iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိဳႀကိဳက္တဲ့လူေတြ သတိထားပါ။ သၾကားဓာတ္ကို အလြန္အကၽြံစားသံုးတာ က်န္းမာေရးကို ဆုိးဆိုးရြားရြား ထိခိုက္ေစပါတယ္ေနာ္။ သၾကားကို လိုတာထက္ ပိုၿပီး အမ်ားအျပား စားသံုးေနမိၿပီဆုိတာကိုလည္း ခႏၶာကိုယ္က သတိေပးေနပါတယ္။ ဘယ္လိုေတြလဲဆိုရင္....
၁။ ဆာၿပီးရင္းဆာ

ေသြးထဲမွာ သၾကားဓာတ္မ်ားေနေတာ့ ဆဲလ္ထဲကို ဂလူးကို႔စ္မဝင္ေရာက္ေအာင္ တားဆီးလိုက္သလို ျဖစ္သြားတယ္။ ရလဒ္အေနနဲ႔ ခႏၶာကိုယ္မွာ စြမ္းအင္ လံုလံုေလာက္ေလာက္ မရေတာ့ပါဘူး။ အဲ့ဒီမွာတင္ ဆာၿပီးဆာေနေတာ့တာပါပဲ။
၂။ ေမာပန္းႏံုးခ်ိ

ဂလူးကို႔စ္ဓာတ္ကို လံုလံုေလာက္ေလာက္ မစုပ္ယူႏိုင္တဲ့အခါ လူက လႈပ္႐ွားဖို႔အတြက္ ခြန္အားမရွိဘူး။ အၿမဲတမ္း ေမာပန္းႏံုးခ်ိေနရတယ္။
၃။ အေပါ့သြားတယ္

ေသြးထဲမွာ သၾကားဓာတ္ အရမ္းမ်ားေနရင္ ေက်ာက္ကပ္ေတြကလည္း အရည္ေတြကို ထပ္မံစုပ္ယူဖုိ႔ ေကာင္းေကာင္းမလုပ္ႏိုင္ေတာ့ပါဘူး။ မၾကာခဏ ဆီးသြားရပါေတာ့တယ္။
၄။ ေရငတ္တယ္

ပါးစပ္က အၿမဲတမ္း ေျခာက္ေသြ႕တယ္။ အာေျခာက္တယ္ေပါ့။ ဆီးခဏခဏသြားေတာ့ ခႏၶာကိုယ္မွာ ေရဓာတ္ဆံုး႐ႈံးသြားလို႔အာေျခာက္ရတာပါ။ ေရမ်ားမ်ား ေသာက္ေပးသင့္ပါတယ္။
၅။ ပိုးဝင္တယ္

ဆီးလမ္းေၾကာင္းပိုးဝင္မႈဟာ အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ျဖစ္ေလ့ရွိပါတယ္။ ေသြးတြင္းသၾကားဓာတ္မ်ားျပားသူနဲ႔ ဆီးခ်ိဳရွိတဲ့ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတာ ေတြ႕ရပါတယ္။ သၾကားပမာဏမ်ားလြန္းေတာ့ ဘက္တီးရီးယားနဲ႔ yeast ေတြ မ်ိဳးပြားထုတ္လုပ္မႈ ပိုေကာင္းေစလို႔ ဆီးလမ္းေၾကာင္းပိုးဝင္လြယ္ပါတယ္။
၆။ အသားအေရေျခာက္လာတယ္

မၾကာခဏဆီးသြားလြန္းေတာ့ အသားအေရလည္း ေျခာက္ေသြ႕လာရတယ္။ ေသြးေၾကာေတြ က်ဥ္းေျမာင္းမာေၾကာလာၿပီး ေသြးလည္ပတ္မႈမေကာင္းေတာ့တာလည္း ပါဝင္ပါတယ္။
၇။ အာ႐ံုမစိုက္ႏိုင္

သၾကားဓာတ္မ်ားျပားၿပီး ဦးေႏွာက္ဆဲလ္ေတြထဲကို ဂလူးကို႔စ္ဝင္ေရာက္မႈ ဟန္႔တားလိုက္တာေၾကာင့္ ဦးေႏွာက္ရဲ႕လုပ္ငန္းေတြမွာ အေႏွာင့္အယွက္ျဖစ္ရပါတယ္။ အာ႐ံုစူးစိုက္လို႔မေကာင္းေတာ့ပါဘူး။ စိတ္တိုလြယ္၊ စိတ္႐ႈပ္လြယ္လာပါတယ္။
၈။ အျမင္အာ႐ံုေဝဝါးမႈ

