ေတာ့ဘူးတဲ့ ေျပာၾကတယ္။ စာေရးဆရာမေတြမွာ အသက္ႀကီးတဲ့ သူေတြလည္းရွိတာပဲေလ။ အစ္မေကာ စာမေရးရေတာ့ဘူးလား။ အဲဒီလို စာေတြေရးတဲ့အတြက္ အစ္မက လင္တ႐ူးမမ်ား ျဖစ္ေနသလား။ အဲဒါေၾကာင့္ အခုေနာက္ပိုင္းက်ေတာ့ မေရးျဖစ္ေတာ့ဘူး’’ ဟု ဆုိသည္။

ထို႔အျပင္ ေဖ့စ္ဘြတ္ခ္သံုး ျခင္းျဖင့္ ႐ႈတင္တြင္ အခ်ိန္မကုန္ သင့္ေၾကာင္း ဝါရင့္သ႐ုပ္ေဆာင္ အကယ္ဒမီမို႔မို႔ျမင့္ေအာင္က အင္ တာဗ်ဴးတစ္ခုတြင္ ေျဖၾကားသည္။ သ႐ုပ္ေဆာင္မ်ား ႐ိုက္ကြင္းတြင္ သ႐ုပ္ေဆာင္အႏုပညာႏွင့္ ဇာတ္ၫႊန္းကို အေလးထားမဖတ္ဘဲ ေဖ့စ္ဘြတ္ခ္သဲသဲမဲမဲ အသံုးျပဳေန ျခင္းကို ဘဝင္မက်ေၾကာင္း ဝါရင့္ သ႐ုပ္ေဆာင္တစ္ဦးက သတိေပး ျခင္းလည္းျဖစ္သည္။

အႏုပညာရွင္အမ်ားစုသည္ လူမႈကြန္ရက္ကို Media သဖြယ္ အ သံုးျပဳလာၿပီးေနာက္ အမ်ားစုမွာ လူမႈကြန္ရက္တြင္ အဆိုးျမင္မွတ္ ခ်က္မ်ားႏွင့္ ေဝဖန္တိုက္ခိုက္မႈ မ်ားေၾကာင့္ ပရိသတ္ႏွင့္ အႏု ပညာရွင္ၾကား ဂယက္႐ိုက္ခဲ့ေသာ ျဖစ္စဥ္အခ်ိဳ႕ရွိလာသည္။

မၾကာေသးမီက အကယ္ဒမီ ေျပတီဦးႏွင့္ အိႁႏၵာေက်ာ္ဇင္တုိ႔ ဇနီးေမာင္ႏွံသည္ ၎တို႔၏ ကေလးငယ္မ်ားႏွင့္ပတ္သက္၍ လူမႈကြန္ ရက္တြင္ ျပင္းထန္ေသာ မွတ္ခ်က္ျပဳစကားမ်ားကို ရရွိ၍ စိတ္ထိ ခိုက္ခဲ့ရေၾကာင္း ပို႔စ္တင္ေရးသား ခဲ့သည္။

အကယ္ဒမီ အိႁႏၵာေက်ာ္ဇင္ က ၎၏ ကေလးငယ္မ်ားကို ဘန္ ေကာက္ေဆး႐ံုတြင္ H1N1 ကာ ကြယ္ေဆးထိုးေနသည့္ ဓာတ္ပံုကို လူမႈကြန္ရက္သံုးစြဲသူအခ်ိဳ႕က ဆုိး ရြားစြာ တိုက္ခိုက္ခဲ့ၾကၿပီး အဆုိး ျမင္ေသာ မွတ္ခ်က္မ်ား ေရးသား ခဲ့သည္။ ထို႔ေၾကာင္း မင္းသမီးက စိတ္မေကာင္းျဖစ္ရေၾကာင္းႏွင့္ သားသမီးဓာတ္ပံုမ်ား ေနာင္တြင္ မတင္ေတာ့ေၾကာင္း ေရးသားခဲ့ သည္။

ထို႔အျပင္ သ႐ုပ္ေဆာင္ ေနမင္းက ၁၉၈၈ အေရးေတာ္ပံု ေနာက္ခံေက်ာင္းသား တပ္မေတာ္တပ္ဖြဲ႕ဝင္တစ္ဦးအေၾကာင္း ျပန္ လည္႐ိုက္ကူးမႈအတြက္ ေက်ာင္းသားရဲေဘာ္မ်ားကို ‘မိုက္႐ူးရဲစိတ္’ ဟု သံုးႏႈန္းေျပာဆိုခဲ့ရာမွ လူမႈကြန္ ရက္တြင္ ေဝဖန္မႈမ်ား ႀကံဳေတြ႕ခဲ့ရ သည္။ ‘‘ေဖ့စ္ဘြတ္ခ္မွာက တစ္ခု ခုျဖစ္ရင္ ေျဖရွင္းျပဖို႔ မလြယ္ဘူး ဗ်။ ဒီမင္းသားမေကာင္းဘူး၊ ဒီလိုေျပာတယ္လို႔ တစ္ေယာက္ ေယာက္က ဖြလိုက္တာနဲ႔ ေသခ်ာ မသိရင္ေတာင္ ဝိုင္းၿပီးေဝဖန္ၾက ေရာ’’ဟု ေနမင္းက အင္တာဗ်ဴး တစ္ခုတြင္ ေျဖၾကားသည္။

