iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူနွစ္ဦး အေနေဝးေနေပမဲ႔ အခ်စ္ေတြ ေသြးေအးမသြားေအာင္ ဒီအခ်က္ေလးေတြ လိုက္နာသင့္ပါတယ္။

၁။ အခ်ိန္ျပည့္ ဆက္သြယ္ေနဖို႔ မလိုပါဘူး။

စံုတြဲေတာ္ေတာ္မ်ားမ်ားကေတာ့ တစ္ေန႔ကို ၁၂ နာရီေလာက္ ဆက္သြယ္ေနရမွ ခုိင္ျမဲမယ္လို႔ ထင္ႀကပါလိမ့္မယ္။ ဒီလိုလုပ္ေနတာက သူတို႔ရဲ႕ အကြာအေဝးကို နီးေစမယ္လို႔ ထင္ႀကပါလိမ့္မယ္။ တကယ္ကေတာ့ အဲ႔လိုလုပ္စရာမလိုပါဘူး။ ဒါက ကိုယ့္ကိုယ္ကို စိတ္ပ်က္ေစျပီး ပင္ပန္းရပါလိမ့္မယ္။ ဆက္သြယ္ရတဲ႔အခ်ိန္ေလးေတြမွာ ေပ်ာ္စရာေလးေတြျဖစ္ေအာင္ပဲ လုပ္လိုက္ပါ။

၂။ ေဝးေနရတာကို အခြင့္အေရးတစ္ခုအျဖစ္ျမင္လိုက္ပါ။

အတူတူေနခ်င္တယ္ဆိုရင္ ခြဲေနရတဲ႔ ခံစားခ်က္ကို အရင္ ခံစားလိုက္ပါဆိုတဲ႔အတိုင္း ခု ေဝးေနရတာဟာ ႏွစ္ေယာက္ရဲ႕အခ်စ္ေတြ ပိုျပီးခိုင္မာေစမယ္လို႔ ေတြးပါ။ ေဝးေနရတဲ႔အခ်ိန္ေတြဟာ ႏွစ္ေယာက္လံုးရဲ႕ အခ်စ္ကို ပိုျပီး ခိုင္မာေစပါတယ္။အေနနီးေနေပမဲ႔ ခံစားခ်က္ခ်င္း ေဝးေနတာထက္စာရင္ အေနေဝးေပမဲ႔ ခံစားခ်က္ခ်င္း နီးစပ္ ရင္ခုန္သံတစ္ထပ္တည္းက်ေနတာ ပိုေကာင္းတာေပါ့။

၃။ ႏွစ္ေယာက္လံုးရဲ႕ ေမ်ွာ္လင့္ခ်က္ေတြ ရွင္းလင္းေနပါေစ။

long distance relationship ျဖစ္ေနစဥ္အတြင္းမွာ တစ္ေယာက္က တစ္ေယာက္ကို ဘာေတြ ေမ်ွာ္လင့္ထားသလဲဆိုတာ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္လုပ္ထားပါ။ အေျခခံစည္းကမ္းေလးေတြ သတ္မွတ္ထားတာ ေကာင္းပါတယ္။

၄။ အခ်ိန္မွန္မွန္ ဆက္သြယ္ေပးပါ။

တစ္ေယာက္ကိုတစ္ေယာက္ Good Morning နဲ႔ Good Night ေျပာတာကေတာ့ အျမဲလုပ္သင့္တဲ႔အရာပါ။ တစ္ေယာက္ကိုတစ္ေယာက္ ဓာတ္ပံုပို႔ေပးတာေတြ audio clip ေတြ ဗီဒီယိုေလးေတြ ပို႔ေပးတာမ်ိဳးလုပ္ပါ။

