iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္းက်ိဳးမ်ား

ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပါ၀င္တယ္
ေကာ္ဖီမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ အမ်ားႀကီးပါ၀င္ပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းဆိုတာကေတာ့ ခႏၶာကိုယ္မွာရွိတဲ့ ဆဲလ္ေတြ ထိခိုက္ပ်က္စီးေစၿပီး အိုမင္းရင့္ေရာ္မႈကိုျဖစ္ေစတဲ့ ဓာတ္တိုးျခင္းျဖစ္စဥ္ကို ေႏွးေကြးေစတဲ့ ဓာတ္ပစၥည္းေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေကာ္ဖီေသာက္ျခင္းက အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစႏိုင္ပါတယ္။

ပါကင္ဆန္ေရာဂါ ကာကြယ္ႏိုင္တယ္

ေကာ္ဖီကို အတန္အသင့္ ပံုမွန္ေသာက္သံုးသြားမယ္ဆိုရင္ ဦးေႏွာက္ထိခိုက္ၿပီး စိတ္မမူမွန္ျဖစ္ေစတဲ့ ပါကင္ဆန္ေရာဂါျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

ဆီးခ်ိဳေရာဂါကို ကာကြယ္ေပးတယ္

ေကာ္ဖီေသာက္သံုးျခင္းက ဆီးခ်ိဳေရာဂါအမ်ိဳးအစား(၂) ကို ကာကြယ္ႏိုင္ပါတယ္။ ဘယ္လိုေကာ္ဖီပဲျဖစ္ျဖစ္ အတန္အသင့္ေသာက္သံုးျခင္းက လူငယ္ေတြနဲ႔ သက္လတ္ပိုင္းအလြယ္ အမ်ိဳးသမီးေတြမွာ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

အသည္းမေျခာက္ေအာင္ ကာကြယ္ေပးတယ္

ေကာ္ဖီေသာက္သံုးျခင္းက အသည္းေျခာက္ျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ အထူးသျဖင့္ အရက္ေၾကာင့္ အသည္းေျခာက္ျခင္းကို ဟန္႔တားေပးႏိုင္ပါတယ္။

သည္းေျခႏွင့္ ဆီးေက်ာက္တည္ျခင္းကိုလည္း ကာကြယ္ႏိုင္တယ္

ေကာ္ဖီေသာက္ျခင္းဟာ သည္းေျခနဲ႔ ဆီးလမ္းေၾကာင္းေက်ာက္တည္ျခင္းေတြ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ေကာ္ဖီဟာ ဆီးသြားတဲ့ပမာဏကို မ်ားလာေစတာေၾကာင့္ ဆီးေက်ာက္တည္ႏိုင္ေခ် နည္းသြားတာ ျဖစ္ပါတယ္။

အာရုံကို ႏိုးၾကားထက္ျမက္ေစတယ္
ေကာ္ဖီဟာ စိတ္အာရံုကို လန္းဆန္းတက္ၾကြေစတာ အားလံုးသိၿပီးသား ျဖစ္မွာပါ။ ဒါ့အျပင္ ေကာ္ဖီဟာ သတိရွိေနေစျခင္း၊ အာရုံစိုက္ႏိုင္ျခင္းနဲ႔ ႏိုးၾကားေစျခင္းတို႔ကိုလည္း ျဖစ္ေစႏုိင္ပါတယ္။ အခ်က္အလက္ေတြကို တြက္ခ်က္ႏိုင္ဖို႔လည္း ကူညီေပးႏိုင္ပါတယ္။

အယ္ဇိုင္းမား မျဖစ္ေအာင္ ကာကြယ္ႏိုင္တယ္
ေကာ္ဖီပံုမွန္ေသာက္သံုးျခင္းဟာ ဦးေႏွာက္အတြင္း ပ်က္စီးမႈကို ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ အယ္ဇိုင္းမားေရာဂါကို ဟန္႔တားကာကြယ္ထားႏိုင္ပါတယ္။

ပန္းနာရင္ၾကပ္ကို သက္သာေစတယ္
ကဖိန္းဓာတ္ဟာ အသက္ရႈလမ္းေၾကာင္းကို ပြင့္ေစႏိုင္တဲ့အတြက္ ပန္းနာရင္ၾကပ္လကၡဏာေတြကို သက္သာေစႏိုင္တာျဖစ္ပါတယ္။

