iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရည္းစားထားတာ လြယ္ေပမယ့္ လူတစ္ေယာက္ကို အတည္တက် လက္ထပ္ယူဖို႔က နဲနဲေတာ့ စဥ္းစားရပါျပီ ။ လက္ထပ္ျခင္းမွာ ခ်စ္ေနရံုသက္သက္နဲ႕ မျပည့္စံုပါဘူး ။ လူတစ္ေယာက္ကို လက္ထပ္ျပီးေသတပန္ သက္တဆံုး ေပါင္းသင္းဖို႔ဆိုတာ ေတာ္ေတာ္ကို ခက္ခဲတဲ့ကိစၥပါပဲ ။ လက္ထပ္ျခင္းကို အမ်ိဳးသမီးေတြသာမက အမ်ိဳးသားေတြ အေနနဲ႕လည္း စဥ္းစားေရြးခ်ယ္ၾကရပါတယ္ ။ ကိုယ္လက္ထပ္လိုက္တဲ့ အမ်ိဳးသမီးဟာ ကိုယ္နဲ႕ တသက္လံုး အဆင္ေျပပါ့မလားဆိုတာ အမ်ိဳးသား အမ်ားစု စဥ္းစားေ့လရွိၾကပါတယ္ ။

အိမ္ေထာင္ျပဳျခင္းဟာ ထီထိုးသလိုပါပဲ ။ အခု သင့္အနားမွာ ရွိေနတဲ့ သင့္ရဲ႕ခ်စ္သူက  လက္လြတ္မခံသင့္တဲ့ အမ်ိဳးသမီးျဖစ္ေနမလားဆိုတာကို ေအာက္ပါအခ်က္ေတြထဲမွာ ရွာေဖြၾကည့္ပါ ။

၁။ ဥာဏ္ေကာင္းတယ္
သင္နဲ႕တသက္လံုး ရိုးေျမက် အတူတူေနသြားရမယ့္ သင့္ရဲ႕အမ်ိဳးသမီးဟာ သင္နဲ႕အတူ စိန္ေခၚမႈေတြကို ရင္ဆိုင္နိုင္မွ ျဖစ္ပါမယ္ ။ သင္ေျပာသမွ်တိုင္းကို ေခါင္းျငိမ့္တတ္တဲ့ အမ်ိဳးသမီးထက္ သင့္အျမင္ကို ျပန္လည္ သံုးသပ္စဥ္းစားေပးျပီး ေတြးေခၚစဥ္းစားဥာဏ္ရွိတဲ့ အမ်ိဳးသမီးဟာ သင့္အတြက္ေတာ့ ပိုျပီးအဆင္ေျပမွာပါ။

၂။ခံစားတတ္တဲ့ နွလံုးသားရွိတယ္
ေျပာခ်င္တာက သူဟာ ဝမ္းနည္းစရာရွိ ဝမ္းနည္းမယ္ ။ ေဒါသထြက္စရာရွိ ေဒါသထြက္မယ္ ။ ေပ်ာ္စရာရွိ ေပ်ာ္ေပ်ာ္ ေနတတ္မယ္ ။ အဲ့လိုမ်ိဳးပါ ။ ေအးတိေအးစက္ မလႈပ္မယွက္ ျဖစ္မေနတတ္တဲ့ မိန္းကေလးမ်ိဳးပါ ။ အခ်ိဳ႕ အမ်ိဳးသမီးေတြဟာ ရင္ထဲမွာရွိေနတာကို မ်ဳိသိပ္ျပီး က်ိတ္ခဲတတ္ပါတယ္ ။ ပြင့္လင္းစြာ အရွိကိုအရွိအတိုင္း ေနတတ္တဲ့ အမ်ိဳးသမီးက ပိုျပီး ေပါင္းသင္းရ လြယ္ကူမွာပါ ။ သင့္ဘက္ကလည္း အျပည့္အဝ ရိုးသားဖို႔ေတာ့ လိုအပ္ပါတယ္။

