iMyanmarHouse.com - Best Property Website for Myanmar
×

ျပည္တြင္းမွာ လူမႈကြန္ရက္စာမ်က္ႏွာကို အသုံးျပဳမႈတြင္က်ယ္လာတာနဲ႔အမွ် အႏုပညာရွင္ေတြကလည္း အရင္ကစာနယ္ဇင္းမီဒီယာေတြနဲ႔သာပရိသတ္ကိုထိေတြ႕ ဆက္ဆံရာကေန ၎တုိ႔ကိုယ္တုိင္အသုံးျပဳတဲ့ လူမႈကြန္ရက္စာမ်က္ႏွာေဖ့စ္ဘြတ္ခ္နဲ႔ အင္စတာဂရမ္တို႔ကိုသုံးၿပီး ပရိသတ္နဲ႔
တုိက္႐ုိက္ထိေတြ႕ဆက္ဆံလာၾကပါတယ္။ တခ်ဳိ႕က လူမႈကြန္ရက္အေကာင့္သုံးစဲြသလို တခ်ဳိ႕ကလည္း ေဖ့စ္ဘြတ္ခ္ေပ့ခ်္ေတြကေနတစ္ဆင့္ ၎တုိ႔ရဲ႕အႏုပညာလႈပ္ရွားမႈအျပင္ မိသားစုကိစၥေတြ၊ အားလပ္ရက္အပန္းေျဖခရီးထြက္ျခင္းမ်ဳိးလုိ ကိုယ္ေရးကိုယ္တာ အေၾကာင္းအရာေလးေတြကိုပါ ပရိသတ္ကိုမွ်ေ၀လာတာေတြ ရွိပါတယ္။  အဲဒီထဲကမွ ျပည္တြင္းလူမႈကြန္ရက္သုံးစဲြသူေတြအေနနဲ႔ လက္မလြတ္တမ္း Follow လုပ္ထားသင့္တဲ့ အႏုပညာရွင္မ်ားထဲမွခုနစ္ဦးကို တင္ျပလုိက္ပါတယ္။


စိုင္းစုိင္းခမ္းလႈိင္


စိုင္းစုိင္းခမ္းလႈိင္ကေတာ့ ၂၀၀၉ အေစာပုိင္းကာလက တည္းက ေဖ့စ္ဘြတ္ခ္အေကာင့္ ဖြင့္သုံးစဲြၿပီး သူ႔အေကာင့္ဟာ လက္ရွိ Follower တစ္သန္းနီးပါး (၉၇၃,၀၁၈ ဦး) ရွိေနၿပီး Sai Sai Kham Leng ေဖ့စ္ဘြတ္ခ္ေပ့ခ်္ ကေတာ့ Follower ခုနစ္သန္း ေက်ာ္နဲ႔ အေကာင့္နဲ႔ ေပ့ခ်္ႏွစ္ခု ေပါင္းဆုိ Follower ရွစ္သန္းနီးပါး ရွိေနတာပါ။ အဆိုေတာ္သ႐ုပ္ ေဆာင္လည္းျဖစ္ၿပီး သူတင္သမွ် ကဗ်ာလုိစာၫႊန္းမ်ားနဲ႔ စာစုအ မ်ားစုဟာ ဆယ္ေက်ာ္သက္ ေဖ့စ္ ဘြတ္ခ္သုံးစဲြသူအမ်ဳိးသား၊ အမ်ဳိးသမီးေတြၾကား ျပန္လည္ေ၀မွ်စရာျဖစ္ေနၿပီး ပို႔စ္တစ္ခုတင္လုိက္တာနဲ႔ မိနစ္ပုိင္းအတြင္းမွာ Likeand Share က ေထာင္နဲ႔ခ်ီရွိေနပါတယ္။ လက္ရွိစီးပြားေရးလုပ္ ငန္းျဖစ္တဲ့ Sai Cosmetic ထုတ္ကုန္ေတြကို တကၠသိုလ္က လွေသြးႂကြယ္ ဆယ္ေက်ာ္သက္အမ်ဳိးသမီးငယ္ေတြနဲ႔ ေၾကာ္ျငာ႐ုိက္ကူးခဲ့ၿပီး အ လွဆုံးဓာတ္ပုံျပန္ေရြးဖို႔ သူ႔အေကာင့္ကတင္ခဲ့တဲ့အတြက္ စီး ပြားေရးကိုလည္း အႏုပညာဆန္ ဆန္တဲြဖက္ ျပဳလုပ္တတ္သူျဖစ္ပါ တယ္။ သူဖန္တီးတဲ့ သီခ်င္း၊ သူ ပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ ေတြနဲ႔ပတ္သက္လုိ႔လည္း ပရိ သတ္ေတြကိုယ္တုိင္ ပါ၀င္ေ၀ဖန္ အႀကံျပဳႏုိင္မယ့္ အစီအစဥ္ေတြ ကို သူ႔ေဖ့စ္ဘြတ္ခ္အေကာင့္မွာ အခါအားေလ်ာ္စြာ  တုိက္႐ုိက္ထိ ေတြ႕အသိေပးတဲ့အတြက္လည္း စိုင္းစိုင္းခမ္းလႈိင္အေကာင့္ဟာ မလြတ္တမ္း Follow လုပ္ထား သင့္တဲ့ အေကာင့္တစ္ခုပါပဲ။ အ ထူးသျဖင့္ကေတာ့ သူနဲ႔ပတ္သက္ လုိ႔ ေ၀ဖန္ေျပာဆိုမႈေတြကို အ ေကာင့္မွာလာေရးလည္းကြန္မန္႔ ေတြကို ဖ်က္မပစ္တဲ့အျပင္ တစ္ ခါတေလ အျပဳသေဘာေဆာင္ တဲ့ အေကာင္းဘက္က တုံ႔ျပန္ မွတ္ခ်က္ေတြကို Reply ျပန္လုပ္ တတ္လို႔ သူ႔အေကာင့္ဟာ အၿမဲ လူစည္ကားေနတတ္ပါတယ္။

