iMyanmarHouse.com - Best Property Website for Myanmar
×

လူသားတစ္ေယာက္ဟာ သူ႔ဘဝရဲ႕အခ်ိန္နာရီ ပ်မ္းမွ် (၃) ပုံ (၁) ပံုခန္႕ကို အိပ္စက္ျခင္းအတြက္ အသံုးျပဳထားရပါတယ္။ ဒါေၾကာင္႔ အိပ္စက္ျခင္းဆိုတာနဲ႔ ဘယ္သူမွ မကင္းႏိုင္ပါဘူး။ လူတစ္ေယာက္ အိပ္စက္ေနခ်ိန္မွာ သူ႔ရဲ႕စိတ္နဲ႔ခႏၶာဟာ ၿငိမ္းခ်မ္းစြာ အနားယူေနၿပီး အာရံံုေၾကာစနစ္ေတြ၊ သိစိတ္ေတြဟာလည္း သက္ေတာင္႔သက္သာျဖစ္ေနပါတယ္။ အိပ္စက္ျခင္းဟာ ကြ်န္ေတာ္တို႔ရဲ႕ဦးေႏွာက္နဲ႔ ခႏၶာကိုယ္ က်န္းမာေရးအတြက္ အလြန္အေရးပါအရာေရာက္တာေတာ႔ အမွန္ပါပဲ။

တခ်ိဳ႕ကံေကာင္းတဲ႔သူေတြကေတာ႔ ေခါင္းနဲ႔ေခါင္းအံုးထိလိုက္တာနဲ႔ တခ်ိဳးတည္းအိပ္ေပ်ာ္သြားတတ္ၾကပါတယ္။ ဒါေပမယ္႔ လူတိုင္း ကံမေကာင္းၾကပါဘူး။ တခ်ိဳ႕လူေတြမွာေတာ႔ သူတို႔ကို အိပ္ေကာင္းျခင္း မအိပ္ရေအာင္ ေႏွာင္႔ယွက္ေနတဲ႔ အရာေတြရွိေနပါတယ္။ အဲဒါေတြကေတာ႔...
၁။ ထမင္းလံုးတေစၦေျခာက္ျခင္း (Sleep Paralysis)

ေဆးပညာအေခၚအေဝၚ sleep paralysis (အိပ္စက္ေနစဥ္ ခႏၶာကိုယ္လႈပ္လို႔မရျခင္း) ကို ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံမွာေတာ႔ အရပ္အေခၚ ထမင္းလံုး တေစၦေျခာက္တယ္လို႔ ေခၚၾကပါတယ္။ ညဘက္ အိပ္ယာဝင္ခါနီးရင္ ေျခ၊ လက္၊ မ်က္ႏွာသစ္ခိုင္းၿပီး ေျခေထာက္မွာ ထမင္းလံုးကပ္ပါမလာေအာင္လုပ္ဖုိ႔ လူႀကီးမိဘေတြက သြန္သင္ၾကပါတယ္။ ထမင္းလံုးကပ္ပါလာရင္ ညအိပ္ေနတံုး ထမင္းလံုး တေစၦေျခာက္လိမ္႔မယ္လို႔လည္း ေျခာက္လွန္႔ၾကပါတယ္။

