iMyanmarHouse.com - Best Property Website for Myanmar
×

စားပြဲေပၚတင္ထားတဲ႔ (သို႔) အိတ္ကပ္ထဲထည္႔ထားတဲ႔ ဖုန္းကို အီးေမးလ္စစ္ဖို႔ (ဒါမွမဟုတ္) ဂဏန္းေပါင္းစက္အျဖစ္သံုးဖို႔ဆိုၿပီး ယူထုတ္လိုက္တယ္။ ေနာက္ (၁၀) မိနစ္ေလာက္ၾကာေတာ႔မွ လက္က အလိုလို Facebook app သေကၤတကို ႏွိပ္မိၿပီး (၁၀) မိနစ္လံုး ေတာက္ေလွ်ာက္ Facebook ထိုင္ပြတ္မိေနတာကို သတိထားမိမယ္။

ဒီလိုအျဖစ္မ်ိဳးၾကံဳဖူးတာ ခင္ဗ်ားတစ္ေယာက္တည္းေတာ႔ မဟုတ္ပါဘူး။ လူမႈကြန္ရက္ (Social Media) ေတြနဲ႔ပတ္သက္တဲဲ႔ တစ္စံုတရာက ကြ်န္ေတာ္႔ကို စဥ္ဆက္မျပတ္ဆြဲေဆာင္ထားတာပါ။ လူမႈကြန္ရက္ေတြမရွိဘဲ ခဏေလာက္ျဖစ္ျဖစ္ ေနၾကည္႔ဖူးပါသလား။ လြတ္လပ္သလိုခံစားရတဲ႔ အရသာကို သိရွိနားလည္လာပါလိမ္႔မယ္။
ေလ႔လာမႈ

Cyberpsychology, Behavior and Social Networking (ဆိုင္ဘာစိတ္ပညာ၊ အျပဳအမူနဲ႔ လူမႈကြန္ရက္သံုးစြဲျခင္း) ဆိုတဲ႔ ဂ်ာနယ္တစ္ေစာင္မွာေဖာ္ျပထားတဲ႔ ေလ႔လာမႈတစ္ခုအရေတာ႔ Facebook လိုဂိုေလးကို ထိုင္ၾကည္႔ေနမိတာကေတာင္ ေပ်ာ္ရႊင္မႈကုိ ရရွိေစတယ္လို႔ ဆိုထားပါတယ္။ ေနာက္ၿပီး အဲဒီကရတဲဲ႔တြန္းအားကပဲ Facebook ေပၚကို ထပ္ခါထပ္ခါ ျပန္လာခ်င္ေအာင္ ဆြဲေဆာင္ေနပါတယ္တဲ႔။ ေနာက္တစ္ခုက လူမႈကြန္ရက္ေပၚမွာ မိမိေဝမွ်ထားတဲ႔အရာေတြ လူဘယ္ေလာက္သတိထားမိလဲ ဆိုတာသိရွိဖို႔၊ မိမိရဲ႕သူငယ္ခ်င္းေတြ ဘာလုပ္ေနလဲဆိုတာသိရွိဖို႔အတြက္ Facebook ကို ထပ္ခါတလဲလဲ သံုးစြဲေနမိပါတယ္တဲ႔။

ေလ႔လာမႈမွာပါဝင္သူေတြဟာ Facebook နဲ႔ သက္ဆိုင္တဲ႔ဓာတ္ပံုတစ္ပံုရယ္၊ တျခားဓာတ္ပံုတစ္ပံုရယ္နားမွာ တရုပ္စာလံုးတစ္လံုးကို ၾကည္႔ရႈခဲ႔ၾကပါတယ္။ အဲဒီမွာ Facebook ကို ႀကိမ္ဖန္မ်ားစြာ သံုးစြဲဖူးသူေတြက သိပ္မသံုးဖူးသူေတြထက္စာရင္ Facebook နဲ႔ သက္ဆိုင္တဲ႔ဓာတ္ပံုနားမွာ ယွဥ္တြဲထားတဲ႔အခါ တရုပ္စာလံုးကိုေတာင္ ၾကည္႔လို႔ေကာင္းတယ္လို႔ ျမင္လာတယ္လို႔ ဆိုပါတယ္။