ေတးသံရွင္ Mary ဆုိလွ်င္ ေဝဖန္တိုက္ခိုက္မႈမ်ားေၾကာင့္ ၎၏ ေဖ့စ္ဘြတ္ခ္အေကာင့္ကို ဖ်က္ ၍ မသံုးစြဲေတာ့သည္အထိ ျဖစ္ခဲ့ ရသည္။

ထို႔အျပင္ အႏုပညာရွင္မ်ား အပါအဝင္ ေက်ာ္ၾကားသူမ်ား၏ ပို႔စ္၊ ကြန္မန္႔၊ ဓာတ္ပံု စသည္တို႔ ကို ထပ္ဆင့္ျပန္လည္ကူးယူေသာ ေပ့စ္မ်ားႏွင့္ ပတ္သက္ၿပီး ဝင္ ေရာက္ၾကည့္႐ႈသူမ်ားျပားေစရန္ လူစိတ္ဝင္စားမည့္ ေခါင္းစဥ္မ်ား တပ္ျခင္းကို မႏွစ္ၿမိဳ႕ေၾကာင္း ျမတ္ေကသီေအာင္က ေျပာသည္။

‘‘ေနာက္တစ္ခု ထပ္ေျပာခ်င္ တာက ဗီဒီယိုေကာလ္ေတြေခၚၾက တယ္။ မ်ားေသာအားျဖင့္ မိန္း ကေလးေတြဆို စာျပန္ပါတယ္။ ေယာက်္ားေလးေတြကိုဆုိရင္ ေတာ့ အစ္မစာလည္း မျပန္ပါဘူး။ ဖုန္းလည္းမကိုင္ပါဘူး။ ဖုန္းလည္း မေခၚေစခ်င္ဘူး။ ပရိသတ္ဆုိေပ မယ့္လည္း ေယာက်္ားနဲ႔ မိန္းမျဖစ္ ေနတဲ့အတြက္ ကိုယ္က တစ္ခုခု စကားေျပာလိုက္ရင္ေတာင္ ငါ့ကို ဒီမင္းသမီးက ျပန္ေျပာတယ္။ ဒီ လိုရလားဆုိတာမ်ိဳးေတြကိုလည္း မထင္ေစခ်င္ဘူး။ လူတုိင္းကို ေတာ့ မဆိုလိုပါဘူး။ အစ္မ ေတာ္ ႐ံုတန္႐ံု ျပန္မေျပာျဖစ္ဘူး။ အဲဒီမွာ လူေတြက ဖင္ေခါင္းက်ယ္တယ္ တို႔၊  အားေပးေနတဲ့ ပရိသတ္ကို မေလးစားဘူးလို႔လည္း မထင္ေစ ခ်င္ပါဘူး။ အစ္မတုိ႔ဘက္ကို လည္း နည္းနည္းေလးထည့္စဥ္း စားေပးပါ’’ဟု ျမတ္ေကသီေအာင္ က ေျပာသည္။

တစ္ခါတစ္ရံ စိတ္ညစ္သည့္ အခါမ်ိဳးတြင္ ခံစားခ်က္မ်ားကို ပို႔စ္ တင္ေရးသားမႈမ်ားကို တရားဝင္ မီဒီယာမဟုတ္ေသာ ေဖ့စ္ဘြတ္ခ္ ေပ့ခ်္မ်ားက ျပန္လည္ကူးယူျခင္း ေၾကာင့္ ပိုမိုစိတ္အေႏွာင့္အယွက္ ျဖစ္ရေၾကာင္း ေျပာလာသူက အဆိုေတာ္သ႐ုပ္ေဆာင္ ပိုပိုျဖစ္သည္။

‘‘စိတ္အေႏွာင့္အယွက္ျဖစ္ရ တာကေတာ့ သိသိ၊ မသိသိ ဝင္ ဆဲေနတာမ်ိဳးေတြေပါ့။ ကိုယ့္ Fan လည္းမဟုတ္ဘူး။ တစ္ခါတေလ ကိုယ္က ကိုယ့္ခံစားခ်က္နဲ႔ ကိုယ္ စိတ္ညစ္တဲ့အခ်ိန္မ်ိဳးမွာ ေရးတင္ တာမ်ိဳးေတြရွိတယ္။ အဲဒါကို ယူ သံုးတဲ့ Page ေတြလည္းရွိတယ္။ အဲဒါေတြေၾကာင့္လည္း စိတ္အ ေႏွာင့္အယွက္ျဖစ္ရတာမ်ိဳးေတြရွိ တယ္။ သူတုိ႔ Page နာမည္ႀကီးဖို႔ အတြက္ကို ကိုယ္လုပ္သမွ် မ်က္စိ ေဒါက္ေထာက္ၾကည့္ၿပီးေတာ့ တင္တာမ်ိဳးေတြရွိတယ္။ တရားဝင္မီဒီ ယာမဟုတ္တဲ့ဟာေတြက အြန္ လုိင္းကေနယူၿပီး ေလွ်ာက္ဖြတာ ေတြေၾကာင့္ စိတ္အရမ္းညစ္ရ တယ္။ ကိုယ့္ကိုအေကာင္းေျပာတဲ့ ပရိသတ္ရွိတဲ့အတြက္ အားတက္ သလို အဆိုးျမင္ဝါဒီနဲ႔ ကြန္မန္႔ေတြ ကို ျမင္ရေတြ႕ရတဲ့အခါမွာလည္း အေတာ္ေလးစိတ္မေကာင္းျဖစ္မိ ပါတယ္’’ဟု ၎က ေျပာသည္။