သက္မြန္ျမင့္

လက္ရွိ သားတစ္ေယာက္၊ သမီးတစ္ေယာက္နဲ႔ ေပ်ာ္စရာ ေကာင္းတဲ့ မိသားစုဘ၀ကို ပုိင္ ဆုိင္ထားတဲ့ သက္မြန္ျမင့္ကေတာ့ ေဖ့စ္ဘြတ္ခ္အေကာင့္ရွိေပမယ့္ လူရင္းေတြေလာက္နဲ႔သာ Friend နည္းနည္းထားၿပီး သုံးစဲြတတ္ပါ တယ္။ ဒါေပမဲ့ Thet Mon Myint ေဖ့စ္ဘြတ္ခ္ေပ့ခ်္မွာေတာ့ သူ႔မိ သားစုနဲ႔ သူ႔ရဲ႕အႏုပညာလႈပ္ရွား မႈေတြ၊ ဓာတ္ပုံေတြ သူ႔ရဲ႕ခံစား ခ်က္ေတြကို မွ်ေ၀ေလ့ရွိၿပီး အဲဒီ ေပ့ခ်္မွာ Like ျပဳလုပ္သူ ႏွစ္သန္း ေက်ာ္ရွိေနပါတယ္။ လက္ရွိမွာ အႏုပညာအလုပ္ေတြကို ကေလး တစ္ဖက္နဲ႔မို႔ အရင္ေလာက္ျပင္း ျပင္းထန္ထန္ မလုပ္ေပမယ့္ မိ သားစုအလုပ္ေရာ အႏုပညာအ လုပ္ကိုပါ ႏွစ္ဖက္စလုံးျပည့္စုံ ေအာင္ ျဖတ္သန္းေနတဲ့သူလည္း ျဖစ္ပါတယ္။ ေပ့ခ်္မွာ အႏုပညာ လႈပ္ရွားမႈမ်ား၊ မိသားစုဓာတ္ပုံ မ်ား၊ ခရီးသြားအမွတ္တရ ေရး သားတင္ထားသည့္ ပို႔စ္မ်ား၊ မိ သားစုႏွင့္ပတ္သက္သည့္ ခ်စ္စ ရာစကားစုမ်ား၊အလုပ္ႏွင့္ပတ္သက္သည့္  မွတ္မွတ္ရရ ျဖစ္ရပ္မ်ားကို ပရိသတ္မ်ားအား တင္ေလ့ရွိၿပီး လက္ရွိမွာ သူ၀ါသနာပါတဲ့ ဖက္ရွင္ဒီဇုိင္းဖန္တီးမႈနဲ႔ပတ္သက္လို႔ သင္ယူေနတဲ့ မင္းသမီးရဲ႕ လႈပ္ရွားမႈမ်ားကိုလည္း  သူ႔အေကာင့္မွာတင္ထား တာ ေတြ႕မွာျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ သူ႔ရဲ႕မိသားစုပုံေတြ၊ အထူးသျဖင့္ သူ႔ရဲ႕ ကေလးငယ္ေတြနဲ႔ အတူ တဲြ႐ုိက္ထားတဲ့ပုံေတြနဲ႔ မိ သားစုဘ၀ခံစားခ်က္စာစုေလး ေတြပါတဲ့ ပို႔စ္ေတြကို ပိုအားေပး ၿပီး အဲဒီလို ပို႔စ္တစ္ခုတင္လုိက္ တာနဲ႔ Like က တစ္သိန္းနီးနီး ရွိ ေနပါတယ္။ အလုပ္တစ္ဖက္၊ မိသားစုတစ္ဖက္၊ ၀ါသနာတစ္ ဖက္နဲ႔ ဘ၀ကိုဟန္ခ်က္ညီညီ ေလွ်ာက္လွမ္းေနတဲ့ Working Mother တစ္ဦးမို႔ မလြတ္တမ္း Follow လုပ္ထားသင့္တဲ့ ေက်ာ္ ၾကားသူတစ္ဦးပါပဲ။

ေဖြးေဖြး

ပိန္ပိန္ပါးပါးမွ လွတယ္ထင္ တဲ့ ယေန႔ေခတ္မွာ တစ္မူထူးျခား တဲ့ ခႏၶာကုိယ္အခ်ဳိးအစားေလးနဲ႔ ပရိသတ္ေတြကို ဆဲြေဆာင္ထား ႏုိင္တာကေတာ့ အကယ္ဒမီႏွစ္ဆု ရွင္ မင္းသမီးေဖြးေဖြးပါပဲ။ အမ်ဳိး သား၊ အမ်ဳိးသမီးပရိသတ္မွ်မွ် တတ ရရွိထားတဲ့ ေဖြးေဖြးဟာ ဖက္ရွင္ပိုင္းနဲ႔ပတ္သက္ရင္လည္း လက္ရွိေခတ္စားေနတာထက္ သူ႔ စိတ္ခံစားမႈနဲ႔ ထပ္တူက်တဲ့ ဖက္ ရွင္ကိုသာ ဦးစားေပး၀တ္ဆင္တတ္ သူ ျဖစ္ပါတယ္။ သူ႔ရဲ႕ျပည့္လာ ခႏၶာကုိယ္ကုိ တခ်ဳိ႕ကကိတ္တယ္ လို႔ တင္စားၾကတဲ့အေပၚမွာလည္း ထူးထူးျခားျခား ခံစားခ်က္မရွိဘဲ ၀ိတ္ခ်မယ္ဆိုၿပီးေတာ့လည္း သည္းေျခႀကိဳက္စကားမ်ဳိးနဲ႔ ပရိ သတ္ကိုဆဲြေဆာင္ေလ့ မရွိသူပါ။ ဒါ့အျပင္ ကိတ္တယ္ဆိုတဲ့မွတ္ ခ်က္ကိုလည္း သူ႔နာမည္ရင္း ေရႊ ရည္ကိုဦးကေန ေရွ႕ဆုံးစာလုံး ေတြကိုယူၿပီး ထုတ္လုပ္မယ့္ Syko (Be Yourself) အမွတ္တံဆိပ္နဲ႔ အက်ႌေတြမွာ အကိတ္ဆုိက္တစ္ မ်ဳိး ထည့္သြင္းထုတ္လုပ္ဦးမွာျဖစ္ ပါတယ္။ ဒါ့အျပင္ သူ႔အမာခံပရိ သတ္ေတြအတြက္လည္း အမွတ္ တရအက်ႌေတြထုတ္ဖုိ႔ စီစဥ္ေနတဲ့ ေဖြးေဖြးဟာ ေဖ့စ္ဘြတ္ခ္စာမ်က္ ႏွာမွာ ၎ရဲ႕ အႏုပညာလႈပ္ရွား မႈကိုလည္း အဓိကတင္ၿပီး သူႏွစ္ ၿခိဳက္သေဘာက်တဲ့ တျခားပို႔စ္ ေတြကိုလည္း Share တတ္ပါ ေသးတယ္။ ဒါ့အျပင္ အေၾကာင္း အရာတစ္ခုနဲ႔ ပတ္သက္လုိ႔ သူသေဘာက်ရင္က်သလို၊ လက္မခံဘူးဆုိရင္လည္း လက္မခံႏုိင္တဲ့အေၾကာင္းေတြကို စာေရးသား တင္ေလ့ရွိတဲ့အတြက္   Phway Phway ေပ့ခ်္ကိုလည္း မလြတ္ တမ္း Follow လုပ္ထားသင့္ပါ တယ္။