၅။ တစ္ေယာက္ကိုတစ္ေယာက္ အထင္လြဲေစမဲ႔အရာမ်ိဳးေတြ ေရွာင္ပါ။

သူငယ္ခ်င္းေတြနဲ႔ night out ထြက္တာမ်ိဳး club သြားတာမ်ိဳးလုပ္တဲ႔အခါ ကိုယ့္ခ်စ္သူကို အသိေပးျပီးမွ သြားတာမ်ိဳးလုပ္ပါ။ မဟုတ္ရင္ သူက ကိုယ့္ကို အရမ္းစိတ္ပူေနတာမ်ိဳးျဖစ္ပါလိမ္႔မယ္။ သူ႔ကို အေရးမပါသလို ဆက္ဆံတယ္လို႔ ထင္ျပီး ဝမ္းနည္းပါလိမ့္မယ္။

၆။ အားလပ္ခ်ိန္ေတြ အတူတူ အခ်ိန္ျဖဳန္းပါ။

online game ေတြ အတူတူ ကစားတာမ်ိဳး video call ေခၚျပီး အတူတူ တစ္ေယာက္ကို တစ္ေယာက္ သီခ်င္းဆိုျပတာမ်ိဳးေတြ ျပဳလုပ္ပါ။

၇။ တူညီတဲ႔အရာေတြ လုပ္ပါ။

စာအုပ္တစ္ခုတည္း အတူတူဖတ္တာမ်ိဳး TV show ဒါမွမဟုတ္ ရုပ္ရွင္ တစ္ခုတည္းကို တူတူႀကည့္တာမ်ိဳး လုပ္ပါ။ ဒါမ်ိဳးလုပ္တဲ႔အတြက္ ႏွစ္ေယာက္စကားေျပာတဲ႔အခါ ေျပာစရာအေႀကာင္းအရာေတြ မ်ားမယ္။ ေဆြးေႏြးစရာေတြ မ်ားပါလိမ့္မယ္။

၈။ တစ္ေယာက္ဆီ တစ္ေယာက္ အလည္အပတ္သြားပါ။

ဒါက အေရးႀကီးတဲ႔အရာျဖစ္ပါတယ္။ ေဝးေနရတဲ႔အခ်ိန္ေတြ ေစာင့္ရတဲ႔အခ်ိန္ေတြကို ႏွစ္ေယာက္အတူရွိရတဲ႔ အခ်ိန္ေလးေတြ အမွတ္တရေလးေတြက ကုစားေပးပါလိမ့္မယ္။

၉။ တစ္ေယာက္နဲ႔တစ္ေယာက္ ရိုးသားပြင့္လင္းပါ။

ကိုယ့္ရဲ႕ ခံစားခ်က္ေတြ ေႀကာက္ရြံ႕မႈေတြ စိုးရိမ္မႈေတြကို ေျပာျပပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္လင္းပါ။ လ်ွိဳ႕ဝွက္ခ်က္ေတြ မထားပါနဲ႔။ ျပႆနာေတြကို တစ္ေယာက္တည္း ရင္မဆိုင္ပါနဲ႕။ တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္ဖြင့္ျပီး အကူအညီယူပါ။

၁၀။ တစ္ေယာက္ရဲ႕ ေန႔စဥ္လုပ္ေဆာင္ခ်က္ေတြ အခ်ိန္ဇယားေတြ အခ်င္းခ်င္း သိထားပါ။

ဒါဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ အလုပ္ရႈပ္ေနလား အားလားဆိုတာ သိႏိုင္ပါတယ္။ အဲ႔ဒီေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အေႏွာင့္အယွက္မျဖစ္ေစေတာ့ဘူးေပါ့။

၁၁။ social media မွာ တစ္ေယာက္နဲ႔တစ္ေယာက္ အျမဲ အဆက္အသြယ္ရွိေနပါေစ။

တစ္ေယာက္ဓာတ္ပံုတစ္ေယာက္ like လုပ္ေပးတာ post ေတြမွာ တစ္ေယာက္ကို တစ္ေယာက္ tag လုပ္တာ တစ္ေယာက္ wall မွာ တစ္ေယာက္ share လုပ္ေပးတာေတြ လုပ္ေပးပါ။ တစ္ေယာက္ကို တစ္ေယာက္ ဂရုစိုက္ေႀကာင္းျပပါ။

