iMyanmarHouse.com - Best Property Website for Myanmar
×





#Unicode Version#
မြန်မာရုပ်ရှင်ဇာတ်ကားတွေ အရည်အသွေးပိုမိုတိုးတက်လာအောင် အထောက်အကူဖြစ်စေဖို့ ဇာတ်ကားတွေကို စိစစ်ရိုက်ကူးနေတဲ့ ပရိသတ်တွေအားပေးမှုအကောင်းဆုံးမင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီနေတိုးက ဒါရိုက်တာမောင်မျိုးမင်းရိုက်ကူးမယ့် နှင်းဆီစီးချင် ရုပ်ရှင်ဇာတ်ကားမှာ အက်ရှင်ဇာတ်ဝင်ခန်းအချို့ပါဝင်တာကြောင့် ဇာတ်ကောင်ကာရိုက်တာအရ သဘာဝကျအောင် ခန္ဓာကိုယ်ကျစ်လစ်ဖို့ Gym ဆော့ရင်ကြိုးစားလေ့ကျင့်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“ နှင်းဆီစီးချင်ဇာတ်ကားမှာ အက်ရှင်ဇာတ်ဝင်ခန်းတွေ ပါတယ်လို့သိရပါတယ်။ အဲ့ဒီဇာတ်ကားအတွက်ကောနောက် အက်ရှင်ဇာတ်ကားရိုက်တဲ့အခါ ဇာတ်ကောင်ကာရိုက်တာအရ ပိုသဘာဝကျဖို့က ခန္ဓာကိုယ်ကျစ်လစ်သန်မားဖို့က လည်း အရေးပါပါတယ်။ ခန္ဓကိုယ်တောင့်တင်းကြံ့ခိုင်ဖို့ကလည်း ကာရိုက်တာကို အထောက်အကူးဖြစ်စေပါတယ်။ ဒါကြောင့်အခုကျွန်တော့် ဝိတ်နည်းနည်းချနေတာ ရှုတင်ပြန်တဲ့အချိန်တွေနဲ့ အားတဲ့ အချိန်တိုင်းမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်နေတာမျိုးမဟုတ်ပေမယ့်လိုအပ်တဲ့ ခန္ဓာကိုယ်အချိုးအစားရလာဖို့ တဖြည်းဖြည်းချင်ကြိုးစားလေ့ကျင့်နေပါတယ်။ ” လို့ နေတိုးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ အနုပညာနဲ့ပတ်သက်ပြီ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေရဲ့အားပေးမှုအပေါ်စိတ်လှုပ်ရှားနေသလို Photo အပိုင်းမှာ ပထမဆုံးတာဝန်ယူတဲ့ဇာတ်ကားမို့ ပရိသတ်တွေရဲ့အားပေးဝေဖန်မှုတွေကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။
Credit:သုတဗိုလ်( မိုမိုလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top