တကယ္ေတာ႔ sleep paralysis ဆိုတာ အိပ္ေပ်ာ္ေနခ်ိန္မွာ အိမ္မက္ထဲက ေၾကာက္မက္ဖြယ္အေၾကာင္းအရာတစ္ခုေၾကာင္႔ ခႏၶာကိုယ္တစ္ခုလံုး လႈပ္လို႔မရတာကို ဆိုလိုတာပါ။ အဲဒီအေျခအေနကို ေရာက္ရွိေနခ်ိန္မွာ လူက ဘယ္ေလာက္ပဲႏိုးထဖို႔ ႀကိဳးစား၊ ႀကိဳးစား မႏိုးထႏိုင္ပါဘူး။ မိနစ္ပိုင္းေလာက္ၾကာမွသာ ျဗဳန္းဆိုလႈပ္ႏိုင္လာတာပါ။ ေရွးရိုးယံုၾကည္မႈေတြအရ ဒီအေျခအေနကို မေကာင္းဆိုးဝါး ပေယာဂပါေနႏိုင္တယ္လို႔ ဆိုၾကေပမယ္႔ တကယ္တမ္းက်ေတာ႔ ေသြးေလေျခာက္ျခားမႈ၊ အိပ္တဲ႔ပံုစံမမွန္မႈတို႔ေၾကာင္႔ ျဖစ္ရတာပါ။
၂။ အိပ္တဝက္/ ႏိုးတဝက္အေျခအေနမွာ ထင္ေယာင္ထင္မွားျဖစ္ျခင္း

အိပ္တဝက္/ ႏိုးတဝက္အေျခအေနမွာ ထင္ေယာင္ထင္မွားျဖစ္ျခင္း (hypnagogic hallucination) ဆိုတဲ႔အေျခအေနဟာ လူတစ္ေယာက္အိပ္ေပ်ာ္ေနစဥ္မွာ ေၾကာက္မက္ဖြယ္၊ ထူးဆန္းတဲ႔ မ်က္ႏွာေတြကို မ်က္စိေရွ႕မွာျမင္ေတြ႕ရတဲ႔ အေျခအေနကို ဆိုလိုတာပါ။ လန္႕ဖ်န္႕ၿပီး အျပည္႔အဝႏိုးထလာခ်ိန္မွာ အဲဒီမ်က္ႏွာေတြ၊ ေၾကာက္မက္ဖြယ္ပံုရိပ္ေတြဟာ တကယ္မဟုတ္တာကို သိရွိရမွာပါ။

ဒါေပမယ္႔ အဲဒီအခ်ိန္မွာေတာ႔ တကယ္ျဖစ္ခဲ႔သလို ခံစားေနရပါလိမ္႔မယ္။ ဒီအေျခအေနကို ေဆးပညာမွာေတာ႔ lucid dream လို႔ေခၚပါတယ္။ အမွန္ေတာ႔ ဒီထင္ေယာင္ထင္မွားျမင္ရတဲ႔ ပံုရိပ္ေတြက စိတ္ကူးယဥ္လြန္းျခင္းနဲ႔ စိတ္ဖိစီးမႈေၾကာင္႔ ျဖစ္ရတာပါ။
၃။ ေပါက္ကြဲေတာ႔မတတ္ ေခါင္းကိုက္ခဲျခင္း

လူတစ္ေယာက္ဟာ အိပ္ေနတံုးမွာ ေခါင္းက ေပါက္ကြဲေတာ႔မတတ္ ကိုက္ခဲလာတာတုိ႔၊ ဒါမွမဟုတ္ က်ယ္ေလာင္တဲ႔ဆူညံသံေတြကို ၾကားရတာတို႔ေၾကာင္႔ ရုတ္တရက္ႏိုးထလာရမယ္ဆိုရင္ ဒီအေျခအေနကို "hypnagogic jerk" ဆိုတဲ႔ ေရာဂါအေျခအေနထဲမွာပဲ ထည္႔သြင္းထားပါတယ္။ အဲဒီအခ်ိန္မွာ ေခါင္းအရမ္းကိုက္လို႔ႏိုးထလာရတယ္ခံစားရေပမယ္႔ တကယ္တမ္းက်ေတာ႔ ခႏၶာကိုယ္က ျဖစ္တာမဟုတ္ဘဲ စိတ္ကျဖစ္ေနတာပါတဲ႔။
၄။ ခႏၶာကိုယ္အျပင္ဘက္ကို ထြက္သြားျခင္း