၁၂။ တစ္ေယာက္နဲ႔တစ္ေယာက္ အမွတ္တရျဖစ္ေစမဲ႔ ပစၥည္းေလးေတြ ေပးပါ။

လက္စြပ္ေသးေသးေလးပဲျဖစ္ပါေစ ေသာ့ခ်ိတ္ေလးေတြ အရုပ္ေလးေတြ ေရေမႊး သီခ်င္းေခြ စတဲ႔ ေန႔စဥ္ဘဝမွာ အျမဲေတြ႕ေနႏိုင္တဲ႔ ေသးေသးမႊားမႊားေလးေတြကလဲ သတိရမႈေတြနဲ႔ အခ်စ္ေတြ ခိုင္ျမဲေစမွာပါ။ တျခားသူေတြအတြက္ အေသးအမႊားေလး ဘညတန္ဖိုးမွမရွိတဲ႔အရာျဖစ္ေနပါေစ ႏွစ္ေယာက္အတြက္ေတာ့ အျမဲသတိရစရာျဖစ္ေနမွာပါ။

၁၃။ အေကာင္းျမင္စိတ္ အျမဲေမြးပါ။

ေဝးေနရတဲ႔အခ်ိန္အတြင္းမွာ ႏွစ္ေယာက္လံုးဟာ အေကာင္းျမင္စိတ္နဲ႔ အျမဲေတြးႏိုင္ဖို႔လိုပါတယ္။ ေစာင့္ရတာ ေဝးေနရတာက နာက်င္ရႏိုင္ပါတယ္။ အထီးက်န္မႈေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ႔ အေကာင္းျမင္စိတ္နဲ႔ ေတြးျပီး ခ်စ္ရတဲ႔သူတစ္ေယာက္ရွိေနတယ္ဆိုတဲ႔အေတြးနဲ႔ ေပ်ာ္ေနလိုက္ပါ။ အားငယ္စရာေတြ မေတြးဘဲေနပါ။ အမွတ္တရေလးေတြ ျပန္ေတြးျပီး ေပ်ာ္ေပ်ာ္ေနလိုက္ပါ။ တစ္ေန႔နီးမယ္ဆိုတဲ႔ အေတြးနဲ႔ ေပ်ာ္ေပ်ာ္ေနလိုက္ပါ။ တစ္ေယာက္ရဲ႕ ေပ်ာ္ရႊင္မႈက တစ္ေယာက္ကို ကူးစက္ျပီး ေပ်ာ္စရာေတြနဲ႔ အလြမ္းေတြကို ေျဖသိမ္႔ႏိုင္ပါတယ္။
Credit:Christine ( Love Shop )
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ချစ်သူနှစ်ဦး အနေဝေးနေပေမဲ့ အချစ်တွေ သွေးအေးမသွားအောင် ဒီအချက်လေးတွေ လိုက်နာသင့်ပါတယ်။

၁။ အချိန်ပြည့် ဆက်သွယ်နေဖို့ မလိုပါဘူး။

စုံတွဲတော်တော်များများကတော့ တစ်နေ့ကို ၁၂ နာရီလောက် ဆက်သွယ်နေရမှ ခိုင်မြဲမယ်လို့ ထင်ကြပါလိမ့်မယ်။ ဒီလိုလုပ်နေတာက သူတို့ရဲ့ အကွာအဝေးကို နီးစေမယ်လို့ ထင်ကြပါလိမ့်မယ်။ တကယ်ကတော့ အဲ့လိုလုပ်စရာမလိုပါဘူး။ ဒါက ကိုယ့်ကိုယ်ကို စိတ်ပျက်စေပြီး ပင်ပန်းရပါလိမ့်မယ်။ ဆက်သွယ်ရတဲ့အချိန်လေးတွေမှာ ပျော်စရာလေးတွေဖြစ်အောင်ပဲ လုပ်လိုက်ပါ။