ေအးေသာင္း

ေအးေသာင္းဆုိသည့္ ေဖ့စ္ ဘြတ္ခ္နာမည္နဲ႔ သ႐ုပ္ေဆာင္ ေအး၀တ္ရည္ေသာင္းမွာ လူမႈ ကြန္ရက္ေပၚမွာ ေန႔ခ်င္း ညခ်င္း ဆုိသလို ေရပန္းစားလာသူျဖစ္ၿပီး သူ႔အေၾကာင္းကလည္း လက္ရွိမီ ဒီယာအမ်ားစုမွာ ေနရာယူထား ပါတယ္။ သူ၏ေဖ့စ္ဘြတ္ခ္အ ေကာင့္ျဖစ္တဲ့ Aye Thaung မွာ Follower  ရွစ္သိန္းခဲြေက်ာ္ရွိေန ပါၿပီ။ စိုင္းစုိင္းခမ္းလႈိင္နီးပါး Follow မ်ားသူလည္း ျဖစ္ပါတယ္။ ေအး၀တ္ရည္ေသာင္းကို Follower ေတြ ခ်စ္ခင္ႏွစ္သက္ၾက တဲ့အထဲမွာ သူတင္တဲ့ ပိ႔ုစ္ေတြကို မွတ္ခ်က္ျပဳေရးသားသူ အမ်ား စုကို ျပန္လည္ေျဖၾကား Reply လုပ္တာလည္း ပါ၀င္ပါတယ္။ ဒါ့အျပင္ ယေန႔ေခတ္ အဆန္းတ ၾကယ္ဖက္ရွင္ေတြၾကားမွာ သူ႔ရဲ႕ျမန္မာဆန္ဆန္ ၀တ္စားဆင္ယင္ မႈနဲ႔ ခံစားခ်က္စာစုပို႔စ္ေတြတင္ တာေၾကာင့္လည္း အမ်ဳိးသား ပရိသတ္ေတြသာမက အမ်ဳိးသမီး ပရိသတ္အခိုင္အမာ ရရွိသူလည္း ျဖစ္ပါတယ္။ ပို႔စ္တစ္ခု၊ ဓာတ္ပုံ တစ္ပုံကို သူတင္လုိက္ရင္ Like လုပ္သူမွာ အနည္းဆုံးေလးေသာင္း ေက်ာ္ကေန တစ္သိန္းေက်ာ္အ ထိရွိၿပီး ျပန္လည္ေ၀မွ်သူငါး ေထာင္ေက်ာ္ ပုံမွန္လိုလို ရွိေန တတ္တာပါ။   ဆုိရွယ္မီဒီယာ ကေန တစ္ေက်ာ့ျပန္ေအာင္ျမင္မႈ ယူႏုိင္တဲ့သူျဖစ္လို႔ သူ႔အေကာင့္ကလည္း Follow လုပ္ထားသင့္ပါ တယ္။

ခ်စ္သုေ၀

ထရီဇာလုိ႔ လူသိမ်ားတဲ့ သ႐ုပ္ေဆာင္၊ အဆုိေတာ္ ခ်စ္သု ေ၀ဟာ လတ္တေလာမွာ ခ်စ္စ ဖြယ္အႁမႊာသမီးငယ္ႏွစ္ဦးရဲ႕ လႈပ္ ရွားမႈပုံရိပ္ေတြေၾကာင့္ လူမႈကြန္ ရက္စာမ်က္ႏွာမွာ ပရိသတ္အ ခ်စ္မ်ားစြာကို ရရွိေနပါတယ္။ အႁမႊာပူးေလးႏွစ္ဦးရဲ႕ အလွဓာတ္ ပုံမ်ား၊ ဗီဒီယုိမ်ားကို လူမႈကြန္ ရက္ေပၚက ပရိသတ္မ်ားထံအၿမဲ တေစ မွ်ေ၀ေပးေလ့ရွိၿပီး ဗီဒီယုိ တစ္ခုတင္တုိင္း ၀င္ေရာက္ၾကည့္ ႐ႈသူ သုံးသိန္းေက်ာ္၊ Like လုပ္သူ တစ္သိန္းနီးပါးနဲ႔ ျပန္လည္ေ၀မွ် သူ ငါးေထာင္နီးပါးရွိေနတာပါ။ အႁမႊာသမီးေလးႏွစ္ဦးအျပင္ ခင္ ပြန္းသည္အဆုိေတာ္ လင္းလင္း နဲ႔ ခ်စ္သုေ၀အေပၚခ်စ္ခင္ဂ႐ုစိုက္ မႈမ်ားေၾကာင့္ ပရိသတ္အမ်ားစု သေဘာက်ႏွစ္ၿခိဳက္ၿပီး ၎တို႔၏ မိသားစုဘ၀ကုိ စံျပမိသားစုအ ျဖစ္ ခ်စ္ခင္ႏွစ္သက္စြာေျပာၾကား မႈမ်ားလည္း ရွိေနပါတယ္။ သူအ သုံးျပဳေနတဲ့ Chit Thu Wai ေဖ့စ္ ဘြတ္ခ္အေကာင့္ဟာ Follower  ခုနစ္သိန္းခဲြေက်ာ္ရွိေနၿပီး Chit Thu Wai Family အမည္နဲ႔ ေဖ့စ္ ဘြတ္ခ္ေပ့ခ်္ကေတာ့ Like ျပဳလုပ္သူငါးသိန္းေက်ာ္နဲ႔ ႏွစ္ခုေပါင္းတစ္သန္းႏွစ္သိန္းေက်ာ္ ရွိ ေနပါတယ္။