ၾကည့္လို႔မေကာင္းေတာ့ဘူး။ ဝါးတားတားနဲ႔ ျဖစ္ေနတယ္ဆုိရင္ေတာ့ သၾကားစားသံုးမႈ မ်ားေနတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

Source : Bright Side
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အချိုကြိုက်တဲ့လူတွေ သတိထားပါ။ သကြားဓာတ်ကို အလွန်အကျွံစားသုံးတာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်နော်။ သကြားကို လိုတာထက် ပိုပြီး အများအပြား စားသုံးနေမိပြီဆိုတာကိုလည်း ခန္ဓာကိုယ်က သတိပေးနေပါတယ်။ ဘယ်လိုတွေလဲဆိုရင်....
၁။ ဆာပြီးရင်းဆာ

သွေးထဲမှာ သကြားဓာတ်များနေတော့ ဆဲလ်ထဲကို ဂလူးကို့စ်မဝင်ရောက်အောင် တားဆီးလိုက်သလို ဖြစ်သွားတယ်။ ရလဒ်အနေနဲ့ ခန္ဓာကိုယ်မှာ စွမ်းအင် လုံလုံလောက်လောက် မရတော့ပါဘူး။ အဲ့ဒီမှာတင် ဆာပြီးဆာနေတော့တာပါပဲ။
၂။ မောပန်းနုံးချိ

ဂလူးကို့စ်ဓာတ်ကို လုံလုံလောက်လောက် မစုပ်ယူနိုင်တဲ့အခါ လူက လှုပ်ရှားဖို့အတွက် ခွန်အားမရှိဘူး။ အမြဲတမ်း မောပန်းနုံးချိနေရတယ်။
၃။ အပေါ့သွားတယ်

သွေးထဲမှာ သကြားဓာတ် အရမ်းများနေရင် ကျောက်ကပ်တွေကလည်း အရည်တွေကို ထပ်မံစုပ်ယူဖို့ ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ မကြာခဏ ဆီးသွားရပါတော့တယ်။
၄။ ရေငတ်တယ်

ပါးစပ်က အမြဲတမ်း ခြောက်သွေ့တယ်။ အာခြောက်တယ်ပေါ့။ ဆီးခဏခဏသွားတော့ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးသွားလို့အာခြောက်ရတာပါ။ ရေများများ သောက်ပေးသင့်ပါတယ်။
၅။ ပိုးဝင်တယ်

ဆီးလမ်းကြောင်းပိုးဝင်မှုဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်လေ့ရှိပါတယ်။ သွေးတွင်းသကြားဓာတ်များပြားသူနဲ့ ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ သကြားပမာဏများလွန်းတော့ ဘက်တီးရီးယားနဲ့ yeast တွေ မျိုးပွားထုတ်လုပ်မှု ပိုကောင်းစေလို့ ဆီးလမ်းကြောင်းပိုးဝင်လွယ်ပါတယ်။
၆။ အသားအရေခြောက်လာတယ်

မကြာခဏဆီးသွားလွန်းတော့ အသားအရေလည်း ခြောက်သွေ့လာရတယ်။ သွေးကြောတွေ ကျဉ်းမြောင်းမာကြောလာပြီး သွေးလည်ပတ်မှုမကောင်းတော့တာလည်း ပါဝင်ပါတယ်။
၇။ အာရုံမစိုက်နိုင်

သကြားဓာတ်များပြားပြီး ဦးနှောက်ဆဲလ်တွေထဲကို ဂလူးကို့စ်ဝင်ရောက်မှု ဟန့်တားလိုက်တာကြောင့် ဦးနှောက်ရဲ့လုပ်ငန်းတွေမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ အာရုံစူးစိုက်လို့မကောင်းတော့ပါဘူး။ စိတ်တိုလွယ်၊ စိတ်ရှုပ်လွယ်လာပါတယ်။
၈။ အမြင်အာရုံဝေဝါးမှု

ကြည့်လို့မကောင်းတော့ဘူး။ ဝါးတားတားနဲ့ ဖြစ်နေတယ်ဆိုရင်တော့ သကြားစားသုံးမှု များနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Source : Bright Side
Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top