iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္မေလးတို႔ေရ ဆယ္ေက်ာ္သက္အရြယ္မွာ ခ်စ္တင္းေႏွာသင့္လားဟင္။ ေသခ်ာစဥ္းစားၿပီးမွ ေျဖၾကေနာ္။ ဒါက တကယ့္ကို အေရးႀကီးတဲ့ ေမးခြန္းတစ္ခုလည္း ျဖစ္ေနလို႔ပါပဲ။ အဲဒီ့အတြက္ သင့္မသင့္ သင္စဥ္းစားႏိုင္ဖို႔ အခ်က္အလက္ေလးေတြ အနည္းငယ္ယူလာပါတယ္ေနာ္။
ခိုးေၾကာင္ခိုး၀ွက္စရာမလိုပါဘူး

ဆယ္ေက်ာ္သက္အရြယ္မွာ ခ်စ္တင္းေႏွာမယ္လို႔ စဥ္းစားဖူးသလား။ တကယ္လို႔မွ အဲဒီလိုစဥ္းစားဖူးတယ္ဆိုရင္ေတာ့ သင္ ခ်စ္တင္းေႏွာတိုင္း သာယာေပ်ာ္ရႊင္မႈအျပည့္အ၀မရရွိႏိုင္ပဲ အၿမဲတမ္း ခိုးေၾကာင္ခိုး၀ွက္ေနရမယ္ဆိုတာပါ ထည့္ေတြးရပါလိမ့္မယ္။ သင့္ရဲ႕ မိသားစုနဲ႔ သင့္ ပတ္၀န္းက်င္အသိုင္းအ၀ိုင္းကလည္း သင္ဟာ သင့္ရဲ႕ခ်စ္သူနဲ႔ အတူတူေနတယ္။ ခ်စ္တင္းေႏွာတယ္ဆိုတာကို ဆယ္ေက်ာ္သက္အရြယ္မွာ ၾကားခ်င္ၾကမယ္လို႔လည္း မထင္မိပါဘူး။
ဒါေၾကာင့္ ဆယ္ေက်ာ္သက္ကတည္းက ခ်စ္တင္းေႏွာေနမယ္ဆိုရင္ေတာ့ သင္ဟာ ခိုးေၾကာင္ခိုး၀ွက္နဲ႔ သတိႀကီးႀကီးထားမွ ျဖစ္ပါလိမ့္မယ္။ ဆယ္ေက်ာ္သက္လြန္သြားမွဆိုရင္ေတာ့လည္း သင္ ခိုးေၾကာင္ခိုး၀ွက္လုပ္စရာ သိပ္မလိုေတာ့ပါဘူးေနာ္။
ကိုယ္ခႏၶာအေပၚ ပိုယံုၾကည္မႈရွိပါလိမ့္မယ္

ဆယ္ေက်ာ္သက္အရြယ္မွာ ခ်စ္တင္းေႏွာဖူးခဲ့တယ္ဆိုရင္ အသက္အရြယ္တစ္ခုေရာက္တဲ့အခါ သင့္ကိုယ္ခႏၶာကို သင္ စိတ္ေက်နပ္ယံုၾကည္မႈ အျပည့္အ၀ရွိဖို႔ဆိုတာ နည္းနည္းေတာ့ ခက္ခဲပါလိမ့္မယ္။ သင့္ရဲ႕ အနည္းငယ္ ေလ်ာ့ရဲေနမယ့္ ကိုယ္ခႏၶာကို ေလ့က်င့္ခန္း ဂရုစိုက္ၿပီး မလုပ္ေပးဘူးဆိုရင္ေတာ့ သင္ လွပက်စ္လစ္တဲ့ ကိုယ္ခႏၶာဆိုတာ သင့္မွာ သိပ္အၾကာႀကီး ျမင္လိုက္ရမယ္ မထင္ပါဘူး။ တကယ္လို႔မွ သင္သာ ဆယ္ေက်ာ္သက္အရြယ္မွာ ခ်စ္တင္းမေႏွာခဲ့ပဲ အခ်ိန္တစ္ခုအထိ သင့္ရဲ႕ ကိုယ္ခႏၶာကို ဆြဲေဆာင္မႈရွိေအာင္ ထိန္းသိမ္းထားခဲ့မယ္ဆိုရင္ေတာ့ အရြယ္မတိုင္ခင္ ကိုယ္ခႏၶာပံုပန္းအေပၚ ယံုၾကည္မႈ ပ်က္ျပယ္တာမ်ိဳးေတြ ျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။
အမိုက္စား ပါတနာကို ရွာေတြ႕ပါလိမ့္မယ္