လုလုေအာင္

‘‘ကြၽန္မဓာတ္ပုံေတြစတင္ ရာကေန ပရိသတ္ေတြသတိထား မိလာတယ္။ မွတ္မွတ္ရရ ေရွ႕ႏွစ္ ၂၀၁၆ ၾသဂုတ္ကစၿပီး လူပိုသိ လာတယ္။ ကိုယ့္ကိုႀကိဳက္တဲ့အ ဖဲြ႕၊ မႀကိဳက္တဲ့အဖဲြ႕ေတြ Troll က်ရင္းနဲ႔ လူပုိသိလာတာပါ။ တစ္ ေန႔ကို Followed တဲ့သူ ဘယ္ ေလာက္တက္လဲဆုိတာေတာ့ သတိမထားမိဘူး။ ဒါေပမဲ့ တက္ ေတာ့တက္တယ္။ ေပ့ခ်္မွာ ကိုယ့္ လႈပ္ရွားမႈရွိတဲ့အခ်ိန္တုိင္း တင္ ျဖစ္တယ္။ အြန္လုိင္းကို တစ္ရက္ မွာ သုံးခါေလာက္ ပို႔စ္တက္ျဖစ္ တယ္’’လို႔ ဆုိလာသူက Single Mother အျဖစ္ ရပ္တည္ေနသူ ေမာ္ဒယ္လုလုေအာင္ပဲ ျဖစ္ပါ တယ္။ ေမာ္ဒယ္လုလုေအာင္မွာ Single Mother အျဖစ္ ရပ္တည္ ရင္း ၎၏အလွဓာတ္ပုံမ်ားတင္ ရာကေန ေယာက်္ားေလးပရိသတ္ အခုိင္အမာရရွိထားသူ ျဖစ္ပါတယ္။ တစ္ကိုယ္တည္းရပ္တည္ ရတဲ့ ကေလးမိခင္ေတြဆုိရင္ လက္ခံဖို႔ခဲယဥ္းေနဆဲ ျမန္မာ့လူမႈအ သိုင္းအ၀ိုင္းထဲကို သတၱိရွိရွိ ရပ္တည္ရင္ဆုိင္ခဲ့တဲ့ လုလုေအာင္ေၾကာင့္ Single Mother ေတြအေပၚထားတဲ့ အျမင္ေတြကို ေျပာင္း

လဲေအာင္ လုပ္ႏုိင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႕ရဲ႕လွပတဲ့ ခႏၶာကုိယ္ေကာက္ေၾကာင္း အသားေပးဓာတ္ပုံေတြကလည္း Follower မ်ားရတဲ့ အေၾကာင္း တစ္ရပ္ပါပဲ။ လက္ရွိမွာသူ႔ရဲ႕ Lulu Aung ေဖ့စ္ဘြတ္ခ္ေပ့ခ်္က Like ျပဳလုပ္သူေလးသိန္းေက်ာ္ရွိ ေနၿပီး သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈ ေတြ၊ ပရဟိတအက်ဳိးေဆာင္လုပ္ ငန္းေတြအတြက္လည္း ဒီေပ့ခ်္ကို သုံးစဲြတဲ့အတြက္ လုလုေအာင္ကို ၀န္းရံခ်င္သူမ်ားအတြက္ မျဖစ္မ ေန Like ျပဳလုပ္ထားသင့္ပါတယ္။

စႏၵီခ်ဳိ(ႏုိင္းႏုိင္း၏ဇနီး)

လက္ရွိ နာမည္ေက်ာ္အိမ္ ေထာင္သည္မင္းသားေတြထဲမွာ ကေလးအမ်ားဆုံး ေမြးဖြားထား သူလို႔ ဆုိရမယ့္ သ႐ုပ္ေဆာင္ ႏုိင္း ႏုိင္းနဲ႔  စႏၵီခ်ဳိတို႔ရဲ႕ မိသားစုဓာတ္ ပုံေတြကေတာ့ ယေန႔ေခတ္သား သမီးအမ်ားႀကီး မယူႏုိင္ေသးတဲ့ အိမ္ေထာင္သည္ပရိသတ္ေတြအ ပါအ၀င္ ပရိသတ္ေတြရဲ႕ စံျပဳ အားက်ရတဲ့ နာမည္ေက်ာ္စုံတဲြ တစ္တြဲ ျဖစ္ပါတယ္။ အိမ္ေထာင္ သက္ကိုးႏွစ္အတြက္ သားတစ္ ေယာက္၊ သမီး သုံးေယာက္နဲ႔ ခ်စ္စရာေကာင္းသည့္ မိသားစုဘ၀ ေလးကို ပို္င္ဆိုင္ထားတဲ့အျပင္ Long Distance (ေ၀းရပ္ေျမျခား မွာ ခဲြခြာေနထုိင္ရ) အေနအထား နဲ႔ ႏုိင္းႏုိင္းရဲ႕ အႏုပညာအလုပ္ ေတြရွိရာ ရန္ကုန္နဲ႔ဇနီးနဲ႔ သားသမီးေတြရွိရာ နယူးေယာက္ကို အလည္သေဘာျဖင့္သာ သြားလုိက္ျပန္လုိက္ျဖင့္ မိသားစုေျခာက္ဦး ဘ၀ေလးကို ႐ုိးရွင္းစြာ ျဖတ္သန္း ေနၾကတာလည္း ျဖစ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ေ၀းေနေပမယ့္ မိသားစုေျခာက္ ေယာက္စုံတုိင္း အားက်ေလာက္ တဲ့ ခ်စ္ခင္ဖြယ္မိသားစုဓာတ္ပုံေတြ နဲ႔ ဇနီးေမာင္ႏွံႏွစ္ဦး ခ်စ္ၾကည္ႏူး တဲ့ အလွဓာတ္ပုံေတြကို မွ်ေ၀ေပးတဲ့အျပင္ သ႐ုပ္ေဆာင္ႏုိင္းႏုိင္းရဲ႕ အႏုပညာလႈပ္ရွားမႈမ်ားကိုလည္း ဇနီးျဖစ္သူ စႏၵီခ်ဳိက ၎အသုံးျပဳတဲ့အေကာင့္မွာ တင္ေပးေလ့ ရွိပါတယ္။ ဒါ့အျပင္ ခင္ပြန္းသည္နဲ႔ပတ္သက္လုိ႔ျဖစ္ေစ၊ သားသမီးေတြနဲ႔ပတ္သက္လုိ႔ျဖစ္ေစ တင္တဲ့ပို႔စ္ေတြေအာက္မွာ လာေရာက္မွတ္ခ်က္ေရးသူမ်ားကိုလည္း စႏၵီခ်ဳိက အေလးအနက္ထား တုံ႔ျပန္ေလ့ ရွိပါတယ္။ ခင္ပြန္းသည္အနားမွာ အၿမဲမရွိေနႏုိင္ေပ မယ့္ သားသမီးေလးေယာက္ကို ေကာင္းမြန္စြာ လူလားေျမာက္ ေအာင္ ျပဳစုပ်ဳိးေထာင္ႏုိင္ၿပီး ခင္ပြန္းသည္အတြက္လည္း အေထာက္အကူျပဳႏုိင္တဲ့ ႏုိင္းႏုိင္းရဲ႕ဇနီး စႏၵီခ်ဳိ(ေဖ့စ္ဘြတ္ခ္အ ေကာင့္ စႏၵီခ်ဳိ)ကလည္း လက္ရွိမွာ Follower  ႏွစ္သိန္းေက်ာ္ ရွိေနတဲ့အေကာင့္တစ္ခု   ျဖစ္ေန ပါတယ္။   ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : 7Day Daily