ထို႔အျပင္ မက္ေဆ့ခ်္ေဘာက္စ္မွတစ္ဆင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစေသာ စာမ်ား၊ ညစ္ညမ္း ပို႔စ္မ်ား ေပးပို႔မႈမ်ားကိုလည္း စိတ္ ညစ္ရေၾကာင္း ပိုပိုက ေျပာသည္။

‘‘ပိုပို Live နဲ႔ပတ္သက္ၿပီး စိတ္အေႏွာင့္အယွက္ႏွစ္ခါ ႀကံဳဖူး တယ္။ တစ္ခါက အိမ္မွာ ေပါ့ေပါ့ ပါးပါးေနတယ္။ သစ္ပင္စိုက္ တယ္။ ကိုယ္စားခ်င္တဲ့ အစားအ စာေလးေတြစားတယ္။ ပရိသတ္ ေတြ သြားရည္ယိုေအာင္စားျပ တယ္။ ေနာက္ၿပီးေတာ့ ပိုပိုရဲ႕ ေနထိုင္မႈပံုစံကို သူတုိ႔ေတြ႕တယ္။ အၿမဲတမ္း ဒီပံုစံေနတာေတာ့ မဟုတ္ဘူး။ သဘာဝဆန္ဆန္ တစ္ခါတစ္ရံေနၿပီး Live လႊင့္ေတာ့ အေျပာခံရတယ္။ အစားစားတာ  ဘာျဖစ္တယ္။ ညာျဖစ္တယ္။ သူ တုိ႔က Shaming လုပ္တဲ့အထိပါ လာတယ္။ လူတစ္ေယာက္ကို သက္သက္သိကၡာခ်တဲ့အပိုင္းေတြ ပါပါလာတယ္။ ေနာက္တစ္ေခါက္ က ပိုပိုဘန္ေကာက္မွာ အခန္းထဲ မွာ ပ်င္းေနတာနဲ႔ Fan ေတြနဲ႔ စကားေျပာမယ္ဆိုၿပီး Live လႊင့္လိုက္ တယ္။ လႊင့္ရင္းနဲ႔ ထၿပီး မီးခလုတ္ လိုက္ရွာရင္းနဲ႔ မေတာ္တဆျဖစ္ သြားတဲ့ ျဖစ္ရပ္တစ္ခုကို ပန္းပြင့္ ဆုိတဲ့ မီဒီယာကေနၿပီး ဘယ္လို ထိုင္ၾကည့္ေနတယ္မသိပါဘူး။ ျမင္ၿပီးတင္တယ္။ ေနာက္ ၄၅ မိနစ္ေလာက္ေနေတာ့ ေဖ့စ္ဘြတ္ခ္ျပန္ဖြင့္တဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြ လာေျပာထားတာေတြ႕ေတာ့ အဲဒီ Page ကို သြားၿပီးဖ်က္ေပးပါလို႔ သြားေတာင္းပန္တယ္။ ကြၽန္မရဲ႕ ဂုဏ္သိကၡာနဲ႔ဆုိင္တယ္။ တမင္ လုပ္တာလည္းမဟုတ္ဘူး။ မေတာ္တဆျဖစ္တာပါ။ ကိုယ္ေတာင္ မသိလိုက္ဘူး။ ဖ်က္ေပးပါလို႔ သြားေျပာေတာ့ YouTube မွာ ပါတင္ လိုက္တယ္။ ၄၅ မိနစ္အတြင္းမွာ တျခားသူေတြဆီပါ ျပန္႔သြား တယ္။ ပြထသြားတယ္။ Live လႊင့္တဲ့အက်ိဳးေက်းဇူးႏွစ္ခု ခံစားဖူး တာေပါ့။ အခုေတာ့ Live လႊင့္တာ ကို နည္းနည္းေတာ့ေၾကာက္သြား တယ္။ ကိုယ့္ရဲ႕အစ္မတစ္ေယာက္ အေနနဲ႔ ကိုယ္ခ်င္းစာစိတ္ရွိမယ္ဆုိ ရင္ အဲဒီ Page ေတြက မတင္သင့္ ဘူးလုိ႔ထင္တယ္’’ဟု ပိုပိုက ေျပာ သည္။

‘‘အဲဒါနဲ႔ပတ္သက္ၿပီး အႏု ပညာရွင္တုိင္းႀကံဳရတယ္။ တစ္ခါ တေလ အႏုပညာရွင္မွ မဟုတ္ ဘူး။ အျပင္လူေတြေတာင္မွ ႀကံဳ ေတြ႕ရတာမ်ိဳးရွိတယ္။ အႏုပညာ သမားေတြအတြက္က အထူးအ ဆန္းေတာ့မဟုတ္ေတာ့ဘူး။ တစ္ ခါတေလ အလွဴအတန္းလုပ္ေန ရင္ေတာင္ မေကာင္းျမင္တဲ့သူေတြ ရွိတာပဲ။ အဓိကကေတာ့ ေနာက္ ဆံုး ညီမတို႔ အႏုပညာသမားေတြ က ကိုယ့္စိတ္ကိုပဲ အေကာင္းဆံုး ျဖစ္ေအာင္ထားလိုက္တယ္။ ဒါေပ မဲ့လည္း လူထဲကလူျဖစ္တဲ့အတြက္ မေကာင္းေျပာတာမ်ိဳး၊ မဟုတ္တဲ့ သတင္းလႊင့္တာမ်ိဳးဆုိ စိတ္ မေကာင္းဘူး။ အႏုပညာသမားက သတင္းလႊင့္ရတာ အရမ္းလြယ္ တယ္။ ခံရတဲ့သူကေတာ့ အရမ္းခံ စားရတယ္။ မဟုတ္တဲ့သတင္းဆုိ ရင္လည္း ဘယ္လိုပဲမဟုတ္ဘူး ေျပာေျပာ အႏုပညာသမားဘက္ က မပါၾကဘူး။ သူမ်ားေျပာတာကို ယံုၾကည္တယ္’’ဟု မိုးယုစံက ေျပာသည္။