ဆိုးက်ိဳးမ်ား

ႏွလံုးေရာဂါ ျဖစ္ေစႏိုင္တယ္
ေကာ္ဖီကို အလြန္အကၽြံေသာက္သံုးမယ္ဆိုရင္ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါေတြ ျဖစ္လာေစႏိုင္ပါတယ္။ ပံုမွန္ပဲ ေသာက္သံုးမယ္ဆိုရင္ေတာ့ ေကာ္ဖီမွာပါ၀င္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြေၾကာင့္ ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်ကို နည္းပါးေစပါတယ္။

ကိုလက္စထေရာဓာတ္ မ်ားေစတယ္
ေကာ္ဖီကို အလြန္အကၽြံေသာက္သံုးျခင္းဟာ ခႏၶာကိုယ္အတြက္ မေကာင္းတဲ့ LDL Cholesterol ပမာဏကို မ်ားလာေစပါတယ္။ အထူးသျဖင့္ ေကာ္ဖီမႈန္႔ကို မစစ္ထုတ္ပဲနဲ႔ က်ိဳေသာက္မယ္ဆိုရင္ ကိုလက္စထေရာပမာဏကို ပိုမ်ားလာေစပါတယ္။

ႏွလံုးခုန္ႏႈန္း မူမမွန္ျဖစ္ေစတယ္
တခ်ိဳ႕သူေတြအေနနဲ႔ ေကာ္ဖီေသာက္ၿပီးရင္ ႏွလံုးခုန္ႏႈန္း ပိုျမန္လာတာ၊ ပံုမွန္မဟုတ္တာေတြျဖစ္တတ္ပါတယ္။ အရပ္အေခၚအရ ရင္တုန္တယ္လို႔ ေခၚၾကပါတယ္။

ေသြးတိုးေစတယ္
ေကာ္ဖီေသာက္သံုးျခင္းဟာ ေသြးတိုးျခင္းရဲ႕ အဓိကအေၾကာင္းရင္းေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ ေသြးဖိအားကို ျမင့္တက္ေစတဲ့ သက္ေရာက္မႈကိုေတာ့ ျဖစ္ေစပါတယ္။ ေသြးတိုးေရာဂါရွိသူေတြမွာ ပိုၿပီးသိသာပါတယ္။

အရိုးပြျခင္းျဖစ္ႏိုင္ေခ် မ်ားေစတယ္

ေကာ္ဖီေသာက္သံုးျခင္းဟာ ဆီးပိုသြားေစတာေၾကာင့္ ကယ္ဆီယမ္ဓာတ္ေတြ ပိုမိုဆံုး႐ႈံးရပါတယ္။ တစ္ေန႔ကို ေကာ္ဖီ(၄)ခြက္နဲ႔အထက္ ေသာက္သံုးမယ္ဆိုရင္ အရိုးပြေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ားလာတတ္ပါတယ္။ အထူးသျဖင့္ ကယ္စီယမ္ဓာတ္နည္းပါးတဲ့ အမ်ိဳးသမီးေတြမွာ ပိုျဖစ္တတ္ပါတယ္။

အိပ္စက္မႈကို ထိခိုက္ေစတယ္

ေကာ္ဖီမွာ ပါ၀င္တဲ့ ကဖိန္းဓာတ္ရဲ႕ တက္ၾကြႏိုးၾကားေစတဲ့ အာနိသင္ေၾကာင့္ မ်ားမ်ားေသာက္သံုးမယ္ဆိုရင္ အိပ္စက္ျခင္းကို အေနွာက္အယွက္ျဖစ္ေစႏိုင္ပါတယ္။ အနားမရတာ၊ အိပ္မေပ်ာ္တာ၊ မ်က္လံုးေၾကာင္ေနတာ၊ ခဏခဏႏိုးလာတာ စသျဖင့္ အိပ္စက္မႈအရည္အေသြးကို က်ဆင္းေစႏိုင္ပါတယ္။

ေရဓာတ္ခမ္းေျခာက္ျခင္း ျဖစ္ေစတယ္

ကဖိန္းဓာတ္ဟာ ဆီးမ်ားမ်ားသြားဖို႔ လႈံ႔ေဆာ္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေကာ္ဖီအေသာက္မ်ားတဲ့အခါမွာ ခႏၶာကိုယ္က ေရဓာတ္နည္းပါးလာတတ္ပါတယ္။ ဒီလိုမျဖစ္ေအာင္ ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ ကုစားႏိုင္ပါတယ္။