"လူေတြက Facebook သံုးတဲ႔အခါမွာ တစ္ခုခုရလိုက္သလို ခံစားရပါတယ္" လို႔ မီခ်ီကန္ျပည္နယ္ တကၠသိုုလ္ ဆက္သြယ္ေရးဌာနက တြဲဖက္ပါေမာကၡ Allison Eden က ဆိုပါတယ္။ "Facebook နဲ႔ယွဥ္တြဲထားတဲ႔ တစ္ခုခုကို ျမင္ေတြ႕ရတာေတာင္ ေကာင္းတဲ႔ခံစားခ်က္ရၿပီး စိတ္ထဲမွာရင္းႏွီးကြ်မ္းဝင္လာသလို ခံစားရပါတယ္" လို႔လည္း ဆိုပါတယ္။
Facebook စြဲလမ္းျခင္းေရာဂါ

ဦးေႏွာက္က Facebook ၾကည္႔တာနဲ႔ စိတ္လႈပ္ရွားတက္ၾကြမႈတစ္ခုခုကို ရရွိေတာ႔မယ္လို႔ အလိုလိုသိလာၿပီး တျခား app ေတြ ထက္စာရင္ ဒီ Facebook ကိုပဲ ႀကိမ္ဖန္မ်ားစြာ ဖြင္႔သံုးမိေနၿပီဆိုရင္ေတာ႔ ဒါဟာ Facebook စြဲလမ္းေနတဲ႔ေရာဂါလကၡဏာပါပဲ။ ဒါေပမယ္႔ ဒါဟာအကုန္မဟုတ္ေသးပါဘူး။ ေလ႔လာမႈရဲ႕ဒုတိယအပိုင္းမွာဆိုရင္ သုေတသီေတြဟာ Facebook ကို အရူးအမူး စြဲလမ္္းသူေတြကို ေလ႔လာခဲ႔ၾကပါတယ္။ အံ႕ၾသဖို႔မလိုတဲ႔အခ်က္ကေတာ႔ Facebook ကို အရူးအမူးစြဲလမ္းသူေတြဟာ Facebook ေပၚမွာအခ်ိန္အမ်ားစုသံုးျဖဳန္းေနသူေတြပါပဲ။

ဟုတ္ၿပီ။ ဒါဆိုရင္ ကြ်န္ေတာ္တို႔ေတြ Facebook ကို ဘာလို႔အဲေလာက္ေတာင္ အခ်ိန္ေပးခဲ႔တာလဲ။ အေျဖကေတာ႔ ပ်င္းလို႔ပါပဲ။ ကြ်န္ေတာ္တို႔ေတြ ပ်င္းရိညည္းေငြ႕တဲဲ႔အခါ ဖုန္းမ်က္ႏွာျပင္ကိုၾကည္႔လိုက္ရင္ လုပ္စရာတစ္ခုခုရွိသလို ခံစားရပါတယ္။ ေနာက္ၿပီး ဖုန္းဖြင္႔လိုက္ၿပီဆိုတာနဲ႔ လက္ကို အလိုလုိ Facebook icon ကို ႏွိပ္မိတတ္တာဟာလည္း မသိစိတ္က Facebook ကို မွတ္သား ထားလိုက္လို႔ပါ။