လိပ္ျပာလႊင္႔တယ္ဆိုတဲ႔ ေဝါဟာရကို ၾကားဖူးေနရင္၊ လိပ္ျပာလႊင္႔ျခင္းနဲ႔ပတ္သက္တဲ႔ စာအုပ္ေတြကို ဖတ္ဖူးမယ္ဆိုရင္ ဒီအေျခအေနကိုလည္း ရင္းႏွီးေနမွာပါ။ တခ်ိဳ႕လူေတြက ဒီလိုအေျခအေနကို ရခ်င္လြန္းလို႔ေတာင္ တမင္ႀကိဳးစား အားထုတ္ယူရတာပါ။ ဒါေပမယ္႔ တခ်ိဳ႕လူေတြက်ေတာ႔ မေတာ္တဆ ဒီလိုအေျခအေနမ်ိဳးကို ၾကံဳရတတ္ပါတယ္။

အိပ္ေနခ်ိန္မွာ မိမိရဲ႕စိတ္ဝိဉာဥ္က ခႏၶာကိုယ္အျပင္ကို ထြက္သြားၿပီး လွဲေလ်ာင္းအိပ္စက္ေနတဲ႔ မိမိခႏၶာကိုယ္ကို ျပန္ျမင္ရတတ္တာမ်ိဳးပါ။ အလြန္ရွားပါးတဲ႔အေျခအေနတစ္ခုျဖစ္ၿပီး သုေတသီေတြကေတာ႔ ဒါကို ဝိဉာဥ္တည္ရွိမႈကို ေဖာ္ျပျခင္းလို႔ ဆိုၾကပါတယ္။
၅။ အိပ္ေပ်ာ္ေနစဥ္ အေတြးေပါက္ျခင္း

"တေရးႏိုးေသာ္၊ အၾကံေပၚ၊ ေပၚတဲ႔အၾကံ ျပန္အိပ္ရန္" ဆိုတဲ႔ ေနာက္ေျပာင္တဲ႔စကားကို ၾကားဖူးၾကမွာပါ။ အမွန္ေတာ႔ အေျဖရွာမရတဲ႔ျပႆနာတစ္ခုကို ေျဖရွင္းဖို႔ ေခါင္းခဲေနခ်ိန္မွာ အေကာင္းဆံုးကေတာ႔ အိပ္ပစ္လိုက္တာပါပဲ။ အိပ္ေနရင္းနဲ႕မွ အိမ္မက္ထဲမွာ (သို႕) မသိစိတ္ထဲမွာ ကိုယ္ရွာေနတဲ႔အေျဖကို ရွာေတြ႕သြားတာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဒါကိုလည္း အိပ္ေပ်ာ္ေနခ်ိန္မွာ ျဖစ္ပြားတတ္တဲ႔ ထူးျခားျဖစ္စဥ္မ်ားထဲမွာ ထည္႔ရမွာပါပဲ။

Source: Youngisthan
Credit:Duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လူသားတစ်ယောက်ဟာ သူ့ဘဝရဲ့အချိန်နာရီ ပျမ်းမျှ (၃) ပုံ (၁) ပုံခန့်ကို အိပ်စက်ခြင်းအတွက် အသုံးပြုထားရပါတယ်။ ဒါကြောင့် အိပ်စက်ခြင်းဆိုတာနဲ့ ဘယ်သူမှ မကင်းနိုင်ပါဘူး။ လူတစ်ယောက် အိပ်စက်နေချိန်မှာ သူ့ရဲ့စိတ်နဲ့ခန္ဓာဟာ ငြိမ်းချမ်းစွာ အနားယူနေပြီး အာရံုံကြောစနစ်တွေ၊ သိစိတ်တွေဟာလည်း သက်တောင့်သက်သာဖြစ်နေပါတယ်။ အိပ်စက်ခြင်းဟာ ကျွန်တော်တို့ရဲ့ဦးနှောက်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အလွန်အရေးပါအရာရောက်တာတော့ အမှန်ပါပဲ။