#Unicode Version#
ပြည်တွင်းမှာ လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုမှုတွင်ကျယ်လာတာနဲ့အမျှ အနုပညာရှင်တွေကလည်း အရင်ကစာနယ်ဇင်းမီဒီယာတွေနဲ့သာပရိသတ်ကိုထိတွေ့ ဆက်ဆံရာကနေ ၎င်းတို့ကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်စာမျက်နှာဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ကိုသုံးပြီး ပရိသတ်နဲ့

တိုက်ရိုက်ထိတွေ့ဆက်ဆံလာကြပါတယ်။ တချို့က လူမှုကွန်ရက်အကောင့်သုံးစွဲသလို တချို့ကလည်း ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကနေတစ်ဆင့် ၎င်းတို့ရဲ့အနုပညာလှုပ်ရှားမှုအပြင် မိသားစုကိစ္စတွေ၊ အားလပ်ရက်အပန်းဖြေခရီးထွက်ခြင်းမျိုးလို ကိုယ်ရေးကိုယ်တာ အကြောင်းအရာလေးတွေကိုပါ ပရိသတ်ကိုမျှဝေလာတာတွေ ရှိပါတယ်။  အဲဒီထဲကမှ ပြည်တွင်းလူမှုကွန်ရက်သုံးစွဲသူတွေအနေနဲ့ လက်မလွတ်တမ်း Follow လုပ်ထားသင့်တဲ့ အနုပညာရှင်များထဲမှခုနစ်ဦးကို တင်ပြလိုက်ပါတယ်။


စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်ကတော့ ၂၀၀၉ အစောပိုင်းကာလက တည်းက ဖေ့စ်ဘွတ်ခ်အကောင့် ဖွင့်သုံးစွဲပြီး သူ့အကောင့်ဟာ လက်ရှိ Follower တစ်သန်းနီးပါး (၉၇၃,၀၁၈ ဦး) ရှိနေပြီး Sai Sai Kham Leng ဖေ့စ်ဘွတ်ခ်ပေ့ချ် ကတော့ Follower ခုနစ်သန်း ကျော်နဲ့ အကောင့်နဲ့ ပေ့ချ်နှစ်ခု ပေါင်းဆို Follower ရှစ်သန်းနီးပါး ရှိနေတာပါ။ အဆိုတော်သရုပ် ဆောင်လည်းဖြစ်ပြီး သူတင်သမျှ ကဗျာလိုစာညွှန်းများနဲ့ စာစုအ များစုဟာ ဆယ်ကျော်သက် ဖေ့စ် ဘွတ်ခ်သုံးစွဲသူအမျိုးသား၊ အမျိုးသမီးတွေကြား ပြန်လည်ဝေမျှစရာဖြစ်နေပြီး ပို့စ်တစ်ခုတင်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ Likeand Share က ထောင်နဲ့ချီရှိနေပါတယ်။ လက်ရှိစီးပွားရေးလုပ် ငန်းဖြစ်တဲ့ Sai Cosmetic ထုတ်ကုန်တွေကို တက္ကသိုလ်က လှသွေးကြွယ် ဆယ်ကျော်သက်အမျိုးသမီးငယ်တွေနဲ့ ကြော်ငြာရိုက်ကူးခဲ့ပြီး အ လှဆုံးဓာတ်ပုံပြန်ရွေးဖို့ သူ့အကောင့်ကတင်ခဲ့တဲ့အတွက် စီး ပွားရေးကိုလည်း အနုပညာဆန် ဆန်တွဲဖက် ပြုလုပ်တတ်သူဖြစ်ပါ တယ်။ သူဖန်တီးတဲ့ သီချင်း၊ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် တွေနဲ့ပတ်သက်လို့လည်း ပရိ သတ်တွေကိုယ်တိုင် ပါဝင်ဝေဖန် အကြံပြုနိုင်မယ့် အစီအစဉ်တွေ ကို သူ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ အခါအားလျော်စွာ  တိုက်ရိုက်ထိ တွေ့အသိပေးတဲ့အတွက်လည်း စိုင်းစိုင်းခမ်းလှိုင်အကောင့်ဟာ မလွတ်တမ်း Follow လုပ်ထား သင့်တဲ့ အကောင့်တစ်ခုပါပဲ။ အ ထူးသဖြင့်ကတော့ သူနဲ့ပတ်သက် လို့ ဝေဖန်ပြောဆိုမှုတွေကို အ ကောင့်မှာလာရေးလည်းကွန်မန့် တွေကို ဖျက်မပစ်တဲ့အပြင် တစ် ခါတလေ အပြုသဘောဆောင် တဲ့ အကောင်းဘက်က တုံ့ပြန် မှတ်ချက်တွေကို Reply ပြန်လုပ် တတ်လို့ သူ့အကောင့်ဟာ အမြဲ လူစည်ကားနေတတ်ပါတယ်။