၃။ မွ်ေဝခံစားတတ္သူ
သင့္ရဲ႕ ေကာင္းကြက္ ၊ ဆိုးကြက္ေတြကို နားလည္ေပးျပီး သင္နဲ႕အတူ မွ်ေဝခံစားတတ္တဲ့ မိန္းကေလးမ်ိဳးပါ ။ ဝမ္းနည္းတဲ့အခါျဖစ္ေစ ဝမ္းသာတဲ့အခါျဖစ္ေစ သင္နဲ႔အတူ လိုက္ပါခံစားတတ္တဲ့ သူမ်ိဳးပါ ။ သင္ဟာ ေအာက္ဆံုးအေျခအေနတစ္ခု ေရာက္ေနရင္ေတာင္ အနားမွာေနျပီး အားေပးတတ္တ့ဲ ခ်စ္သူမိန္းကေလး ရွိေနျပီဆုိရင္ေတာ့ အဲ့မိန္းကေလးကို လက္လြတ္မခံလိုက္ပါနဲ႕ ။

၄။ ရိုးသားတယ္
ရိုးသားျခင္းက ခ်စ္သူနွစ္ဦးရဲ႕ ဆက္ဆံေရးမွာ အေျခခံအက်ဆံုး အုတ္ျမစ္ပါပဲ။ နွစ္ဦးနွစ္ဖက္ ရိုးသာမႈရွိမွ ယံုၾကည္မႈဆိုတာ ခို္င္မာလာမွာပါ ။သင့္ခ်စ္သူဟာ မရိုးသားလွ်င္ သူ႔ဘာေျပာေျပာ သင္ယံုၾကည္မွာ မဟုတ္ပါဘူး ။ ခက္ခဲတဲ့ အေျခအေနမ်ိဳးမွာေတာင္ ရိုးသားမႈရွိသင့္ပါတယ္ ။ ဒါ့ေၾကာင့္ သင့္အေပၚမွာ ရိုးသားလိမၼာတဲ့ ခ်စ္သူမ်ိဳးက သင္လက္ထပ္သင့္တဲ့ သူမ်ိဳးပါပဲ ။

၅။ရည္မွန္းခ်က္ရွိတယ္

သင့္ကို ပါရမီျဖည့္ေပးမယ့္ သင့္ရဲ႕ ခ်စ္သူမွာလည္း သူ႕ရဲ႕ ကိုယ္ပိုင္စိတ္ကူးအိပ္မက္ ၊ ရည္မွန္းခ်က္ ၊ အနာဂတ္ အစီအစဥ္ေတြ ရွိသူပါ ။ ေယာက္်ားတစ္ေယာက္ အေပၚမွာပဲ မွီခိုေနတတ္တဲ့ ခ်စ္သူမ်ိဳးဟာ ၾကာလာရင္ အဲ့ေယာက္်ားအတြက္ ဝန္ထုပ္ဝန္ပိုး ဖစ္ေနတတ္ပါတယ္ ။ သင့္အေပၚမွီခိုျပီး ရည္မွန္းခ်က္ေတြ ေပ်ာက္ဆုံုးေနတဲ့သူထက္ သင့္အနားမွာေနရင္း ကိုယ့္အိပ္မက္ကို အေကာင္အထည္ ေဖာ္ေနတတ္တဲ့ ခ်စ္သူမ်ိဳးကိုသာ ေရြးခ်ယ္သင့္ပါတယ္။

၆။ကိုယ္တိုင္တိုးတက္လိုစိတ္ရွိတယ္
ဒါကေတာ့ အေပၚကတစ္ခုနဲ႕ အလားသ႑ာန္ တူပါတယ္ ။ ရည္မွန္းခ်က္ရွိတဲ့ မိန္းကေလးဟာ ကိုယ့္ကိုကိုယ္လည္း အၿမဲတိုးတက္ေနေအာင္ ေလ့လာေန၊ သင္ယူေနတတ္တဲ့ သူမ်ိဳးပါ ။ သင္ယိုင္လဲသြားတဲ့ အခိုက္အတန္႔မ်ိဳးမွာေတာင္ သူပါ ယိုင္လဲမသြားဘဲ သင့္ကို မတ္ထူေပးနိုင္မွာပါ။ အိမ္ေထာင္တစ္ခုမွာ စင္းလံုးေခ်ာ အဆင္ေျပမႈဆိုတာ ရွားပါတယ္ ။ သင့္ကို မွီခိုေနမွာထက္ သင့္ကို အားျဖစ္ေစနိုင္တဲ့ မိန္းကေလးက သင္တို႔နွစ္ေယာက္အတြက္ အဆင္ေျပေစမွာပါ ။

