iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခုခု နဲ႔ ေဆာင့္မိလို႔ ဖူးေရာင္တာ အညိဳအမည္းစြဲတာေတြက ျဖစ္ေလ့ျဖစ္ထ ရွိၾကပါတယ္။ တခ်ိဳ႕ ေရာင္ရမ္းတာေတြ၊ အညိဳအမည္းစြဲတာေတြက ခဏေလးနဲ႔ ေပ်ာက္တတ္ေပမယ့္ တခ်ိဳ႕ကေတာ့ အခ်ိန္ၾကာျမင့္စြာ ေရာင္ရမ္းနာေနတတ္ပါတယ္။

အာလူးဖုသီးထတာ (ဖူးေရာင္တာ)ေတြက အရွိန္နဲ႔ တစ္ခုခု ေဆာင့္မိလုိ႔ ေသြးေၾကာေလးေတြ ေဖာက္ထြက္တာေၾကာင့္ ျဖစ္လာတာပါ။

လကၡဏာေတြက နာက်င္မယ္၊ ေရာင္ရမ္းမယ္၊ ညိဳမည္းစြဲသလို အသားအေရက အေရာင္ေျပာင္းသြားမွာျဖစ္ပါတယ္။

ေရခဲ

ေရခဲကေတာ့ ဖူးေရာင္တာေတြ၊ အညိဳအမည္းစြဲတာေတြအတြက္ အေကာင္းဆံုးနဲ႔ ေစ်းအခ်ိဳအသာဆံုး ကုသနည္းဘဲျဖစ္ပါတယ္။ ေရခဲနဲ႔ အံုလိုက္လို႔ရွိရင္ ဖူးေရာင္တာေတြ ေလ်ာ့သြားၿပီး နာက်င္တာေတြကို သက္သာ ေပ်ာက္ကင္းသြားမွာျဖစ္ပါတယ္။

ေရခဲကို အ၀တ္သန္႔သန္႔တစ္ခုခုနဲ႔ အံုလိုက္ၿပီး ကပ္ေပးပါ။ ကပ္တဲ့အခါမွာလည္း အရမ္းေအးခဲၿပီး အသားအေရ ၿပဲစုတ္ေအာင္ေတာ့ မကပ္ပါနဲ႔။ ျဖည္းျဖည္းနဲ႔ ပံုမွန္ကပ္ေပးပါ။

ရွားေစာင္းလက္ပတ္


ရွားေစာင္းလက္ပတ္က အသားအေရအတြက္ အေကာင္းဆံုး ပါဘဲ။ ရွားေစာင္းလက္ပတ္မွာပါ၀င္တဲ့ Acibar နဲ႔ Latex တို႔က ေရာင္ရမ္းတာေတြကိုုက်ေစပါတယ္။ ရွားေစာင္းလက္ပတ္အႏွစ္ကို ေအးခဲထားၿပီး ဖူးေရာင္ေနတဲ့ အေပၚကို ကပ္ေပးလို႔ရပါတယ္။

ျဖည္းျဖည္းခ်င္း ဖူးေရာင္ေနတဲ့အေပၚမွာကပ္ၿပီး အသားထဲကို ေပ်ာ္၀င္သြားေအာင္ လုပ္ေပးပါ။ တစ္ေန႔ကို ၃ ႀကိမ္ အနည္းဆံုး လုပ္ေဆာင္ေပးပါ။

ၾကက္သြန္နီ

ၾကက္သြန္နီမွာ Allinase ဓာတ္ ၾကြယ္၀စြာပါ၀င္ၿပီး ေသြးစီးဆင္းမႈေကာင္းေအာင္လည္း လုပ္ေဆာင္ေပးပါတယ္။ ဒါေၾကာင့္ ဖူးေရာင္တာကိုလည္း အျမန္ဆံုး သက္သာေပ်ာက္ကင္းေစမွာပါ။

ၾကက္သြန္ပါးပါးလွီးၿပီး ဖူးေရာင္တဲ့ေနရာမွာ ကပ္ေပးပါ။ ဒါဆိုရင္ သက္သာသြားပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit: myfoodmyanmar

#Unicode Version#
တစ်ခုခု နဲ့ ဆောင့်မိလို့ ဖူးရောင်တာ အညိုအမည်းစွဲတာတွေက ဖြစ်လေ့ဖြစ်ထ ရှိကြပါတယ်။ တချို့ ရောင်ရမ်းတာတွေ၊ အညိုအမည်းစွဲတာတွေက ခဏလေးနဲ့ ပျောက်တတ်ပေမယ့် တချို့ကတော့ အချိန်ကြာမြင့်စွာ ရောင်ရမ်းနာနေတတ်ပါတယ်။

အာလူးဖုသီးထတာ (ဖူးရောင်တာ)တွေက အရှိန်နဲ့ တစ်ခုခု ဆောင့်မိလို့ သွေးကြောလေးတွေ ဖောက်ထွက်တာကြောင့် ဖြစ်လာတာပါ။

လက္ခဏာတွေက နာကျင်မယ်၊ ရောင်ရမ်းမယ်၊ ညိုမည်းစွဲသလို အသားအရေက အရောင်ပြောင်းသွားမှာဖြစ်ပါတယ်။

ရေခဲ

ရေခဲကတော့ ဖူးရောင်တာတွေ၊ အညိုအမည်းစွဲတာတွေအတွက် အကောင်းဆုံးနဲ့ ဈေးအချိုအသာဆုံး ကုသနည်းဘဲဖြစ်ပါတယ်။ ရေခဲနဲ့ အုံလိုက်လို့ရှိရင် ဖူးရောင်တာတွေ လျော့သွားပြီး နာကျင်တာတွေကို သက်သာ ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

ရေခဲကို အဝတ်သန့်သန့်တစ်ခုခုနဲ့ အုံလိုက်ပြီး ကပ်ပေးပါ။ ကပ်တဲ့အခါမှာလည်း အရမ်းအေးခဲပြီး အသားအရေ ပြဲစုတ်အောင်တော့ မကပ်ပါနဲ့။ ဖြည်းဖြည်းနဲ့ ပုံမှန်ကပ်ပေးပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က အသားအရေအတွက် အကောင်းဆုံး ပါဘဲ။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ Acibar နဲ့ Latex တို့က ရောင်ရမ်းတာတွေကိုုကျစေပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို အေးခဲထားပြီး ဖူးရောင်နေတဲ့ အပေါ်ကို ကပ်ပေးလို့ရပါတယ်။

ဖြည်းဖြည်းချင်း ဖူးရောင်နေတဲ့အပေါ်မှာကပ်ပြီး အသားထဲကို ပျော်ဝင်သွားအောင် လုပ်ပေးပါ။ တစ်နေ့ကို ၃ ကြိမ် အနည်းဆုံး လုပ်ဆောင်ပေးပါ။

ကြက်သွန်နီ

ကြက်သွန်နီမှာ Allinase ဓာတ် ကြွယ်ဝစွာပါဝင်ပြီး သွေးစီးဆင်းမှုကောင်းအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ဖူးရောင်တာကိုလည်း အမြန်ဆုံး သက်သာပျောက်ကင်းစေမှာပါ။

ကြက်သွန်ပါးပါးလှီးပြီး ဖူးရောင်တဲ့နေရာမှာ ကပ်ပေးပါ။ ဒါဆိုရင် သက်သာသွားပါလိမ့်မယ်။



Credit: myfoodmyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top