၂။ ဝေးနေရတာကို အခွင့်အရေးတစ်ခုအဖြစ်မြင်လိုက်ပါ။

အတူတူနေချင်တယ်ဆိုရင် ခွဲနေရတဲ့ ခံစားချက်ကို အရင် ခံစားလိုက်ပါဆိုတဲ့အတိုင်း ခု ဝေးနေရတာဟာ နှစ်ယောက်ရဲ့အချစ်တွေ ပိုပြီးခိုင်မာစေမယ်လို့ တွေးပါ။ ဝေးနေရတဲ့အချိန်တွေဟာ နှစ်ယောက်လုံးရဲ့ အချစ်ကို ပိုပြီး ခိုင်မာစေပါတယ်။အနေနီးနေပေမဲ့ ခံစားချက်ချင်း ဝေးနေတာထက်စာရင် အနေဝေးပေမဲ့ ခံစားချက်ချင်း နီးစပ် ရင်ခုန်သံတစ်ထပ်တည်းကျနေတာ ပိုကောင်းတာပေါ့။

၃။ နှစ်ယောက်လုံးရဲ့ မျှော်လင့်ချက်တွေ ရှင်းလင်းနေပါစေ။

long distance relationship ဖြစ်နေစဉ်အတွင်းမှာ တစ်ယောက်က တစ်ယောက်ကို ဘာတွေ မျှော်လင့်ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ထားပါ။ အခြေခံစည်းကမ်းလေးတွေ သတ်မှတ်ထားတာ ကောင်းပါတယ်။

၄။ အချိန်မှန်မှန် ဆက်သွယ်ပေးပါ။

တစ်ယောက်ကိုတစ်ယောက် Good Morning နဲ့ Good Night ပြောတာကတော့ အမြဲလုပ်သင့်တဲ့အရာပါ။ တစ်ယောက်ကိုတစ်ယောက် ဓာတ်ပုံပို့ပေးတာတွေ audio clip တွေ ဗီဒီယိုလေးတွေ ပို့ပေးတာမျိုးလုပ်ပါ။

၅။ တစ်ယောက်ကိုတစ်ယောက် အထင်လွဲစေမဲ့အရာမျိုးတွေ ရှောင်ပါ။

သူငယ်ချင်းတွေနဲ့ night out ထွက်တာမျိုး club သွားတာမျိုးလုပ်တဲ့အခါ ကိုယ့်ချစ်သူကို အသိပေးပြီးမှ သွားတာမျိုးလုပ်ပါ။ မဟုတ်ရင် သူက ကိုယ့်ကို အရမ်းစိတ်ပူနေတာမျိုးဖြစ်ပါလိမ့်မယ်။ သူ့ကို အရေးမပါသလို ဆက်ဆံတယ်လို့ ထင်ပြီး ဝမ်းနည်းပါလိမ့်မယ်။

၆။ အားလပ်ချိန်တွေ အတူတူ အချိန်ဖြုန်းပါ။

online game တွေ အတူတူ ကစားတာမျိုး video call ခေါ်ပြီး အတူတူ တစ်ယောက်ကို တစ်ယောက် သီချင်းဆိုပြတာမျိုးတွေ ပြုလုပ်ပါ။

၇။ တူညီတဲ့အရာတွေ လုပ်ပါ။

စာအုပ်တစ်ခုတည်း အတူတူဖတ်တာမျိုး TV show ဒါမှမဟုတ် ရုပ်ရှင် တစ်ခုတည်းကို တူတူကြည့်တာမျိုး လုပ်ပါ။ ဒါမျိုးလုပ်တဲ့အတွက် နှစ်ယောက်စကားပြောတဲ့အခါ ပြောစရာအကြောင်းအရာတွေ များမယ်။ ဆွေးနွေးစရာတွေ များပါလိမ့်မယ်။