၇။သဝန္တိုမွဳေတြနဲ႕ အခ်ိန္မကုန္ဘူး
ခ်စ္ရင္သဝန္တိုတယ္ဆိုတာ မွန္ပါတယ္ ။ သို႔ေသာ္ ကိုယ့္ကိုိကိုယ္ ယုံၾကည္မႈရွိျပီး သင့္အေပၚမွာ ယံုၾကည္မႈ အျပည့္ရွိတဲ့သူဟာ ဘယ္ေတာ့မွ သဝန္တိုတဲ့အလုပ္ေတြနဲ႕ စိတ္ရႈပ္မခံပါဘူး ။ သဝန္တိုတယ္ ၊ သဝန္ေၾကာင္တယ္ဆိုတာ မယံုၾကည္မႈက စတာပါ ။ ယံုၾကည္မႈဆိုတဲ့ အုတ္ျမစ္ကို ခိုင္ခိုင္မာမာ ေဆာက္တည္ထားတဲ့ သူမအတြက္ေတာ့ သဝန္တိုျခင္းနဲ႕ သင့္ကိုေရာ သူ႔ကိုယ္သူပါ စိတ္ဒုကၡေပးမွာ မဟုတ္ပါဘူးး ။

၈။အနစ္နာခံတတ္သူ
ေပ်ာ္ရႊင္ျပီး ရွည္ၾကာတဲ ဆက္ဆံေရးတစ္ခုမွာ အနစ္နာခံမႈေတြ အမ်ားၾကီးပါဝင္ပါတယ္ ။ အနစ္နာခံတတ္တဲ့ ခ်စ္သူဟာ ရယူျခင္းထက္ ေပးဆပ္ျခင္းေတြနဲ႕သာ ေက်နပ္ေနတတ္သူမ်ိဳးေတြပါ ။ အတၱ ၊ မာန္မာနေတြခ်င္းသာ ပိုင္ဆိုင္ေနမယ္ဆိုရင္ေတာ့ ခဏေလးနဲ႕ ျပတ္ဆဲသြားမွာပါ ။ သူက သင့္္ကို ေပ်ာ္ရႊင္မႈေတြလည္း ေပးတတ္ၾကပါတယ္ ။

၉။ ေတာင္းပန္တတ္သူ

သင့္ကိုတကယ္ခ်စ္ျပီး တကယ္နားလည္မႈရွိတဲ့ အမ်ိဳးသမီးေတြဟာ မွားေနရင္ ျပန္လည္ေတာင္းပန္တတ္ ၊ ေခ်ာ့တတ္တဲ့ သူမ်ိဳးေတြပါ။ အခ်ိဳ ႕ အမ်ိဳးသမီးေတြ သင္ျမင္ဖူးပါလိမ့္မယ့္…ဘယ္သူမွားမွား ၊ ဘယ္သူမွန္မွန္ အခ်ိန္တန္ရင္ ေယာက္်ားကပဲ ေခ်ာ့ရမယ္ဆိုတာမ်ိဳးေတြပါ ။ ဒါဟာ လံုးဝလြဲမွားေနတဲ့ အခ်က္ၾကီးပါ ။ အမ်ိဳးသမီးျဖစ္ေစ ၊ အမ်ိဳးသားျဖစ္ေစ အမွားလုပ္တဲ့သူဟာ ေတာင္းပန္တတ္ရပါမယ္ ။ခ်စ္သူနွစ္ဦးၾကားမွာေတာင္းပန္တတ္တဲ့အက်င့္ကိုအိမ္ေထာင္က်သည္အထိ
 ေမြးျမဴထားပါ။

၁၀။သင့္ကိုလမ္းျပေပးနိုင္သူ
သင့္အေပၚမွာ တကယ္ခ်စ္ခင္ျပီး တကယ္တန္ဖိုးထားတဲ့ မိန္းကေလးဆိုတာ သင့္ကို အၿမဲတမ္း ေကာင္းရာမြန္ရာ လမ္းေၾကာင္းကို ျပသေပးတတ္ပါတယ္ ။ဥပမာ သင့္ကို ပရဟိတလုပ္ဖို႔  တိုက္တြန္းတာ ၊ လမ္းမွားမေရာက္ဖို႔ ဆံုးမျပီး လမ္းမွန္ကို ညႊန္တတ္တာ ၊ ဘုရားတရားလုပ္ခိုင္းတာ ၊ သင့္က်န္းမာေရးအတြက္ လိုအပ္ေသာ ဆာင္ရန္ ၊ ရွာင္ရန္မ်ား စသျဖင့္ လမ္းညႊန္ေပးေလ့ရွိပါတယ္ ။ သင့္အေပၚမွာ ေကာင္းမြန္တဲ့ စတနာ အျပည့္ သူတို႔မွာ ရွိၾကပါတယ္ ။