တချို့ကံကောင်းတဲ့သူတွေကတော့ ခေါင်းနဲ့ခေါင်းအုံးထိလိုက်တာနဲ့ တချိုးတည်းအိပ်ပျော်သွားတတ်ကြပါတယ်။ ဒါပေမယ့် လူတိုင်း ကံမကောင်းကြပါဘူး။ တချို့လူတွေမှာတော့ သူတို့ကို အိပ်ကောင်းခြင်း မအိပ်ရအောင် နှောင့်ယှက်နေတဲ့ အရာတွေရှိနေပါတယ်။ အဲဒါတွေကတော့...
၁။ ထမင်းလုံးတစ္ဆေခြောက်ခြင်း (Sleep Paralysis)

ဆေးပညာအခေါ်အဝေါ် sleep paralysis (အိပ်စက်နေစဉ် ခန္ဓာကိုယ်လှုပ်လို့မရခြင်း) ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အရပ်အခေါ် ထမင်းလုံး တစ္ဆေခြောက်တယ်လို့ ခေါ်ကြပါတယ်။ ညဘက် အိပ်ယာဝင်ခါနီးရင် ခြေ၊ လက်၊ မျက်နှာသစ်ခိုင်းပြီး ခြေထောက်မှာ ထမင်းလုံးကပ်ပါမလာအောင်လုပ်ဖို့ လူကြီးမိဘတွေက သွန်သင်ကြပါတယ်။ ထမင်းလုံးကပ်ပါလာရင် ညအိပ်နေတုံး ထမင်းလုံး တစ္ဆေခြောက်လိမ့်မယ်လို့လည်း ခြောက်လှန့်ကြပါတယ်။

တကယ်တော့ sleep paralysis ဆိုတာ အိပ်ပျော်နေချိန်မှာ အိမ်မက်ထဲက ကြောက်မက်ဖွယ်အကြောင်းအရာတစ်ခုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လို့မရတာကို ဆိုလိုတာပါ။ အဲဒီအခြေအနေကို ရောက်ရှိနေချိန်မှာ လူက ဘယ်လောက်ပဲနိုးထဖို့ ကြိုးစား၊ ကြိုးစား မနိုးထနိုင်ပါဘူး။ မိနစ်ပိုင်းလောက်ကြာမှသာ ဗြုန်းဆိုလှုပ်နိုင်လာတာပါ။ ရှေးရိုးယုံကြည်မှုတွေအရ ဒီအခြေအနေကို မကောင်းဆိုးဝါး ပယောဂပါနေနိုင်တယ်လို့ ဆိုကြပေမယ့် တကယ်တမ်းကျတော့ သွေးလေခြောက်ခြားမှု၊ အိပ်တဲ့ပုံစံမမှန်မှုတို့ကြောင့် ဖြစ်ရတာပါ။
၂။ အိပ်တဝက်/ နိုးတဝက်အခြေအနေမှာ ထင်ယောင်ထင်မှားဖြစ်ခြင်း

အိပ်တဝက်/ နိုးတဝက်အခြေအနေမှာ ထင်ယောင်ထင်မှားဖြစ်ခြင်း (hypnagogic hallucination) ဆိုတဲ့အခြေအနေဟာ လူတစ်ယောက်အိပ်ပျော်နေစဉ်မှာ ကြောက်မက်ဖွယ်၊ ထူးဆန်းတဲ့ မျက်နှာတွေကို မျက်စိရှေ့မှာမြင်တွေ့ရတဲ့ အခြေအနေကို ဆိုလိုတာပါ။ လန့်ဖျန့်ပြီး အပြည့်အဝနိုးထလာချိန်မှာ အဲဒီမျက်နှာတွေ၊ ကြောက်မက်ဖွယ်ပုံရိပ်တွေဟာ တကယ်မဟုတ်တာကို သိရှိရမှာပါ။