၈။ တစ်ယောက်ဆီ တစ်ယောက် အလည်အပတ်သွားပါ။

ဒါက အရေးကြီးတဲ့အရာဖြစ်ပါတယ်။ ဝေးနေရတဲ့အချိန်တွေ စောင့်ရတဲ့အချိန်တွေကို နှစ်ယောက်အတူရှိရတဲ့ အချိန်လေးတွေ အမှတ်တရလေးတွေက ကုစားပေးပါလိမ့်မယ်။

၉။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားပွင့်လင်းပါ။

ကိုယ့်ရဲ့ ခံစားချက်တွေ ကြောက်ရွံ့မှုတွေ စိုးရိမ်မှုတွေကို ပြောပြပါ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းပါ။ လျှို့ဝှက်ချက်တွေ မထားပါနဲ့။ ပြဿနာတွေကို တစ်ယောက်တည်း ရင်မဆိုင်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်ပြီး အကူအညီယူပါ။

၁၀။ တစ်ယောက်ရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေ အချိန်ဇယားတွေ အချင်းချင်း သိထားပါ။

ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် အလုပ်ရှုပ်နေလား အားလားဆိုတာ သိနိုင်ပါတယ်။ အဲ့ဒီတော့ တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက်မဖြစ်စေတော့ဘူးပေါ့။

၁၁။ social media မှာ တစ်ယောက်နဲ့တစ်ယောက် အမြဲ အဆက်အသွယ်ရှိနေပါစေ။

တစ်ယောက်ဓာတ်ပုံတစ်ယောက် like လုပ်ပေးတာ post တွေမှာ တစ်ယောက်ကို တစ်ယောက် tag လုပ်တာ တစ်ယောက် wall မှာ တစ်ယောက် share လုပ်ပေးတာတွေ လုပ်ပေးပါ။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြောင်းပြပါ။

၁၂။ တစ်ယောက်နဲ့တစ်ယောက် အမှတ်တရဖြစ်စေမဲ့ ပစ္စည်းလေးတွေ ပေးပါ။

လက်စွပ်သေးသေးလေးပဲဖြစ်ပါစေ သော့ချိတ်လေးတွေ အရုပ်လေးတွေ ရေမွှေး သီချင်းခွေ စတဲ့ နေ့စဉ်ဘဝမှာ အမြဲတွေ့နေနိုင်တဲ့ သေးသေးမွှားမွှားလေးတွေကလဲ သတိရမှုတွေနဲ့ အချစ်တွေ ခိုင်မြဲစေမှာပါ။ တခြားသူတွေအတွက် အသေးအမွှားလေး ဘညတန်ဖိုးမှမရှိတဲ့အရာဖြစ်နေပါစေ နှစ်ယောက်အတွက်တော့ အမြဲသတိရစရာဖြစ်နေမှာပါ။

၁၃။ အကောင်းမြင်စိတ် အမြဲမွေးပါ။

ဝေးနေရတဲ့အချိန်အတွင်းမှာ နှစ်ယောက်လုံးဟာ အကောင်းမြင်စိတ်နဲ့ အမြဲတွေးနိုင်ဖို့လိုပါတယ်။ စောင့်ရတာ ဝေးနေရတာက နာကျင်ရနိုင်ပါတယ်။ အထီးကျန်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အကောင်းမြင်စိတ်နဲ့ တွေးပြီး ချစ်ရတဲ့သူတစ်ယောက်ရှိနေတယ်ဆိုတဲ့အတွေးနဲ့ ပျော်နေလိုက်ပါ။ အားငယ်စရာတွေ မတွေးဘဲနေပါ။ အမှတ်တရလေးတွေ ပြန်တွေးပြီး ပျော်ပျော်နေလိုက်ပါ။ တစ်နေ့နီးမယ်ဆိုတဲ့ အတွေးနဲ့ ပျော်ပျော်နေလိုက်ပါ။ တစ်ယောက်ရဲ့ ပျော်ရွှင်မှုက တစ်ယောက်ကို ကူးစက်ပြီး ပျော်စရာတွေနဲ့ အလွမ်းတွေကို ဖြေသိမ့်နိုင်ပါတယ်။
Credit:Christine ( Love Shop )

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top