ဆယ္ေက်ာ္သက္အရြယ္မွာေတာ့ မရင့္က်က္ေသးတဲ့ ပါတနာေတြနဲ႔ ခ်စ္တင္းေႏွာရႏိုင္မွာပါ။ သင့္ရဲ႕ ခ်စ္ခရီးကို ဘယ္လိုျဖတ္သန္းမယ္လို႔ စိတ္ကူးထားပါသလဲ။ သင္ စိတ္ကူးယဥ္ထားသမွ်အကုန္လံုး လက္ေတြ႕မွာ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ ဆယ္ေက်ာ္သက္အရြယ္မွာေတာ့ မဟုတ္ပါဘူး။ သင္ အသက္အရြယ္အနည္းငယ္ရမွ ခ်စ္တင္းေႏွာေလေလ ပိုမိုက္တဲ့ ပါတနာကို ရွာေဖြႏိုင္ေလေလပါပဲ။
က်န္းမာေရးဗဟုသုတ ပိုျပည့္စံုပါလိမ့္မယ္

မ်ိဳးပြားမႈဆိုင္ရာ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ဗဟုသုတေတြကို မိန္းကေလးတိုင္း သိကိုသိသင့္ပါတယ္။ ဒါေပမယ့္ ဗဟုသုတျပည့္ျပည့္စံုစံုမရွိေသးတဲ့ ဆယ္ေက်ာ္သက္အရြယ္မွာ ခ်စ္တင္းေႏွာမယ္ဆိုရင္ေတာ့ လိင္ဆက္ဆံျခင္းမွတစ္ဆင့္ ရရွိတဲ့ မလိုလားအပ္တဲ့ ကိုယ္၀န္နဲ႔ လိင္မွတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြကို ဘယ္လိုဘယ္ပံုကာကြယ္တားဆီးရမလဲဆိုတာကို အေသအခ်ာသိထားဖို႔နဲ႔ ဆင္ျခင္ႏိုင္ဖို႔ မလြယ္ေသးတဲ့အရြယ္မို႔လို႔ သင့္အတြက္ အႏၱရာယ္ေပါင္းစံုက လက္တကမ္းမွာ ရွိေနပါတယ္။ အသက္အရြယ္တစ္ခုေရာက္မွဆိုရင္ေတာ့ သင့္မွာ က်န္းမာေရးဗဟုသုတေတြ ပိုမိုျပည့္စံုေနမွာပါ။

ဒါေလးေတြကို ခ်ိန္ထိုးစဥ္းစားၿပီးမွသာ ဆယ္ေက်ာ္သက္အရြယ္နဲ႔ ခ်စ္တင္းေႏွာတာ ပိုမိုက္မလား ဒါမွမဟုတ္ အနည္းငယ္ရင့္က်က္သြားတဲ့ အသက္အရြယ္တစ္ခုမွ ခ်စ္တင္းေႏွာတာ ပိုမိုက္မလားဆိုတာ ေတြးၾကည့္လိုက္ပါေနာ္။


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Editor : Moethae Say

Credit: MODA


#Unicode Version#
ကောင်မလေးတို့ရေ ဆယ်ကျော်သက်အရွယ်မှာ ချစ်တင်းနှောသင့်လားဟင်။ သေချာစဉ်းစားပြီးမှ ဖြေကြနော်။ ဒါက တကယ့်ကို အရေးကြီးတဲ့ မေးခွန်းတစ်ခုလည်း ဖြစ်နေလို့ပါပဲ။ အဲဒီ့အတွက် သင့်မသင့် သင်စဉ်းစားနိုင်ဖို့ အချက်အလက်လေးတွေ အနည်းငယ်ယူလာပါတယ်နော်။
ခိုးကြောင်ခိုးဝှက်စရာမလိုပါဘူး

ဆယ်ကျော်သက်အရွယ်မှာ ချစ်တင်းနှောမယ်လို့ စဉ်းစားဖူးသလား။ တကယ်လို့မှ အဲဒီလိုစဉ်းစားဖူးတယ်ဆိုရင်တော့ သင် ချစ်တင်းနှောတိုင်း သာယာပျော်ရွှင်မှုအပြည့်အဝမရရှိနိုင်ပဲ အမြဲတမ်း ခိုးကြောင်ခိုးဝှက်နေရမယ်ဆိုတာပါ ထည့်တွေးရပါလိမ့်မယ်။ သင့်ရဲ့ မိသားစုနဲ့ သင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း သင်ဟာ သင့်ရဲ့ချစ်သူနဲ့ အတူတူနေတယ်။ ချစ်တင်းနှောတယ်ဆိုတာကို ဆယ်ကျော်သက်အရွယ်မှာ ကြားချင်ကြမယ်လို့လည်း မထင်မိပါဘူး။ ဒါကြောင့် ဆယ်ကျော်သက်ကတည်းက ချစ်တင်းနှောနေမယ်ဆိုရင်တော့ သင်ဟာ ခိုးကြောင်ခိုးဝှက်နဲ့ သတိကြီးကြီးထားမှ ဖြစ်ပါလိမ့်မယ်။ ဆယ်ကျော်သက်လွန်သွားမှဆိုရင်တော့လည်း သင် ခိုးကြောင်ခိုးဝှက်လုပ်စရာ သိပ်မလိုတော့ပါဘူးနော်။
ကိုယ်ခန္ဓာအပေါ် ပိုယုံကြည်မှုရှိပါလိမ့်မယ်