ေဖ့စ္ဘြတ္ခ္တြင္ ေကာင္း တာလည္းရွိသလို ဆိုးက်ိဳးေတြ လည္း အမ်ားႀကီးႀကံဳရေၾကာင္း လူမႈကြန္ရက္တြင္ ေဝဖန္မႈမ်ား ႀကံဳေတြ႕ခဲ့ရသည့္ ဆုပန္ထြာက ေျပာသည္။ ‘‘သိပ္ေၾကာက္စရာ ေကာင္းတယ္။ ေဖ့စ္ဘြတ္ခ္က အ ေၾကာင္းအရာေတြက အမွန္တရားလည္းပါသလို မဟုတ္တာေတြ လည္းပါတယ္။ တထစ္ခ်ယံုလို႔ မရ ဘူးဆုိတဲ့ သေဘာေပါ့။ ေရးထား တုိင္းလည္း မဟုတ္ဘူး။ မပန္တို႔ဆိုဘဝမွာ လက္ေတြ႕ခံစားခဲ့ရ တာ။ မပန္တုိ႔ဘဝသည္ ကိုဥကၠာ ဆုိရင္လည္း အရင္အိမ္ေထာင္နဲ႔ ကြဲၿပီးမွ မပန္ကို တရားဝင္လက္ ထပ္တယ္။ မပန္ကို သူစလိုက္ကတည္းက လူသည္လူလြတ္တစ္ ေယာက္ျဖစ္တယ္။ မပန္သည္ အပ်ိဳျဖစ္တဲ့အတြက္ သူ႔ကို အိမ္ ေထာင္ဖက္အျဖစ္ ေရြးခ်ယ္ခဲ့တယ္။ မပန္ကေတာ့ စအေရးခံ၊အေျပာခံ၊ အဆဲခံရကတည္းကဘယ္သူ႔ကိုမွ အျပစ္မျမင္ပါဘူး။ ကုသိုလ္စိတ္ကေလးနဲ႔ပဲ မပန္တို႔ လက္လွမ္းမီသေလာက္ လိုက္ရွင္း ျပေပးတယ္။ သိသြားလို႔ မေရး ေတာ့တာလည္းရွိမယ္။ မသိေသး လို႔ ေရးေနတဲ့သူေတြလည္းရွိဦး မယ္။ မပန္ကေတာ့ အေျပာခံရ မယ့္ကံပါလို႔ အေျပာခံရတယ္လို႔ ပဲ မွတ္ပါတယ္။ မ်ားမ်ားအေျပာခံ ရေလ မ်ားမ်ားဝဋ္ေႂကြးေက်ေလ ေပါ့။ ေဖ့စ္ဘြတ္ခ္သံုးတဲ့ ဘယ္သူ႔ ကိုမဆုိ ကုသိုလ္စိတ္ကေလးနဲ႔ပဲ သံုးေစခ်င္ပါတယ္’’ဟု ဆုပန္ထြာ က အႀကံျပဳသည္။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



Credit : 7Day Daily

#Unicode Version#
လူမှုကွန်ရက်ကို အသုံးပြု၍ ပရိ သတ်နှင့် တိုက်ရိုက်ထိတွေ့ဆက် ဆံလာသည့် အနုပညာရှင်များ တွင် အားပေးချီးကျူးမှုများကို ချက်ချင်းရရှိခံစားနိုင်သလိုပင် ဝေ ဖန်တိုက်ခိုက်မှုများကိုလည်း ချက် ချင်းလက်ခံနေရသည်။ လူမှုကွန် ရက်သုံးစွဲသူတိုင်း ကြုံလေ့ရှိတတ် သော ယင်းပြဿနာသည် ကျော် ကြားသူ အနုပညာရှင်များဆိုလျှင် ပြောဖွယ်ရာပင်မရှိ။ စိတ်နှင့် အ လုပ်လုပ်ရသော အနုပညာရှင်ဖြစ် ၍ အဆိုပါအာရုံနောက်ဖွယ် အင် တာနက်လူမှုကွန်ရက်အသုံးပြု ခြင်းကို စိတ်ကုန်စိတ်ပျက်နေပြီဟု အနုပညာသက်တမ်းနှစ် ၃၀ ရှိပြီ ဖြစ်သည့် မင်းသမီး မြတ်ကေသီ အောင်က ဆိုသည်။