သက်မွန်မြင့်

လက်ရှိ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်စရာ ကောင်းတဲ့ မိသားစုဘဝကို ပိုင် ဆိုင်ထားတဲ့ သက်မွန်မြင့်ကတော့ ဖေ့စ်ဘွတ်ခ်အကောင့်ရှိပေမယ့် လူရင်းတွေလောက်နဲ့သာ Friend နည်းနည်းထားပြီး သုံးစွဲတတ်ပါ တယ်။ ဒါပေမဲ့ Thet Mon Myint ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာတော့ သူ့မိ သားစုနဲ့ သူ့ရဲ့အနုပညာလှုပ်ရှား မှုတွေ၊ ဓာတ်ပုံတွေ သူ့ရဲ့ခံစား ချက်တွေကို မျှဝေလေ့ရှိပြီး အဲဒီ ပေ့ချ်မှာ Like ပြုလုပ်သူ နှစ်သန်း ကျော်ရှိနေပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေကို ကလေး တစ်ဖက်နဲ့မို့ အရင်လောက်ပြင်း ပြင်းထန်ထန် မလုပ်ပေမယ့် မိ သားစုအလုပ်ရော အနုပညာအ လုပ်ကိုပါ နှစ်ဖက်စလုံးပြည့်စုံ အောင် ဖြတ်သန်းနေတဲ့သူလည်း ဖြစ်ပါတယ်။ ပေ့ချ်မှာ အနုပညာ လှုပ်ရှားမှုများ၊ မိသားစုဓာတ်ပုံ များ၊ ခရီးသွားအမှတ်တရ ရေး သားတင်ထားသည့် ပို့စ်များ၊ မိ သားစုနှင့်ပတ်သက်သည့် ချစ်စ ရာစကားစုများ၊အလုပ်နှင့်ပတ်သက်သည့်  မှတ်မှတ်ရရ ဖြစ်ရပ်များကို ပရိသတ်များအား တင်လေ့ရှိပြီး လက်ရှိမှာ သူဝါသနာပါတဲ့ ဖက်ရှင်ဒီဇိုင်းဖန်တီးမှုနဲ့ပတ်သက်လို့ သင်ယူနေတဲ့ မင်းသမီးရဲ့ လှုပ်ရှားမှုများကိုလည်း  သူ့အကောင့်မှာတင်ထား တာ တွေ့မှာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူ့ရဲ့မိသားစုပုံတွေ၊ အထူးသဖြင့် သူ့ရဲ့ ကလေးငယ်တွေနဲ့ အတူ တွဲရိုက်ထားတဲ့ပုံတွေနဲ့ မိ သားစုဘဝခံစားချက်စာစုလေး တွေပါတဲ့ ပို့စ်တွေကို ပိုအားပေး ပြီး အဲဒီလို ပို့စ်တစ်ခုတင်လိုက် တာနဲ့ Like က တစ်သိန်းနီးနီး ရှိ နေပါတယ်။ အလုပ်တစ်ဖက်၊ မိသားစုတစ်ဖက်၊ ဝါသနာတစ် ဖက်နဲ့ ဘဝကိုဟန်ချက်ညီညီ လျှောက်လှမ်းနေတဲ့ Working Mother တစ်ဦးမို့ မလွတ်တမ်း Follow လုပ်ထားသင့်တဲ့ ကျော် ကြားသူတစ်ဦးပါပဲ။

ဖွေးဖွေး

ပိန်ပိန်ပါးပါးမှ လှတယ်ထင် တဲ့ ယနေ့ခေတ်မှာ တစ်မူထူးခြား တဲ့ ခန္ဓာကိုယ်အချိုးအစားလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထား နိုင်တာကတော့ အကယ်ဒမီနှစ်ဆု ရှင် မင်းသမီးဖွေးဖွေးပါပဲ။ အမျိုး သား၊ အမျိုးသမီးပရိသတ်မျှမျှ တတ ရရှိထားတဲ့ ဖွေးဖွေးဟာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ရင်လည်း လက်ရှိခေတ်စားနေတာထက် သူ့ စိတ်ခံစားမှုနဲ့ ထပ်တူကျတဲ့ ဖက် ရှင်ကိုသာ ဦးစားပေးဝတ်ဆင်တတ် သူ ဖြစ်ပါတယ်။ သူ့ရဲ့ပြည့်လာ ခန္ဓာကိုယ်ကို တချို့ကကိတ်တယ် လို့ တင်စားကြတဲ့အပေါ်မှာလည်း ထူးထူးခြားခြား ခံစားချက်မရှိဘဲ ဝိတ်ချမယ်ဆိုပြီးတော့လည်း သည်းခြေကြိုက်စကားမျိုးနဲ့ ပရိ သတ်ကိုဆွဲဆောင်လေ့ မရှိသူပါ။ ဒါ့အပြင် ကိတ်တယ်ဆိုတဲ့မှတ် ချက်ကိုလည်း သူ့နာမည်ရင်း ရွှေ ရည်ကိုဦးကနေ ရှေ့ဆုံးစာလုံး တွေကိုယူပြီး ထုတ်လုပ်မယ့် Syko (Be Yourself) အမှတ်တံဆိပ်နဲ့ အကျႌတွေမှာ အကိတ်ဆိုက်တစ် မျိုး ထည့်သွင်းထုတ်လုပ်ဦးမှာဖြစ် ပါတယ်။ ဒါ့အပြင် သူ့အမာခံပရိ သတ်တွေအတွက်လည်း အမှတ် တရအကျႌတွေထုတ်ဖို့ စီစဉ်နေတဲ့ ဖွေးဖွေးဟာ ဖေ့စ်ဘွတ်ခ်စာမျက် နှာမှာ ၎င်းရဲ့ အနုပညာလှုပ်ရှား မှုကိုလည်း အဓိကတင်ပြီး သူနှစ် ခြိုက်သဘောကျတဲ့ တခြားပို့စ် တွေကိုလည်း Share တတ်ပါ သေးတယ်။ ဒါ့အပြင် အကြောင်း အရာတစ်ခုနဲ့ ပတ်သက်လို့ သူသဘောကျရင်ကျသလို၊ လက်မခံဘူးဆိုရင်လည်း လက်မခံနိုင်တဲ့အကြောင်းတွေကို စာရေးသား တင်လေ့ရှိတဲ့အတွက်   Phway Phway ပေ့ချ်ကိုလည်း မလွတ် တမ်း Follow လုပ်ထားသင့်ပါ တယ်။