ဆယ်ကျော်သက်အရွယ်မှာ ချစ်တင်းနှောဖူးခဲ့တယ်ဆိုရင် အသက်အရွယ်တစ်ခုရောက်တဲ့အခါ သင့်ကိုယ်ခန္ဓာကို သင် စိတ်ကျေနပ်ယုံကြည်မှု အပြည့်အဝရှိဖို့ဆိုတာ နည်းနည်းတော့ ခက်ခဲပါလိမ့်မယ်။ သင့်ရဲ့ အနည်းငယ် လျော့ရဲနေမယ့် ကိုယ်ခန္ဓာကို လေ့ကျင့်ခန်း ဂရုစိုက်ပြီး မလုပ်ပေးဘူးဆိုရင်တော့ သင် လှပကျစ်လစ်တဲ့ ကိုယ်ခန္ဓာဆိုတာ သင့်မှာ သိပ်အကြာကြီး မြင်လိုက်ရမယ် မထင်ပါဘူး။ တကယ်လို့မှ သင်သာ ဆယ်ကျော်သက်အရွယ်မှာ ချစ်တင်းမနှောခဲ့ပဲ အချိန်တစ်ခုအထိ သင့်ရဲ့ ကိုယ်ခန္ဓာကို ဆွဲဆောင်မှုရှိအောင် ထိန်းသိမ်းထားခဲ့မယ်ဆိုရင်တော့ အရွယ်မတိုင်ခင် ကိုယ်ခန္ဓာပုံပန်းအပေါ် ယုံကြည်မှု ပျက်ပြယ်တာမျိုးတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။
အမိုက်စား ပါတနာကို ရှာတွေ့ပါလိမ့်မယ်

ဆယ်ကျော်သက်အရွယ်မှာတော့ မရင့်ကျက်သေးတဲ့ ပါတနာတွေနဲ့ ချစ်တင်းနှောရနိုင်မှာပါ။ သင့်ရဲ့ ချစ်ခရီးကို ဘယ်လိုဖြတ်သန်းမယ်လို့ စိတ်ကူးထားပါသလဲ။ သင် စိတ်ကူးယဉ်ထားသမျှအကုန်လုံး လက်တွေ့မှာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်မှာတော့ မဟုတ်ပါဘူး။ သင် အသက်အရွယ်အနည်းငယ်ရမှ ချစ်တင်းနှောလေလေ ပိုမိုက်တဲ့ ပါတနာကို ရှာဖွေနိုင်လေလေပါပဲ။
ကျန်းမာရေးဗဟုသုတ ပိုပြည့်စုံပါလိမ့်မယ်

မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မိန်းကလေးတိုင်း သိကိုသိသင့်ပါတယ်။ ဒါပေမယ့် ဗဟုသုတပြည့်ပြည့်စုံစုံမရှိသေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ ချစ်တင်းနှောမယ်ဆိုရင်တော့ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ရရှိတဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ဘယ်လိုဘယ်ပုံကာကွယ်တားဆီးရမလဲဆိုတာကို အသေအချာသိထားဖို့နဲ့ ဆင်ခြင်နိုင်ဖို့ မလွယ်သေးတဲ့အရွယ်မို့လို့ သင့်အတွက် အန္တရာယ်ပေါင်းစုံက လက်တကမ်းမှာ ရှိနေပါတယ်။ အသက်အရွယ်တစ်ခုရောက်မှဆိုရင်တော့ သင့်မှာ ကျန်းမာရေးဗဟုသုတတွေ ပိုမိုပြည့်စုံနေမှာပါ။

ဒါလေးတွေကို ချိန်ထိုးစဉ်းစားပြီးမှသာ ဆယ်ကျော်သက်အရွယ်နဲ့ ချစ်တင်းနှောတာ ပိုမိုက်မလား ဒါမှမဟုတ် အနည်းငယ်ရင့်ကျက်သွားတဲ့ အသက်အရွယ်တစ်ခုမှ ချစ်တင်းနှောတာ ပိုမိုက်မလားဆိုတာ တွေးကြည့်လိုက်ပါနော်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Editor : Moethae Say

Credit: MODA
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top