‘‘အဓိကကတော့ ကွန်မန့် ပေါ့။ အစ်မတင်တဲ့ပို့စ်တွေမှာ မဟုတ်တဲ့ ကွန်မန့်တွေရေးတယ်။ မဟုတ်ဘူးဆိုတာကို ပြန်ဖြေရှင်းဖို့ ဆိုတာကလည်း လူတိုင်းကို မဖြစ် နိုင်ဘူးလေ။ အဲဒီလိုဟာကြီးဖတ်ရ တဲ့အခါကျရင် စိတ်အနှောင့်အ ယှက်တော်တော်ဖြစ်တယ်။ ကိုယ် နဲ့ Friend မဖြစ်ရင်လည်း မက် ဆေ့ချ်ဘောက်စ်ထဲကိုဝင်တယ်။ အဲဒါတွေကို အခုနောက်ပိုင်းဖွင့် မကြည့်တော့ဘူး။ အများအားဖြင့် ယောကျ်ားလေးတွေ ပေါက်ပန်း ဈေး ဓာတ်ပုံတွေပို့တယ်။ မဟုတ် ကဟုတ်ကတွေ ပြောတယ်။ အ ရင်တုန်းကတော့ ဖွင့်ကြည့်တယ်။ ကိုယ်နဲ့သိတဲ့သူငယ်ချင်းတွေက တစ်ခါတစ်ရံ Add ပေးပါ။ ဘာ ညာပို့တတ်တဲ့အတွက် ကိုယ်က ဝင်ကြည့်ဖြစ်တယ်။ မဟုတ်က ဟုတ်ကပို့တဲ့သူတွေပိုများလာတဲ့ အတွက် စိတ်အနှောင့်အယှက်အ ရမ်းဖြစ်ရလို့ ဖွင့်မကြည့်တော့ဘူး’’ ဟု ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်း အင်တာနက် အသုံးပြုမှု၏ နည်းပညာအ ဆင့်အတန်းမြင့်လာသည်နှင့်အမျှ လူမှုကွန်ရက်၌ တိုက်ရိုက်ထုတ် လွှင့်ရာတွင် အနုပညာရှင်အချို့ ၏ မဆင်မခြင်ပြောဆိုမှုများ၊ စနောက်ကျီစယ်မှုများကြောင့် ပရိသတ်များ၏ ပြင်းပြင်းထန်ထန် ဝေ ဖန်မှုမျိုး ကြုံတွေ့ရခြင်းလည်းရှိခဲ့ သည်။

အပြင်လူနေမှုဘဝတွင် ရင်း နှီးကြသော  အနုပညာရှင်များ၏ ခင်မင်နှစ်လိုဖွယ်ကောင်းသည့် အကျင့်စရိုက်အတိုင်း Live လွှင့် ရာ၌ပါသွားသဖြင့် ပရိသတ်အ ထင်လွဲစေသည့် အဖြစ်အပျက် များလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန်လလယ်က စတူဒီယိုတစ်ခုတွင် မင်းသားဇေရဲ ထက်နှင့် မင်းသမီး ရွှေမှုံရတီတို့ ပြက္ခဒိန်တွဲဖက်ရိုက်ကူးရင်း မင်း သမီးဖုန်းနှင့် Live လွှင့်နေသည်ကို မသိဘဲ မင်းသားက နောက်ပြောင် ကာ လှမ်းရိုက်လိုက်သည့် အပြု အမူအပေါ် ဝေဖန်မှုများ မြင့်တက် ခဲ့သောကြောင့် Live လွှင့်ခြင်းနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ဆင်ခြင်မည်ဟု ဇေရဲထက်က ပြောကြားသည်။ အချို့မင်းသမီးများတွင်Liveလွှင့်တင်စဉ် ပရိသတ်အမြင် မတော်သည့် အနေအထားများ ပါသွား၍ ဖိုင်များကို ပြန်ဖျက်ရ သည်အထိ ဖြစ်ခဲ့ဖူးသည်။

ယခုနောက်ပိုင်း  ၎င်းအ နေဖြင့် ပို့စ်ကို အများဖတ်ရှုနိုင်ရန် Public တင်သော်လည်း ပြင်ပမှ မသိသူများ ဝင်ရောက်မှတ်ချက်ပြု ခြင်းကြောင်း ကွန်မန့်ကို ပိတ်ထား သည်ဟု ဆိုသည်။ အချစ်နှင့်ပတ် သက်သည့် ခံစားချက်စာစုများ ယခင်က တင်လေ့ရှိသော်လည်း နောက်ပိုင်း သိပ်မတင်ဖြစ်သည့် အကြောင်း မြတ်ကေသီအောင်က ယခုလို ဝေမျှသည်။

‘‘အစ်မစာရေးတယ်။  အဲဒါ ကလည်း ဘယ်သူ့ကိုမှ ထိခိုက်နစ် နာစေလိုတဲ့ ရည်ရွယ်ချက်လည်း မပါဘူး။ ဘယ်သူ့အကြောင်းကိုမှ လည်း ရေးတာမဟုတ်ဘူး။ အစ်မ စိတ်ထဲမှာ ပေါ်လာတဲ့အကြောင်း အရာလေးတွေ၊ အစ်မဖြတ်သန်း လာတဲ့ အတွေ့အကြုံလေးတွေ ပေါ်မှာ အခြေခံပြီး ရေးတာပါ။ ဒါ ပေမဲ့ ဘယ်လိုဖြစ်လာလဲဆိုတော့ လူတွေက ကိုယ်စာရေးရင်ပဲ လင် တရူးနေသလိုလို များသောအားဖြင့် အစ်မကအချစ်အကြောင်းတွေပဲ ရေးတာကိုး။ ဒီအကြောင်းတွေ မရေးသင့်တော့ဘူးတဲ့ ပြောကြတယ်။ စာရေးဆရာမတွေမှာ အသက်ကြီးတဲ့ သူတွေလည်းရှိတာပဲလေ။ အစ်မကော စာမရေးရတော့ဘူးလား။ အဲဒီလို စာတွေရေးတဲ့အတွက် အစ်မက လင်တရူးမများ ဖြစ်နေသလား။ အဲဒါကြောင့် အခုနောက်ပိုင်းကျတော့ မရေးဖြစ်တော့ဘူး’’ ဟု ဆိုသည်။