ကဲ အေပၚက အခ်က္ေတြ အကုန္ျပည့္စံုေနတဲ့ မိန္းကေလးကို ပိုင္ဆိုင္ထားျပီဆိုရင္ေတာ့ ကိုလူပ်ိဳတို႔ေရ လက္လႊတ္မခံပါနဲ႕လို႔ ေျပာပါရေစ...။

CHAN ( ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : www.shweinnlay.com


#Unicode Version#
ချစ်သူရည်းစားထားတာ လွယ်ပေမယ့် လူတစ်ယောက်ကို အတည်တကျ လက်ထပ်ယူဖို့က နဲနဲတော့ စဉ်းစားရပါပြီ ။ လက်ထပ်ခြင်းမှာ ချစ်နေရုံသက်သက်နဲ့ မပြည့်စုံပါဘူး ။ လူတစ်ယောက်ကို လက်ထပ်ပြီးသေတပန် သက်တဆုံး ပေါင်းသင်းဖို့ဆိုတာ တော်တော်ကို ခက်ခဲတဲ့ကိစ္စပါပဲ ။ လက်ထပ်ခြင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေ အနေနဲ့လည်း စဉ်းစားရွေးချယ်ကြရပါတယ် ။ ကိုယ်လက်ထပ်လိုက်တဲ့ အမျိုးသမီးဟာ ကိုယ်နဲ့ တသက်လုံး အဆင်ပြေပါ့မလားဆိုတာ အမျိုးသား အများစု စဉ်းစားေ့လရှိကြပါတယ် ။

အိမ်ထောင်ပြုခြင်းဟာ ထီထိုးသလိုပါပဲ ။ အခု သင့်အနားမှာ ရှိနေတဲ့ သင့်ရဲ့ချစ်သူက  လက်လွတ်မခံသင့်တဲ့ အမျိုးသမီးဖြစ်နေမလားဆိုတာကို အောက်ပါအချက်တွေထဲမှာ ရှာဖွေကြည့်ပါ ။

၁။ ဉာဏ်ကောင်းတယ်
သင်နဲ့တသက်လုံး ရိုးမြေကျ အတူတူနေသွားရမယ့် သင့်ရဲ့အမျိုးသမီးဟာ သင်နဲ့အတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှ ဖြစ်ပါမယ် ။ သင်ပြောသမျှတိုင်းကို ခေါင်းငြိမ့်တတ်တဲ့ အမျိုးသမီးထက် သင့်အမြင်ကို ပြန်လည် သုံးသပ်စဉ်းစားပေးပြီး တွေးခေါ်စဉ်းစားဉာဏ်ရှိတဲ့ အမျိုးသမီးဟာ သင့်အတွက်တော့ ပိုပြီးအဆင်ပြေမှာပါ။

၂။နှလုံးသားရှိတယ်
ပြောချင်တာက သူဟာ ဝမ်းနည်းစရာရှိ ဝမ်းနည်းမယ် ။ ဒေါသထွက်စရာရှိ ဒေါသထွက်မယ် ။ ပျော်စရာရှိ ပျော်ပျော် နေတတ်မယ် ။ အဲ့လိုမျိုးပါ ။ အေးတိအေးစက် မလှုပ်မယှက် ဖြစ်မနေတတ်တဲ့ မိန်းကလေးမျိုးပါ ။ အချို့ အမျိုးသမီးတွေဟာ ရင်ထဲမှာရှိနေတာကို မျိုသိပ်ပြီး ကျိတ်ခဲတတ်ပါတယ် ။ ပွင့်လင်းစွာ အရှိကိုအရှိအတိုင်း နေတတ်တဲ့ အမျိုးသမီးက ပိုပြီး ပေါင်းသင်းရ လွယ်ကူမှာပါ ။ သင့်ဘက်ကလည်း အပြည့်အဝ ရိုးသားဖို့တော့ လိုအပ်ပါတယ်။