စြဲလန္းေစတယ္
ကဖိန္းဟာ အာရုံေၾကာေတြကို ႏႈိးဆြေပးႏိုင္တဲ့ မူးယစ္ေဆးတစ္မ်ိဳးျဖစ္တဲ့အတြက္ စြဲလမ္းေစပါတယ္။ ေကာ္ဖီေသာက္ေနက်လူတစ္ေယာက္က ကဖိန္းဓာတ္မရတဲ့အခါမွာ ေခါင္းကိုက္တာ၊ စိတ္မၾကည္တာေတြ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ေကာ္ဖီက ျဖတ္ရလြယ္သလို လူအမ်ားစုကလည္း ေကာ္ဖီစြဲတဲ့အထိ မေသာက္ၾကပါဘူး။

တန္ေဆးလြန္ေဘးဆိုတဲ့ ေရွးစကားအတိုင္းပါပဲ။ ေကာ္ဖီမွာလည္း ဆိုးက်ိဳးေတြရွိေနေပမယ့္ အလြန္အကၽြံမေသာက္သံုးဘူးဆိုရင္ ေကာင္းက်ိဳးေတြကို ရရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ကို အမ်ားဆံုး (၄)ခြက္ထက္ ပိုမေသာက္ဆိုရင္ ေကာ္ဖီက ေပးႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကို ရရွိႏိုင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: Gentleman Magazine

#Unicode Versin#
ကောင်းကျိုးများ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တယ်
ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာကတော့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ထိခိုက်ပျက်စီးစေပြီး အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့ ဓာတ်တိုးခြင်းဖြစ်စဉ်ကို နှေးကွေးစေတဲ့ ဓာတ်ပစ္စည်းတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ကော်ဖီသောက်ခြင်းက အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။

ပါကင်ဆန်ရောဂါ ကာကွယ်နိုင်တယ်
ကော်ဖီကို အတန်အသင့် ပုံမှန်သောက်သုံးသွားမယ်ဆိုရင် ဦးနှောက်ထိခိုက်ပြီး စိတ်မမူမှန်ဖြစ်စေတဲ့ ပါကင်ဆန်ရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

ဆီးချိုရောဂါကို ကာကွယ်ပေးတယ်
ကော်ဖီသောက်သုံးခြင်းက ဆီးချိုရောဂါအမျိုးအစား(၂) ကို ကာကွယ်နိုင်ပါတယ်။ ဘယ်လိုကော်ဖီပဲဖြစ်ဖြစ် အတန်အသင့်သောက်သုံးခြင်းက လူငယ်တွေနဲ့ သက်လတ်ပိုင်းအလွယ် အမျိုးသမီးတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

အသည်းမခြောက်အောင် ကာကွယ်ပေးတယ်
ကော်ဖီသောက်သုံးခြင်းက အသည်းခြောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အရက်ကြောင့် အသည်းခြောက်ခြင်းကို ဟန့်တားပေးနိုင်ပါတယ်။

သည်းခြေနှင့် ဆီးကျောက်တည်ခြင်းကိုလည်း ကာကွယ်နိုင်တယ်
ကော်ဖီသောက်ခြင်းဟာ သည်းခြေနဲ့ ဆီးလမ်းကြောင်းကျောက်တည်ခြင်းတွေ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ကော်ဖီဟာ ဆီးသွားတဲ့ပမာဏကို များလာစေတာကြောင့် ဆီးကျောက်တည်နိုင်ချေ နည်းသွားတာ ဖြစ်ပါတယ်။

အာရုံကို နိုးကြားထက်မြက်စေတယ်
ကော်ဖီဟာ စိတ်အာရုံကို လန်းဆန်းတက်ကြွစေတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် ကော်ဖီဟာ သတိရှိနေစေခြင်း၊ အာရုံစိုက်နိုင်ခြင်းနဲ့ နိုးကြားစေခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ အချက်အလက်တွေကို တွက်ချက်နိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။

အယ်ဇိုင်းမား မဖြစ်အောင် ကာကွယ်နိုင်တယ်
ကော်ဖီပုံမှန်သောက်သုံးခြင်းဟာ ဦးနှောက်အတွင်း ပျက်စီးမှုကို လျှော့ချပေးနိုင်တာကြောင့် အယ်ဇိုင်းမားရောဂါကို ဟန့်တားကာကွယ်ထားနိုင်ပါတယ်။

ပန်းနာရင်ကြပ်ကို သက်သာစေတယ်
ကဖိန်းဓာတ်ဟာ အသက်ရှုလမ်းကြောင်းကို ပွင့်စေနိုင်တဲ့အတွက် ပန်းနာရင်ကြပ်လက္ခဏာတွေကို သက်သာစေနိုင်တာဖြစ်ပါတယ်။