ထို့အပြင် ဖေ့စ်ဘွတ်ခ်သုံး ခြင်းဖြင့် ရှုတင်တွင် အချိန်မကုန် သင့်ကြောင်း ဝါရင့်သရုပ်ဆောင် အကယ်ဒမီမို့မို့မြင့်အောင်က အင် တာဗျူးတစ်ခုတွင် ဖြေကြားသည်။ သရုပ်ဆောင်များ ရိုက်ကွင်းတွင် သရုပ်ဆောင်အနုပညာနှင့် ဇာတ်ညွှန်းကို အလေးထားမဖတ်ဘဲ ဖေ့စ်ဘွတ်ခ်သဲသဲမဲမဲ အသုံးပြုနေ ခြင်းကို ဘဝင်မကျကြောင်း ဝါရင့် သရုပ်ဆောင်တစ်ဦးက သတိပေး ခြင်းလည်းဖြစ်သည်။

အနုပညာရှင်အများစုသည် လူမှုကွန်ရက်ကို Media သဖွယ် အ သုံးပြုလာပြီးနောက် အများစုမှာ လူမှုကွန်ရက်တွင် အဆိုးမြင်မှတ် ချက်များနှင့် ဝေဖန်တိုက်ခိုက်မှု များကြောင့် ပရိသတ်နှင့် အနု ပညာရှင်ကြား ဂယက်ရိုက်ခဲ့သော ဖြစ်စဉ်အချို့ရှိလာသည်။

မကြာသေးမီက အကယ်ဒမီ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံသည် ၎င်းတို့၏ ကလေးငယ်များနှင့်ပတ်သက်၍ လူမှုကွန် ရက်တွင် ပြင်းထန်သော မှတ်ချက်ပြုစကားများကို ရရှိ၍ စိတ်ထိ ခိုက်ခဲ့ရကြောင်း ပို့စ်တင်ရေးသား ခဲ့သည်။

အကယ်ဒမီ အိန္ဒြာကျော်ဇင် က ၎င်း၏ ကလေးငယ်များကို ဘန် ကောက်ဆေးရုံတွင် H1N1 ကာ ကွယ်ဆေးထိုးနေသည့် ဓာတ်ပုံကို လူမှုကွန်ရက်သုံးစွဲသူအချို့က ဆိုး ရွားစွာ တိုက်ခိုက်ခဲ့ကြပြီး အဆိုး မြင်သော မှတ်ချက်များ ရေးသား ခဲ့သည်။ ထို့ကြောင်း မင်းသမီးက စိတ်မကောင်းဖြစ်ရကြောင်းနှင့် သားသမီးဓာတ်ပုံများ နောင်တွင် မတင်တော့ကြောင်း ရေးသားခဲ့ သည်။

ထို့အပြင် သရုပ်ဆောင် နေမင်းက ၁၉၈၈ အရေးတော်ပုံ နောက်ခံကျောင်းသား တပ်မတော်တပ်ဖွဲ့ဝင်တစ်ဦးအကြောင်း ပြန် လည်ရိုက်ကူးမှုအတွက် ကျောင်းသားရဲဘော်များကို ‘မိုက်ရူးရဲစိတ်’ ဟု သုံးနှုန်းပြောဆိုခဲ့ရာမှ လူမှုကွန် ရက်တွင် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရ သည်။ ‘‘ဖေ့စ်ဘွတ်ခ်မှာက တစ်ခု ခုဖြစ်ရင် ဖြေရှင်းပြဖို့ မလွယ်ဘူး ဗျ။ ဒီမင်းသားမကောင်းဘူး၊ ဒီလိုပြောတယ်လို့ တစ်ယောက် ယောက်က ဖွလိုက်တာနဲ့ သေချာ မသိရင်တောင် ဝိုင်းပြီးဝေဖန်ကြ ရော’’ဟု နေမင်းက အင်တာဗျူး တစ်ခုတွင် ဖြေကြားသည်။

တေးသံရှင် Mary ဆိုလျှင် ဝေဖန်တိုက်ခိုက်မှုများကြောင့် ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဖျက် ၍ မသုံးစွဲတော့သည်အထိ ဖြစ်ခဲ့ ရသည်။

ထို့အပြင် အနုပညာရှင်များ အပါအဝင် ကျော်ကြားသူများ၏ ပို့စ်၊ ကွန်မန့်၊ ဓာတ်ပုံ စသည်တို့ ကို ထပ်ဆင့်ပြန်လည်ကူးယူသော ပေ့စ်များနှင့် ပတ်သက်ပြီး ဝင် ရောက်ကြည့်ရှုသူများပြားစေရန် လူစိတ်ဝင်စားမည့် ခေါင်းစဉ်များ တပ်ခြင်းကို မနှစ်မြို့ကြောင်း မြတ်ကေသီအောင်က ပြောသည်။

