iMyanmarHouse.com - Best Property Website for Myanmar
×
Credit : 7Day Daily
#Unicode Version#
သရုပ်ဆောင် နန်းဆုရတီစိုးသည် ဂျပန်နိုင်ငံတွင် ကျောင်းတက်နေသော ၎င်း၏ မောင် ကျောင်းတစ်လပိတ်သော ကြောင့် မောင်ဖြစ်သူနှင့် တွေ့ ဆုံရန် ဩဂုတ် ၂၄ ရက်က မိသားစုနှင့်အတူ ဂျပန်နိုင်ငံသို့ အပန်းဖြေ ခရီးထွက်ခဲ့သည်။
၎င်းအသုံးပြုသည့် နန်းဆုရတီစိုး ဖေ့စ်ဘွတ်ခ်အကောင့်တွင် ‘‘လေယာဉ် Delay ဖြစ်လို့ အခုမှ ထွက်ရတယ်။ Bye လိမ်လိမ်မာ မာနေခဲ့နော် ချစ်တယ်’’ဟု ဩဂုတ်၂၄ ရက်က ရေးသားထားသည်။
မိသားစုလေးယောက်ဆုံ တွေ့ကြသည့် အပန်းဖြေခရီးဖြစ် ပြီး ၎င်း၏ အဖေ၊ အမေ၊ မောင် လေးနှင့်အတူ ဂျပန်မြို့တစ် လျှောက် ဈေးဝယ်ထွက်နေပုံများ၊ ပျော်ရွှင်စွာ လျှောက်လည်နေပုံ များကို ပရိသတ်များထံ ဖေ့စ် ဘွတ်ခ်ကတစ်ဆင့် မျှဝေထား သည်။ဂျပန်နိုင်ငံရှိ Odiba မြို့က ပန်းခြံတစ်ခုသို့ ရောက်စဉ်တွင် ဩဂုတ် ၂၇ ရက်က Live လွှင့်ကာ ပရိသတ်များနှင့် ‘‘မတွေ့ရတာ လေးရက်ရှိပြီ။ ရန်ကုန်ကို လွမ်း လို့ပါ။ ဒီမြို့လေးက အရမ်းသာ ယာတယ်။ လွမ်းကောလွမ်းကြရဲ့ လားဟင်။ ဒီမှာတော့ ချစ်ဆုံးတွေ ကို အရမ်းလွမ်းနေတာ။ ဂျပန်မှာ နောက်ထပ် ၁၂ ရက်လောက်ကြာ ဦးမယ်။ မောင်လေး ကျောင်းတစ် လပိတ်တုန်း လာလည်တာပါ။ အရမ်းသတိရပါတယ်။ နန်းဆုကို လည်း မေ့မသွားပါနဲ့နော်’’ဟု ပြောပြသည်။
စက်တင်ဘာ ၁၈ ရက်တွင် ကျရောက်မည့် ၎င်း၏ မွေးနေ့တွင် ပရိသတ်များအတွက် ဂီတဗီဒီယို အသစ်တစ်ပုဒ်ကို အမှတ်တရအ နေဖြင့် တင်ပေးရန် ပြောကြားသည်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : 7Day Daily
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top