အေးသောင်း

အေးသောင်းဆိုသည့် ဖေ့စ် ဘွတ်ခ်နာမည်နဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းမှာ လူမှု ကွန်ရက်ပေါ်မှာ နေ့ချင်း ညချင်း ဆိုသလို ရေပန်းစားလာသူဖြစ်ပြီး သူ့အကြောင်းကလည်း လက်ရှိမီ ဒီယာအများစုမှာ နေရာယူထား ပါတယ်။ သူ၏ဖေ့စ်ဘွတ်ခ်အ ကောင့်ဖြစ်တဲ့ Aye Thaung မှာ Follower  ရှစ်သိန်းခွဲကျော်ရှိနေ ပါပြီ။ စိုင်းစိုင်းခမ်းလှိုင်နီးပါး Follow များသူလည်း ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းကို Follower တွေ ချစ်ခင်နှစ်သက်ကြ တဲ့အထဲမှာ သူတင်တဲ့ ပိ့ုစ်တွေကို မှတ်ချက်ပြုရေးသားသူ အများ စုကို ပြန်လည်ဖြေကြား Reply လုပ်တာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ယနေ့ခေတ် အဆန်းတ ကြယ်ဖက်ရှင်တွေကြားမှာ သူ့ရဲ့မြန်မာဆန်ဆန် ဝတ်စားဆင်ယင် မှုနဲ့ ခံစားချက်စာစုပို့စ်တွေတင် တာကြောင့်လည်း အမျိုးသား ပရိသတ်တွေသာမက အမျိုးသမီး ပရိသတ်အခိုင်အမာ ရရှိသူလည်း ဖြစ်ပါတယ်။ ပို့စ်တစ်ခု၊ ဓာတ်ပုံ တစ်ပုံကို သူတင်လိုက်ရင် Like လုပ်သူမှာ အနည်းဆုံးလေးသောင်း ကျော်ကနေ တစ်သိန်းကျော်အ ထိရှိပြီး ပြန်လည်ဝေမျှသူငါး ထောင်ကျော် ပုံမှန်လိုလို ရှိနေ တတ်တာပါ။   ဆိုရှယ်မီဒီယာ ကနေ တစ်ကျော့ပြန်အောင်မြင်မှု ယူနိုင်တဲ့သူဖြစ်လို့ သူ့အကောင့်ကလည်း Follow လုပ်ထားသင့်ပါ တယ်။

ချစ်သုဝေ

ထရီဇာလို့ လူသိများတဲ့ သရုပ်ဆောင်၊ အဆိုတော် ချစ်သု ဝေဟာ လတ်တလောမှာ ချစ်စ ဖွယ်အမြွှာသမီးငယ်နှစ်ဦးရဲ့ လှုပ် ရှားမှုပုံရိပ်တွေကြောင့် လူမှုကွန် ရက်စာမျက်နှာမှာ ပရိသတ်အ ချစ်များစွာကို ရရှိနေပါတယ်။ အမြွှာပူးလေးနှစ်ဦးရဲ့ အလှဓာတ် ပုံများ၊ ဗီဒီယိုများကို လူမှုကွန် ရက်ပေါ်က ပရိသတ်များထံအမြဲ တစေ မျှဝေပေးလေ့ရှိပြီး ဗီဒီယို တစ်ခုတင်တိုင်း ဝင်ရောက်ကြည့် ရှုသူ သုံးသိန်းကျော်၊ Like လုပ်သူ တစ်သိန်းနီးပါးနဲ့ ပြန်လည်ဝေမျှ သူ ငါးထောင်နီးပါးရှိနေတာပါ။ အမြွှာသမီးလေးနှစ်ဦးအပြင် ခင် ပွန်းသည်အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေအပေါ်ချစ်ခင်ဂရုစိုက် မှုများကြောင့် ပရိသတ်အများစု သဘောကျနှစ်ခြိုက်ပြီး ၎င်းတို့၏ မိသားစုဘဝကို စံပြမိသားစုအ ဖြစ် ချစ်ခင်နှစ်သက်စွာပြောကြား မှုများလည်း ရှိနေပါတယ်။ သူအ သုံးပြုနေတဲ့ Chit Thu Wai ဖေ့စ် ဘွတ်ခ်အကောင့်ဟာ Follower  ခုနစ်သိန်းခွဲကျော်ရှိနေပြီး Chit Thu Wai Family အမည်နဲ့ ဖေ့စ် ဘွတ်ခ်ပေ့ချ်ကတော့ Like ပြုလုပ်သူငါးသိန်းကျော်နဲ့ နှစ်ခုပေါင်းတစ်သန်းနှစ်သိန်းကျော် ရှိ နေပါတယ်။