"ဒီလိုျဖစ္ေစတဲ႔ အတြင္းလႈံ႕ေဆာင္မႈကေတာ႔ ပ်င္းရိျခင္းပါပဲ။ အျပင္လႈံ႕ေဆာ္မႈေတြကေတာ႔ notification လုိ႔ေခၚတဲ႔ အြန္လိုင္းလႈံ႕ေဆာ္မႈေတြပါပဲ။ အင္တာနက္ဖြင္႔ထားလိုက္ၿပီဆိုတာနဲ႔ ခင္ဗ်ားရဲ႕ဖုန္းမ်က္ႏွာျပင္ ေပၚကို ခင္ဗ်ားသူငယ္ခ်င္းထဲက ဘယ္သူဘာလုပ္ေနၿပီဆိုတာကို ေျပာျပမယ္႔ notification ေတြ တက္လာပါလိမ္႔မယ္။

အဲဒီလႈံ႕ေဆာ္မႈေတြကို ခင္ဗ်ား ဘယ္ေလာက္ၾကာၾကာေတာင္႔ခံႏိုင္မွာလဲ။ မၾကာပါဘူး။ လက္ကို အလိုလို Facebook icon ကို ႏွိပ္မိၿပီး ဖြင္႔သံုးမိပါလိမ္႔မယ္" လို႔ "Hooked: How to Build Habit-Forming Products" ဆိုတဲ႔စာအုပ္ကိုေရးသားသူ Nir Eyal က Business Insider ကို ေျပာၾကားပါတယ္။

ဒါေပမယ္႔ တျဖည္းျဖည္းနဲ႔ေတာ႔ ကြ်န္ေတာ္တို႔ေတြဟာ ပ်င္းရိမႈတို႔၊ notification တို႔ဆိုတဲ႔ အေၾကာင္းျပခ်က္ေတြကိုေတာင္ မလိုအပ္ေတာ႔ပါဘူး။ Status တစ္ခုခုတင္လိုက္တာပဲျဖစ္ျဖစ္၊ Message တစ္ခုခု ပို႔လိုက္တာပဲျဖစ္ျဖစ္၊ သူမ်ားရဲ႕ post ေအာက္မွာ comment သြားေပးလိုက္တာပဲျဖစ္ျဖစ္ တံု႕ျပန္မႈတစ္ခုခုကေတာ႔ ရရွိမွာပါ။ အဲဒီတံု႕ျပန္မႈေတြကပဲ ကြ်န္ေတာ္တို႔ကို Facebook ဆီကို အာရံုျပန္စိုက္ဖို႔ ဆြဲေခၚသြားပါလိမ္႔မယ္။ ဒီလိုနဲ႔အက်င္႔တစ္ခုျဖစ္လာတဲ႔အခ်ိန္မွာ လႈံ႕ေဆာ္မႈေတြရွိမေနခ်ိန္မွာေတာင္ လက္က Facebook ကိုဖြင္႔ၿပီး လႈံ႕ေဆာ္မႈေတြကို ေစာင္႔ေမွ်ာ္တတ္လာပါလိမ္႔မယ္။ ဒါမွမဟုတ္ လႈံ႕ေဆာ္မႈေတြ ရရွိလာေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ ၾကံဆလာပါလိမ္႔မယ္။ (တခ်ိဳ႕လူေတြ Facebook ေပၚမွာ အဆဲခံရေအာင္ တမင္ေရးၿပီး သူမ်ားေတြ ကိုယ္႔ကိုဆဲလာရင္ေတာင္ ေပ်ာ္ေနတတ္တာမ်ိဳးက Facebook စြဲလမ္းျခင္းေရာဂါ ျပင္းထန္လာတဲ႔သေဘာမ်ိဳးပါ။)
အက်င္႔ဘယ္လိုေဖ်ာက္မလဲ