၃။ မျှဝေခံစားတတ်သူ
သင့်ရဲ့ ကောင်းကွက် ၊ ဆိုးကွက်တွေကို နားလည်ပေးပြီး သင်နဲ့အတူ မျှဝေခံစားတတ်တဲ့ မိန်းကလေးမျိုးပါ ။ ဝမ်းနည်းတဲ့အခါဖြစ်စေ ဝမ်းသာတဲ့အခါဖြစ်စေ သင်နဲ့အတူ လိုက်ပါခံစားတတ်တဲ့ သူမျိုးပါ ။ သင်ဟာ အောက်ဆုံးအခြေအနေတစ်ခု ရောက်နေရင်တောင် အနားမှာနေပြီး အားပေးတတ်တဲ့ ချစ်သူမိန်းကလေး ရှိနေပြီဆိုရင်တော့ အဲ့မိန်းကလေးကို လက်လွတ်မခံလိုက်ပါနဲ့ ။

၄။ ရိုးသားတယ်
ရိုးသားခြင်းက ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးမှာ အခြေခံအကျဆုံး အုတ်မြစ်ပါပဲ။ နှစ်ဦးနှစ်ဖက် ရိုးသာမှုရှိမှ ယုံကြည်မှုဆိုတာ ခိုင်မာလာမှာပါ ။သင့်ချစ်သူဟာ မရိုးသားလျှင် သူ့ဘာပြောပြော သင်ယုံကြည်မှာ မဟုတ်ပါဘူး ။ ခက်ခဲတဲ့ အခြေအနေမျိုးမှာတောင် ရိုးသားမှုရှိသင့်ပါတယ် ။ ဒါ့ကြောင့် သင့်အပေါ်မှာ ရိုးသားလိမ္မာတဲ့ ချစ်သူမျိုးက သင်လက်ထပ်သင့်တဲ့ သူမျိုးပါပဲ ။

၅။ရည်မှန်းချက်ရှိတယ်
သင့်ကို ပါရမီဖြည့်ပေးမယ့် သင့်ရဲ့ ချစ်သူမှာလည်း သူ့ရဲ့ ကိုယ်ပိုင်စိတ်ကူးအိပ်မက် ၊ ရည်မှန်းချက် ၊ အနာဂတ် အစီအစဉ်တွေ ရှိသူပါ ။ ယောက်ျားတစ်ယောက် အပေါ်မှာပဲ မှီခိုနေတတ်တဲ့ ချစ်သူမျိုးဟာ ကြာလာရင် အဲ့ယောက်ျားအတွက် ဝန်ထုပ်ဝန်ပိုး ဖစ်နေတတ်ပါတယ် ။ သင့်အပေါ်မှီခိုပြီး ရည်မှန်းချက်တွေ ပျောက်ဆုံးနေတဲ့သူထက် သင့်အနားမှာနေရင်း ကိုယ့်အိပ်မက်ကို အကောင်အထည် ဖော်နေတတ်တဲ့ ချစ်သူမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

၆။ကိုယ်တိုင်တိုးတက်လိုစိတ်ရှိတယ်
ဒါကတော့ အပေါ်ကတစ်ခုနဲ့ အလားသဏ္ဍာန် တူပါတယ် ။ ရည်မှန်းချက်ရှိတဲ့ မိန်းကလေးဟာ ကိုယ့်ကိုကိုယ်လည်း အမြဲတိုးတက်နေအောင် လေ့လာနေ၊ သင်ယူနေတတ်တဲ့ သူမျိုးပါ ။ သင်ယိုင်လဲသွားတဲ့ အခိုက်အတန့်မျိုးမှာတောင် သူပါ ယိုင်လဲမသွားဘဲ သင့်ကို မတ်ထူပေးနိုင်မှာပါ။ အိမ်ထောင်တစ်ခုမှာ စင်းလုံးချော အဆင်ပြေမှုဆိုတာ ရှားပါတယ် ။ သင့်ကို မှီခိုနေမှာထက် သင့်ကို အားဖြစ်စေနိုင်တဲ့ မိန်းကလေးက သင်တို့နှစ်ယောက်အတွက် အဆင်ပြေစေမှာပါ ။