‘‘နောက်တစ်ခု ထပ်ပြောချင် တာက ဗီဒီယိုကောလ်တွေခေါ်ကြ တယ်။ များသောအားဖြင့် မိန်း ကလေးတွေဆို စာပြန်ပါတယ်။ ယောကျ်ားလေးတွေကိုဆိုရင် တော့ အစ်မစာလည်း မပြန်ပါဘူး။ ဖုန်းလည်းမကိုင်ပါဘူး။ ဖုန်းလည်း မခေါ်စေချင်ဘူး။ ပရိသတ်ဆိုပေ မယ့်လည်း ယောကျ်ားနဲ့ မိန်းမဖြစ် နေတဲ့အတွက် ကိုယ်က တစ်ခုခု စကားပြောလိုက်ရင်တောင် ငါ့ကို ဒီမင်းသမီးက ပြန်ပြောတယ်။ ဒီ လိုရလားဆိုတာမျိုးတွေကိုလည်း မထင်စေချင်ဘူး။ လူတိုင်းကို တော့ မဆိုလိုပါဘူး။ အစ်မ တော် ရုံတန်ရုံ ပြန်မပြောဖြစ်ဘူး။ အဲဒီမှာ လူတွေက ဖင်ခေါင်းကျယ်တယ် တို့၊  အားပေးနေတဲ့ ပရိသတ်ကို မလေးစားဘူးလို့လည်း မထင်စေ ချင်ပါဘူး။ အစ်မတို့ဘက်ကို လည်း နည်းနည်းလေးထည့်စဉ်း စားပေးပါ’’ဟု မြတ်ကေသီအောင် က ပြောသည်။

တစ်ခါတစ်ရံ စိတ်ညစ်သည့် အခါမျိုးတွင် ခံစားချက်များကို ပို့စ် တင်ရေးသားမှုများကို တရားဝင် မီဒီယာမဟုတ်သော ဖေ့စ်ဘွတ်ခ် ပေ့ချ်များက ပြန်လည်ကူးယူခြင်း ကြောင့် ပိုမိုစိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ပြောလာသူက အဆိုတော်သရုပ်ဆောင် ပိုပိုဖြစ်သည်။

‘‘စိတ်အနှောင့်အယှက်ဖြစ်ရ တာကတော့ သိသိ၊ မသိသိ ဝင် ဆဲနေတာမျိုးတွေပေါ့။ ကိုယ့် Fan လည်းမဟုတ်ဘူး။ တစ်ခါတလေ ကိုယ်က ကိုယ့်ခံစားချက်နဲ့ ကိုယ် စိတ်ညစ်တဲ့အချိန်မျိုးမှာ ရေးတင် တာမျိုးတွေရှိတယ်။ အဲဒါကို ယူ သုံးတဲ့ Page တွေလည်းရှိတယ်။ အဲဒါတွေကြောင့်လည်း စိတ်အ နှောင့်အယှက်ဖြစ်ရတာမျိုးတွေရှိ တယ်။ သူတို့ Page နာမည်ကြီးဖို့ အတွက်ကို ကိုယ်လုပ်သမျှ မျက်စိ ဒေါက်ထောက်ကြည့်ပြီးတော့ တင်တာမျိုးတွေရှိတယ်။ တရားဝင်မီဒီ ယာမဟုတ်တဲ့ဟာတွေက အွန် လိုင်းကနေယူပြီး လျှောက်ဖွတာ တွေကြောင့် စိတ်အရမ်းညစ်ရ တယ်။ ကိုယ့်ကိုအကောင်းပြောတဲ့ ပရိသတ်ရှိတဲ့အတွက် အားတက် သလို အဆိုးမြင်ဝါဒီနဲ့ ကွန်မန့်တွေ ကို မြင်ရတွေ့ရတဲ့အခါမှာလည်း အတော်လေးစိတ်မကောင်းဖြစ်မိ ပါတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် မက်ဆေ့ချ်ဘောက်စ်မှတစ်ဆင့် စိတ်အနှောင့်အယှက် ဖြစ်စေသော စာများ၊ ညစ်ညမ်း ပို့စ်များ ပေးပို့မှုများကိုလည်း စိတ် ညစ်ရကြောင်း ပိုပိုက ပြောသည်။

‘‘ပိုပို Live နဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်နှစ်ခါ ကြုံဖူး တယ်။ တစ်ခါက အိမ်မှာ ပေါ့ပေါ့ ပါးပါးနေတယ်။ သစ်ပင်စိုက် တယ်။ ကိုယ်စားချင်တဲ့ အစားအ စာလေးတွေစားတယ်။ ပရိသတ် တွေ သွားရည်ယိုအောင်စားပြ တယ်။ နောက်ပြီးတော့ ပိုပိုရဲ့ နေထိုင်မှုပုံစံကို သူတို့တွေ့တယ်။ အမြဲတမ်း ဒီပုံစံနေတာတော့ မဟုတ်ဘူး။ သဘာဝဆန်ဆန် တစ်ခါတစ်ရံနေပြီး Live လွှင့်တော့ အပြောခံရတယ်။ အစားစားတာ  ဘာဖြစ်တယ်။ ညာဖြစ်တယ်။ သူ တို့က Shaming လုပ်တဲ့အထိပါ လာတယ်။ လူတစ်ယောက်ကို သက်သက်သိက္ခာချတဲ့အပိုင်းတွေ ပါပါလာတယ်။ နောက်တစ်ခေါက် က ပိုပိုဘန်ကောက်မှာ အခန်းထဲ မှာ ပျင်းနေတာနဲ့ Fan တွေနဲ့ စကားပြောမယ်ဆိုပြီး Live လွှင့်လိုက် တယ်။ လွှင့်ရင်းနဲ့ ထပြီး မီးခလုတ် လိုက်ရှာရင်းနဲ့ မတော်တဆဖြစ် သွားတဲ့ ဖြစ်ရပ်တစ်ခုကို ပန်းပွင့် ဆိုတဲ့ မီဒီယာကနေပြီး ဘယ်လို ထိုင်ကြည့်နေတယ်မသိပါဘူး။ မြင်ပြီးတင်တယ်။ နောက် ၄၅ မိနစ်လောက်နေတော့ ဖေ့စ်ဘွတ်ခ်ပြန်ဖွင့်တဲ့အချိန်မှာ သူငယ်ချင်းတွေ လာပြောထားတာတွေ့တော့ အဲဒီ Page ကို သွားပြီးဖျက်ပေးပါလို့ သွားတောင်းပန်တယ်။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။ တမင် လုပ်တာလည်းမဟုတ်ဘူး။ မတော်တဆဖြစ်တာပါ။ ကိုယ်တောင် မသိလိုက်ဘူး။ ဖျက်ပေးပါလို့ သွားပြောတော့ YouTube မှာ ပါတင် လိုက်တယ်။ ၄၅ မိနစ်အတွင်းမှာ တခြားသူတွေဆီပါ ပြန့်သွား တယ်။ ပွထသွားတယ်။ Live လွှင့်တဲ့အကျိုးကျေးဇူးနှစ်ခု ခံစားဖူး တာပေါ့။ အခုတော့ Live လွှင့်တာ ကို နည်းနည်းတော့ကြောက်သွား တယ်။ ကိုယ့်ရဲ့အစ်မတစ်ယောက် အနေနဲ့ ကိုယ်ချင်းစာစိတ်ရှိမယ်ဆို ရင် အဲဒီ Page တွေက မတင်သင့် ဘူးလို့ထင်တယ်’’ဟု ပိုပိုက ပြော သည်။