ဆိုးကျိုးများ
နှလုံးရောဂါ ဖြစ်စေနိုင်တယ်
ကော်ဖီကို အလွန်အကျွံသောက်သုံးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ ပုံမှန်ပဲ သောက်သုံးမယ်ဆိုရင်တော့ ကော်ဖီမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် နှလုံးရောဂါဖြစ်နိုင်ချေကို နည်းပါးစေပါတယ်။

ကိုလက်စထရောဓာတ် များစေတယ်
ကော်ဖီကို အလွန်အကျွံသောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ LDL Cholesterol ပမာဏကို များလာစေပါတယ်။ အထူးသဖြင့် ကော်ဖီမှုန့်ကို မစစ်ထုတ်ပဲနဲ့ ကျိုသောက်မယ်ဆိုရင် ကိုလက်စထရောပမာဏကို ပိုများလာစေပါတယ်။

နှလုံးခုန်နှုန်း မူမမှန်ဖြစ်စေတယ်
တချို့သူတွေအနေနဲ့ ကော်ဖီသောက်ပြီးရင် နှလုံးခုန်နှုန်း ပိုမြန်လာတာ၊ ပုံမှန်မဟုတ်တာတွေဖြစ်တတ်ပါတယ်။ အရပ်အခေါ်အရ ရင်တုန်တယ်လို့ ခေါ်ကြပါတယ်။

သွေးတိုးစေတယ်
ကော်ဖီသောက်သုံးခြင်းဟာ သွေးတိုးခြင်းရဲ့ အဓိကအကြောင်းရင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် သွေးဖိအားကို မြင့်တက်စေတဲ့ သက်ရောက်မှုကိုတော့ ဖြစ်စေပါတယ်။ သွေးတိုးရောဂါရှိသူတွေမှာ ပိုပြီးသိသာပါတယ်။

အရိုးပွခြင်းဖြစ်နိုင်ချေ များစေတယ်
ကော်ဖီသောက်သုံးခြင်းဟာ ဆီးပိုသွားစေတာကြောင့် ကယ်ဆီယမ်ဓာတ်တွေ ပိုမိုဆုံးရှုံးရပါတယ်။ တစ်နေ့ကို ကော်ဖီ(၄)ခွက်နဲ့အထက် သောက်သုံးမယ်ဆိုရင် အရိုးပွရောဂါဖြစ်နိုင်ချေ ပိုများလာတတ်ပါတယ်။ အထူးသဖြင့် ကယ်စီယမ်ဓာတ်နည်းပါးတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

အိပ်စက်မှုကို ထိခိုက်စေတယ်
ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ရဲ့ တက်ကြွနိုးကြားစေတဲ့ အာနိသင်ကြောင့် များများသောက်သုံးမယ်ဆိုရင် အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အနားမရတာ၊ အိပ်မပျော်တာ၊ မျက်လုံးကြောင်နေတာ၊ ခဏခဏနိုးလာတာ စသဖြင့် အိပ်စက်မှုအရည်အသွေးကို ကျဆင်းစေနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်စေတယ်
ကဖိန်းဓာတ်ဟာ ဆီးများများသွားဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကော်ဖီအသောက်များတဲ့အခါမှာ ခန္ဓာကိုယ်က ရေဓာတ်နည်းပါးလာတတ်ပါတယ်။ ဒီလိုမဖြစ်အောင် ရေများများသောက်ပေးခြင်းဖြင့် ကုစားနိုင်ပါတယ်။

စွဲလန်းစေတယ်
ကဖိန်းဟာ အာရုံကြောတွေကို နှိုးဆွပေးနိုင်တဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်တဲ့အတွက် စွဲလမ်းစေပါတယ်။ ကော်ဖီသောက်နေကျလူတစ်ယောက်က ကဖိန်းဓာတ်မရတဲ့အခါမှာ ခေါင်းကိုက်တာ၊ စိတ်မကြည်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကော်ဖီက ဖြတ်ရလွယ်သလို လူအများစုကလည်း ကော်ဖီစွဲတဲ့အထိ မသောက်ကြပါဘူး။

တန်ဆေးလွန်ဘေးဆိုတဲ့ ရှေးစကားအတိုင်းပါပဲ။ ကော်ဖီမှာလည်း ဆိုးကျိုးတွေရှိနေပေမယ့် အလွန်အကျွံမသောက်သုံးဘူးဆိုရင် ကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အများဆုံး (၄)ခွက်ထက် ပိုမသောက်ဆိုရင် ကော်ဖီက ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။


Credit: Gentleman Magazine
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top