၇။သဝန်တိုမှုတွေနဲ့ အချိန်မကုန်ဘူး
ချစ်ရင်သဝန်တိုတယ်ဆိုတာ မှန်ပါတယ် ။ သို့သော် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး သင့်အပေါ်မှာ ယုံကြည်မှု အပြည့်ရှိတဲ့သူဟာ ဘယ်တော့မှ သဝန်တိုတဲ့အလုပ်တွေနဲ့ စိတ်ရှုပ်မခံပါဘူး ။ သဝန်တိုတယ် ၊ သဝန်ကြောင်တယ်ဆိုတာ မယုံကြည်မှုက စတာပါ ။ ယုံကြည်မှုဆိုတဲ့ အုတ်မြစ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ထားတဲ့ သူမအတွက်တော့ သဝန်တိုခြင်းနဲ့ သင့်ကိုရော သူ့ကိုယ်သူပါ စိတ်ဒုက္ခပေးမှာ မဟုတ်ပါဘူးး ။

၈။အနစ်နာခံတတ်သူ
ပျော်ရွှင်ပြီး ရှည်ကြာတဲ ဆက်ဆံရေးတစ်ခုမှာ အနစ်နာခံမှုတွေ အများကြီးပါဝင်ပါတယ် ။ အနစ်နာခံတတ်တဲ့ ချစ်သူဟာ ရယူခြင်းထက် ပေးဆပ်ခြင်းတွေနဲ့သာ ကျေနပ်နေတတ်သူမျိုးတွေပါ ။ အတ္တ ၊ မာန်မာနတွေချင်းသာ ပိုင်ဆိုင်နေမယ်ဆိုရင်တော့ ခဏလေးနဲ့ ပြတ်ဆဲသွားမှာပါ ။ သူက သင့်ကို ပျော်ရွှင်မှုတွေလည်း ပေးတတ်ကြပါတယ် ။

၉။ တောင်းပန်တတ်သူ
သင့်ကိုတကယ်ချစ်ပြီး တကယ်နားလည်မှုရှိတဲ့ အမျိုးသမီးတွေဟာ မှားနေရင် ပြန်လည်တောင်းပန်တတ် ၊ ချော့တတ်တဲ့ သူမျိုးတွေပါ။ အချို့ အမျိုးသမီးတွေ သင်မြင်ဖူးပါလိမ့်မယ့်…ဘယ်သူမှားမှား ၊ ဘယ်သူမှန်မှန် အချိန်တန်ရင် ယောက်ျားကပဲ ချော့ရမယ်ဆိုတာမျိုးတွေပါ ။ ဒါဟာ လုံးဝလွဲမှားနေတဲ့ အချက်ကြီးပါ ။ အမျိုးသမီးဖြစ်စေ ၊ အမျိုးသားဖြစ်စေ အမှားလုပ်တဲ့သူဟာ တောင်းပန်တတ်ရပါမယ် ။ချစ်သူနှစ်ဦးကြားမှာတောင်းပန်တတ်တဲ့အကျင့်ကိုအိမ်ထောင်ကျသည်အထိ
 မွေးမြူထားပါ။

၁၀။သင့်ကိုလမ်းပြပေးနိုင်သူ
သင့်အပေါ်မှာ တကယ်ချစ်ခင်ပြီး တကယ်တန်ဖိုးထားတဲ့ မိန်းကလေးဆိုတာ သင့်ကို အမြဲတမ်း ကောင်းရာမွန်ရာ လမ်းကြောင်းကို ပြသပေးတတ်ပါတယ် ။ဥပမာ သင့်ကို ပရဟိတလုပ်ဖို့  တိုက်တွန်းတာ ၊ လမ်းမှားမရောက်ဖို့ ဆုံးမပြီး လမ်းမှန်ကို ညွှန်တတ်တာ ၊ ဘုရားတရားလုပ်ခိုင်းတာ ၊ သင့်ကျန်းမာရေးအတွက် လိုအပ်သော ဆာင်ရန် ၊ ရှာင်ရန်များ စသဖြင့် လမ်းညွှန်ပေးလေ့ရှိပါတယ် ။ သင့်အပေါ်မှာ ကောင်းမွန်တဲ့ စတနာ အပြည့် သူတို့မှာ ရှိကြပါတယ် ။

ကဲ အပေါ်က အချက်တွေ အကုန်ပြည့်စုံနေတဲ့ မိန်းကလေးကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ ကိုလူပျိုတို့ရေ လက်လွှတ်မခံပါနဲ့လို့ ပြောပါရစေ...။

CHAN ( ရွှေအင်းလေး)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : www.shweinnlay.com
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top