‘‘အဲဒါနဲ့ပတ်သက်ပြီး အနု ပညာရှင်တိုင်းကြုံရတယ်။ တစ်ခါ တလေ အနုပညာရှင်မှ မဟုတ် ဘူး။ အပြင်လူတွေတောင်မှ ကြုံ တွေ့ရတာမျိုးရှိတယ်။ အနုပညာ သမားတွေအတွက်က အထူးအ ဆန်းတော့မဟုတ်တော့ဘူး။ တစ် ခါတလေ အလှူအတန်းလုပ်နေ ရင်တောင် မကောင်းမြင်တဲ့သူတွေ ရှိတာပဲ။ အဓိကကတော့ နောက် ဆုံး ညီမတို့ အနုပညာသမားတွေ က ကိုယ့်စိတ်ကိုပဲ အကောင်းဆုံး ဖြစ်အောင်ထားလိုက်တယ်။ ဒါပေ မဲ့လည်း လူထဲကလူဖြစ်တဲ့အတွက် မကောင်းပြောတာမျိုး၊ မဟုတ်တဲ့ သတင်းလွှင့်တာမျိုးဆို စိတ် မကောင်းဘူး။ အနုပညာသမားက သတင်းလွှင့်ရတာ အရမ်းလွယ် တယ်။ ခံရတဲ့သူကတော့ အရမ်းခံ စားရတယ်။ မဟုတ်တဲ့သတင်းဆို ရင်လည်း ဘယ်လိုပဲမဟုတ်ဘူး ပြောပြော အနုပညာသမားဘက် က မပါကြဘူး။ သူများပြောတာကို ယုံကြည်တယ်’’ဟု မိုးယုစံက ပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် ကောင်း တာလည်းရှိသလို ဆိုးကျိုးတွေ လည်း အများကြီးကြုံရကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသည့် ဆုပန်ထွာက ပြောသည်။ ‘‘သိပ်ကြောက်စရာ ကောင်းတယ်။ ဖေ့စ်ဘွတ်ခ်က အ ကြောင်းအရာတွေက အမှန်တရားလည်းပါသလို မဟုတ်တာတွေ လည်းပါတယ်။ တထစ်ချယုံလို့ မရ ဘူးဆိုတဲ့ သဘောပေါ့။ ရေးထား တိုင်းလည်း မဟုတ်ဘူး။ မပန်တို့ဆိုဘဝမှာ လက်တွေ့ခံစားခဲ့ရ တာ။ မပန်တို့ဘဝသည် ကိုဥက္ကာ ဆိုရင်လည်း အရင်အိမ်ထောင်နဲ့ ကွဲပြီးမှ မပန်ကို တရားဝင်လက် ထပ်တယ်။ မပန်ကို သူစလိုက်ကတည်းက လူသည်လူလွတ်တစ် ယောက်ဖြစ်တယ်။ မပန်သည် အပျိုဖြစ်တဲ့အတွက် သူ့ကို အိမ် ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တယ်။ မပန်ကတော့ စအရေးခံ၊အပြောခံ၊ အဆဲခံရကတည်းကဘယ်သူ့ကိုမှ အပြစ်မမြင်ပါဘူး။ ကုသိုလ်စိတ်ကလေးနဲ့ပဲ မပန်တို့ လက်လှမ်းမီသလောက် လိုက်ရှင်း ပြပေးတယ်။ သိသွားလို့ မရေး တော့တာလည်းရှိမယ်။ မသိသေး လို့ ရေးနေတဲ့သူတွေလည်းရှိဦး မယ်။ မပန်ကတော့ အပြောခံရ မယ့်ကံပါလို့ အပြောခံရတယ်လို့ ပဲ မှတ်ပါတယ်။ များများအပြောခံ ရလေ များများဝဋ်ကြွေးကျေလေ ပေါ့။ ဖေ့စ်ဘွတ်ခ်သုံးတဲ့ ဘယ်သူ့ ကိုမဆို ကုသိုလ်စိတ်ကလေးနဲ့ပဲ သုံးစေချင်ပါတယ်’’ဟု ဆုပန်ထွာ က အကြံပြုသည်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top