အက်င္႔ဆိုုတာ ေဖ်ာက္ရခက္တယ္လို႔ ဆိုသလိုပါပဲ။ Facebook စြဲလမ္းျခင္းဆိုတာလည္း ေဖ်ာက္ရခက္ပါတယ္။ တစ္ခါတေလမွာ ကြ်န္ေတာ္တို႔ေတြ လက္ေလွ်ာ႔အရႈံးေပးဖို႔ ႀကိဳးစားၾကပါတယ္။ ဒါေပမယ္႔ မေတာ္တဆဆိုသလိုပဲ ျပန္သံုးမိသြားတတ္ပါတယ္။ (အလြန္ဆံုးလုပ္ႏိုင္တာက Facebook အေကာင္႔ေဟာင္းတစ္ခုကိုဖ်က္ၿပီး အသစ္ေနာက္တစ္ခုနဲ႔သံုးတာေလာက္ပဲ လုပ္ႏိုင္မွာပါ။) အမွန္ေတာ႔႔ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကြ်န္ေတာ္တို႔ ဘာမွမလုပ္ႏိုင္သေလာက္ပါပဲ။ ဒါေပမယ္႔ တစ္ခါတေလမွာ မိမိရဲ႕ Facebook အေကာင္႔ကို deactivate လုပ္ထားတယ္ဆိုတာလည္း က်န္းမာေရးအတြက္ ေကာင္းမြန္တဲ႔ အေလ႔အထ တစ္မ်ိဳးပါပဲ။

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Source: Reader's Digest

Credit: Duwun

#Unicode Version#
စားပွဲပေါ်တင်ထားတဲ့ (သို့) အိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းကို အီးမေးလ်စစ်ဖို့ (ဒါမှမဟုတ်) ဂဏန်းပေါင်းစက်အဖြစ်သုံးဖို့ဆိုပြီး ယူထုတ်လိုက်တယ်။ နောက် (၁၀) မိနစ်လောက်ကြာတော့မှ လက်က အလိုလို Facebook app သင်္ကေတကို နှိပ်မိပြီး (၁၀) မိနစ်လုံး တောက်လျှောက် Facebook ထိုင်ပွတ်မိနေတာကို သတိထားမိမယ်။

ဒီလိုအဖြစ်မျိုးကြုံဖူးတာ ခင်ဗျားတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လူမှုကွန်ရက် (Social Media) တွေနဲ့ပတ်သက်တဲ့ တစ်စုံတရာက ကျွန်တော့်ကို စဉ်ဆက်မပြတ်ဆွဲဆောင်ထားတာပါ။ လူမှုကွန်ရက်တွေမရှိဘဲ ခဏလောက်ဖြစ်ဖြစ် နေကြည့်ဖူးပါသလား။ လွတ်လပ်သလိုခံစားရတဲ့ အရသာကို သိရှိနားလည်လာပါလိမ့်မယ်။
လေ့လာမှု

Cyberpsychology, Behavior and Social Networking (ဆိုင်ဘာစိတ်ပညာ၊ အပြုအမူနဲ့ လူမှုကွန်ရက်သုံးစွဲခြင်း) ဆိုတဲ့ ဂျာနယ်တစ်စောင်မှာဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရတော့ Facebook လိုဂိုလေးကို ထိုင်ကြည့်နေမိတာကတောင် ပျော်ရွှင်မှုကို ရရှိစေတယ်လို့ ဆိုထားပါတယ်။ နောက်ပြီး အဲဒီကရတဲ့တွန်းအားကပဲ Facebook ပေါ်ကို ထပ်ခါထပ်ခါ ပြန်လာချင်အောင် ဆွဲဆောင်နေပါတယ်တဲ့။ နောက်တစ်ခုက လူမှုကွန်ရက်ပေါ်မှာ မိမိဝေမျှထားတဲ့အရာတွေ လူဘယ်လောက်သတိထားမိလဲ ဆိုတာသိရှိဖို့၊ မိမိရဲ့သူငယ်ချင်းတွေ ဘာလုပ်နေလဲဆိုတာသိရှိဖို့အတွက် Facebook ကို ထပ်ခါတလဲလဲ သုံးစွဲနေမိပါတယ်တဲ့။