ဒါပေမယ့် အဲဒီအချိန်မှာတော့ တကယ်ဖြစ်ခဲ့သလို ခံစားနေရပါလိမ့်မယ်။ ဒီအခြေအနေကို ဆေးပညာမှာတော့ lucid dream လို့ခေါ်ပါတယ်။ အမှန်တော့ ဒီထင်ယောင်ထင်မှားမြင်ရတဲ့ ပုံရိပ်တွေက စိတ်ကူးယဉ်လွန်းခြင်းနဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်ရတာပါ။
၃။ ပေါက်ကွဲတော့မတတ် ခေါင်းကိုက်ခဲခြင်း

လူတစ်ယောက်ဟာ အိပ်နေတုံးမှာ ခေါင်းက ပေါက်ကွဲတော့မတတ် ကိုက်ခဲလာတာတို့၊ ဒါမှမဟုတ် ကျယ်လောင်တဲ့ဆူညံသံတွေကို ကြားရတာတို့ကြောင့် ရုတ်တရက်နိုးထလာရမယ်ဆိုရင် ဒီအခြေအနေကို "hypnagogic jerk" ဆိုတဲ့ ရောဂါအခြေအနေထဲမှာပဲ ထည့်သွင်းထားပါတယ်။ အဲဒီအချိန်မှာ ခေါင်းအရမ်းကိုက်လို့နိုးထလာရတယ်ခံစားရပေမယ့် တကယ်တမ်းကျတော့ ခန္ဓာကိုယ်က ဖြစ်တာမဟုတ်ဘဲ စိတ်ကဖြစ်နေတာပါတဲ့။
၄။ ခန္ဓာကိုယ်အပြင်ဘက်ကို ထွက်သွားခြင်း

လိပ်ပြာလွှင့်တယ်ဆိုတဲ့ ဝေါဟာရကို ကြားဖူးနေရင်၊ လိပ်ပြာလွှင့်ခြင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ဖတ်ဖူးမယ်ဆိုရင် ဒီအခြေအနေကိုလည်း ရင်းနှီးနေမှာပါ။ တချို့လူတွေက ဒီလိုအခြေအနေကို ရချင်လွန်းလို့တောင် တမင်ကြိုးစား အားထုတ်ယူရတာပါ။ ဒါပေမယ့် တချို့လူတွေကျတော့ မတော်တဆ ဒီလိုအခြေအနေမျိုးကို ကြုံရတတ်ပါတယ်။

အိပ်နေချိန်မှာ မိမိရဲ့စိတ်ဝိဉာဉ်က ခန္ဓာကိုယ်အပြင်ကို ထွက်သွားပြီး လှဲလျောင်းအိပ်စက်နေတဲ့ မိမိခန္ဓာကိုယ်ကို ပြန်မြင်ရတတ်တာမျိုးပါ။ အလွန်ရှားပါးတဲ့အခြေအနေတစ်ခုဖြစ်ပြီး သုတေသီတွေကတော့ ဒါကို ဝိဉာဉ်တည်ရှိမှုကို ဖော်ပြခြင်းလို့ ဆိုကြပါတယ်။
၅။ အိပ်ပျော်နေစဉ် အတွေးပေါက်ခြင်း

"တရေးနိုးသော်၊ အကြံပေါ်၊ ပေါ်တဲ့အကြံ ပြန်အိပ်ရန်" ဆိုတဲ့ နောက်ပြောင်တဲ့စကားကို ကြားဖူးကြမှာပါ။ အမှန်တော့ အဖြေရှာမရတဲ့ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ခေါင်းခဲနေချိန်မှာ အကောင်းဆုံးကတော့ အိပ်ပစ်လိုက်တာပါပဲ။ အိပ်နေရင်းနဲ့မှ အိမ်မက်ထဲမှာ (သို့) မသိစိတ်ထဲမှာ ကိုယ်ရှာနေတဲ့အဖြေကို ရှာတွေ့သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကိုလည်း အိပ်ပျော်နေချိန်မှာ ဖြစ်ပွားတတ်တဲ့ ထူးခြားဖြစ်စဉ်များထဲမှာ ထည့်ရမှာပါပဲ။

Source: Youngisthan

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top