လုလုအောင်

‘‘ကျွန်မဓာတ်ပုံတွေစတင် ရာကနေ ပရိသတ်တွေသတိထား မိလာတယ်။ မှတ်မှတ်ရရ ရှေ့နှစ် ၂၀၁၆ သြဂုတ်ကစပြီး လူပိုသိ လာတယ်။ ကိုယ့်ကိုကြိုက်တဲ့အ ဖွဲ့၊ မကြိုက်တဲ့အဖွဲ့တွေ Troll ကျရင်းနဲ့ လူပိုသိလာတာပါ။ တစ် နေ့ကို Followed တဲ့သူ ဘယ် လောက်တက်လဲဆိုတာတော့ သတိမထားမိဘူး။ ဒါပေမဲ့ တက် တော့တက်တယ်။ ပေ့ချ်မှာ ကိုယ့် လှုပ်ရှားမှုရှိတဲ့အချိန်တိုင်း တင် ဖြစ်တယ်။ အွန်လိုင်းကို တစ်ရက် မှာ သုံးခါလောက် ပို့စ်တက်ဖြစ် တယ်’’လို့ ဆိုလာသူက Single Mother အဖြစ် ရပ်တည်နေသူ မော်ဒယ်လုလုအောင်ပဲ ဖြစ်ပါ တယ်။ မော်ဒယ်လုလုအောင်မှာ Single Mother အဖြစ် ရပ်တည် ရင်း ၎င်း၏အလှဓာတ်ပုံများတင် ရာကနေ ယောကျ်ားလေးပရိသတ် အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ တစ်ကိုယ်တည်းရပ်တည် ရတဲ့ ကလေးမိခင်တွေဆိုရင် လက်ခံဖို့ခဲယဉ်းနေဆဲ မြန်မာ့လူမှုအ သိုင်းအဝိုင်းထဲကို သတ္တိရှိရှိ ရပ်တည်ရင်ဆိုင်ခဲ့တဲ့ လုလုအောင်ကြောင့် Single Mother တွေအပေါ်ထားတဲ့ အမြင်တွေကို ပြောင်း

လဲအောင် လုပ်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အသားပေးဓာတ်ပုံတွေကလည်း Follower များရတဲ့ အကြောင်း တစ်ရပ်ပါပဲ။ လက်ရှိမှာသူ့ရဲ့ Lulu Aung ဖေ့စ်ဘွတ်ခ်ပေ့ချ်က Like ပြုလုပ်သူလေးသိန်းကျော်ရှိ နေပြီး သူ့ရဲ့ အနုပညာလှုပ်ရှားမှု တွေ၊ ပရဟိတအကျိုးဆောင်လုပ် ငန်းတွေအတွက်လည်း ဒီပေ့ချ်ကို သုံးစွဲတဲ့အတွက် လုလုအောင်ကို ဝန်းရံချင်သူများအတွက် မဖြစ်မ နေ Like ပြုလုပ်ထားသင့်ပါတယ်။

စန္ဒီချို(နိုင်းနိုင်း၏ဇနီး)

လက်ရှိ နာမည်ကျော်အိမ် ထောင်သည်မင်းသားတွေထဲမှာ ကလေးအများဆုံး မွေးဖွားထား သူလို့ ဆိုရမယ့် သရုပ်ဆောင် နိုင်း နိုင်းနဲ့  စန္ဒီချိုတို့ရဲ့ မိသားစုဓာတ် ပုံတွေကတော့ ယနေ့ခေတ်သား သမီးအများကြီး မယူနိုင်သေးတဲ့ အိမ်ထောင်သည်ပရိသတ်တွေအ ပါအဝင် ပရိသတ်တွေရဲ့ စံပြု အားကျရတဲ့ နာမည်ကျော်စုံတွဲ တစ်တွဲ ဖြစ်ပါတယ်။ အိမ်ထောင် သက်ကိုးနှစ်အတွက် သားတစ် ယောက်၊ သမီး သုံးယောက်နဲ့ ချစ်စရာကောင်းသည့် မိသားစုဘ၀ လေးကို ပိုင်ဆိုင်ထားတဲ့အပြင် Long Distance (ဝေးရပ်မြေခြား မှာ ခွဲခွာနေထိုင်ရ) အနေအထား နဲ့ နိုင်းနိုင်းရဲ့ အနုပညာအလုပ် တွေရှိရာ ရန်ကုန်နဲ့ဇနီးနဲ့ သားသမီးတွေရှိရာ နယူးယောက်ကို အလည်သဘောဖြင့်သာ သွားလိုက်ပြန်လိုက်ဖြင့် မိသားစုခြောက်ဦး ဘဝလေးကို ရိုးရှင်းစွာ ဖြတ်သန်း နေကြတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေးနေပေမယ့် မိသားစုခြောက် ယောက်စုံတိုင်း အားကျလောက် တဲ့ ချစ်ခင်ဖွယ်မိသားစုဓာတ်ပုံတွေ နဲ့ ဇနီးမောင်နှံနှစ်ဦး ချစ်ကြည်နူး တဲ့ အလှဓာတ်ပုံတွေကို မျှဝေပေးတဲ့အပြင် သရုပ်ဆောင်နိုင်းနိုင်းရဲ့ အနုပညာလှုပ်ရှားမှုများကိုလည်း ဇနီးဖြစ်သူ စန္ဒီချိုက ၎င်းအသုံးပြုတဲ့အကောင့်မှာ တင်ပေးလေ့ ရှိပါတယ်။ ဒါ့အပြင် ခင်ပွန်းသည်နဲ့ပတ်သက်လို့ဖြစ်စေ၊ သားသမီးတွေနဲ့ပတ်သက်လို့ဖြစ်စေ တင်တဲ့ပို့စ်တွေအောက်မှာ လာရောက်မှတ်ချက်ရေးသူများကိုလည်း စန္ဒီချိုက အလေးအနက်ထား တုံ့ပြန်လေ့ ရှိပါတယ်။ ခင်ပွန်းသည်အနားမှာ အမြဲမရှိနေနိုင်ပေ မယ့် သားသမီးလေးယောက်ကို ကောင်းမွန်စွာ လူလားမြောက် အောင် ပြုစုပျိုးထောင်နိုင်ပြီး ခင်ပွန်းသည်အတွက်လည်း အထောက်အကူပြုနိုင်တဲ့ နိုင်းနိုင်းရဲ့ဇနီး စန္ဒီချို(ဖေ့စ်ဘွတ်ခ်အ ကောင့် စန္ဒီချို)ကလည်း လက်ရှိမှာ Follower  နှစ်သိန်းကျော် ရှိနေတဲ့အကောင့်တစ်ခု   ဖြစ်နေ ပါတယ်။   ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top