လေ့လာမှုမှာပါဝင်သူတွေဟာ Facebook နဲ့ သက်ဆိုင်တဲ့ဓာတ်ပုံတစ်ပုံရယ်၊ တခြားဓာတ်ပုံတစ်ပုံရယ်နားမှာ တရုပ်စာလုံးတစ်လုံးကို ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီမှာ Facebook ကို ကြိမ်ဖန်များစွာ သုံးစွဲဖူးသူတွေက သိပ်မသုံးဖူးသူတွေထက်စာရင် Facebook နဲ့ သက်ဆိုင်တဲ့ဓာတ်ပုံနားမှာ ယှဉ်တွဲထားတဲ့အခါ တရုပ်စာလုံးကိုတောင် ကြည့်လို့ကောင်းတယ်လို့ မြင်လာတယ်လို့ ဆိုပါတယ်။

"လူတွေက Facebook သုံးတဲ့အခါမှာ တစ်ခုခုရလိုက်သလို ခံစားရပါတယ်" လို့ မီချီကန်ပြည်နယ် တက္ကသိုုလ် ဆက်သွယ်ရေးဌာနက တွဲဖက်ပါမောက္ခ Allison Eden က ဆိုပါတယ်။ "Facebook နဲ့ယှဉ်တွဲထားတဲ့ တစ်ခုခုကို မြင်တွေ့ရတာတောင် ကောင်းတဲ့ခံစားချက်ရပြီး စိတ်ထဲမှာရင်းနှီးကျွမ်းဝင်လာသလို ခံစားရပါတယ်" လို့လည်း ဆိုပါတယ်။
Facebook စွဲလမ်းခြင်းရောဂါ

ဦးနှောက်က Facebook ကြည့်တာနဲ့ စိတ်လှုပ်ရှားတက်ကြွမှုတစ်ခုခုကို ရရှိတော့မယ်လို့ အလိုလိုသိလာပြီး တခြား app တွေ ထက်စာရင် ဒီ Facebook ကိုပဲ ကြိမ်ဖန်များစွာ ဖွင့်သုံးမိနေပြီဆိုရင်တော့ ဒါဟာ Facebook စွဲလမ်းနေတဲ့ရောဂါလက္ခဏာပါပဲ။ ဒါပေမယ့် ဒါဟာအကုန်မဟုတ်သေးပါဘူး။ လေ့လာမှုရဲ့ဒုတိယအပိုင်းမှာဆိုရင် သုတေသီတွေဟာ Facebook ကို အရူးအမူး စွဲလမ်းသူတွေကို လေ့လာခဲ့ကြပါတယ်။ အံ့သြဖို့မလိုတဲ့အချက်ကတော့ Facebook ကို အရူးအမူးစွဲလမ်းသူတွေဟာ Facebook ပေါ်မှာအချိန်အများစုသုံးဖြုန်းနေသူတွေပါပဲ။

ဟုတ်ပြီ။ ဒါဆိုရင် ကျွန်တော်တို့တွေ Facebook ကို ဘာလို့အဲလောက်တောင် အချိန်ပေးခဲ့တာလဲ။ အဖြေကတော့ ပျင်းလို့ပါပဲ။ ကျွန်တော်တို့တွေ ပျင်းရိညည်းငွေ့တဲ့အခါ ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ရင် လုပ်စရာတစ်ခုခုရှိသလို ခံစားရပါတယ်။ နောက်ပြီး ဖုန်းဖွင့်လိုက်ပြီဆိုတာနဲ့ လက်ကို အလိုလို Facebook icon ကို နှိပ်မိတတ်တာဟာလည်း မသိစိတ်က Facebook ကို မှတ်သား ထားလိုက်လို့ပါ။

"ဒီလိုဖြစ်စေတဲ့ အတွင်းလှုံ့ဆောင်မှုကတော့ ပျင်းရိခြင်းပါပဲ။ အပြင်လှုံ့ဆော်မှုတွေကတော့ notification လို့ခေါ်တဲ့ အွန်လိုင်းလှုံ့ဆော်မှုတွေပါပဲ။ အင်တာနက်ဖွင့်ထားလိုက်ပြီဆိုတာနဲ့ ခင်ဗျားရဲ့ဖုန်းမျက်နှာပြင် ပေါ်ကို ခင်ဗျားသူငယ်ချင်းထဲက ဘယ်သူဘာလုပ်နေပြီဆိုတာကို ပြောပြမယ့် notification တွေ တက်လာပါလိမ့်မယ်။

