iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version#
ဒါမလုပ်နဲ့ ဟိုဟာမလုပ်နဲ့ဆိုပြီး သဝန်မတိုမယ့်သူမရှိဘူးဆိုတဲ့ မြတ်ကေသီအောင်နဲ့အင်တာဗျူး။ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မြတ်ကေသီအောင်က အခုဆိုရင် ဇာတ်ကားတွေရိုက်ကူးနေတယ်လို့ သိရပါတယ်။ သူမဟာ လက်ရှိမှာတော့ အဖော်မပါပဲဘဝကို ဖြတ်သန်းနေတာကြောင့် အဖော်လိုအပ်လားဆိုတဲ့မေးခွန်းကို Myanmar Celebrities (Myanmar Cele wiki ) ကို အခုလိုပြောပြခဲ့ပါတယ်။
“လက်တွဲဖော် အဖော်လိုအပ်လားဆိုတော့ အခုအချိန်မှာ အစ်မအတွက်မလိုအပ်ပါဘူး။ လက်တွဲဖော်ရှိတိုင်းလည်းကောင်းတာ မဟုတ်ဘူးလေ။ လက်တွဲဖော်ဆိုတာ ကောင်းရင်တမျိူး မကောင်းရင် ဒီအသက်အရွယ်ကြီးမှ အပူမရှာချင်ဘူးလေ။
အခုဆိုရင် အစ်မချစ်တဲ့ အနုပညာအလုပ်တွေ လုပ်တယ်။ အစ်မသွားချင်တဲ့နေရာ ခရီးတွေသွားတယ်။ ဘယ်သူကမှ ဒါမလုပ်နဲ့ ဟိုဟာမလုပ်နဲ့ဆိုပြီးတော့ သဝန်တိုမယ့်သူ တားမယ့်သူလည်းမရှိဘူးလေ။ စိတ်ချမ်းသာတယ် ဒါကပိုမကောင်းဘူးလား။ အစ်မ ပြောသလိုပေါ့။
တို့အနုပညာအလုပ်နဲ့ ပတ်သတ်ပြီးတော့ နားလည်ပေးနိုင်ဖို့လည်း ရှားပါတယ်။ အဲ့လိုလူမျိူးလည်းဖြစ်ဖို့လိုသေးတယ်။ အဓိကကတော့ ဒီအရွယ်မှာ အပူထပ်မရှာချင်တော့တာပါ။ အစ်မတို့အနုပညာမောင်နှမတွေ ၊ သူငယ်ချင်းတွေနဲ့ ပျော်လိုက်ပါးလိုက်ရယ်မောနေရပြီး ကိုယ်ရေးတာနဲ့ ပတ်သတ်တဲ့အပူမရှိတာ ပိုကောင်းတယ်လို့ထင်ပါတယ်။ အဲ့ဒါမို့လည်း ခုထိတစ်ယောက်တည်းနေနေတာပါ” လို့ပြောပါတယ် ။
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : Myanmar Celebrities
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top