အဲဒီလှုံ့ဆော်မှုတွေကို ခင်ဗျား ဘယ်လောက်ကြာကြာတောင့်ခံနိုင်မှာလဲ။ မကြာပါဘူး။ လက်ကို အလိုလို Facebook icon ကို နှိပ်မိပြီး ဖွင့်သုံးမိပါလိမ့်မယ်" လို့ "Hooked: How to Build Habit-Forming Products" ဆိုတဲ့စာအုပ်ကိုရေးသားသူ Nir Eyal က Business Insider ကို ပြောကြားပါတယ်။

ဒါပေမယ့် တဖြည်းဖြည်းနဲ့တော့ ကျွန်တော်တို့တွေဟာ ပျင်းရိမှုတို့၊ notification တို့ဆိုတဲ့ အကြောင်းပြချက်တွေကိုတောင် မလိုအပ်တော့ပါဘူး။ Status တစ်ခုခုတင်လိုက်တာပဲဖြစ်ဖြစ်၊ Message တစ်ခုခု ပို့လိုက်တာပဲဖြစ်ဖြစ်၊ သူများရဲ့ post အောက်မှာ comment သွားပေးလိုက်တာပဲဖြစ်ဖြစ် တုံ့ပြန်မှုတစ်ခုခုကတော့ ရရှိမှာပါ။ အဲဒီတုံ့ပြန်မှုတွေကပဲ ကျွန်တော်တို့ကို Facebook ဆီကို အာရုံပြန်စိုက်ဖို့ ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီလိုနဲ့အကျင့်တစ်ခုဖြစ်လာတဲ့အချိန်မှာ လှုံ့ဆော်မှုတွေရှိမနေချိန်မှာတောင် လက်က Facebook ကိုဖွင့်ပြီး လှုံ့ဆော်မှုတွေကို စောင့်မျှော်တတ်လာပါလိမ့်မယ်။ ဒါမှမဟုတ် လှုံ့ဆော်မှုတွေ ရရှိလာအောင် နည်းအမျိုးမျိုးနဲ့ ကြံဆလာပါလိမ့်မယ်။ (တချို့လူတွေ Facebook ပေါ်မှာ အဆဲခံရအောင် တမင်ရေးပြီး သူများတွေ ကိုယ့်ကိုဆဲလာရင်တောင် ပျော်နေတတ်တာမျိုးက Facebook စွဲလမ်းခြင်းရောဂါ ပြင်းထန်လာတဲ့သဘောမျိုးပါ။)
အကျင့်ဘယ်လိုဖျောက်မလဲ

အကျင့်ဆိုုတာ ဖျောက်ရခက်တယ်လို့ ဆိုသလိုပါပဲ။ Facebook စွဲလမ်းခြင်းဆိုတာလည်း ဖျောက်ရခက်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့တွေ လက်လျှော့အရှုံးပေးဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် မတော်တဆဆိုသလိုပဲ ပြန်သုံးမိသွားတတ်ပါတယ်။ (အလွန်ဆုံးလုပ်နိုင်တာက Facebook အကောင့်ဟောင်းတစ်ခုကိုဖျက်ပြီး အသစ်နောက်တစ်ခုနဲ့သုံးတာလောက်ပဲ လုပ်နိုင်မှာပါ။) အမှန်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် တစ်ခါတလေမှာ မိမိရဲ့ Facebook အကောင့်ကို deactivate လုပ်ထားတယ်ဆိုတာလည်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အထ တစ်မျိုးပါပဲ။

Source: Reader's Digest

Credit: Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top